Saturday, January 27, 2018

ယနေ့အချိန်ထိ မြေပေါ်သို့ပြန်မကျသေးသောအုတ်နီခဲ

,
ကျနော် တို့ ခင်များတို့ အနေနဲ့ အုတ်နီခဲထက်ပိုင်းကျိုးဖြင့် လူတယောက်ကိုထုမည် ဆိုပါစို့  ထု တယ်ပဲထားအုးံ  ပစ်ထုလိုက်တဲ့ အုတ်နီခဲဟာ ထိသည်ဖြစ်စေ မထိသည်ဖြစ် စေကမ္ဘာ့မြေဆွဲအားကြောင့် မြေပေါ်ကျလာပေမည်  ဒါက လူတိုင်း ကြုံတွေ့ရတတ်သည့်သဘောပါ။

မနှစ်က  ၂၀၁၇   ဇန္နဝါရီ ၂၉ ရက်နေ့ က မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းအထွက်  သေနပ်သံလည်းကြားရ သေနတ်သမား လူသတ်သမားဟေ့ ဆိုတဲ့အသံကြားတာနဲ့ သေနတ်ကိုင် ကာပြေး၍လာသော သေနတ်သမား   ကြည်လင်းကို အနီးအနားရှိတဲ့ ထက်ပိုင်းကြိုးအုတ်နီခဲနဲ့ ထုလိုက်တာ  ကြည်လင်းရဲ့ နားထင် တခြမ်း   ကွမ်းတံတွေး ပက်ဖြန်းသလို  သွေးများဖြာကျလာတယ်  ကြည်လင်းကလည်း သွေးရူးသွေးတန်းနဲ့အုတ်နီခဲနဲ့ထုလိုက်သော အငှားယဉ်မောင်း ကိုနေဝင်းကို သေနပ်နဲ့ပစ်ခတ်လိုက်တယ်  ကိုနေဝင်းလည်း ထိုသေနပ်ဒဏ်ရာဖြင့် အသက်ပေးလိုက်ရပါတယ် ။

ကြည်လင်းက ဘုရားခိုးထောင်ထွက်လူသတ်သမားပါ  လေယဉ်ကွင်းအတွင်း၌ NLD ဥပဒေ အကြံပေး  ဥပဒေပညာရှင် ဦးကိုနီကိုနောက်စေ့ ကပ်၍သေနတ်နဲ့ပစ်သတ်ပြီး လေယဉ်ကွင်းအပြင်ဖက်ထွက်အပြေး ကိုနေဝင်းရဲ့အုတ်နီခဲနဲ့ မိတ်ဆက်ရခြင်းဖြစ်ပါတယ် ။

ကိုနေဝင်းခမျာ   ဥပဒေပညာရှင် ဦးကိုနီနဲ့ ဆွေမျိုးလည်းမတော်  ကိုးကွယ်သည့်ဘာသာလည်းမတူ   သိလည်းမသိ မဟုတ်မခံစိတ် တရားမျှတလိုသောစိတ်ဖြင့် အသက်ပေး၍ ပစ်ပေါက်လိုက်သော  အုတ်နီခဲ့ သည် တရားမျှတမှု အတွက် အသံတိပ် ဖွင့်ဆိုလျက်ရှိ၏

ပစ်ထုလိုက်သည့် အုတ်နီခဲ  ထိချက်သည်လည်း  သာမာန်ကြည့်လျင်
သေနတ်သမားကြည်လင်းသာထိသည်ဟုမြင်ကြပေမည်  တကယ်တော့  ထိုအုတ်နီခဲသည် အမှန်တရားအတွက် ထိချက်ပြင်းလွန်းလှသည်  ထိုထိချက်တို့သည်ကား
ကြည်လင်း မှ ဇေယာဖြိုး  ဇေယာဖြိုးမှ  အောင်ဝင်းဇော်   အောင်ဝင်းဇော်မှသည်   အာင်ဝင်းခိုင် ဆီသို့  ခဲတချက်ဖြင့်  ခေါင်း
၎လုံး ထိခဲ့ပေသည်  သို့သော် ကိုနေဝင်းထုလိုက်သောအုတ်နီခဲသည်  ယနေ့အချိန်ထိ  မြေပေါ်သို့ ပြန်မကျသေးပါ
နောက်ဆက်တွဲ  ထိမှန်စရာ   ဦးခေါင်း ရှိနေပြီလားမဆိုနိုင် ။

အငှားယဉ်မောင်း ကိုနေဝင်း က  အမှန်တရားအတွ က် မိမိအသက်ကိုလည်းမငဲ့  မိမိ မိသားစုရေးလည်း ထည့်မတွက်  တရားမျှတမှုအတွက် အသက် ကို စတေးခဲ့လေပြီ

လာမည့် ဇန္နဝါရီ  ၂၉ ရက်နေ့သည်    ဥပဒေ ပညာရှင်  ဦးကိုနီနဲ့  ကိုနေဝင်းတို့  အောင့်မေ့ဘွယ် တနှစ်ပြည့်တော့မည်
ကိုနေဝင်းကတော့  လူ့လောကတွင်   အမှန်တရားအတွက် တာဝန်သိမှု တရားမျှ တမှုအတွက်  အသက်ပေး၍  စတေးခဲ့၏
တာဝန်အရမဟုတ်ဘဲ တာဝန်ကြေခဲ့၏

တာဝန် မကြေ သေးသူတို့မှာ  ကိုလှရွှေ တို့ အဖွဲ့ သာဖြစ်၏  ကိုလှရွှေတို့ကတော့  ယနေ့ထိ  အောင်ဝင်းခိုင်ကို လက်ရမဖမ်းနိုင်သေးချေ ။ ကိုလှရွှေ တို့ကတော့  အမြီးလေးမြှောက်လိုက်  အီးလေးပေါက်လိုက်နဲ့နေခဲ့သည်မှာလည်း
တနှစ်ပြည့်တော့မည် ။

တရားရေး နဲ့ ကိုလှရွှေ တို့ကတော့  ကာချုပ်လက်အောက်ခံ ပြည်ထဲရေး  အောက်က ဆိုတော့  လက်ရှိအစိုးရကို  ဂရုမစိုက်တဲ့သဘောလား    ဒါမှ မဟုတ် ပူပူနွေးနွေးထူထောင်စ  ဒီမိုကရေစီကို  လျစ်လျူရှုချင်တာလား

ဘာဘဲပြောပြော  ကိုနေဝင်းထုလွှတ်လိုက်တဲ့ အုတ်နီခဲဟာ  မြေပေါ် ကျတဲ့အသံမကြားရသေးဘူး   နောက်ထပ်  မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ရဲ့ ဦးခေါင်း ကို ဘယ် အချိန်မှန်မလဲဆိုတဲ့သတင်း တစ်ရပ်ကို တော့  ဆက်လက် စောင့်စားရပေအုးံမည် ။

ဥပဒေပညာရှင် ဦးကိုနီအကြောင်းကို   ထိုက်တန်စွာဂုဏ်ပြု အရေးအသားကို ကျနော့အနေနဲ့မစွမ်းသာပါ    ကျနော့ အရေးအသားသည်  ဥပဒေ ပညာရှင်အတွက် အားနည်း ဘွယ်  လစ်ဟာစရာကျန်မည် ဟုထင်ပါသည်  ထိုက်တန်သော ပညာရှင်တို့က ထိုက်တန်စွာ ဂုဏ်ပြုကြပါလေ။

အငှားယဉ်မောင်း  ကိုနေဝင်းကိုတော့   အမှန်တရား အတွက်   ဒီမိုကရေစီ လိုလားသူတဦးအနေဖြင့်
အာဇာနည်  ကိုနေဝင်း  သို့မဟုတ်  အုတ်နီခဲ ကိုနေဝင်းဟု  ကမ္ဗည်း တပ်ချင်ပါသည် ။

ဥပဒေပညာရှင် ဦး ကိုနီ နဲ့ အာဇာနည် အုတ်နီခဲ ကိုနေဝင်းတို့ ကောင်းရာဘုံသို့ရောက်ပါစေ။

#Crd  Kyi Lwim

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ယနေ့အချိန်ထိ မြေပေါ်သို့ပြန်မကျသေးသောအုတ်နီခဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...