Thursday, October 23, 2014

နိုင်ငံခြားဘဏ်ကိုးခု ပြည်တွင်း၌ ဖွင့်ခွင့်ပြု

,
အမေရိကန်နိုင်ငံက စီး ပွားရေးပိတ်ဆို့ ထားခဲ့သော ဆယ်စုနှစ်တစ်ခု ကျော်ကာလ အတွင်း ပြည်ပနိုင်ငံများနှင့် ငွေကြေးဝန် ဆောင်မှု အဆက် မပြတ်ဆောင် ရွက်ခဲ့သည့် စင်ကာပူအခြေ စိုက်ဘဏ်နှစ်ခု အပါအ၀င် နိုင်ငံ ခြားဘဏ် ကိုးခုကို ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ် ခွင့်ပြုလိုက်ပြီဖြစ် သည်။ ‘‘မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဘယ်လောက်အထောက် အကူပြု မလဲဆိုတဲ့ အပေါ်မှာအခြေခံပြီး ရွေးတာပါ’’ဟု မြန်မာနိုင်ငံဗဟို ဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် က ဘဏ်ကိုးခု ရွေးချယ်ဖွင့်ခွင့်ပြုမှု အပေါ် ပြောကြားသည်။
လက်ရှိတင်ဒါအောင်မြင်ခဲ့ သော ဘဏ်ကိုးခုသည် မြန်မာနိုင်ငံအတွင်း နေရာတစ်နေရာတည်းတွင် ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုပြီး စတင်ရင်းနှီးမြှုပ်နှံမှု ပမာဏအမေရိကန် ဒေါ်လာ ၇၅ သန်းကိုထည့်သွင်းထားရမည်ဖြစ်သည်။ ထို့အပြင် ယင်းဘဏ်များ မြန်မာနိုင်ငံအတွင်းမှ ရုတ်တရက်ထွက်ခွာမသွားအောင်စတင်ရင်းနှီးမြှုပ်နှံသည့် ပမာဏထဲမှ ရာခိုင်နှုန်းတစ်ခုကို ဗဟိုဘဏ်တွင် အပ်နှံထားရမည်ဖြစ်သည်။
ယင်းဘဏ်ကိုးခုသည်ပြည် တွင်း၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ် ရာတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ် နှံထားသော လုပ်ငန်းရှင်များကို သာ ငွေချေးခွင့်ရှိသည်။ ပြည် တွင်းလုပ်ငန်းရှင်များကို ငွေချေး လိုပါက ပြည်တွင်း ဘဏ်များမှ တစ်ဆင့် ငွေချေးခွင့်ပြုမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထား သော နိုင်ငံခြားဘဏ် ၄၂ခုရှိပြီး ယင်းတို့ထဲမှ ၂၉ဘဏ်သာဘဏ် ခွဲဖွင့်လှစ်ရန် လျှောက်လွှာတင်ခဲ့ သည်။ ယင်းဘဏ် ၂၉ခုထဲမှ ၂၅ ခုသည် အဆိုပြုလွှာတင်သဖြင့် အမှတ်ပေး စနစ်ဖြင့် ရွေးချယ် ကြောင်း ဦးမောင်မောင်ကျော်က ပြောကြားသည်။
ခွင့်ပြုလိုက်သည့် ဘဏ်များ မှာ ဂျပန်နိုင်ငံ၏အကြီးဆုံးဘဏ် သုံးခုဖြစ်သော Tokyo-Mitsub ishi UFJ ဘဏ်၊ Mizuhoဘဏ်၊ Sumitomo Mitsuiဘဏ်၊ သြစ တြေးလျနိုင်ငံမှ ANZဘဏ်၊ တ ရုတ်နိုင်ငံမှ စက်မှုလက်မှုနှင့်ကူး သန်းရောင်းဝယ်ရေးဘဏ်(ICBC)၊ စင်ကာပူအခြေစိုက် OCBC ဘဏ်နှင့် UOB ဘဏ်၊ ထိုင်းနိုင်ငံမှ ဘန် ကောက်ဘဏ်၊ မလေးရှားနိုင်ငံမှ မေဘဏ်တို့ဖြစ်သည်။
‘‘ခွင့်ပြုလိုက်တဲ့ ဘဏ်အား လုံးက ဒီမှာကိုယ်စားလှယ်ရုံးဖွင့် ထားတာကြာပြီ’’ ဟု မြန်မာ့ရှေ့ ဆောင်ဘဏ်မှ ဒုတိယမန်နေဂျင်း ဒါရိုက်တာဦးကျော်စိုးမင်းကပြော ကြားသည်။
လက်ရှိ ခွင့်ပြုလိုက်သော ဘဏ်ကိုးခုတွင် ဂျပန်ဘဏ်သုံးခု သည် ပြည်တွင်း၌ လုပ်ငန်းလုပ် ကိုင်ရန်မလွယ်ကူသေးပေ။ မြန် မာနိုင်ငံ အနေဖြင့် အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုများရှိနေသေးသဖြင့် ဘဏ်လုပ်ငန်းအ ပြည့်အ၀လုပ်နိုင်ခြေမရှိနိုင်သေး ကြောင်း မြန်မာနိုင်ငံဆန်စပါးအ ဖွဲ့ချုပ်မှ အထွေထွေအတွင်းရေး မှူးဦးရဲမင်းအောင်က ပြောကြား သည်။
‘‘ဂျပန်ဘဏ်တွေကို သုံးခုထိ ခွင့်ပြုပေးတာ သတ်မှတ်ချက်တွေ နဲ့ ညီလို့ပါ’’ ဟု မြန်မာနိုင်ငံဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက် အောင်ကပြောကြားသည်။
စင်ကာပူတွင် အကြီးဆုံး ဘဏ်များထဲတွင် ပါဝင်ပြီး နိုင်ငံ တကာဈေးကွက်လည်း ကြီးမား သည့် UOB နှင့် OCBC ဘဏ်များ မှာ အမေရိကန်စီးပွားရေးပိတ် ဆို့ထားသော ကာလတစ်လျှောက် မြန်မာနိုင်ငံမှ ကုန်သွယ်ရေး ငွေပေးချေမှုများကို အများဆုံး ၀န် ဆောင်မှုပေးခဲ့သည့် ဘဏ်များ ဖြစ်သည်။
ထို့အတူ မလေးရှားနိုင်ငံမှ မေဘဏ်မှာလည်း ငွေကြေးလွှဲပြောင်းမှုဆောင်ရွက်နေသော ဘဏ်တစ်ခုဖြစ်သည်။
‘‘ဂျပန်က သီလ၀ါမှာ လာ ရင်းနှီးတဲ့ လုပ်ငန်းရှင်တွေကိုပဲအ ဓိကချေးပေးဖို့များတယ်’’ဟု ဦးရဲ မင်းအောင်ကပြောကြားသည်။
                                                              7Day News

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နိုင်ငံခြားဘဏ်ကိုးခု ပြည်တွင်း၌ ဖွင့်ခွင့်ပြု”

Post a Comment

Related Posts Plugin for WordPress, Blogger...