Wednesday, January 23, 2019
လွတ်​လပ်​​ရေးကျိန်​စာ
,
အ​မေရိကန်​နိုင်​ငံသား ဗြိတိန်​အ​ခြေစိုက်​ Shelby Tucker ဟာ ၁၉၈၉ခုနှစ်​အ​စောပိုင်းမှာ ကချင်​ပြည်
နယ်​ကိုဖြတ်​ပြီးတရုတ်က ​နေ အိန္ဒိယအထိ​ခြေကျင်​ခရီး
ထွက်​ခဲ့ပါတယ်​။သူက ကချင်​သူပုန်​၊ဗကပ ကွန်​မြူ
နစ်​​တွေနဲ့​ပါပူး​ပေါင်းပြီး​လေ့လာတယ်​။အဲဒီ​နောက်​သူပုန်
နယ်​​​မြေခရီးစဉ်​ကိုသူကစာအုပ်​​ရေးခဲ့တယ်​။
အဲဒီ​နောက်​ မြန်​မာလွတ်​လပ်​​ရေးကို​လေ့လာပြီး
Burma:the curse of independence
ဘားမား-လွတ်​လပ်​​ရေးကျိန်​စာ သို့မဟုတ်​ မြန်​မာ့
လွတ်​လပ်​​ရေးဖရု​ဿ     ၀ါစာ ဆိုပြီး စာအုပ်​​ရေးသား
ထုတ်​​ဝေခဲ့တယ်​။
မြန်​မာ့စရိုက်​နဲ့ပက်​သက်​ပြီး ​ရွှေရိုးအမည်​ခံ
Sir James George Scott က အတွင်းသား
အထိနက်​နက်​ရှိုင်းရှိုင်းဆင်းသက်​ပြီး​ရေးသားခဲ့တာ
၁၈၈၂ခုနှစ်​ကတည်းကဖြစ်​ပါတယ်​။မြန်​မာ့သမိုင်း
ဇတ်​ခုံ​ပေါ်က ယ​နေ့မြန်​မာ​တွေအမွှန်းတင်​​နေတဲ့
သရုပ်​​ဆောင်​​တွေကို ပွင့်ပွင့်လင်းလင်း​ဝေဖန်​တင်​ပြ
ထားလို့မြန်​မာအမျိုးသားဝါဒီ​တွေက မကြိုက်​ကြ
ဘူး။မကြိုက်​​ပေမယ့် အမှန်​တရားဖြစ်​​နေ​တော့
ဝန်​မခံ​သော်​လည်းပဲ လက်​ခံ​နေရတာပါပဲ။
ဆာ ​ဂျော့စ​ကော့က သီ​ပေါဟာသူအာဏာတည်​မြဲ
ဖို့ နန်း​သွေး၈၀​ကျော်​သတ်​ဖြတ်​ခဲ့တဲ့အထဲမှာ မိန်းမ
နဲ့က​လေး၇​ယောက်​ပါခဲ့တာ၊နန်းတွင်းမှာပဲ​မြေတွင်း
ကြီး​တွေတူးပြီးမြုပ်​ခဲ့တာ​တွေကို E.C.V Focur
ရဲ့ မှတ်​တမ်း​တွေကို ကိုးကား​ရေးသားထားတယ်​။
လူသတ်​ပွဲလုပ်​​နေတာကိုအခြားသူ​တွေအာရုံမစိုက်​နိုင်
အောင်​ နန်းတွင်းမှာ၃ရက်​ဆက်​တိုက်​ပွဲလမ်းသဘင်
ကျင်းပစီစဉ်​ထားခဲ့တယ်​။ဆိုင်းသံ ဗုံသံ​ကြောင့်
အော်​သံဟစ်​သံ​တွေမကြားနိုင်​​အောင်​ တမင်​ကပြ​ပေး
နေရတဲ့ဇတ်​သဘင်​ပွဲပါ။ဒါကိုစာ​ရေးဆရာက
မင်းဆက်​အသစ်​တက်​လာတိုင်းပြိုင်​ဘက်​ကိုသတ်​ဖြတ်
တာမြန်​မာ့ဓ​လေ့ဖြစ်​​ကြောင်းသုံးသပ်​တာပါ။တကယ်
တော့ မြန်​မာ​တွေ တိုင်းနဲ့ပြည်​နဲ့ ပလ္လင်​နဲ့ဆင်​နဲ့
ဖြစ်​လာပြီဆိုတဲ့ ​အေဒီ၁၁ရာစုက​နေ သီ​ပေါနဲ့သူ့မယား
နွားလှည်း​ပေါ်ငုပ်​တုပ်​ပါသွားတဲ့ရတနာပုံဇတ်​သိမ်း
ခန်းအလယ်​ မြန်​မာအမျိုးသမီးအိ​နြေ္ဒ၊ဘာညာသာရကာ
သောက်​ပို​တွေ​ပြော​ပြောပြီး ရှိသမျှဖွားဖက်​​တော်​​တွေ
ထုတ်​ထုတ်​ကြွားတဲ့ ၂၀၁၉အထိ ဆက်​တိုက်​အာဏာ
သိမ်းလာခဲ့တာပါ။ဒါ​ကြောင့်မြန်​မာဓ​လေ့အစစ်​ဖြစ်
ကြောင်း ဘယ်​ပညာရှင်​ကမှငြင်းနိုင်​ဖို့မရှိဘူး။
ဒါပ​ဒေသရာဇ်​​ခေတ်​ကဖြစ်​ပါတယ်​။ဒါ​ပေမဲ့လွတ်​လပ်
ပြီး​ခေတ်​မှာ​တော့ မြန်​မာနိုင်​ငံ​ရေးယဉ်​​ကျေးမှုဟာအနည်း
ငယ်​တိုးတက်​လာတယ်​​ပြောရမယ်​။ဘာလို့လဲဆို​တော့
အရင်​လို အတိုက်​အခံကိုမသတ်​ဖြတ်​​တော့ဘဲ ​ထောင်
သွင်းအကျဉ်းချပါတယ်​။ပ​ဒေသရာဇ်​​ခေတ်​က တစ်
ဆွေလုံး တစ်​မျိုးလုံးလူမမည်​က​လေးပါမချန်​ သတ်
ခဲ့​ပေမယ့် ​ခေတ်​သစ်​မှာ​တော့ တစ်​​ဆွေလုံးတစ်​မျိုးလုံး
ထက်​နည်းနည်း​လျော့ပြီး တစ်​မိသားစုလုံးကိုဖမ်းချင်
ဖမ်း၊မဖမ်းချင်​ဖိအား​ပေးပြီးငြိမ်​၀ပ်​ပိပြား​နေ​အောင်
ဆောင်​ရွက်​ခဲ့ကြတယ်​။
အာဇာနည်​​တွေဇူလိုင်​၁၉မှာလုပ်​ကြံခံရပြီးတဲ့​နောက်
မြန်​မာပြည်​​နောက်​ဆုံးဘုရင်​ခံ ဆာ ဟူးဘတ်​ ရန်​စ့်
(Sir Hubert Rance)က ချက်​ခြင်း ဇူလိုင်​၂၀မှာ
ဦးနု​ခေါင်း​ဆောင်​တဲ့မြန်​မာအစိုးရကိုကျမ်းသစ္စာ
ကျိမ်​ဆိုခိုင်းပြီးဖွဲ့စည်း​ပေးလိုက်​တယ်​။သိပ်​မကြာဘူး
သြဂုတ်​လ ၁ရက်​​နေ့မှာ မြန်​မာဝန်​ကြီးအဖွဲ့က
ဘုရင်​ခံနဲ့​တွေ့လို​ကြောင်းဝန်​ကြီးဦး​ကျော်​ငြိမ်းက
ရေးကြီးသုတ်​ပြာနဲ့အ​ကြောင်းကြားလာတယ်​။ည​နေ
၆နာရီ​ကျော်​မှာလာ​တွေ့မယ်​ဆိုလို့ ဘုရင်​ခံခမျာ
ရင်​တမမနဲ့​စောင့်​​နေခဲ့တာ​ပေါ့။ဆာ ဟူးဘတ်
ရန်​စ့်ကလည်း ၁၉ဇူလိုင်​မှာကြုံခဲ့ရတဲ့ဖြစ်​စဉ်​​ကြောင့်
ဘာများဆက်​ဖြစ်​လာ​လေမလဲလို့​တွေးပူ​နေတယ်​။
မြန်​မာဝန်​ကြီး​တွေ​ရောက်​လာ​တော့ အားလုံးရာထူး
ကနှုတ်​ထွက်​​ကြောင်း၊နှုတ်​ထွက်​ရတဲ့အ​ကြောင်းရင်း
က အစိုးရအဖြစ်​ ကျမ်းသစ္စာကျိန်​ဆိုခဲ့တဲ့ ဇူလိုင်​၂၀
ရက်​​နေ့ဟာ ရက်​ရာဇာ​မဟုတ်​​ကြောင်း၊ဒါ​ကြောင့်
ရက်​​ကောင်းရက်​မြတ်​ဖြစ်​တဲ့ သြဂုတ်​လ၁ရက်​​နေ့
မှာ အသစ်​တစ်​ဖန်​ကျမ်းသစ္စာကျိမ်​ဆိုပြီးအစိုးရဖွဲ့
စေလို​ကြောင်း ဘုရင်​ခံကိုတင်​ပြ​တော့မှ ဆာဟူးဘတ်
ရန်​စ့်လည်းစိတ်​​အေးသွားရတယ်​ဆိုပြီး စာ​ရေးဆရာ
ကမြန်​မာပြည်​​နောက်​ဆုံးဘုရင်​ခံ ဆာဟူးဘတ်
ရန်​စ့်ရဲ့ ​ကြေနန်းစာ၊ဂျပ်ဆင်​ေ​​ကာလိပ္က
သမိုင်းဆရာ John.F.Cadyရဲ့ History of Modern
Burma ရယ်​၊ဗိုလ်​​နေ၀င်းရဲ့ ၁၉၈၈ မိန့်​ခွန်း​တွေကို
ကိုးကားပြီးသုံးသပ်​​ရေးသားထားတယ်​။
ဒါဟာ မြန်​မာ့လွတ်​လပ်​​ရေးအစိုးရရဲ့ အရည်​အချင်း
နဲ့ အ​တွေးအ​ခေါ်ကို​ဖော်​ပြ​နေတဲ့သက်​​သေပဲ။
ဒေါက်​တာသန်းမြင့်ဦးက မြန်​မာလွတ်​လပ်​​ရေး​ခေတ်
ခေါင်း​ဆောင်​​တွေကို ပတ်​၀န်းကျင်​ အိန္ဒိယ၊ဖိလင်​စ်​ပင်း
ထိုင်းတို့က ​ခေတ်​ပြိုင်​​ခေါင်း​ဆောင်​​တွေနဲ့ယှဉ်​ထိုး
သုံးသပ်​ထားတာဖတ်​ရဖူးတယ်​။တကယ်​လည်း
မြန်​မာ့လွတ်​လပ်​​ရေး​ခေတ်​ ​ခေါင်း​ဆောင်​​တွေအားလုံး
နီးပါးရဲ့ အ​တွေးအ​ခေါ်ဟာ လုံးဝသုံးစားမရတဲ့
ပ​ဒေသရာဇ်​လက်​ကျန်​အ​တွေးအ​ခေါ်သာဖြစ်​​ကြောင်း
သူတို့တည်​​ထောင်​တဲ့နိုင်​ငံ၊သူတို့အုပ်​ချုပ်​တဲ့စနစ်​၊
သူတို့ကျင်​လည်​ရတဲ့သူတို့​ခေတ်​နိုင်​ငံ​ရေးဇတ်​လမ်း
တွေက အတိုင်းသားလစ်​ဟပြ​နေတာပါပဲ။
အင်္ဂလိပ်​ကိုလိုနီအစိုးရဟာ တိုင်းရင်းသားလူမျိုး​တွေ
ကိုစိတ်​၀မ်းကွဲ​အောင်​မြန်​မာပြည်​ကို​သွေးစုပ်​ချယ်​လှယ်
တယ်​ဆိုတဲ့စကား မြန်​မာပြည်​မှာက​လေးက​နေ ​ခွေး
အထိ အလွတ်​ရသ​လောက်​နီးပါးကြားဖူးကြပါ
လိမ့်မယ်​။တကယ်​က တိုင်းရင်းသား​တွေ​ပေါ်မှာ
ရမ်းကားခဲ့ဖူးတဲ့လူမျိုးပြပါဆိုရင်​မြန်​မာအပြင်
အခြားလူမျိုးပြစရာမရှိဘူး။ဒါပကတိအရှိတရား။
ဒီ​တော့အထက်​ပါ ၀ါဒဖြန့်​မှုဟာ ဘာအတွက်​လုပ်​တယ်
ဆိုတာ ဆက်​စဉ်းစား​တော့​ပေါ့။
တကယ်​​တော့မြန်​မာ​တွေနဲ့​ခေတ်​ပြိုင်​တိုင်းရင်းသား
အားလုံးသူ့​နေရာနဲ့သူအ​ခြေချ​နေထိုင်​ခဲ့ကြပြီးသား
ပါ။ဗမာ​အောက်​​ရောက်​လိုက်​၊တရုတ်သစ္စာခံလိုက်​၊
ယိုးဒယားသစ္စာခံလိုက်​နဲ့​နောက်​ဆုံးအင်္ဂလိပ်​လက်
အောက်​​ရောက်​​တော့မှသူတို့ဘ၀လုံခြုံ သွားတာဖြစ်
ပါတယ်​။အဲဒီလိုမြန်​မာနဲ့တိုင်းရင်းသား​တွေနှစ်​​ပေါင်း
၈ရာ​လောက်​ ​နောင်​ဂျိမ်​ပ​လေးပြီးအကွဲကွဲအပြဲ
ပြဲဖြစ်​​နေလို့ အင်္ဂလိပ်​က အသုံးချသွားတာဖြစ်​ပါတယ်​။
ကိုလိုနီ​ခေတ်​ကရန်​ကုန်​မြို့ ဟာ အိန္ဒိယသားမြို့​တော်
ဖြစ်​ပြီး ယ​နေ့အမျိုးသားအစိုးရ​ခေတ်​မန္တ​လေးမြို့​တော်
ဟာ တရုတ်​မြို့​တော်​ဖြစ်​သွားပါတယ်​။တိုင်းပြည်​ကို
နိုင်​ငံခြားသားအရာရှိတစ်​စုကအုပ်​ချုပ်​ပါတယ်​။
ဒါ​ပေမဲ့ ဒါကိုယ​နေ့မြန်​မာ​တွေအတွက်​မခံချင်​စရာ
ကောင်း​ပေမယ့် အဲဒီလူမျိုးခြားစိုးမိုးပြီးအုပ်​ချုပ်​ခဲ့
တဲ့သမိုင်းတစ်​ခုတည်းပဲ တိုးတက်​တာပြစရာရှိတယ်​။
ဒီ​တော့ မြန်​မာအုပ်​ချုပ်​သူများရဲ့ အစွမ်းအစကို
ထပ်​ပြီးမီ​မောင်းထိုးပြသလိုဖြစ်​သွားပြန်​တယ်​။
၁၉၃၈ မြန်​မာစစ်​တပ်​မှာ အင်္ဂလိပ်​တပ်​သား၁၅၀၀၊
အိန္ဒိယသား၁၄၀၀၊ကရင်​၊ကချင်​၊ချင်း၃၀၀၀​ကျော်
ရှိပြီးမြန်​မာ၁၅၀ပဲရှိတယ်​။တိုင်းရင်းသားအရာရှိ
၇၅​ယောက်​ရှိပြီးမြန်​မာအရာရှိ၎​ယောက်​ပဲရှိတယ်​။
ခရစ်​ယာန်​သာသနာပြု​တွေကြည့်ရှုမှု​ကြောင့်
တိုင်းရင်းသားအများစုခရစ်​ယာန်​ဖြစ်​ကုန်​တယ်​။
ပ​ဒေသရာဇ်​​ခေတ်​မှာကြီးစိုးလာတဲ့မြန်​မာ​တွေဟာ
ကိုလိုနီ​ခေတ်​မှာ​အောက်​တန်း​နောက်​တန်း​ရောက်​ကုန်
ကြရတယ်​။ဒါကိုအ​ခြေခံပြီး မြန်​မာအမျိုးသား​ရေး
ဝါဒဆိုတာ​ပေါ်လာတာဖြစ်​ပါတယ်​။အဲဒီက​နေ မြန်​မာ
အမျိုးသား​ရေးဝါဒဟာ မြစ်​​ကြောင်း​ပြောင်းပြီး
Burmanizationဘက်​ကိုစီး​ဆင်းခဲ့တာယ​နေ့အထိပဲ။
အ​တွေးအ​ခေါ်က လူစဉ်​မမှီ​တော့ ခရစ်​ယာန်​ဘာသာ
ဝင်​တိုင်းရင်းသား​တွေကို နိုင်​ငံခြားသစ္စာခံ​တွေလို့
သတ်​မှတ်​ကြတယ်​။လူထုထဲအထိဒီအ​တွေးရှိတယ်​။
မွစ်​စလင်​​တွေကလည်း အိန္ဒိယသစ္စာခံ၊အာရဗ်​သစ္စာ
ခံလို့မြင်​​တတ်​ကြတယ်​။ဒီလိုဖြစ်​ရတဲ့အ​ကြောင်းတရား
ကို​လေ့လာတာ Nation state ကို ယ​နေ့အထိနား
မလည်​​သေး​တာဖြစ်​​ကြောင်း​တွေ့ရှိလာရတယ်​။ဒါ​ကြောင့်
၂၀ရာစုဦးကတည်းကပြည်​တွင်းစစ်​ကိုမီး​မွှေး​ပေးမယ့်
အ​ခြေ​နေ​တော်​​တော်​များများဟာ မြန်​မာပြည်​မှာရှိ​နေပြီ
ဖြစ်​ပါတယ်​။
ဒုတိယအချက်​က မြန်​မာ့လွတ်​လပ်​​ရေးကြိုးပမ်းမှု
ဒါကအကြီးစားဂျင်း။ဒုတိယကမ္ဘာစစ်​အာရှစစ်​မျက်​နှာ
အဲဒီကတစ်​ဆင့်အ​ရှေ့ ​တောင်​အာရှစစ်​မျက်​နှာမှာ
မြန်​မာတပ်​ဆိုတဲ့င​မျောက်​င​ခြောက်​​တွေအိပ်​​နေလည်း
ဂျပန်​ရှုံးမှာပဲ။အဲတုန်းကမြန်​မာ့တပ်​မ​တော်​ဆိုတာ
သူပုန်​သာသာပဲရှိတယ်​။မဟာမိတ်​​တွေစစ်​နိုင်​လို့
အင်္ဂလိပ်​နဲ့လာ​ပေါင်းတဲ့သခင်​​အောင်​ဆန်းကို Sir
William Slim က ​မေး​တော့ သခင်​​အောင်​ဆန်းက
....ခင်​ဗျားတို့မနိုင်​ဘဲ ကျ​နော်​လာ​တော့ ဘာအကျိုး
ရှိမှာလဲ....တဲ့။ပကတိအရှိတရားကိုသိမြင်​ပြီး ရိုးသား
ပွင့်လင်းစွာ​ပြောဆိုလုပ်​ကိုင်​တတ်​တဲ့သခင်​​အောင်​ဆန်း
ကို ဥ​ရောပသား​တွေကိုယ်​တိုင်​အစွမ်းအစရှိသူလို့
မှတ်​ချက်​​ပေးခဲ့ကြတယ်​။အမျိုးသား​ခေါင်း​ဆောင်
ဆိုတာ ​ရေမှာအရုပ်​​ရေးသလို​ပေါ​တော​တော​တွေ
သင်္ကြန်​အ​မြောက်​​တွေ၊အဆံမရှိဘဲဟန်​လုပ်​တဲ့​သောက်
ပေါဖြစ်​လို့မရဘူး။လက်​​တွေ့အ​ခြေ​နေနဲ့ကိုက်​ညီ​အောင်
ကြံစည်​ စဉ်းစား လုပ်​ကိုင်​တတ်​ရတယ်​။ဥပမာ
ပြစရာ ​ညောင်​ရမ်းဆက်​ကိုတည်​​ထောင်​တဲ့ရှင်​သစ္စာ။
ဟံသာဝတီအပျက်​ အဘက်​ဘက်​ကအင်​အားကြီး
တွေကြားထဲ အ​ကောင်းဆုံးစီမံစိုင်းပြင်းပြီး အင်းဝ
မှာ​နေပြည်​​တော်​တည်​တယ်​။နေပြည်​​တော်​တည်​​နေစဉ်
ကြုံလာရတဲ့အားပြိုင်​မှု​တွေကိုပြတ်​ပြတ်​သားသား
ဖြေရှင်းတယ်​။ကျေးဇူးတင်​ထိုက်​သူကို​ကျေးဇူးရှင်​လို့
သတ်​မှတ်​သလို ပတ်​၀န်းကျင်​နိုင်​ငံ​ရေးအခင်းအကျင်း
နဲ့ ပထ၀ီရဲ့ သြဇာကို​ကောင်း​ကောင်းနားလည်​ခဲ့သူ
့ဖြစ်​လို့ ​ညောင်​ရမ်းဆက်​ဆိုတာတိုင်းပြည်​အပျက်​မှာ
ပြည်​လည်​​ပေါ်ထွန်းလာခဲ့ရတာဖြစ်​ပါတယ်​။
မြန်​မာ့လွတ်​လပ်​​ရေးကျိန်​စာမှာ Shelby Tucker
က အင်္ဂလိပ်​ကိုလိုနီအစိုးရနဲ့မြန်​မာအမျိုးသား​ခေါင်း
ဆောင်​​တွေ​စေ့စပ်​​ဆွေး​နွေးနိုင်​လို့မြန်​မာ့လွတ်​လပ်​​ရေး
ရခဲ့တာဖြစ်​​ကြောင်း၊ဂျပန်​​တော်​လှန်​​ရေးဟာမြန်​မာ​တွေ
ထင်​သလိုကြီးကျယ်​တာမဟုတ်​​ကြောင်း အ​ထောက်​ထား
တွေနဲ့ကိုးကားတင်​ပြထားတယ်​။
တကယ်​လည်းမြန်​မာ့လွတ်​လပ်​​ရေးလှုပ်​ရှားမှုမှာ
ဖက်​ဆစ်​​တော်​လှန်​​ရေးဟာ အပိုင်း​လေးတစ်​ပိုင်းပါပဲ။
စစ်​ပြီး​ခေတ်​လွတ်​လပ်​​ရေးကြိုးပမ်းမှုဟာလက်​နက်​ကိုင်
တိုက်​ပွဲမဟုတ်​ဘဲ နှလုံးရည်​တိုက်​ပွဲတစ်​ခုသာဖြစ်​ပါတယ်​။
အဲဒီအချိန်​ကမြန်​မာစစ်​တပ်​ဟာ အင်္ဂလိပ်​စစ်​တပ်
လက်​​အောက်​ခံဖြစ်​​နေပြီး လွတ်​လပ်​​ရေးလှုပ်​ရှားမှု
မှာ ဘယ်​စစ်​​ခေါင်း​ဆောင်​မှမပါဝင်​ခဲ့ဘူး။အဲဒါကိုပဲ
မရှက်​မ​ကြောက်​ ၁၉၆၂မှာပဲလုပ်​တယ်​မထင်​နဲ့။လွတ်
လပ်​​ရေးလည်းရပြီး​ရော ဦးနုအုပ်​စု​ရော ကွန်​မြူ  နစ်
အုပ်​စုကပါ သူတို့စစ်​တပ်​ကိုလွတ်​လပ်​​ရေးရ​အောင်
ငါတို့တိုက်​လာတာဆိုပြီး​တေးသီချင်းစပ်​ဆိုပြိုင်​တူ
ဂုဏ်​တင်​ခဲ့ကြ​သေးတာပါပဲ။သူတို့ဂုဏ်​တင်​သလို
၁၉၆၂မှာ သူတို့ကိုဂျင်းထည့်ပြီးတကယ်​ပဲစစ်​တပ်​က
နှာနုဖြတ်​ရိုက်​သွားတာခံလိုက်​ရတယ်​။
Shelby Tucker က စစ်​ဗိုလ်​ ဆရာဝန်​ စာ​ရေးဆရာ
မောင်​​မောင်​ညိုလိုလူ​တောင်​ ဂျပန်​​တော်​လှန်​​ရေးကို
အကြီးအကျယ်​ထင်​​နေ​ကြောင်း၊၁၉၇၃ တိုကျိုမှာ
သမိုင်းသု​တေသနလုပ်​ရင်း သူနဲ့ဆုံ​တော့ ဂျပန်​​တော်
လှန်​​ရေးအ​ကြောင်းဘာများ​ရေးထားသလဲ​မေး​ကြောင်း၊
မြန်​မာပြည်​က ဂျပန်​​တော်​လှန်​​ရေးအ​ကြောင်းကို
အ​လေးအနက်​ထားသူသိပ်​မရှိ​ကြောင်း​ပြောပြ​တော့
ဒေါက်​တာ​မောင်​​မောင်​ညိုမ​ကျေမနပ်​ဖြစ်​သွား​ကြောင်း၊
ဂျပန်​​တော်​လှန်​​ရေးကို​မှေးမှိန်​​သေးသိမ်​​အောင်​ ကျွန်​​တော်
(Shelby Tucker)ကတမင်​​ပြောတဲ့သ​ဘောမျိုး
နဲ့ သူ့ခရီးသွား​မှတ်​တမ်း​ရေးသားထား​ကြောင်း၊ခန္ဓာ​ဗေဒ
ပညာရှင်​စစ်​ဗိုလ်​ဆရာဝန်​ ​ဒေါက်​တာ​မောင်​​မောင်​ညိုဟာ
သမိုင်းဆရာပုံဖမ်းထား​ကြောင်း၊စသဖြင့်​ရေးသားထား
တယ်​။မြန်​မာ့တပ်​မ​တော်​အခန်းကဏ္ဍကို ပုံကြီးချဲ့သူ
တွေထဲမှာ ​ရှေ့ဆုံးကလိုက်​တဲ့ဥပ​ဒေသမား ​နေ၀င်း
လက်​ကိုင်​တုတ်​ ​​ဒေါက်​တာ​မောင်​​မောင်​ စိတ်​ကူးယဉ်​ပြီး
လျှောက်​​ရေးထားတာ​တွေကို သူက ​ဖြေရှင်းထားပါ​သေး
တယ်​။
ဂျပန်​ကိုစတိုက်​တဲ့ဗမာစစ်​ဗိုလ်​ဟာ ဗိုလ်​မှူးဗထူး
ဖြစ်​​ကြောင်း၊မဟာမိတ်​တပ်​ကိုတိုက်​ဖို့ မန္တ​လေးမှာ
အသင့်​စောင့်​နေတဲ့ဂျပန်​တပ်​​တော်​ကြီးကို ဗိုလ်​မှူးဗထူး
တို့အဖွဲ့က အရင်​ဆုံးတိုက်​လိုက်​တာ​ကြောင့်အင်္ဂလိပ်
ဗိုလ်​ချုပ်​ Reesနဲ့တပ်​မ၁၄ ​ရောက်​လာတဲ့အခါဂျပန်
တပ်​ဟာ ခုခံနိုင်​စွမ်းမရှိ​တော့ဘူးလို့ ​ဒေါက်​တာ​မောင်​​မောင်
က ယုတ္တိမရှိ​စိတ်​ကူးယဉ်​ပြီး​လျှောက်​​ရေးတယ်​။
ဗိုလ်​ဗထူးတပ်​ကတိုက်လို့ ဂျပန်​တပ်​ဖရိုဖရဲဖြစ်​သွား
ရတယ်​ဆိုတာကို စစ်​မှုထမ်းဗိုလ်​ချုပ်​​မောင်​​မောင်
တောင်​ လက်​မခံဘူး။တကယ်​​တော့ ​ဂေါရခါးတပ်​ရင်း
က၂ရက်​တိတိ အနီးကပ်​တိုက်​ပွဲဆင်​နွှဲပြီး မန္တ​လေး
အ​ရှေ့ ​မြောက်​ပိုင်းကို ၁၉၄၅ မတ်​လ၁၁ရက်​​နေ့မှာ
သိမ်းခဲ့တာပါ။ဗိုလ်​ချုပ်​ရီစ်​ဦး​ဆောင်​တဲ့တပ်​မ၁၄က
တပ်​ရင်း၃ရင်းနဲ့ထိုးစစ်​​ကြောင့် ​​ခုခံ​နေတဲ့ ဂျပန်​တပ်
မတ်​၁၄ရက်​​နေ့မှာ မန္တ​လေးကိုဆုတ်ရတယ်​။
ဂျပန်​​တော်​လှန်​​ရေးဆိုတာတပ်​ပျက်​လို့ဆုတ်​လာတဲ့
ဂျပန်​တပ်​ဖွဲ့​လေး​တွေကိုသာ တိုက်​ခိုက်​တာဖြစ်​လို့
အင်္ဂလိပ်​နဲ့အ​မေရိကန်​သမိုင်းဆရာ​တွေက မဖြစ်
စ​လောက်​ပါလို့​ရေးကြတယ်​။မြန်​မာ​တွေက​တော့
မြန်​မာ့တပ်​မ​တော်​ကသာ ဂျပန်​ကိုနိုင်​လိုက်​တာမို့
အင်္ဂလိပ်​နဲ့အ​မေရိကန်​ မဟာမိတ်​ရဲ့ ကြိုးပမ်းမှု
ဟာ မဖြစ်​စ​လောက်​ဖြစ်​​ကြောင်း ​ဒေါက်​တာ​မောင်​​​မောင်
က ​ရေးထားတာကို ​ချေပထားတာဖြစ်​ပါတယ်​။
အဲ​တော့မြန်​မာစာ​ရေးတရာ​တွေရဲ့ စာကိုအယုံအကြည်
မရှိတာ ​နေဇင်​လတ်​မလွန်​ဘူးထင်​တာပဲ။ဒေါက်​တာ
မောင်​​မောင်​လို အမျိုးသား​ရေးဝါဒီ​တွေဟာ ဘာဖြစ်​လို့
သမိုင်းကိုရုပ်​ပျက်​ဆင်းပျက်​ ပြင်​ဆင်​​ရေးသား​နေတာ
လဲလို့လည်း ​မေးခွန်းထုတ်​ထားတယ်​။ဂျပန်​နဲ့​ပေါင်းမိ
တာမှား​ကြောင်း ရိုးရိုးသားသားဝန်​ခံလိုက်​တာကမှ
ကောင်းပါလိမ့်မယ်​၊လူငယ်​​တွေမို့လိုအမှားလုပ်​မိတာ
မဆန်း​ကြောင်း၊မြန်​မာပြည်​ကိုအင်္ဂလိပ်​ကသိမ်း၊
နောက်​ဂျပန်​ကသိမ်း၊​နောက်​တစ်​ခါအင်္ဂလိပ်​ကပြန်​သိမ်း
လို့ အခံရခက်​​နေတာမို့ ဂျပန်​နဲ့အင်္ဂလိပ်​ကိုမြန်​မာ့
တပ်​မ​တော်​ကနိုင်​လိုက်​တာလို့ ပုံကြီးချဲ့ပြီးအမှန်​တရား
ကို မမြင်​နိုင်​တာမျိုးဆိုရင်​လည်း ခွင့်လွတ်​နိုင်​​ကြောင်း
ရေးသားထားတယ်​။ရှက်​တတ်​မယ်​ဆိုရင်​​တော့......
စာ​ရေးဆရာကဆက်​​ရေးတယ်​။အခု​တော့ဂျပန်​ကို
တပ်​မ​တော်​က တွန်းလှန်​လိုက်​တယ်​ဆိုတဲ့စိတ်​ကူး
ယဉ်​မှုကိုအများယုံကြည်​လာ​အောင်​ပုံကြီးချဲ့ဝါဒဖြန့်
ရတဲ့ရည်​ရွယ်​ချက်​ဟာ နိုင်​ငံ​ရေးအာဏာကိုလက်​၀ါး
ကြီးအုပ်​ချင်​လို့ဖြစ်​​နေ​ကြောင်း၊တပ်​မ​တော်​က ဂျပန်
ကိုစတင်​​တော်​လှန်​တဲ့ မတ်​လ၂၇ရက်​​နေ့ကို​နေ့ထူး​နေ့
မြတ်​အဖြစ်​ အခမ်းအနားနှစ်​စဉ်​နှစ်​တိုင်းကျင်းပ​နေတာ၊
ဂျပန်​ကိုတိုက်​ထုတ်​လိုက်​တာမြန်​မာ့တပ်​မ​တော်​ဖြစ်
ကြောင်း၊ပုံကြီးချဲ့တာကိုနား​ထောင်​ပြီးလူငယ်​​တွေ
ကြီးပြင်းခဲ့ရတာဖြစ်​​ကြောင်း၊တပ်​မ​တော်​ရဲ့ ပုံကြီးချဲ့
ဇတ်​လမ်းအရ အင်္ဂလိပ်​၊အ​မေရိကန်​၊တရုတ်​၊ကရင်
ကချင်​၊ချင်းနာဂနဲ့မြန်​မာအရပ်​သားစစ်​တပ်​​တွေက
ဂျပန်​​တော်​လှန်​​ရေးတိုက်​ပွဲမှာမပါသလိုလို ဖြစ်​​နေ
ကြောင်း၊အဖြစ်​မှန်​ကိုဂရုမစိုက်​ဘဲ သမိုင်းကိုထင်​သလို
ပြန်​လည်​​ရေးသားပြီးပုံကြီးချဲ့ ဝါဒဖြန့်​​နေတာဟာ
မြန်​မာလူမျိုးကို သင်္ကာမကင်းဖြစ်​​စေပြီး၊သိက္ခာကျ​စေ
ကြောင်း ကွက်​ကွက်​ကွင်းကွင်း​ထောက်​ပြ​ရေးသားထား
ပါတယ်​။
စာ​ရေးဆရာက ​ဂျပန်​​တော်​လှန်​​ရေးကို စတင်​ဆင်​နွှဲ
ခဲ့သူဟာ ကရင်​နဲ့ချင်းအမျိုးသားများဖြစ်​​ကြောင်းဆို
ထားတယ်​။ကရင်​ပြည်​နယ်​ကအင်္ဂလိပ်​ဗိုလ်​မှူးSeagrim
ဦး​ဆောင်​တဲ့ဂျပန်​​တော်​လှန်​​ရေးကရင်​​ပြောက်​ကျား
တပ်​ဖွဲ့ရှိခဲ့လို့ ဗိုလ်​မှူးSeagrim ရဲ့ လှုပ်​ရှားမှု​တွေကို
Shelby Tucker က ဂျပန်​​တော်​လှန်​​ရေးအစလို့
ဆိုတယ်​။ဒေါက်​တာ ဗွန်​စွန်းရဲ့  ဇိုသမိုင်း အရ
၁၉၄၂ ​ဆောင်းဦးရာမှာ က​လေးမြို့ကို ဂျပန်​ကိုသိမ်း
ပြီး ကင်းလှည့်​နေတဲ့ဂျပန်​စစ်​သား​တွေကိုဇိုပြည်​သူ့စစ်​က
ဖြောင့်ပစ်​လိုက်​တဲ့အတွက်​ အဲဒီအချိန်​ကတည်းက ဂျပန်
တော်​လှန်​​ရေးစခဲ့တယ်​လို့ဆိုနိုင်​မယ်​။က​လေးမြို့
အနီးဂျပန်​တပ်​ဖွဲ့တစ်​ဖွဲ့အနားယူ​နေစဉ်​ ၁၉၄၂
ဒီဇင်​ဘာ၂၃ရက်​​နေ့မှာ ဇိုပြည်​သူ့စစ်​က လျှပ်​တပြက်
ဝင်​တိုက်​လို့ ဂျပန်​၁၂ဦးကျဆုံးတယ်​။ဒီတိုက်​ပွဲသတင်း
ကို ဒီဇင်​ဘာ၂၆ရက်​​နေ့ မှာ BBC က​ကြေငြာသွား
တယ်​။ဗြိတိန်​နဲ့အ​မေရိကန်​တပ်​​တွေ အိန္ဒိယမှာစစ်​အင်
အားဖြည့်တင်း​နေစဉ်​ မြန်​မာပြည်​အ​နောက်​ဘက်​​ဒေသ
မှာ ဇိုပြည်​သူ့စစ်​က​ပြောက်​ကျားစစ်​ဆင်​​ရေးလုပ်​ပြီး
ဂျပန်​တပ်​​တွေကိုတိုက်​​နေတာ​ကြောင့် အိန္ဒိယကို
ဂျပန်​၀င်​ဖို့ကိစ္စဟာ တစ်​နှစ်​​ကျော်​ကြန့်​ကြာခဲ့တယ်​လို့
ချင်းအမျိုးသား ​ဒေါက်​တာဗွန်​စွန်းက ဇိုသမိုင်း မှာ
ရေးသားထားတယ်​။
ဆက်​ပါဦးမည်​။
https://m.facebook.com/story.php?story_fbid=244220083180845&id=100027785653688
0 ယောက်မှတ်ချက်ပြုခဲ့သည် to “လွတ်​လပ်​​ရေးကျိန်​စာ”
Post a Comment
Related Posts Plugin for WordPress, Blogger...