Monday, February 26, 2018

ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ယနေ့ကျင်းပသည့် The Berlin Conference on Myanmar Genocide ကွန်ဖရင့်ဖိတ်ကြားမှု ပယ်ဖျက်ခံရ

,
ရန်ကုန်-ဖေဖော်ဝါရီ - ၂၆

ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ယနေ့ကျင်းပသည့် The Berlin Conference on Myanmar Genocide ကွန်ဖရင့်ဖိတ်ကြားမှု ပယ်ဖျက်ခံရခြင်းနှင့် ပတ်သက် ၍ မြန်မာ့အရေး စိတ်ဝင်စားသူများဖြစ်ကြသည့် Forum on Strategies for Peace, and Harmony and Reconciliation မှ အဖွဲ့ဝင်များက ပူးပေါင်းပြု လုပ်သည့်     သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS) ရုံး၌ ကျင်းပသည်။

အဆိုပါ ဘာလင်ကွန်ဖရင့်ကို   “Forum on Straegies for Peace, Harmony and Reconciliation”မှ အဖွဲ့ဝင်များက   တက်ရောက်ရန် စာရင်းပေးခဲ့သော် လည်း  ဖိတ်ကြားမှုပယ်ဖျက်ခံရသည်ကို ဖေဖော်ဝါရီ  ၂၃ ရက်တွင် ပွဲစီစဉ်သူများက အီးမေးလ်မှတဆင့်    အသိပေးအကြောင်းကြား ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ယနေ့သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကျင်းပသည့် မြန်မာ့အရေး စိတ်ဝင်စားသူများထဲတွင် ပါဝင်သူ လူသားချင်းစာနာမှုအကူအညီ ထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)  ညှိနှိုင်းရေးမှူးချုပ်   ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် က         “ မြန်မာ့အရေးကို စိတ်ဝင်စားသူတွေ က ဂျာမနီနိုင်ငံ မှာ ကျင်းပမယ့် ကွန်ဖရင့် ကို တက်ရောက်ချင်တယ်။ သူတို့အသံတွေကို နားထောင်ချင် တယ်။ အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုတွေနဲ့ ပါဝင်ချင်တဲ့အတွက် ကြောင့် သွားရောက်ဖို့စီစဉ်ခဲ့ တာဖြစ်တယ်။ အစိုးရကို ကိုယ်စားပြုပြီး တက်တာမျိုး မဟုတ်ပါဘူး။

အရပ်ဘက်လူမှုအဖွဲ့အစည်းအနေနဲ့ ပါဝင်ချင်တဲ့အတွက်ကြောင့် သွားရောက်ဖို့ စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ရှင်းလင်းပြောကြားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်နှင့်   Myanmar Information Technology (MIT) CEO ဒေါက်တာထွန်းသူရသက် တို့ ကလည်း  ဘာလင်ကွန်ဖရင့်သို့ တက်ရောက်ခွင့်မရခဲ့သည့်အပေါ် ရှင်းလင်း ပြောကြားသည်။

ထို့နောက်  သံတမန်များနှင့်  ပြည်တွင်း ပြည်ပမှ သတင်းမီဒီယာများက သိရှိလိုသည် များကိုမေးမြန်းရာ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်နှင့် အဖွဲ့ဝင် များက   ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ စီစဉ်ကျင်းပသည့်   ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊  အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူအပါအ၀င် မြန်မာ့ အရေး စိတ်ဝင်စားသူများ ဖြစ်ကြသည့် Forum on Strategies for Peace, and Harmony and Reconciliation မှ အဖွဲ့ဝင်များ၊   ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ   သံတမန်များ၊ UN အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ ပြည်တွင်း ပြည်ပမီဒီယာများ တက်ရောက်ကြသည်။
 
သတင်းစာရှင်းလင်းပွဲအပြီးတွင် မြန်မာ့သတင်းစဉ်က ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် နှင့် သီးခြားတွေ့ဆုံမေးမြန်းရာတွင် “ဘာလင်မှာ ပြောမယ့် စာတမ်း ခေါင်းစဉ်တွေက တစ်ဖက်စောင်းနင်းဖြစ် နေပြီး  ပြောမယ့် လူပုဂ္ဂိုလ်တွေကလည်း ကိုယ့်နိုင်ငံအပေါ်မှာ အကောင်းမမြင်တဲ့ သူတွေဆိုတာသိရတော့ လွန်ခဲ့တဲ့ တစ်ပတ် လောက်က  မြန်မာနိုင်ငံမှာ အေးချမ်းမှု၊ ဖွံ့ဖြိုးမှု ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ  တက်ရောက်ခဲ့ သူ လူငယ်တွေထဲက သွားရောက်ဖို့ စီစဉ်ခဲ့ကြတယ်။

   တကယ်တော့ နိုင်ငံတကာဆွေးနွေးပွဲတွေမှာ တစ်ဖက်တည်း မဟုတ်ဘဲ ဘက်စုံ ၊ တဖက်နဲ့ တစ်ဖက် အမြင်ချင်းမတူပေမယ့် ကိုယ့်အမြင် သူ့အမြင် ရှိပါတယ်။  မြန်မာ့အမြင်ဆိုတာ ရှိသင့်တယ်လို့ ထင်တဲ့အတွက် သွားဖို့စီစဉ်ကြတယ်၊ မှတ်ပုံတင်ကြတယ်၊ အဲဒီအချိန်မှာလည်း သူတို့ကို လက်ခံမယ်ဆိုတော့ ပြင်ဆင်ထားကြတယ်၊ အနီးကပ်နောက်ဆုံးကြမှ လက်မခံတော့ဘူးလို့  အကြောင်းပြန်တယ်”ဟုပြောသည်။

ယနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍လည်း “ဒီနေ့ လုပ်တဲ့ ပွဲ ကတော့ ကိုယ့်အသံတွေကိုတော့ ကြားစေချင်တယ်။

  တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ပြဿနာတွေ အားလုံးမှာ တစ်ဖက်စောင်းနင်း ပြောနေတာ၊ ဒါကြောင့် သူတို့ပြောခွင့် ရှိသလို ကိုယ်လည်း ပြောခွင့်ရှိတယ်။  ဒီလောက်ပဲတောင်းဆိုတာ၊ များများတောင်း ဆိုတာ မဟုတ်ဘူး။

  မပြောရဘူးလို့ ပိတ်ပင်တာလည်း မဟုတ်ဘူး၊ သူတို့ပြောခွင့်ရှိ သလို ကိုယ်လည်း ပြောခွင့်ရှိတယ်။  အဲဒီလိုပြောခွင့်ရှိတာကို ပြောခွင့် မရတာတော့ စိတ်မကောင်းဖြစ်မိတယ်၊ ပြောခွင့်မပေးတာကိုလည်း မဝေဖန် ပါဘူး၊ အပြစ်မတင်ပါဘူး။  ဖြစ်တဲ့အကြောင်းကိုသာ ကမ္ဘာ သိအောင်၊ လူတွေ သိအောင် ပြောစေချင်တယ်။  စိုးရိမ်စိတ်တစ်ခုကတော့ တစ်ဖက်သတ်ဆွေးနွေးပြီး တစ်ဖက်သတ် တင်ပြပြီး ဆုံးဖြတ် ချက်တွေ အားလုံးက မမှန်နိုင်ဘူး။ အဲဒီတော့ အမှန်တရားရချင်တယ်၊ တကယ်ကို အမှန်တရားသိချင်တယ် ။  မြန်မာပြည်မှာ ဖြစ်တဲ့အခြေအနေကို တကယ်တမ်း သိချင်တယ်ဆိုရင် တစ်ဖက်တည်းက ဆွေးနွေး တာထက် ဘက်စုံဆွေးနွေးရင် ပိုပြီးပြည့်စုံတယ်ဆိုတဲ့ စေတနာလေးတစ်ခုနဲ့ ပြုလုပ်ခြင်း ဖြစ်ပါ တယ်”ဟု ဆိုသည်။

သတင်း-နန္ဒာဝင်း၊ ဇော်ကြီး
ဓာတ်ပုံ-ဇော်မင်းလတ်၊ရဲထွဋ်


https://m.facebook.com/story.php?story_fbid=194979354424915&id=100017385546271

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ယနေ့ကျင်းပသည့် The Berlin Conference on Myanmar Genocide ကွန်ဖရင့်ဖိတ်ကြားမှု ပယ်ဖျက်ခံရ”

Post a Comment

Related Posts Plugin for WordPress, Blogger...