Saturday, November 3, 2018

"""သိက္ခာမဲ့နိုင်​ငံ​တော်​"""

,
၂၀၁၃ခုနှစ်​မှာဖြစ်​ပွားခဲ့တဲ့မြန်​မာပြည်
မိထ္တီလာအ​ရေးအခင်းမှာ၊ထိုစဉ်​အခါက
ထီလာလွတ်​​တော်​အမတ်​ကြီးဦးဝင်းထိန်
၈၈​ကျောင်းသား​ခေါင်း​ဆောင်​မင်းကိုနိုင်
ရွေည၀ါဆရာ​တော်​၊တချိန်​တုန်းက
မစိုးရိမ်​ကဥူးဝိရသူတို့ရဲ့အခန်းကဏ္ဏ​တွေ
ပါဝင်​ခဲ့သလို၊လူသားချင်းစာနာတဲ့
လူသားပီသတဲ့ဆရာ​တော်​ဥူးဝိသုဒ္ဒ@
ဦးဇင်းပိန်​၊အာရှအလင်း​ရောင်​ဆရာ​တော်​၊
သာသနာ့ဝေပုလ္လမှ့ ဦးသြဘာသ၊မကျည်း
ကုန်း​ကျောင်းတိုက်​သံဃာ​တော်​များဟာ
်​ထင်​ရှားခဲ့ကြပါတယ်​။
ဦးဝင်းထိန်​ဟာထိုစဉ်​ကလူသတ်​သမား
တွေရဲ့ခြိမ်း​ခြောက်​တာ​တောင်​ခံရပါတယ်
အလားတူ မင်းကိုနိင်​ဟာလည်းအမှန်​​တွေ
ထုတ်​​ဖော်​​ပြောဆိုခဲ့ပါတယ်​၊
မန်းတိုင်းဝန်​ကြီးချုပ်​ဦးရဲမြင့်​နဲ့ထိုစဉ်​ကနယ်
လုံဝန်​ကြီးဗိုလိမူးကြီး​အောင်​​ကျော်​မိုးတို့က
အ​ခြေအ​နေများကိုထိမ်းသိမ်း​ဆောင်​ရွက်
နိုင်​​ကြောင်း၊မှားယွင်းစွာ​ပြောကြားခဲ့တာကို
ထိုစဉ်​က​ခေတ္တပြည်​ထဲ​ရေးဝန်​ကြီးဖြစ်​သူ
ဦးဆန်းဆင့်​ကကိုင်​တွယ်​​ဆောင်​ရွက်​ပုံမှာ
ထိ​ရောက်​မူမရှိခဲ့​ကြောင်း၊​မေ၂၁ရက်​​နေ့
ပထမအကြိမ်​ပြည်​သူလွတ်​​တော်​အစည်း
အ​ဝေးဒုတိယ​နေ့တွင်​၊သတင်းမီဒီယာများ
ကိုဝန်​ခံ​ပြောကြားခဲ့ပါတယ်​၊
ရန်​ကုန်​မြို့မှာရှိတဲ့အစ္စလာမ်​ဘာသာ​ရေး
အဖွဲများမှ့ (မမလ\​ကောင်​စီ\မအဖ)​ခေါင်း
ဆောင်​များ၊ပြင်ပပုဂ္ဂိုလ်​များ၊စီးပွား​ရေးလုပ်
ငန်းရှင်​များနဲ့​ရွှေသံလွင်​ဦး​ကျော်​၀င်းအပါ
အ၀င်​အချို့စာနာသူ​တွေဟာ၊ညနက်​ပိုင်း
တိုင်​​အောင်​၊အဆက်​အသွယ်​​တွေနဲ့ကူညီ
ဖြေရှင်းခဲ့ပါတယ်​၊အလာတူးမန်းတ​လေးမှ့ 
ခေါင်း​ဆောင်​များ၊ဦး​မောင်​​မောင်​(​ခေတ္တ_
မ​လေးရှား)၊ဦး​အောင်​​ဇော်​၀င်း၊​ဒေါက်​တာ
သန်းမြင့်​အစရှိတဲ့ပုဂ္ဂိုလ်​​တွေဟာ​နေ့မအား
ညမနားကူညီခဲ့သလို၊ကိုဖိုးလုံး(ယခုအခါ
နိင်​ငံ​တော်​ပုန်​ကန်​မူနဲ့ဖမ်းဆီးခံထားရသူ)
ဟာလည်းယင်း​တော်​အရပ်​မှာကယ်​ဆယ်
ရေးစခန်းဖွင့်​ပီးကူညီခဲ့ပါတယ်​၊​နောက်​ထပ်
အမည်​​ဖော်​ပြနိင်​ခြင်းမရှိတဲ့ပုဂ္ဂိုလ်​​တွေများ
စွာလည်းကူညီခဲ့ကြမှာပါ(​__ကျေးဇူးပြု၍
လူကြီးမင်းများ၏သက်​စွန်​ဆံဖျားကြိုးပမ်း
ကူညီမူများကိုcb\comment များတွင်​​ဖော်
ပြ​ပေးခြင်းဖြင့်အဖိုးမဖြတ်​နိုင်​​သောသမိုင်း
မှတ်​တမ်းများကို၊ကျွန်​​တော်​​ရေးသားပြုစု
နေ​သော ၇၂ နာရီစာအုပ်​တွင်​ထည့်​သွင်း
ပေးကြပါရန်​​မေတ္တာရပ်​ခံအပ်​ပါသည်​)
တိုင်းပြည်​မှာအ​ရေးကြုံလာခဲ့ပါကမြန်​မာတို့
လူမျိုးဘာသာမခွဲခြားပဲကူညီကြပုံများနှင့်
မွတ်​စလမ်​အဖွဲ့အစည်းများ၏စည်းလုံးညီ
ညွတ်​​သောပုံရိပ်​များကိုလည်းရူမြင်​​စေလို၏
  အများစုကြီးအသား​ပေး​ပြောဆို​နေကြ​တဲ့
ဘုန်း​တော်​ကြီးဥူး​သောဘိတဖြစ်​စဉ်​ကို၊
ဆိုင်​ကယ်​ကယ်​ရီသမားနဂါး၏ထွက်​ဆိုမူ
တရားခံများ၏​​ဖြောင့်​ချက်​၊နှစ်​ဖက်​သက်
သေများ၏ထွက်​ဆိုချက်​များကို​သေချာစွာ
လေ့လာကြည့်​ရာဝယ်​၊မလုပ်​သင့်​မလုပ်
အပ်​​သောကိစ္စရပ်​ဖြစ်​ပီး၊ထိုဖြစ်​စဉ်​အရင်
ပလီများအားဖျက်​စီးမူများစတင်​​နေပီဖြစ်
ရာ၊မီး​လောင်​ရာ​လေပင့်​ဆိုသလို၊ဆိုးဝါး
လှ​သော၊ဖြစ်​ရပ်​တခုဟုမှတ်​ချက်​ပြုပါ၏
နယ်​ခံတချို့ပါဝင်​ခဲ့ရာအကယ်​၍ဘုန်း​တော်
ကြီးအားရိုက်​နှက်​မီးရှို့မူသာမဖြစ်​ခဲ့လျှင်​၊
ကြီးမားလှ​သောကြံစီမူကြီးမှာယခု​လောက်
အောင်​မြင်​နိုင်​လိမ့်​မည်​မဟုတ်​​ပေ၊အလား
တူ၊လူသတ်​မူ​မြောက်​မြားစွာတွင်​သက္ကန်း
ဝတ်​လက်​နက်​ကိုင်​များပါဝင်​​နေခဲ့ရာ၊မည်
သည့်​အ​ရေးယူမူတစုံတရာကိုမျှကြားသိရ
ခြင်းမရှိခဲ့ပါ၊
ယခုအခါတွင်​မိထ္တီလာတွင်​​အေးချမ်းတည်
ငြိမ်​​နေပြီဖြစ်​​သော်​လည်း၊မွတ်​စလမ်​တို့၏
ပလီဝါတ်​​ကျောင်း​တော်​များအားပိတ်​ထား
စကားခြင်းမှာ၊လုံးဝမသင့်​​လျော်​လှ​ပေ၊ထိုအပြင်
မကြာ​သေးမီကအင်​တာဗျုးတခုတွင်
မန်းတ​လေးတိုင်းဝန်​ကြီးချပ်​​ဒေါက်​တာ
ဇော်​မြင့်​​မောင်​​ပြောကြားခဲ့​သောမှတ်​ချက်
တွင်​ လက်​ရှိပလီနှင့်​လုံ​လောက်​​နေပါသည်
ဟူ​သောစကားသည်​၊ပိတ်​ပင်​ထားခြင်းကို
ဆက်​လက်​အား​ပေး​နေ​သော၊မဆီ​လျော်
သည့်​ခွဲုခြားသုံးသပ်​မူဟုရူမြင်​ပါသည်​၊
ပဲခူးတိုင်းမိုညိုတွင်​ဖျက်​စီးထား​သောပလီ
ဝါတ်​​ကျောင်းအားပြန်​လည်​တည်​​ဆောက်
ရေးကိုကန့်​ကွက်​လက်​မှတ်​​ရေးထိုးကြခြင်း
ကိုကြည့်​ခြင်းအားဖြင့်​၊သူတပါးကိုးကွယ်​ရာ
ဘာသာတရားအားလူများစုဖြင့်​အနိုင်​ကျင့်
သော၊များရာနိုင်ဝါဒ(mob)ပြန်​လည်​​ခေါင်း
ထောင်​လာနိုင်​သည်​ကိုသတိပြုဖွယ်​ရာဖြစ်
၏စိုးရိမ်​စရာပင်​တည်း။
သိုပါ၍နိုင်​ငံ​တော်​မှ့ တာဝန်​ရှိပုဂ္ဂိုလ်​များအ
နေဖြင့်​၊မ​ဆွေး​မြေ့​သောရာဇ၀တ်​မူများကို
ဖော်​ထုတ်​အ​ရေးယူရန်​မှာ၊တာဝန်​တရပ်
သာဖြစ်​ပြီး၊ရင်​ကြား​စေ့​ရေး၊ပြည်​တွင်းညီ
ညွတ်​​ရေးနှင့်​ငြိမ်းချမ်း​ရေးအ​ကြောင်းပြချက်
များဖြင့်​​ရှောင်​လွဲ၍မရနိင်​​ပေ။
ထိုအပြင်​လူနည်းစုဘာသာဝင်​များ၏အခွင့်
အ​ရေးနှင့်​လွတ်​လပ်​စွာကိုးကွယ်​ခွင့်​သည်
နိုင်​ငံသားတို့၏​မွေးရာပါအခွင့်​အ​ရေးတရပ်
သာလျှင်​ဖြစ်​ပြီး၊မည်​သူမည်​၀ါလူများစုတို့၏
ဆုံးဖြတ်​ပိုင်​ခွင့်​မဟုတ်​သည်​ကိုသတိပြုရန်
လိုအပ်​လှ​ပေသည်​၊
ထိုကိစ္စများကိုအ​ရေးယူရန်​ပျက်​ကွက်​ခြင်း၊
အကာအကွယ်​​ပေးရန်​လျစ်​လျုရူ​နေခြင်းတို့
သည်​၊တည်​ဆဲဥပ​ဒေကိုချိုး​ဖောက်​ရာ
ရောက်​ရုံတင်​မက၊အပြည်​ပြည်​ဆိုင်​ရာ
လူ့အခွင့်​အ​ရေး​ကြေငြာစာတမ်းအပိုဒ်​၁၈
ကိုချိုး​ဖောက်​​သော Shameless State
"သိက္ခာမဲ့နိုင်​ငံ​တော်​"အဖြစ်​သို့မ​ရောက်​ရှိ
စေသင့်​ပါ​ကြောင်း၊​လေးနက်​စွာဖြင့်​​မေတ္တာ
ရပ်​ခံပန်​ကြားပါရ​စေခင်​ဗျား။


https://m.facebook.com/story.php?story_fbid=633575667036371&id=100011518298916

0 ယောက်မှတ်ချက်ပြုခဲ့သည် to “"""သိက္ခာမဲ့နိုင်​ငံ​တော်​"""”

Post a Comment

Related Posts Plugin for WordPress, Blogger...