Thursday, July 26, 2018

အ​နော်​ရထာဆိုတာ...၃

,
စွန်​ညာသရမ်းခြင်းအနုပညာ

မြောက်​လတ္တီကျူ့ ၃၀ဒီဂရီဝန်းကျင်​မှာ​တောင်​ဘက်​ကိုရုတ်​တရက်​ချိုး​ကွေ့လိုက်​တဲ့ဟိမ၀န္တာ​တောင်​တန်းစုကြီးရဲ့ အကျိုးသက်​​ရောက်​မှု​ကြောင့်ယ​နေ့မြန်​မာနိုင်​ငံလို့​ခေါ်​နေတဲ့ ​ဒေသ​မြေပြင်​​ပေါ်မှာဖြန့်​ဆင်းလာတဲ့လက်​ဖျာ​တောင်​တန်း​တွေအားလုံး ​တောင်​-​မြောက်​ တန်းလျက်​ရှိ​နေတယ်​။အဲဒီ​တောင်​တန်း​တွေကြားက ပင်​မမြစ်​​ကြောင်းအားလုံးလည်း ​မြောက်​က​နေ ​တောင်​ဘက်​ အိန္ဒိယသမုဒ္ဒရာထဲကိုပဲ စီးဝင်​တယ်​။ဒါဟာရာဇ၀င်​လို့​ခေါ်တဲ့နိုင်​ငံ​ရေးမှာပထ၀ီရဲ့ 
သြဇာသက်​​ရောက်​မှုတစ်​ခုပါ။ဘာကို​ဖော်​ပြ​နေလဲဆို​တော့ လွန်​ခဲ့တဲ့နှစ်​​ပေါင်း၁၅၀၀​ကျော်​ကာလ ဧရာဝတီလွင်​ပြင်​နဲ့ဝန်းကျင်​တစ်​​လျှောက်​မှာ ပျူနိုင်​ငံ​တွေပျက်​သွားပြီးတဲ့​နောက်​ အင်​အားကြီးဗဟိုအာဏာတစ်​ခုအစားထိုးဝင်​​ရောက်​လာတာမရှိခဲ့ဘူး။အဲဒီအာဏာလစ်​ဟာမှုမှာ ပဲခူး၊သထုံစတဲ့မွန်​နိုင်​ငံ​တွေ၊ရခိုင်​နိုင်​ငံ​တွေနဲ့ပုဂါရာမ​ခေါ်တဲ့ ပျူ-မြန်​မာနိုင်​ငံငယ်​​တွေစည်းရုံးတည်​​ထောင်​ဖို့အချိန်​ရသွား​စေတာပါပဲ။******လက်​ရှိမြန်​မာပြည်​တစ်​ခွင်​လုံးက​မြေပြင်​တစ်​ပြင်​လုံးမှာ လူမျိုးစု​ပေါင်းစုံဟာ အဲဒီကတည်းကသူ့​နေရာနဲ့သူခပ်​ကျဲကျဲအ​ခြေစိုက်​​နေထိုင်​ခဲ့ကြပြီးသားပါ။*****
ဒါ​ပေမဲ့ ပထ၀ီက​ပေးတဲ့ ​ရေခံ​မြေခံ​ကောင်းမှာ​ခြေကုပ်​ရသွားတဲ့လူမျိုးစုသာ နိုင်​ငံငယ်​အဖြစ်​စတင်​တည်​​ထောင်​ပြီးဝန်းကျင်​ကိုတစ်​စတစ်​စလွမ်းမိုးအုပ်​စီးနိုင်​ခဲ့တာပါ။

ဒါ​ကြောင့်ဘယ်​လူမျိုးကိုမဆို နယ်​ချဲ့သမားလို့ စိတ်​လိုက်​မာန်​ပါလက်​ညိုးမထိုးမိခင်​မှာ ပျာပျာသလဲကိုယ့်ကိုယ်​ကိုယ်​မှန်​ထဲပြန်​ကြည့်ပြီးကိုယ့်ရာဇ၀င်​ကိုယ်​ပြန်​စိစစ်​ဖို့အရင်​ဦးဆုံးသတိရသင့်တယ်​။ပြောချင်​တာက အဲဒီကာလတုန်းကအဲဒီနိုင်​ငံငယ်​အသီးသီးမှာ တိကျတဲ့နယ်​နိမိတ်​မျဉ်း​ကြောင်း(Borderline)ရယ်​လို့မရှိနိုင်​ဘူး။ဘာ​ကြောင့်မရှိလဲ​မေးရင်​ရှိစရာမလိုလို့ပါ။ဘာ​ကြောင့်မလိုလဲ​ဆိုရင်​ တစ်​ပြည်​​ထောင်​နဲ့တစ်​ပြည်​​ထောင်​ ထိစပ်​မ​နေလို့ပဲ။စနစ်​တကျခိုင်​မာတဲ့ဖွဲ့စည်းအုပ်​ချုပ်​မှုတစ်​ခု​အောက်​ကို မ​ရောက်​​သေးလို့ ယဉ်​​ကျေးမှုနဲ့ဘာသာစကားနီးစပ်​ရာမျိုးနွယ်​စု အလိုက်​စုရုံး​နေထိုင်​ကြတဲ့နယ်​​မြေက​လေး​တွေကြားခံ​နေတယ်​။အဓိအတားအဆီးကလမ်းပန်းဆက်​သွယ်​​ရေးပဲ။အ​ရှေ့ နဲ့အ​နောက်​ ဘယ်​​နေရာမှာမဆို​တောင်​တန်းနဲ့​ရေစီးသန်​တဲ့မြစ်​​ချောင်း​တွေကာရံထားပြီးသားဖြစ်​​နေတယ်​။အ​ရှေ့ ဘက်​ရှမ်းရိုးမဆိုတာ ကုန်းပြင်​မြင့်(Plateau) ကြီးဖြစ်​​နေတဲ့အတွက်​ကြီးမားကျယ်​ပြန့်​ပြီးစိုက်​ပျိုးဖြစ်​ထွန်းတဲ့​မြေပြန့်​လွင်​ပြင်​​တွေလည်းရှိ​နေတယ်​။ဒါ​ကြောင့် အဲဒီကုန်းမြင့်​ပေါ်မှာလည်း အ​စောကတည်းကသီးခြားပြည်​​ထောင်​​တွေရှိ​နေပြီးသားပါ။ဒါ​ပေမဲ့ ပတ်​ပတ်​လည်​မှာ​တောင်​​တွေချည်းဖြစ်​​နေတာ​ကြောင့်တစ်​တိုင်းပြည်​နဲ့တစ်​တိုင်းပြည်​​ပေါင်းစည်းဖို့မလွယ်​​အောင်​ပထ၀ီရဲ့တားဆီးမှုကိုခံထားရတယ်​။အဲဒီအကန့်​အသတ်​​တွေကြားထဲကပဲ စီးပွား​ရေး​ကြောင့်ကူးလူးဆက်​ဆံမှု​တွေဖြစ်​ထွန်းတယ်​။ဆက်​ဆံ​ရေးကြာရှည်​ဖြစ်​ထွန်း​တော့ လက်​နက်​ကိုင်​တပ်​နဲ့တကွ ဖွဲ့စည်းအုပ်​ချုပ်​မှုအခိုင်​အမာရှိတဲ့ မြို့ပြလူမျိုးကြီးကလည်း ​တောင်​တန်းရဲ့ တစ်​ဖက်​က လမ်းပန်းခက်​ခဲတဲ့လွင်​ပြင်​တစ်​​လျှောက်​မှာ ဘာစကား​ပြောပြီး ဘယ်​လိုလူမျိုး​တွေ​နေထိုင်​​ကြောင်းသိလာကြ​တော့တာပါပဲ။ဒါ​ပေမဲ့ ယဉ်​​ကျေးမှုမမြင့်မား​သေးတဲ့လူရိုင်းသာသာ လူမျိုးစု​တွေကို အပင်​ပမ်းခံဖြတ်​သန်းချီတက်​ပြီးသွားအုပ်​ချုပ်​လို့က​တော့ ကိုယ့်ဒုက္ခကိုယ်​ရှာသလိုဖြစ်​မှာ​သေချာတယ်​။အဲဒီအခွင့်​ကောင်းကို အ​နော်​ရထာအမိအရဆုတ်​ကိုင်​လိုက်​တာပဲဖြစ်​တယ်​။

ခေါင်း​ဆောင်​​ကောင်းတို့မှာရှိအပ်​တဲ့အသိဥာဏ်​နဲ့အ​မြော်​အမြင်​စံချိန်​မမှီဘူးလို့ယူဆရတဲ့ စုက္က​တေးမင်းရဲ့ မှူးမတ်​ ကလန်​ သံဗျင်​ ​တွေကလည်း သူတို့ဘုရားနဲ့ လိုက်​​လျောညီ​ထွေခပ်​ဖျင်းဖျင်း​တွေပဲဖြစ်​ပါလိမ့်မယ်​။ဒါ​ကြောင့်အ​နော်​ရထ့ာအရင်​ပုပ္ပါးရဲ့ အ​ရှေ့ ဘက်​​တောင်​​ခြေပိုင်းကို ချီတက်​စည်းရုံးတာမလုပ်​ခဲ့ဘူး။အ​နော်​ရထာနဲ့​နောက်​ပါတစ်​စု ​တောခိုသွား
ကြပြီဆိုကတည်းက ကြိုးစားပမ်းစားလိုက်​လံရှာ​ဖွေစုံစမ်းတာမလုပ်​​တော့ဘဲအစအန​တောင်​ရှာမ​တွေ့​တော့ပါဘူးလို့ အပြီးအပြတ်​သံ​တော်​ဦးတင်​လိုက်​ကြမှာ​သေချာတယ်​။

အဲလိုနဲ့​ပျောက်​​သောသူရှာရင်​​တွေ့ရမယ့်အစား မရှာဘဲ​နေလိုက်​​တော့ ကြာလျှင်​​မေ့ ဖြစ်​သွား​တော့တာပါပဲ။မေ့တဲ့အချိန်​ကလည်းသိပ်​မများဘူး။၁၉/၂၀ နှစ်​နီးနီးပါ။ဒီ​တော့ဒီ​နေ့ မျက်​​မှောက်​​ခေတ်​​မြေပုံ​ပေါ်မှာ မလှိုင်​၊၀မ်းတွင်း၊
ရွာငံမျဉ်း​ကြောင်း(​မြောက်​လတ္တီကျူ့ ၂၁ဒီဂရီခန့်​)ရဲ့ ​တောင်​ဘက်​လွင်​ပြင်​တစ်​​လျှောက်​ယ​နေ့​ခေတ်​ မန္တ​လေးတိုင်း​တောင်​ပိုင်းကို အ​နော်​ရထာရဲ့ သြဇာတစ်​စတစ်​စပြန့်​နှံ့ သက်​​ရောက်​​စေဖို့ အချိန်​အလုံအ​လောက်​ရသွား​စေခဲ့တယ်​။

လူထုကြားမှာ​နေပြီး စည်းရုံး​ရေး​ကောင်းတဲ့အ​နော်​ရထာနဲ့​နောက်​ပါတစ်​စုဟာ အချိန်​ကြာလာတာနဲ့အမျှ လူထုအမြင်​မှာ​ရှေး​ခေတ်​အမြင်​အရ ယုံကြည်​ကိုးစားထိုက်​သူအဖြစ်​ပုံ​ပေါ်လာမှာ​သေချာတယ်​။အဲလိုနဲ့တစ်​ဖြည်းဖြည်း အ​နော်​ရထာဟာ သြဇာကြီးလာပြီးလက်​နက်​လူသူစုရုံးပြင်​ဆင်​ပြီး ပုဂံကိုချီတက်​ခဲ့​တော့တာပါပဲ။အဲဒီလိုနှစ်​၂၀ကြာပြီး မှပျာပျာသလဲလဲထပြီးစစ်​ပြင်​ရတဲ့စုက္က​တေးရဲ့ ပုဂံ​နေပြည်​​တော်​အဖို့ဧရာဝတီမြစ်​ရိုးတစ်​​လျှောက်​​မြောက်​ဘက်​က​ကျော်​စည်​(​ကျော်​စင်​)တစ်​တန်းနဲ့မြစ်​အ​နောက်​ဘက်​ကလက်​လှမ်းမှီသမျှကိုသာစုရုံးသိမ်းသွင်းရ​တော့မှာပါ။

အ​နော်​ရထာဟာ အလုံးအရင်းနဲ့ပုဂံကိုတိုက်​ရိုက်​ချီလာတာပဲမဟာရာဇ၀င်​အရသိရတယ်​။အခြားမြို့ရွာ​တွေကိုသိမ်းပိုက်​​ကြောင်းမပါဘူး။သက်​ရှိထင်​ရှားရှိ​နေတဲ့ ဆရာ​တော်​ကွမ်း​ဆော်​မင်းရဲ့ သား အ​နော်​ရထာ​စောကို​ရောဘင်​ဟုပုံပြင်​​တွေလိုသာကြားဖူး​နေကြမှာဖြစ်​တဲ့ပုဂံသား​တွေဟာလည်း​အေဒီ၁၀၄၄ကို​ရောက်​မှပဲ မျက်​မြင်​ဒိဋ္ဌဖူး​တွေ့ခွင့်ရကြတာပါ။နေပြည်​​တော်​ကိုချီတက်​၀န်းရံတဲ့အင်​အားကလည်း မယုံနိုင်​​လောက်​​အောင်​များပြား​နေပြီ။ပေါက်​ကွဲတတ်​တဲ့ယမ်းမှုန့်​ကိုလူ့​လောကမှာ လက်​နက်​အဖြစ်​အသုံးပြုနိုင်​စွမ်းမရှိ​သေးတဲ့​ခေတ်​တုန်းက နှစ်​စတုရန်းကီလိုမီတာ​လောက်​သာရှိမယ်​ထင်​ရတဲ့ အုတ်​မြို့ရိုးက​လေးကို အားကိုးပြုပြီးဘာနဲ့လုံခြုံ​အောင်​ကာကွယ်​ကြမတုန်း။မခုခံနိုင်​တဲ့အဆုံး ခံစစ်​စည်းတစ်​​နေရာကျိုး​ပေါက်​သွားရင်​​တော့ ​ရောမအင်​ပါယာကို​မြောက်​ဘက်​က Barbarians ​တွေဝင်​စီးနင်းတာနဲ့နှိုင်းရ​လောက်​​တဲ့အ​ခြေ​နေကို​ရောက်​သွားနိုင်​တယ်​။ဒီအဖြစ်​မျိုး​ရောက်​ပြီဆိုရင်​​တော့ ပုဂံဝန်းကျင်​နဲ့မြစ်​ရိုးတစ်​​လျှောက်​မှာသာ ကိုးကွယ်​ရာဖြစ်​​နေတဲ့ သမထီးဆရာအရည်း​တို့ပါ မကျန်​ ဘ၀ပျက်​သွားကြရ​တော့မှာဖြစ်​ပါတယ်​။

မဟာရာဇ၀င်​မှာ​ဖော်​ပြ​လေ့ရှိတဲ့အသုံးအနှုန်းမျိုးနဲ့သာဆိုရင်​ သိကြားမင်းကဲ့သို့အသားအ​ရေတင့်တယ်​​သောလို့ ​ပြောရမယ့် အသက်​၃၃နှစ်​အရွယ်​တစ်​ဖက်​စစ်​​ခေါင်း​ဆောင်
အ​နော်​ရထာရဲ့ တိကျပြတ်​သားတဲ့​တောင်းဆိုချက်​က တို​တိုနဲ့ရှင်းတယ်​။မြို့ကိုအပ်​မလား၊စစ်​ထိုးမလား။စစ်​ပြိုင်​ရင်​ဆိုင်​ဖို့မဖြစ်​နိုင်​ဘူးဆိုတာရိပ်​မိ​နေတဲ့ အရည်းဆရာတစ်​ချို့က အချိန်​ဆွဲဖို့အ​နော်​ရထာဆီသွားပြီး ​ဆွေး​နွေးပန်​ကြား​နေဆဲမှာ  တစ်​ချို့ကလည်း ဘုန်းသမ္မာကိုမယှဉ်​နိုင်​ပါဘူး အရှင်​မင်းမြတ်​လို့ စုက္က​တေးကို​မြှောက်​​ပေးပြီး ဂါထာ မန္တာန်​အစီ အမံ​တွေ ဂျာဒူ​တွေ ပ​ယောဂ​တွေ ဖူးဖွ ဥုံဖွ စသည့်အားလုံးလုပ်​​ပေး​နေကြမှာမြင်​​ယောင်​မိတယ်​။ဒါ​ကြောင့်မလွဲမ​ရှောင်​သာ မြင်းစီးချင်းထိုးရတဲ့လမ်းကို​ရွှေးချယ်​လိုက်​ပြီးစုက္က​တေးခမျာဧရာဝတီမှာ​ရေစုံ​မျှော်​ရရှာတယ်​။

ဆက်​ပါဦးမည်​။



https://m.facebook.com/story.php?story_fbid=145472176332264&id=100026084471117

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အ​နော်​ရထာဆိုတာ...၃”

Post a Comment

Related Posts Plugin for WordPress, Blogger...