Friday, January 26, 2018

ရခိုင္လူမ်ဳိးသံုးဦးက ဘဂၤါလီလူမ်ဳိးသံုးဦးအား အခေၾကးေငြယူ၍သယ္ေဆာင္လာစဥ္ဖမ္းဆီးရမိ (တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး)

,
ေနျပည္ေတာ္ ဇန္နဝါရီ  ၂၅

ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ရွိ ပဲပဒံုပူးေပါင္း စစ္ေဆးေရးဂိတ္တြင္ လံုၿခံဳေရးတာဝန္ ထမ္းေဆာင္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ဇန္နဝါရီ ၂၄ ရက္ နံနက္ ၂ နာရီခြဲခန္႔တြင္ အမ္းၿမိဳ႕မွ မင္းဘူးၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ ဆုိင္ကယ္သံုးစီးအား ရပ္တန္႔စစ္ေဆးရာ ရခုိင္လူမ်ဳိးမ်ား ျဖစ္သည့္ သန္းေဌး(ဘ) ဦးလွျဖဴစံ၊ လွဝင္း(ဘ)ဦးစိန္လွသာႏွင့္ သန္းေအးေမာင္(ဘ)ဦးေက်ာ္စိုးလြင္ တို႔က ဘဂၤါလီလူမ်ဳိးမ်ား ျဖစ္သည့္ ႏူ႐ူလာမာရ္(ဘ) အဒူမာေက်ာ္ခ်စ္၊ အဘူမာဟာေမာက္(ဘ)အဘူကာရွိန္းႏွင့္ ဝါးရက္စ္(ဘ)ဘာဆယ္တို႔အား တင္ေဆာင္လာေၾကာင္း ေတြ႕ရွိဖမ္းဆီး ရမိခဲ့သည္။

၎တို႔အား စစ္ေဆးေမးျမန္းခ်က္အရ ရခိုင္လူမ်ဳိးသံုးဦးက ဘဂၤါလီလူမ်ဳိး သံုးဦးအား ေက်ာက္ေတာ္ၿမိဳ႕နယ္မွ   ရန္ကုန္ၿမိဳ႕အထိ တစ္ဦးလွ်င္ ေငြက်ပ္ ၁၇ သိန္းႏႈန္းျဖင့္ အခေၾကးေငြယူ၍  သယ္ေဆာင္လာေၾကာင္း  သိရွိ ရသည္။

အဆိုပါ ဖမ္းဆီးရမိသူမ်ားႏွင့္ ဆုိင္ကယ္မ်ားအား အမ္းၿမိဳ႕မရဲစခန္းတြင္ တရားဥပေဒ အရ အေရးယူႏုိင္ေရး ဆက္လက္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္း ရရွိသည္။ (တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး)

(Unicode Version)

ရခိုင်လူမျိုး သုံးဦးက ဘင်္ဂါလီလူမျိုး သုံးဦးအား အခကြေးငွေ ယူ၍ သယ်ဆောင်လာစဉ် ဖမ်းဆီးရမိ


နေပြည်တော် ဇန်နဝါရီ  ၂၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ပဲပဒုံပူးပေါင်း စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၄ ရက် နံနက် ၂ နာရီခွဲခန့်တွင် အမ်းမြို့မှ မင်းဘူးမြို့ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်သုံးစီးအား ရပ်တန့်စစ်ဆေးရာ ရခိုင်လူမျိုးများ ဖြစ်သည့် သန်းဌေး(ဘ) ဦးလှဖြူစံ၊ လှဝင်း(ဘ)ဦးစိန်လှသာနှင့် သန်းအေးမောင်(ဘ)ဦးကျော်စိုးလွင် တို့က ဘင်္ဂါလီလူမျိုးများ ဖြစ်သည့် နူရူလာမာရ်(ဘ) အဒူမာကျော်ချစ်၊ အဘူမာဟာမောက်(ဘ)အဘူကာရှိန်းနှင့် ဝါးရက်စ်(ဘ)ဘာဆယ်တို့အား တင်ဆောင်လာကြောင်း တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

၎င်းတို့အား စစ်ဆေးမေးမြန်းချက်အရ ရခိုင်လူမျိုးသုံးဦးက ဘင်္ဂါလီလူမျိုး သုံးဦးအား ကျောက်တော်မြို့နယ်မှ   ရန်ကုန်မြို့အထိ တစ်ဦးလျှင် ငွေကျပ် ၁၇ သိန်းနှုန်းဖြင့် အခကြေးငွေယူ၍  သယ်ဆောင်လာကြောင်း  သိရှိ ရသည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် ဆိုင်ကယ်များအား အမ်းမြို့မရဲစခန်းတွင် တရားဥပဒေ အရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

https://m.facebook.com/story.php?story_fbid=1583789595075233&id=526503167470553

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ရခိုင္လူမ်ဳိးသံုးဦးက ဘဂၤါလီလူမ်ဳိးသံုးဦးအား အခေၾကးေငြယူ၍သယ္ေဆာင္လာစဥ္ဖမ္းဆီးရမိ (တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး) ”

Post a Comment

Related Posts Plugin for WordPress, Blogger...