၁) ရင်သားကင်ဆာ
ရင်သား ကင်ဆာ ရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိလို့ ကုသနိုင်ပါက ရောဂါ
ပျောက်ကင်းဖို့ ရာခိုင်နှုန်းအတော် များပါတယ်။ ကင်ဆာဖြစ်တဲ့ အစိတ်အ ပိုင်း
နည်းလေလေ ရောဂါပျောက်ကင်းမှု များလေလေ ဖြစ်တာကြောင့်ပါ။ ဒါ့အပြင်
လင့်အကျိတ်တွေ၊ အဆုတ်နဲ့ ဦးနှောက်ဆီ ကင်ဆာပျံ့နှံ့နိုင်ခြေလည်း နည်းပါတယ်။
သင်က အသက် ၂၀-၃၀ နှစ်အရွယ် မိန်းကလေး တစ်ယောက်ဖြစ် ပြီး ရင်သားကင်
ဆာဖြစ်ပွားနိုင်တဲ့ အချက်တွေကို မသိရှိပါက သုံးနှစ် တစ်ကြိမ်
ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှု ခံယူ သင့်ပါတယ်။ – ဘယ်လိုရှာဖွေမလဲ
အမျိုးသမီးတွေက ကိုယ့်ရင်သားမှာ အဖုအကျိတ်ရှိ၊ မရှိ ကိုယ်တိုင် စမ်းသပ်
ကြည့်ရှုပြီး သိရှိ နိုင်ပါတယ်။ လိုအပ်ပါက ရင်သားဓာတ်မှန် ရိုက်ပြီးလည်း
စစ်ဆေး ကြည့်နိုင်ပါတယ်။ အမေရိကန် ကင်ဆာ ရောဂါအဖွဲ့က အသက် ၄၀ နှစ်က စလို့
အမျိုးသမီး တိုင်း ရင်သားကို ရောဂါရှာဖွေ စစ်ဆေးမှု ပြုလုပ်သင့်တယ်လို့
အကြံပြု ထားပါတယ်။ အသက် ၅၀နှစ်ကနေ ၇၄ နှစ်ကြားမှာ နှစ်နှစ်ခြား တစ်ကြိမ်
ရင်သား ပုံရိပ်ဖော် ဓာတ်မှန် (Mammogramy) ရိုက်သင့် ပါတယ်။
၂)
သားအိမ်ခေါင်းကင်ဆာ သားအိမ်ခေါင်း ကင်ဆာက အမျိုး သမီးတွေမှာ အဖြစ်များတဲ့
ကင်ဆာရောဂါ တစ်ခုပါ။ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်တဲ့ Human Papilloma
Virus (HPV)က သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်း တစ်ခုပါ။
ပုံမှန် ရှာဖွေ စစ်ဆေးမှု ပြုလုပ်ပါက ရောဂါရှိ၊ မရှိ အစောဆုံး
သိရှိနိုင်ပြီး ရောဂါ ရှိပါက ကုသမှုမှာ အကျိုးများ စေပါတယ်။ သားအိမ်ခေါင်း
အဝမှာ ကင်ဆာ ဖြစ်ချင်နေတဲ့ ဆဲလ်တွေ့ရှိပါက ကင်ဆာ ရောဂါအဖြစ် ပြောင်းလဲ
မသွားခ င်မှာဘဲ ကုသမှုကို စတင်ပါက ကင်ဆာဆဲလ်တွေကို ဖယ်ရှား ပစ်နိုင်ပါတယ်။ –
ဘယ်လိုရှာဖွေမလဲ ဆရာဝန်က သားအိမ်ခေါင်း ကင်ဆာရှိ၊ မရှိ သိရှိနိုင်အောင်
သားအိမ် အဝရှိ သားအိမ်ခေါင်းမှ ဆဲလ်လေးတွေကို ခြစ်ယူပြီး စစ်ဆေးပေးပါတယ်။
Pap Test လို့ ခေါ်ပါတယ်။ စစ်ဆေးမှုကို အသက် ၂၁ နှစ်အရွယ်ကစလို့ စစ်ဆေး
သင့်ပါ တယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်မှုနဲ့ စစ်ဆေးမှုက သားအိမ်ခေါင်း ကင်ဆာ
ရောဂါ ကုသမှုမှာ ထိရောက်တဲ့ နည်း လမ်း ကောင်းတွေပါ။
၃)
အရိုးပါးခြင်း အမျိုးသမီးတွေက သွေးဆုံး ပြီးချိန်မှာ အရိုး ဆုံးရှုံးမှု
များပြီး အရိုးပါး လာပါတယ်။ အရိုးတွေ ပါးလာတဲ့ အခါ အနည်းငယ် ထိခိုက်
မိရုံနဲ့ ကျိုးလွယ် လာပါတယ်။ အမေရိကန် နိုင်ငံရဲ့ အသက် ၅၀နှစ်နဲ့ အထက်အရွယ်
တွေရဲ့ ထက်ဝက်လောက်က အရိုးပါး ရောဂါကို ခံစား နေရပါတယ်။ အရိုးပါးတာကို
ကာကွယ်မှုနဲ့ ကုသမှုတွေကို ထိထိရောက်ရောက် ပြုလုပ် နိုင်ပါက အရိုးကျိုးတဲ့
အဆင့်ကို မရောက်နိုင်ပါဘူး။ – ဘယ်လိုရှာဖွေမလဲ အရိုး သိပ်သည်းဆကို တိုင်းတာ
စစ်ဆေး နိုင် ပါတယ်။ အရိုး သိပ်သည်းဆ တိုင်းတာ ထားတာကြောင့် အရိုး
မကျိုးခင်မှာ ကြိုတင် ကာကွယ်မှုတွေ ပြုလုပ် ထားနိုင်ပါတယ်။ အသက် ၆၅
နှစ်နဲ့အထက် အမျိုး သမီးတိုင်း အရိုးသိပ်သည်းဆကို တိုင်း တာသင့်ပါတယ်။ အသက်
၆၅ နှစ်အောက် အမျိုးသမီးတွေလည်း အရိုးပါး နိုင်ခြေ ရှိတာကြောင့် အရိုး
သိပ်သည်းဆကို တိုင်းတာဖို့ လိုပါတယ်။
၎)
အရေပြားကင်ဆာ အရေပြား ကင်ဆာထဲမှာ အန္တရာယ် ရှိတဲ့ Melanoma ရှိ၊ မရှိကို
အမျိုးသား တွေမှာ စစ်ဆေးသင့် သလို အမျိုးသမီး တွေမှာလည်း စစ်ဆေး သင့်
ပါတယ်။ တချို့တွေက မျိုးရိုးဗီဇအရ Melanoma ဖြစ်နိုင်တဲ့ အခွင့်အလန်း
ပိုများပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ နေပူ ဆာလှုံတာတွေက အရေပြား
ကင်ဆာ ဖြစ်စေတဲ့အကြောင်းတွေထဲက တစ်ခုပါ။ ရောဂါကို စောစောစီးစီး သိရှိပြီး
ကုသမှု ခံယူ နိုင်ပါက အကျိုးများ စေပါတယ်။ – ဘယ်လိုရှာဖွေမလဲ အရေပြား ကင်ဆာ
ရောဂါအတွက် ရှာဖွေနည်းက အရေပြားကို ဂရုတစိုက် နေ့စဉ် ကြည့်ရှုတာ ပါပဲ။
မိမိကိုယ်တိုင်ပဲ အရေပြားမှာ ပြောင်းလဲမှုတွေ ရှိ၊ မရှိ ကြည့်ရပါ မယ်။
ဝေခွဲမရတဲ့ ပြောင်းလဲမှုမျိုး တစ်စုံတစ်ရာကို တွေ့ရှိပါက ဆရာဝန်နဲ့ ပြသ
စစ်ဆေးပါ။
၅)
အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ အမေရိကန် လူဦးရေရဲ့ သုံးပုံတစ်ပုံက
သူတို့မှာ ဆီးချို သွေးချို ရောဂါ ရှိနေ တာကို မသိရှိကြပါဘူး။
ဆီးချိုသွေးချို ရောဂါရှိ တာ ကို စောစောစီးစီး သိရှိပါက အစားအစာ၊
လေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန် လျှော့ချ မှုတွေ ပြုလုပ်ပြီး သွေးတွင်း
အချိုဓာတ်ကို လျှော့ချကာ နောက်ဆက်တွဲ ရှုပ်ထွေး မှုတွေ မဖြစ်အောင် ကာကွယ်
နိုင်ပါတယ်။ – ဘယ်လိုရှာဖွေမလဲ သွေးတွင်း သကြားဓာတ်ကို တိုင်းတာ စစ်ဆေးပါ။
သင်ဟာ ကျန်းမာနေသူ တစ်ယောက် ဖြစ် ရင် တော့ အမျိုးအစား ၂
ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်တဲ့ အခွင့်အလန်း ရှိနေပါတယ်။ အသက် ၄၅
နှစ်က စလို့ သုံးနှစ်တစ်ကြိမ် ဆီးချို သွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေး
သင့်ပါတယ်။
ဓည၀တီ


