Saturday, February 3, 2018

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်၏မှတ်ချက်

,
မင်းတို့ထမင်းဝအောင်စားထား စာတန်းပါ တီရှပ်များဝတ်ဆင်၍ လူသတ်သမား ကြည်လင်းကို အားပေးဝန်းရံသူလူတစ်စု နှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အောက်ပါအတိုင်း မှတ်ချက်ပြုလိုက်ပါတယ်
====================

" တရားသူကြီးတွေ၊ ရဲတွေ၊ ရှေ့နေတွေ အမှန်တရားကို မဆောင်ရွက်ဝံ့အောင် လုပ်တာပဲ။ ပြစ်မှုရဲ့ အနေအထားကလည်း နိုင်ငံတကာလေဆိပ်မှာ အကြမ်းဖက်မှုဖြစ်တယ်။ အဲဒီလို အမှုမျိုးမှာ လာပြီး ဒီလိုလုပ်တာက အဲဒီအမှုကို အားပေးအားမြှောက် ပြုရာကျတယ်။ ထပ်မံပြီးတော့ အလားသဏ္ဍာန်တူတဲ့ ပြစ်မှုတွေ ဖြစ်ပွားလာအောင်၊ ကျူးလွန်ချင်လာအောင် လုပ်တာ။ အဲဒီတော့ ဒါက မလုပ်သင့်တဲ့ ကိစ္စကို သူတို့လုပ်တာ ဖြစ်နေတယ်။ အဲဒီတော့ ဒါကို သက်ဆိုင်ရာများက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသင့်တယ်။ ဒါ သာမန် လှုပ်ရှားမှု မဟုတ်ဘူးဗျ။
-
ရဲတွေကလည်း တားမြစ်နေရုံနဲ့ မရဘူးလေ။ ကျားကို ရှိခိုး ဥပုသ်စောင့်ခိုင်းသလို ဖြစ်နေမှာပေါ့။ ဒါက ဥပဒေကြောင်းအရ လုပ်ရတော့မယ်။ ပြောမယ်ဆိုရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ပါ အင်္ဂါရပ်တွေနဲ့ ဘောင်ဝင်နေတယ်။ ထပ်မံပြီး ကျူးလွန်ချင်လာအောင်၊ အခြားသူတွေက အခြားနေရာတွေမှာ ကျူးလွန်ချင်လာအောင် လုပ်သလို ဖြစ်နေတယ်။ အဲဒီလို အခြေအနေတွေက အခု ဘာဖြစ်လာသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုတောင် ဓာတ်ဆီဗုံး ပစ်တဲ့အဆင့် ရောက်လာပြီ။ အဲဒါကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဒါကို အချိန်မီ မထိန်းသိမ်းနိုင်ရင် သွေးစွန်းတဲ့ နေ့ရက်တွေ နောက်ထပ်ပေါ်လာဦးမယ်။
-
 နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး နဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဂုဏ်သိက္ခာ မဲ့ရတဲ့ ဘ၀ကို ရောက်တော့မယ်။ ဒါကို ဥပဒေကြောင်းအရ ဘယ်လို ဆောင်ရွက်မလဲဆိုတာ အရေးကြီးတယ်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှာ တာဝန်ရှိသွားပြီ။ ဒါက သာမန်လို့ သဘောထားလို့ မရတော့ဘူး။ ဒါက လေးနက်တဲ့ အနက် အဓိပ္ပါယ်နဲ့ ခြိမ်းခြောက်မှု အသွင်သဏ္ဌာန်၊ နောက်ထပ် လူသတ်မှုကို ကျူးလွန်မယ်လို့ ပြောနေတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်သွားပြီ်။ အဲဒါကိုတော့ ရဲတွေရော၊ တရားရုံး ကရော သေချာလုပ်သင့်တယ်။ အခုက တရားရုံးက ဟာကွက်တွေ ချည်းပဲ။
-
ကျနော်တို့ တရားလိုဘက်က လိုက်တဲ့ ရှေ့နေတွေက တယ်လီဖုန်းတွေ အကုန်အပ်တယ်။ သူတို့ဘက်က လာတဲ့သူတွေက တယ်လီဖုန်းတွေ မအပ်ဘူး။ တရားခွင်ထဲမှာ ဗီဒီယိုတွေ ရိုက်နေတယ်။ ရဲကိုပြောလည်း ရဲက မသိကျိုးကျွံ ပြုနေတယ်။ ရဲက ဒီလိုပဲ ငေးငိုင် ထိုင်နေတယ်။ တချို့က အိပ်ငိုက် နေတယ်။ တချို့ က Facebook ပွတ်နေတယ်။ လုံခြုံရေးမှာ
အားနည်းနေတယ်လို့ပဲ ပြောချင်ပါတယ်"

                ဆရာ ဦးရောဘတ်စန်းအောင်
                တရားလွှတ်တော်ရှေ့နေ

ZN.H

https://m.facebook.com/story.php?story_fbid=387800381665469&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်၏မှတ်ချက်”

Post a Comment

Related Posts Plugin for WordPress, Blogger...