Tuesday, January 23, 2018

ပြည်တွင်းစစ် နှစ်(၇၀)ရှိပြီ..

,
၁၉၄၈ မြန်မာပြည်လွတ်လပ်ရေးနဲ့အတူ
တိုက်လာခဲ့တဲ့ပြည်တွင်းစစ်
အခုဆိုရင် နှစ်(၇၀)ရှိပြီ..

အရင်တုန်းက
အစိုးရစစ်တပ်ဆိုတာ စစ်ပဲတိုက်ပြီး
စီးပွားရှာတဲ့အဖွဲ့အစည်းမဟုတ်လို့
စစ်တပ်အတွက်စစ်အသုံးစရိတ်ကို
ပြည်သူ့ဘဏ္ဍာထဲက ဖဲ့ပေးခဲ့ရတယ်..

နောက်..စစ်တပ်ကအာဏာသိမ်းပြန်တော့
စစ်ဘက်ဆိုင်ရာအသုံးစရိတ်အပြင်
တခြားပုဂ္ဂိုလ်ရေးဆိုင်ရာ
ကြီးပွားချမ်းသာရေးတွေအတွက်
နိုင်ငံတော်ဘဏ္ဍာအားလုံးကို
စိတ်တိုင်းကျယူရုံနဲ့တင်အားမရ
တိုင်းပြည်ရဲ့မြေပေါ်မြေအောက်သယံဇာတပါမကျန်
စိတ်တိုင်းကျ တူးဖော်ရောင်းစားခဲ့ကြတာ
အခုအချိန်အထိပဲလေ..

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့
အစိုးရစစ်တပ်နဲ့ရေရှည်စစ်တိုက်နိုင်ဖို့ရာ
သူတို့ဒေသထွက်သယံဇာတပစ္စည်းမှန်သမျှ
ရောင်းရုံတင်မက မူးယစ်ဆေးဝါးတွေကိုပါ
စိုက်ပျိုးထုတ်လုပ် ရောင်းချနေကြတာ
အခုထိပါဘဲ..

နှစ်ပေါင်း(၇၀)ဒီကာလကို
အဆုံးသတ်လိုက်တော့
ဘယ်သူတွေ နစ်နာသလဲ..?

မြန်မာပြည်အနေနဲ့
အာရှကျားဘဝ က နေ
အရှေ့တောင်အာရှမှာ
လာအိုနိုင်ငံထက်တောင်နိမ့်ကျတဲ့
ကမ္ဘာ့သူတောင်းစား အဆင့်ကိုရောက်နေပြီ..

မြန်မာလူမျိုးတွေအနေနဲ့လည်း
သူများနိုင်ငံမှာ ကျွန်ခံရင်ခံ
ဒါမှမဟုတ်
ကိုယ့်နိုင်ငံမှာ အငတ်ခံနေကြရတဲ့
ခွေးဝဲစားသာသာ အဆင့်လောက်သာရှိတော့တယ်..

စိတ်ဓာတ်တွေအနေနဲ့
အောက်တန်းကျနိမ့်ပါးကုန်ပြီ..
ပညာရေးအနေနဲ့ဆိုလည်း
မြန်မာပြည်ကျောင်းထွက်ဆိုရင်
နိုင်ငံတကာမှာ သန့်ရှင်းရေးအလုပ်တောင်မရနိုင်ဘူး..
ကျန်းမာရေးဆိုလည်း
ကမ္ဘာမှာ အသက်တိုဆုံး၊အချုချာဆုံးလူတွေနေတဲ့အရပ်..

ဆန်စပါး..သားငါးသီးနှံသာ အထွက်နှုန်းနည်းတာ
မူးယစ်ဆေးဝါးကျပြန်တော့
ကိုလံဘီယာ၊မက္ကဆီကိုတို့နဲ့ ရင်ဘောင်တန်းနိုင်ပြန်ရော..
အခုတော့ ရာဇဝတ်မှု့တွေကျုးလွန်တဲ့နေရာမှာလည်း
လိုက်မှီသွားပြန်ပြီ..

နိုင်ငံထဲမှာနေထိုင်တဲ့လူတွေကျပြန်တော့လည်း
သူ့လူမျိုး..ကိုယ့်လူမျိုး
သူ့ဘာသာ..ကိုယ့်ဘာသာ
သူ့ပါတီ..ကိုယ့်ပါတီ
သူ့ဘက်..ကိုယ့်ဘက်ဆိုပြီး
အမျိုးမျိုးသွေးကွဲနေလိုက်ကြတာ
ကမ္ဘာပျက်တဲ့အချိန်ထိအောင်
ပြန်လည်ညီညွတ်ကြပါတော့မလား မသိဘူး..

အချုပ်ပြောရရင်..
ဒီပြဿနာတွေအားလုံးပြေလည်စေချင်ရင်တော့
အားလုံး စည်းလုံးညီညွတ်ဖို့လိုတယ်..
စည်းလုံးညီညွတ်ဖို့ဆိုတာ
ငြိမ်းချမ်းသာယာမှရမယ်..
ငြိမ်းချမ်းသာယာဖို့ဆိုတာ
စစ်ပွဲတွေမရှိမှဖြစ်လိမ့်မယ်..
ဒါ..ပထမဆုံးလုပ်ရမဲ့ကိစ္စဘဲ..

စစ်ပွဲတွေမရှိရင်
အနည်းဆုံးတော့ စစ်စရိတ်ဖိုးသက်သာပြီး
အကျပ်အတည်းသက်သာတာပေါ့..

စစ်ပွဲတွေမွေးမြူပြီး စီးပွားရှာနေကြတဲ့
နှစ်ဘက်သောစစ်ဘီလူးတွေကိုပြောချင်ပါတယ်..
နှစ်(၇၀)လုံးလုံး ခင်ဗျားတို့လုပ်ချင်တာလုပ်ပြီးပြီဘဲ..
အခုတော့..မြန်မာပြည်ရဲ့အနာဂတ်မျက်နှာကိုထောက်ပြီး
စစ်ပွဲတွေကို ရပ်ကြပါတော့ဗျာ..
နို့မို့ဆိုရင်
မြန်မာပြည်နဲ့မြန်မာလူမျိုးဆိုတာ
သိပ်မကြာခင်ကာလမှာ
ကမ္ဘာပေါ်ကနေ ပျောက်ကွယ်မျိုးတုန်းသွားလိမ့်မယ်..

Thu Rain
ZN.H


https://m.facebook.com/story.php?story_fbid=383660425412798&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပြည်တွင်းစစ် နှစ်(၇၀)ရှိပြီ..”

Post a Comment

Related Posts Plugin for WordPress, Blogger...