Thursday, September 20, 2018

ငါတို့တွေပေါင်းလို့ရတယ်

,
မင်းကလက်အုပ်ချီတယ်
ငါကလက်ဝါးဖြန့်တယ်
ဒါပေမယ့်ငါတို့တွေပေါင်းလို့ရတယ်...။

မင်းကဘုရားသွားတယ်
ငါကဗလီတက်တယ်
ဒါပေမယ့်ငါတို့တွေပေါင်းလို့ရတယ်...။

မင်းကအရှေ့ဘက်ခေါင်းတော်အိပ်တယ်
ငါကအနောက်ဘက်ခေါင်းတော်အိပ်တယ်
ဒါပေမယ့်ငါတို့တွေပေါင်းလို့ရတယ်...။

မင်းစားချင်လို့တွတ်ပီမှာဒုတ်ထိုးသွားစားတယ်
ငါစားမရလို့ဘေးမှာထိုင်နေတယ်
ဒါပေမယ့်ငါတို့တွေပေါင်းလို့ရတယ်...။

မင်းကအမဲသားမစားဘူး
ငါကအမဲသားကြိုက်တယ်
ဒါပေမယ့်ငါတို့တွေပေါင်းလို့ရတယ်...။

ကိုးကွယ်မှုအယူအဆမတူတဲ့ငါတို့
အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်
အဝေးတစ်နေရာမှာ အဆင်ပြေနေပါစေသူငယ်ချင်း....။

ဒီလိုလကွယ်နေ့ဆိုသူဘုရားသွားတိုင်း
ကျနော်ဖိနပ်လိုက်စောင့်ပေးရတယ်
သတိရတယ်သူငယ်ချင်း...။

ဘာသာတရားတိုင်း ဘာသာတရားတိုင်း ​ကောင်းရာကိုသာပြုဖို့ညွှန်​ကြားထားတယ်
အဘယ်​ဘာသာသည်​ အပြစ်​ပြုပါဟု ​ဟောကြားခဲ့လို့လဲ!!

ယ​နေ့ဖြစ်​ပျက်​​နေတဲ့ ​ဗုဒ္ဓ-အစ္စလာမ်​ ပဋိပက္ခ ​တွေ...
ဗုဒ္ဓဘာသာက​ပြောတယ်​"သတ္တဝါတိုင်းအ​ပေါ်​မေတ္တာထားပါ... ​နေ့စဉ်​​မေတ္တာပို့ အမျှ​ပေး​ဝေ​နေကြတယ်​"

အစ္စလာမ်​သာသနာက​ပြောတယ်​ တမန်​​တော်​မြတ်​(ဆွ)မိန့်​​တော်​မူတယ်​"​မြေ​ပေါ်ရှိသတ္တဝါများကို အသင်​တို့သနားကြင်​နာပါ,မိုး​ပေါ်ရှိအရှင်​သည်​ အသင်​တို့အား သနားကြင်​နာ​ပေမည်​"။

ဘာသာတိုင်း၌ လူ​ကောင်း/လူဆိုးဟုသည်​ရှိစမြဲပင်​။
မင်းက​ဗုဒ္ဓမို့အစ္စလာမ်​မို့ လူ​ကောင်းပါ(သို့)လူဆိုးပါ ဟူ၍ မရှိပါ...

မိမိဘာသာတရား၏အဆုံးအမ​တွေအ​ပေါ် မှန်​ကန်​စွာ​လျှောက်​လှမ်းသူများသာ ​ကောင်းမွန်​သူများဖြစ်​ကြသည်​။

"အရက်​​သေစာ​သောက်​စားမူးရစ်​ခြင်း" ကို ​ဗုဒ္ဓ မှာလဲတားမြစ်​ထားသလို အစ္စလာမ်​၌လည်းမြစ်​တားထားတယ်​..

အရက်​ဆိုင်​တခုသို့ဝင်​ အရက်​​သောက်​​နေသူ​ရှေ့ထိုင်​ မင်းကမ​ကောင်းတဲ့ဘာသာဝင်​ပါဟု​ပြော .. သူ့အရက်​ပုလင်းခင်​​ဗျား​ခေါင်း​ပေါ်​ရောက်​လာလိမ့်​မယ်​..

ဘာသာကိုချစ်​လို့​တော့မဟုတ်​ သူ့အရက်​​သောက်​ခြင်းကို​ဝေဖန်​လို့
"​ဗုဒ္ဓ မကြိုက်​​ပေမယ့်​ ငါကြိုက်​တယ်​၊ အလ္လာဟ်​မကြိုက်​​ပေမယ့်​ ငါ​သောက်​တယ်​ လာမတားနဲ့!! စသည်​ဖြင့်​..။

လူတ​ယောက်​၏အကျင့်​မ​ကောင်းခြင်းအ​ပေါ် ဘာသာတရားအားစွပ်​စွဲ​နေသူများသည်​ အမြင်​ကျဉ်း​မြောင်းသူများသာဖြစ်​ကြ၏..
ကျွန်​​တော်​တို့ခွဲခြားမြင်​တတ်​ဖို့လိုတယ်​။

ဗုဒ္ဓဘာသာမိန်းက​လေးတ​ယောက်​ကို မွတ်​စ်​လင်​မ်​​ကောင်​​လေးက မုဒိမ်းကျင့်​လိုက်​လို့ ​ဗလီ​တွေကို သွားဖျက်​ဆီးတယ်​ဆို... 

ဗုဒ္ဓဘာသာ​ကောင်​​လေးကဖျက်​ဆီးလိုက်​လျှင်​​ရော ​စေတီ​တွေကိုဖျက်​ဆီးပစ်​မှာလား။

နေ့စဉ်​ဖတ်​မိတဲ့မှုခင်းဂျာနယ်​မှ မုဒိမ်းကျင့်​ခံရတဲ့အမနှမ​တွေအစား ကျွန်​​တော်​တို့ဘယ်​​လောက်​ဝမ်းနည်းရလဲ အကယ်​၍များမြန်​မာမှာမုဒိမ်းမှု​သေဒဏ်​​ပေးမယ်​ဆို.. မွတ်​စ်​လင်​မ်​ထုတရပ်​လုံးအတူ​ထောက်​ခံပါလိမ့်​မယ်​..

ငယ်​စဉ်​က​လေးဘဝထဲမှ
ပေါင်းသင်းခဲ့တဲ့ညီရင်းကိုသဖွယ်​ လူမျိုးစုံဘာသာမတူသူငယ်​ချင်း​တွေ..
ယ​နေ့အမုန်းတရား​တွေနား​ထောင်​ပြီး
မင်းကဘာသာမတူ ရန်​သူဟုသတ်​မှတ်​လိုက်​မှာလား?

ကားစီး​နေတုန်း အိုမင်းမစွမ်းတဦးခင်​​ဗျား​ရှေ့မှာ​နေရာမရလျှင်​ ဒီအဖိုးအဖွားကြီးကဘယ်​ဘာသာမို့ ​နေရာထမ​ပေးနိုင်​ဘူး?

မရှိဆင်းရဲ​တောင်းရန်းသူ ဘာသာမတူလို့ မကူညီဘဲ​မောင်းထုတ်​မှာလား?

အပြင်​သို့လှမ်းကြည့်​ပါ ကစား​နေတဲ့က​လေးငယ်​​တွေထဲမှ ဘာသာခြား
တ​ယောက်​ကို သတ်​ပစ်​ရက်​မှာလား? စသည်​ဖြင့်​ အထက်​ပါအ​ကြောင်းချင်းရာ​တွေလွန်​ကြူးနိုင်​ပြီဆို ​သေချာပါတယ်

ခင်​​ဗျား လူကလူကိုလူလိုမမြင်​တတ်​သူ လူ့ မိစ္ဆာ. မျက်​ကန်းမျိုးချစ်​တ​ယောက်​ပါ။

မြန်​မာ့​ကောင်းကျိုးအတွက်​ ​ရှေးယခင်​ထဲမှဘာသာစုံ သူရဲ​ကောင်း​တွေ ​သွေး​ချွေးအသက်​​တွေ​ပေးဆပ်​ခဲ့ကြတယ်​။

ယ​နေ့အစ္စလာမ်​ပ​ပျောက်​​ရေး,ကုလားကင်းစင်​ရွာဆိုင်းဘုတ်​​တွေ,မီး​လောင်​ခံ​ဗလီဝတ်​​ကျောင်း​တော်​​တွေနှင့်​ချိတ်​ပိတ်​ထားသည့်​ဘာသာ​ရေးစာသင်​ခန်း​တွေ.. ​ဆောင်​ရွက်​​နေကြသည့်​မွတ်​စ်​လင်​မ်​မုန်းတီး​ရေး...

ပေါများလာသည့်​ အရက်​ဆိုင်​​တွေ,မကြားဖူးသည့်​မှုခင်းသတင်းစုံ,Ktv မာဆက်​၊​ လူကုန်​ကူးမှု၊ မူးယစ်​​ဆေးဝါး၊စီးပွား​ရေးကျပ်​တည်းဆင်းရဲ​နေမှု၊
စစ်​ပွဲ​တွေ၊ကျယ်​​လောင်​သည့်​ငို​ကြွေးသံ​တွေနှင်​... မြန်​မာ့ပုံရိပ်​"။

အကြမ်းဖက်​သူနှင့်​ခုခံကာကွယ်​သူ ခွဲခြားတတ်​ပါ​စေ...
လူသားတိုင်းငြိမ်းချမ်း​ရေးသာ လိုလားကြတယ်​...

ကျွန်ုပ်​တို့မြန်​မာနိုင်​ငံဖွံ့ဖြိုးသာယာ​စေ​ရေး,အမုန်းတရား​တွေ Online စစ်​ပွဲ​တွေ ပြင်​ပကမ္ဘာမှအမြင်​မကြည်​လင်​မှု​တွေ ဆန့်​ကျဉ်​ပြီး အ​ရောင်​အ​သွေးစုံဘဝ​တွေ အ​ရောင်​စုံအလှ​တွေ မတူကွဲပြားခြင်း
 အင်​အား​တွေယူတတ်​ကြပါ​စေ

တဦးအ​ပေါ်တဦး ဂုဏ်​​ပေး​လေးစားကာမြန်​မာဗုဒ္ဓ/မြန်​မာမွတ်​စ်​လင်​မ်​/မြန်​မာခရစ်​ယာန်​/မြန်​မာဟိန္ဒူစသည့်​မြန်​မာနိုင်​ငံသားတိုင်း မြန်​မာအကျိုးလက်​တွဲ​ဆောင်​ရွက်​နိုင်​ပါ​စေ..

ကိုယ်​ချင်းစာ​မေတ္တာ​ရှေ့ထားမြန်​မာပြည်​ ငြိမ်းချမ်းပါစေ

#july


https://m.facebook.com/story.php?story_fbid=2171265799810411&id=100007810356983

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ငါတို့တွေပေါင်းလို့ရတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...