Monday, January 15, 2018

ဒီစကားတကယ်မမေ့ဘူး

,
ကျနော် မကြိုက်တာတစ်ခုရှိတယ်။ တနေရာမှာ ဗလီဆောက်နေပါတယ်ဆိုတဲ့သတင်းမျိုးတက်လာရင် အလယ်အလတ်ခံယူချက်ရှိပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာတွေပါ ရှဲကြတယ်။ ဘာလဲ ခင်ဗျားတို့က ဗလီအသစ်တွေပေါ်လာမှာကြောက်နေတာလား။ ဘာကြောက်စရာလိုလဲ။ ခင်ဗျားတို့ ဘုရားရှိခိုးချင်သလို သူတို့လည်းရှိခိုးချင်မှာပဲ။ ဗလီဆောက်တာ ပြသနာလား။ ဒီလိုကမ္ဘာမှာ မြန်မာကို ဘာသာရေးအရ ဖိနိပ်တယ်လို့ မီးမောင်းထိုးပြနေတဲ့အချိန်မှာ သမ္မတကိုယ်တိုင် ဗလီအသစ်တွေ တက်ပြီးဖွင့်ပွဲလုပ်ပြသင့်တာ။

ရိုဟင်ဂျာပြသနာဟာ ဘာသာရေးဖိနိပ်မှုမဟုတ်ပဲ ခိုးဝင်ပြသနာပါလို့ အော်နေတာလည်း ခင်ဗျားတို့ပဲ။ တကယ်ပြည်တွင်းနေ နိုင်ငံသား မူစလင်တွေရဲ့ ကိုးကွယ်မှုအပေါ် ကျ မကြည်ဖြူကြဘူး။  တနိုင်ငံလုံး ဗုဒ္ဓဘာသာ ၈၅ ရာခိုင်နှုန်းရှိတယ်။ စစ်တပ် ၊ အစိုးရ အကုန် ဗုဒ္ဓဘာသာကြီးပဲ။ ဒါကို နှစ်ရာခိုင်နှုန်း မပြည့်တဲ့ မူစလင်တွေ က ခင်ဗျားတို့ နိုင်ငံကို လွမ်းမိုးမယ်ပြောလိုက်တာ ကွကိုယ် စောက်သုံးမကျဖူးပြောနေသလိုပဲ မှတ်ရတယ်။

ဒါကြောင့် ကိုယ်တွေတိုင်းရင်သားခေါင်းဆောင်တွေပြောတာ မှတ်မိတယ်။ ဗမာနဲ့သိပ်ပေါင်းချင်တဲ့ တိုင်းရင်သားတွေမှတ်ထားပါတဲ့။ တနေ့နေ့မှာ ငါတို့တိုင်းရင်သားတွေလည်း ရိုဟင်ဂျာတွေလို မောင်းထုတ်ခံရလိမ့်မယ်။ ဒီစကားတစ်ကယ်မမေ့ဘူး။ ဟန်နရီဗန်ထီရူ ဒုသမ္မတ ဖြစ်တုန်းက ခရစ်ယာန်မို့ မဖြစ်သင့်ဘူးဆိုတဲ့ ဗမာတွေအများကြီး တွေ့လိုက်ရတယ်။

မကြာခင် နေပြည်တော်မှာ သံဃာ ၁၀၀၀၀ ပွဲလုပ်ဦးမတဲ့။ ရန်ကုန်မှာ ၁၈၀၀၀ မနေ့တနေ့ကမှ ပြီးတယ်။ ရပ်ကွက်တိုင်းမှာလည်း
လုပ်သေးတယ်။ လမ်းပိတ်ပီးတော့ အများသူငါ လမ်းတွေကို သူတို့အပိုင်ဆိုပီးမှ ချတာ။ ကျနော်ပြောချင်တာက
ဒီလောက်တောင် တရားဟောနေတာ
ဒီလောက်တောင်မှ ဘာသာတရားလိုက်စားနေတာ တရားမျှတမှုအကြောင်း မဟောကြဘူးလား။
ဘယ်ဘုန်းကြီးက တိုင်းရင်းသားမြေတွေကို မတရားသိမ်းပိုက်မထားသင့်ကြောင်း မဟောကြဘူးလား။ သူများ ဘာသာရေးအဆောက်အအုံတွေကို မဖျက်ဆီးရဖူးလို့ မဟောကြဖူးလား။

အဲ့အတွက် ဝမ်းနည်းစိတ်ပျက်ဖို့ကောငိးတယ်။ သာကီအစား ရှက်ရွံ့မိတယ်။

Credit Jack Aung Thu Ya

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဒီစကားတကယ်မမေ့ဘူး”

Post a Comment

Related Posts Plugin for WordPress, Blogger...