Friday, July 6, 2018

သတင်းသမား ရန်သူလား(ရဲထွဋ်)

,
ကျွန်တော်ပြန်ကြားရေးဝန်ကြီးဌာနမှာ ၂၀၀၅ ခုနှစ် မေလ ကနေ ၂၀၁၆ ခုနှစ် မတ်လအထိ ၁၁ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလမှာ အစိုးရနဲ့မီဒီယာကြား ဆက်ဆံရေး ဆိုးတဲ့ကာလကို ဖြတ် သန်းခဲ့ရသလို၊ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုတည်ဆောက်နိုင်အောင်ကြိုး စားတဲ့ကာလ၊ မီဒီယာ ဆက်ဆံရေးအတော်လေးတိုးတက်လာတဲ့ကာလတွေကို ဖြတ်သန်းခဲ့ရပါ တယ်။

 အဲဒီလို အကောင်းအဆိုးကာအမျိုးမျိုးကို ဖြတ်သန်းခဲ့ရချိန်အတွင်းမှာ  အစိုးရနဲ့ သတင်းမီဒီယာ တွေကြားမှာ  အပြန်အလှန် ခါးခါးသီးသီးဖြစ်ခဲ့တဲ့ အချိန်တွေရှိတယ်၊  ကိုယ်တိုင်လည်း သတင်းမီဒီ ယာ များရဲ့ ရေးသား မှုတွေကို ထိန်းချုပ်တဲ့လုပ်ငန်းတွေမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ရတယ်၊ နိုင်ငံ ပိုင်မီဒီယာတွေကနေမီဒီယာတွေ အထူးသဖြင့် ပြည်ပအခြေစိုက်သတင်းမီဒီယာတွေအပေါ် ထိုး နှက် ရေးသားမှုတွေမှာ လည်း တစ်စိတ် တစ်ပိုင်းပါဝင်ဆောင်ရွက်ခဲ့ရတယ်။ အဲဒီအချိန်တွေ က တော့လုပ်ငန်းတာဝန်အရဆောင်ရွက်ရတာတွေရှိပေမယ့်ကျွန်တော့်အနေနဲ့ သတင်းမီဒီယာ သမား တွေကို လေးစားမှုရှိခဲ့တယ်။

ဒါကလည်းအကြောင်းရှိပါတယ်။  ကျွန်တော်တို့ဆက်ဆံနေရတဲ့ နယ်ပယ်အသီးသီးက လူတွေနဲ့ ယှဉ်လိုက်ရင်  သတင်းမီဒီယာသမား အများစုက ပဲပြားပင်တွေ လေယူရာတိမ်းလေ့မရှိဘူး။ သစ်ပင် ကြီးတွေလိုပဲ လေပြင်းလို့ အကိုင်းကျိုး၊အပင်လဲရင်သာလဲမယ်။ ယုံကြည်ရာကို မားမား မတ်မတ် ရပ်လေ့ရှိတယ်။ ယုံကြည်ရာဆိုတာ အစိုးရကို ထောက်ခံသင့်လို့ထောက်ခံတဲ့အခါမှာရော၊ ဆန့် ကျင်သင့်လို့ဆန့်ကျင်တဲ့အခါမှာရောကို ဆိုလိုပါတယ်။

 ဒါ့ကြောင့် ကျွန်တော်ကတော့ သတင်းမီဒီယာတွေနဲ့ ဆက်ဆံတဲ့အခါမှာ သူ့လည်း သူ့အလုပ် သူလုပ်တယ်၊ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်တယ်လို့ပဲ သဘောထားတယ်။ ဒါကို ပရော်ဖက် ရှင်နယ်ဆန်တယ်လို့လည်း ပြောလို့ရပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးမူဝါဒများအရ မီဒီယာ ပြုပြင် ပြောင်းလဲရေးတွေလုပ်တဲ့အခါ ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာကို ထိန်းချုပ်တဲ့ ဌာန အဖြစ် ကနေ မြန်မာ့မီဒီယာဖွံ့ဖြိုးရေးအတွက် ပြည်တွင်းမီဒီယာတွေ၊ နိုင်ငံတကာမီဒီယာအဖွဲ့အစည်းတွေ နဲ့လက်တွဲလုပ်တဲ့ဌာနအဖြစ်ပြောင်းလဲခဲ့ရတယ်။ အစိုးရအဖွဲ့အနေနဲ့လည်း မီဒီယာတွေရဲ့ အခန်း ကဏ္ဍကိုအလေးထားဖို့ စတင်ဆောင်ရွက်ခဲ့ရတယ်။

အဲဒီအချိန်မှာ ၂၀၁၃ ခုနှစ်ဆန်းမှာ ကျွန်တော့်ကို အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန် ပေးခံရပါတယ်။  အဲဒီအချိန်က သမ္မတ တာဝန်ယူထားတဲ့ ဦးသိန်းစိန်က သတင်းမီဒီယာများနဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး အချက်သုံးချက်ပဲမှာတယ်။ အဲဒါတွေကတော့

၁။  အမှန်တရားကိုအခြေခံပါ။
၂။  အခြေခံဥပဒေအပြင် တည်ဆဲဥပဒေများနဲ့အညီပြောဆိုပါ။
၃။  သတင်းထောက်တွေကို  လေးလေးစားစားဆက်ဆံပါ။

ကျွန်တော်ကတော့ နောက်ဆုံးအချက်ဟာ မီဒီယာဆက်ဆံရေးကောင်းဖို့အတွက်အရေးအကြီး ဆုံး လို့ထင်ပါတယ်။ဒီနေရာမှာ မီဒီယာသမားတွေကရောလေးစားစရာကောင်းအောင်နေလို့လားဆို ပြီး စောဒကတက်မယ့်သူလည်းရှိမှာပါ။ မီဒီယာသမားတွေထဲမှာ ကျင့်ဝတ်နဲ့မညီတဲ့သူတွေလည်း ရှိ တာပေါ့။ဒါပေမယ့်မီဒီယာနဲ့ဆက်ဆံဖို့တာဝန်ရှိသူအနေနဲ့က အဲဒီအနည်းစုကြောင့် မီဒီယာ သမား အားလုံးကို အထင်သေးဆက်ဆံလို့တော့မရဘူး။

 ပြောရရင်တော့ ဦးသိန်းစိန်အစိုးရအဖွဲ့ကာလက အစိုးရက   မီဒီယာတွေကို ပိုးပန်း ခဲ့ရတဲ့ အချိန် ပါ။ ငါးနှစ်တာ ကာလအတွင်းမှာ ပြဿနာတွေရှိသလို  မီဒီယာ ဆက်ဆံ ရေးကောင်း အောင်၊ မီဒီ ယာဖွံ့ဖြိုး တိုးတက် မှုအတွက်အခြေခံလိုအပ်ချက် (ဥပဒေများ၊ နည်းဥပဒေများ၊ သင်တန်းများ၊ ဆွေး နွေးပွဲ များ) များ ဖြည့် ဆည်းပေးနိုင်အောင် အစိုးရက အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ကြ ပါတယ်။ ဒါပေမယ့် သတင်း မီဒီ ယာသမားတွေ လိုချင်တဲ့အခြေအနေတစ်ရပ်ရောက်အောင်တော့ ကျွန်တော် တို့ မလုပ်နိုင်ခဲ့ဘူး လို့ပဲ ၀န်ခံရမှာပါပဲ။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး သမ္မတဦးထင်ကျော်အစိုးရတာဝန်ယူချိန်ရောက်တော့ အားလုံးက သတင်းမီဒီယာဆက်ဆံရေး အခြေအနေတွေပိုတိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်ခဲ့ကြ တယ်။  ကျွန်တော်လည်း အဲဒီလိုပဲ ယုံကြည်ခဲ့တယ်။ ဒါပေမယ့် အဲဒီလို ဖြစ်မလာဘူး။ အထူးသဖြင့် သတင်းရယူခွင့်တွေမှာ အကန့်အသတ်တွေရှိပိုများလာတယ်လို့ ခံစားမိတယ်။ သတင်းသမားတွေ ရဲ့ ဝေဖန်မှုတွေအပေါ်မှာ အကဲဆတ်မှုတွေပိုများလာတယ်လို့ မြင်တယ်။

ပြဿနာတစ်ခုချင်းကိုတော့မပြောတော့ဘူး။ ဒါပေမယ့် အဲဒီပြဿနာတွေရဲ့ အခြေခံအကြောင်း အရင်းတွေထဲမှာ သတင်း မီဒီယာသမားတွေအပေါ် လေးစားမှုနည်းပါးခြင်းဆိုတာအချက်တစ်ချက် အနေနဲ့ ပါတယ်လို့ မြင်မိပါတယ်။ ဒါကလည်း အင်န်အယ်လ် ဒီ ထိပ်တန်းခေါင်းဆောင်အချို့ရဲ့ သတင်းမီဒီယာများအပေါ် သုံးသပ်ပြောကြားချက်များကိုအခြေခံပြီး သုံးသပ်မိတာပါ။

တကယ်တော့ အစိုးရနဲ့ သတင်းမီဒီယာဆိုတာက အပြန်အလှန် မှီခိုနေတယ်နေတယ်လို့ပြောလို့ ရတယ်။ အစိုးရဘက်ကပြောရင် ဘယ်အစိုးရ ဖြစ်ဖြစ် မီဒီယာတွေကို အသုံးချပြီး

၁။  သူတို့ အသိပေးချင်တဲ့သတင်းတွေကို ထုတ်ပြန်တယ်။
၂။  သူတို့ဖော်ပြစေချင်တဲ့အတိုင်း ဖော်ပြပေးအောင် မီဒီယာတွေကို စည်းရုံးမယ်၊တစ်ခါတစ်လေ ဖိအားပေးမယ်။
၃။ မီဒီယာကို သုံးပြီး သူတို့ကို ထောက်ခံသူတွေများအောင် လှုံ့ဆော်မယ်။
၎။ စိတ်ဓာတ်စစ်ဆင်ရေးလုပ်မယ်။

သတင်းမီဒီယာတွေကလည်း

၁။  လူတွေစိတ်ဝင်စားမယ့်သတင်းတွေကို အစိုးရဆီက ရဖို့ကြိုးစားတယ်။
၂။  အစိုးရလုပ်ရပ်တွေကို စောင့်ကြည့်ဝေဖန်တယ်။
၃။  အစိုးရမူဝါဒတွေအပေါ် သြဇာသက်ရောက်အောင် ကြိုးစားတယ်။
၎။  လူထုက ကို်ယ့်သတင်းဌာနရဲ့ အယူအဆကို လက်ခံလာအောင် ကြိုးစားတယ်။

ဒ့ါကြောင့် ဒီမိုကရေစီစနစ်မှာ အစိုးရဆိုတာ မီဒီယာနဲ့မဆက်ဆံလို့မရဘူး။ ဒါပေမယ့် အစိုးရနဲ့ မီဒီယာဆိုတာ ချစ်နေလို့လည်း မရဘူး။ ချစ်နေရင်၊ မီဒီယာက အစိုးရ ပြောသမျှ ဘာမှ ဝေဖန် ဆန်းစစ်တာမလုပ်ပဲ တဆင့်ခံပြောပေးနေရင် လူထုနစ်နာတာပေါ့။ တစ် ဖက်မှာလည်း အစိုးရနဲ့ မီဒီယာ ရန်သူဖြစ်နေ လို့လည်း မရပြန်ဘူး။ တစ်ဘက်နဲ့ တစ်ဘက် ရန် သူလို သဘော ထားလိုက်ပြီဆိုရင် ရတဲ့နည်းနဲ့ တွယ် တော့မှာကိုး။ အဲဒီမှာ အစိုးရက မီဒီယာကို နှိပ် ကွပ်မယ်၊ အရေးယူမယ်၊ ထောင်ချမယ်ဆိုရင် သတင်း လွတ်လပ်ခွင့်ဆုံးရှုံးမယ်။ မီဒီယာကလည်း အစိုးရက သတင်းမှန်တာရော၊မမှန်တာရောနဲ့ပြန်တွယ်တဲ့အခါလူထုကသတင်းမှန်သိခွင့်ဆုံးရှုံးသွား တာပေါ့။

ကျွန်တော်တို့ဟာ ၁၉ ၆၂ ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိ အစိုးရက သတင်းမီဒီယာတွေကို သံသယ ထားတဲ့၊တစ်ခါတစ်လေ ရန်သူလိုဆက်ဆံတဲ့ခေတ်ကို ဖြတ်သန်းခဲ့ရတယ်။ ၂၀၁၁  ခုနှစ် ကနေ ၂၀၁၆ မှာ အစိုးရနဲ့ သတင်းမီဒီယာဆက်ဆံရေး ပြန်လည်တည်ဆောက်တဲ့ခေတ်ကို ဖြတ်သန်းတဲ့ ခေတ်ကိုဖြတ်သန်းခဲ့ရတယ်။ ဒါ့ကြောင့် ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာတော့ အစိုးရ နဲ့ သတင်းမီဒီယာ ဟာ ကျင့်ဝတ်နဲ့အပြန်အလှန်လေးစားမှုကို အခြေခံပြီး နိုင်ငံတည်ဆောက်တဲ့ခေတ်ကို ရောက် သင့်ပါ ပြီ။

အထူးသဖြင့် ဦးသိန်းစိန်အစိုးရက ၂၀၁၁ မှာတာထွက်တော့ သတင်းမီဒီယာဆက်ဆံရေးမှာ အမှတ် ၂၀ လောက်နဲ့တာထွက်ခဲ့ရတယ်။ တာဝန်ပြီးဆုံးချိန်မှာ အောင်မှတ်ရအောင်မနည်းကြိုးစားခဲ့ရ တယ်။ ဦးထင်ကျော်အစိုးရကတော့ ၂၀၁၆ မှာတာထွက်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ကြောင့် သတင်းမီဒီယာဆက်ဆံရေးမှာ ဂုဏ်ထူးနဲ့တာထွက်ခဲ့ရတယ်။ ဒ့ါကြောင့် အမှတ်ပြည့်ရ သွားရင် အကောင်းဆုံးပေါ့။ ဂုဏ်ထူး မှတ်ကနေ ပြန်လျော့သွားတာမျိုးတော့မဖြစ်စေချင်ဘူး။

 ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင်ကာလများမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းမီဒီယာ ဆက်ဆံရေးဟာနွေးထွေး ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီအစိုးရတစ်ရပ်ရဲ့ ပွင့် လင်းမြင်ရန် လိုအပ်ချက်ကို အမြဲအလေးထားပြောကြားခဲ့တဲ့အတွက်  အခုကြားနေရတဲ့ တာဝန် ရှိသူအချို့ရဲ့မှတ်ချက်စကားတွေဟာ ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒ တွေကို ကိုယ်စား မပြု ဘူးလို့ ပဲ ကျွန်တော်တော့မြင်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ အခုအချိန်မှာ လုပ်ငန်း တာဝန်တွေများပြားတာကြောင့် သတင်းမီဒီယာဆက်ဆံရေးဘက်ကို လှည့်ကြည့်နိုင်မယ်မထင်ပါ ဘူး။ဒါေ့ကြာင့်အင်န်အယ်လ်ဒီပါတီနဲ့အစိုးရရဲ့မီဒီယာဆက်ဆံရေးတာဝန်ရှိသူတွေ ဒေါ် အောင်ဆန်း စုကြည်ရဲ့မိန့်ခွန်းတွေကို ပြန်ဖတ်ကြပါ လို့တိုက်တွန်းချင်ပါတယ်။

သတင်းသမားဟာ အစိုးရအတွက် ရန်သူမဟုတ်ပါဘူး။ အစိုးရနဲ့ ပြည်သူ
အကြား ပေါင်းကူးပေးတဲ့ တံတားလို့ မြင်ကြည့်လိုက်ရင် အဆင်ပြေသွားမှာပါ။


https://m.facebook.com/story.php?story_fbid=1342398785873720&id=100003108354469

0 ယောက်မှတ်ချက်ပြုခဲ့သည် to “သတင်းသမား ရန်သူလား(ရဲထွဋ်)”

Post a Comment

Related Posts Plugin for WordPress, Blogger...