Monday, December 24, 2018

‘မုန်းဝန်းဗမာ’နှင့်သမိုင်းဖျောက်ခံခဲ့ရတဲ့ ‘မြန်မာ-မွတ်စလင်’

,
ကျော်​​နေမင်း(မြို့ပြ) ​ရေးသားသည်

နိုင်ငံသားဖြစ်ခြင်းရဲ့ သတ်မှတ်ချက်အနေနဲ့ ”နိုင်ငံ တော်တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာ့ သက္ကရာဇ် ၁၁၈၅ ခုနှစ် (ခရစ်သက္ကရာဇ်အားဖြင့် ၁၈၂၃ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပင်ရင်းနိုင်ငံ အဖြစ်အမြဲနေထိုင်ခဲ့သောကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်း သားများနှင့်မျိုးနွယ်စုများသည် မြန်မာနိုင်ငံသား ဖြစ်သည်” ဟု ပြဋ္ဌာန်းထားပါတယ်။ မြန်မာဆိုတဲ့ ဝေါဟာရ ဟာ တိုင်းရင်းနွယ်ကြီး (၈) မျိုးရဲ့ နှောင်စည်းမှုနဲ့ပေါ်ပေါက် ခဲ့တာအထင်အရှားပါ၊ တကယ်တော့ ၁၉၈၂ မြန်မာနိုင်ငံ သား ဥပဒေအတွင်းမှာ ရည်ညွှန်းထားတဲ့မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် (သို့) ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ်ဆိုတာဟာ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး စစ်ပြေငြိမ်း စာချုပ်ဖြစ်တဲ့ ရန္တပိုစာချုပ်ချုပ်ခဲ့တဲ့ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်မတိုင်မီ အရင် (၁) နှစ်ကို ဆိုလိုတာပါ။ တစ်နည်းအားဖြင့် ၁၈၂၄ ခုနှစ်မှာ နယ်မြေဒေသအချို့ဟာ နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ လက်အောက်ကို ကျရောက်သွားပြီဖြစ်တဲ့အတွက်၊ ဒီအရင် မြန်မာနယ်နိမိတ်ကို ရည်ညွှန်းဟန် တူပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ယခင်ကတိုင်းရင်းသားစာရင်းမှာ မပါဝင်ခဲ့ တဲ့ မုန်းဝန်း တရုတ်လို့ခံယူထားရာကနေ ယနေ့မုန်းဝန်း ဗမာအဖြစ် နိုင်ငံသား/တိုင်းရင်းသားအခွင့်အရေး ရရှိသွား ခဲ့တဲ့လူမျိုးစုနဲ့ ယခင်က မြန်မာ-မွတ်စလင်အဖြစ် တိုင်းရင်း သားစာရင်းမှာရှိသော်ငြား လည်း ပယ်ဖျက်ခြင်းခံခဲ့ရတဲ့ နိုင်ငံ သားအစ္စလာမ်တို့အကြား သမိုင်းအစဉ်အလာကို နှိုင်းယှဉ် ရေးသားဖို့ အဓိကရည်ရွယ်ခဲ့တဲ့ ဆောင်းပါးတစ်ပုဒ် ဆိုတာကို အသိပေးပါရစေ။

၁၈၂၃ နိုဝင်ဘာလ (၂၁) ရက်နေ့မှာမြန်မာပိုင်ရှင် မဖြူကျွန်းကို အင်္ဂလိပ်တို့ ကျူးကျော်ဝင်ရောက်ခဲ့ ရာမှ နှစ် နိုင်ငံအကြား စစ်ပွဲဖြစ်ပွားခဲ့ရာ အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲဖြစ်ပွားခဲ့ရပါတယ်။ အင်္ဂလိပ်တို့ရဲ့ တကယ်စစ်ကြေညာ ရက်က ၅.၃.၁၈၂၄ နေ့မှဖြစ်ပြီး အိန္ဒိယဘုရင်ခံလော့(ဒ) အမ်းဟစ် (Lord Amhers) က မြန်မာအင်းဝဘုရင်ကို စစ်ကြေညာကြောင်း ကမ္ဘာကို အသိပေးခဲ့ပါ တယ်။ ဓညဝတီ လို့ခေါ်တဲ့ ရခိုင်မှာမြန်မာတပ်တွေစစ်ဦးကျွံနေတုန်း ရေကြောင်း ကနေ ရန်ကုန်ကို သိမ်းပိုက်ခဲ့တဲ့ အင်္ဂလိပ်တွေကို နှိမ်နင်းဖို့ တပ်တွေပြန်ဆုတ် လာခဲ့ရတဲ့မြန်မာတွေဟာ ဒီ စစ်ပွဲကို အရှုံးပေးခဲ့ရပါတယ်။ သူရဲကောင်း မဟာဗန္ဓုလဟာ ဓနုဖြူခံတပ်တိုက်ပွဲမှာကျဆုံးခဲ့ရပါတယ်။ ဒီတိုက်ပွဲမှာ မြန်မာ တပ်တွေနဲ့အတူ ရွပ်ရွပ်ချွံချွံပါဝင်ခဲ့တဲ့ ခန်းဆပ်ဗိုလ်နဲ့ မွတ်စလင်စစ်သည် (၂ဝဝ) ကျော်ရဲ့သမိုင်းမှတ်တမ်းကို ကုန်းဘောင်ခေတ် မဟာရာဇဝင်၊ ဒုတိယတွဲ၊ စာမျက်နှာ (၃၇၇) မှာတွေ့ရပါတယ်။ ဒါကြောင့် စစ်ပြေငြိမ်းစာချုပ်ဖြစ် တဲ့ရန္တပိုစာချုပ်ဟာ မြန်မာ-အင်္ဂလိပ် အကြားက စာချုပ်ဖြစ် ခဲ့ပေမယ့် မြန်မာဘုရင်ရဲ့သစ္စာရှိအစ္စလာမ်တွေရဲ့ ဘာသာ စကားဖြစ်တဲ့ ဖာရစီ (ပါရှန်း) ဘာသာစကားနဲ့ဖြစ်ခဲ့တာကို မြန်မာ့သမိုင်းမှာဖော်ပြခဲ့ခြင်းမရှိတာဟာလည်း ထိမ် ချန်မှု တစ်ခုပါပဲ။ ဒီထက်ထင်ရှားတဲ့သမိုင်းမှတ်တမ်း တစ်ခုက တော့ ပထမမြန်မာနိုင်ငံတော် ကိုထူ ထောင်ခဲ့တဲ့ အနုဒ္ဓရ (ခေါ်)အနော်ရထာဘုရင်မြန်မာသက္ကရာဇ် (၁ဝ၄၄-၁ဝ၇၇) ရဲ့ နန်းစံ သက် ၁၃ နှစ်၊ (မြန်မာ့သက္ကရာဇ် ၁ဝ၅၇ (သို့) ခရစ်သက္ကရာဇ် ၁၆၉၅ ခုနှစ်) မှာမိတ္ထီလာ ကန်ကို ဆယ်ဖို့ တဲ့ အခါမှာပသီ (ထိုစဉ်က အစ္စလာမ်ဘာသာဝင်တို့ကို ခေါ် ဝေါ်သည့်အသုံးအနှုန်း) လက်နက်ကိုင် တပ်သားတွေ ပါဝင် ခဲ့တယ်လို့ ဟံသာဝတီဦးဘရင်ရေးတဲ့ ”မြန်မာ့ယဉ်ကျေးမှုနဲ့ လယ်သမားရေး ရာ” စာအုပ်စာမျက်နှာ (၂၅) မှာတွေ့ရပါ တယ်။ ဒီသက္ကရာဇ်ဟာ နိုင်ငံသားဖြစ် ခြင်း သတ်မှတ် ချက် ဖြစ်တဲ့ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ်ထက်နှစ်ပေါင်း (၁၂၈) နှစ် စောနေတဲ့ဖြစ် ရပ်ပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ တာမိုးညဲဒေသဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်ပြီး ဥပဒေ စိုးမိုးမှု အား နည်းတဲ့ လောက်ကိုင်၊ ကုန်းကြမ်းဒေသတွေနဲ့ ဆက်စပ်နေ တဲ့ နယ်မြေဖြစ်ပါတယ်။ သူတို့ရဲ့ မူရင်းဇာတိအမှန်ဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ဇာတိရင်း ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည်မှာနှစ်ပေါင်း ၂ဝဝ ခန့်ရှိနေပြီလို့လည်း ယုံကြည်လက်ခံထားပါ တယ်။ သမိုင်းအထောက်အထားတွေအရ တာမိုးညဲ၊ ကွတ်ခိုင်၊ မိုင်းဝန်းကြီးဒေသတွေမှာရှိတဲ့ မုံးဝန်းတရုတ်တွေရဲ့ ဆွေစဉ် မျိုးဆက်အုတ်ဂူတွေဟာ နှစ်ပေါင်းလေးရာကျော်ရှိနေပြီး တာမိုးညဲမှာ ရှိတဲ့ ကွမ်ရင်မယ်တော်ဘုံကျောင်းဟာလည်း နှစ်ရာချီ ရှိနေပါပြီ။ ဒီအထောက် အထားတွေအရ မုံးဝန်း တရုတ်တွေဟာ တိုင်းရင်းသားနိုင်ငံသားဖြစ်ကြောင်း ခိုင်မာ တဲ့ သက်သေတစ်ခုပါပဲ။ ၁၉၅ဝ ပြည့်လွန်နှစ်များက တရုတ် နိုင်ငံမှာ အာဏာရလာတဲ့ကွန်မြူနစ်များက တိုက်ထုတ် လိုက်တာ ကြောင့် ရှမ်းပြည်နယ်ဘက်မှာ အခြေစိုက်လာခဲ့တဲ့ တရုတ်အမျိုးသားရေးဝါဒီ ကူမင်တန်တပ်တွေ ကိုထိုစဉ်က ဒေသခံမုန်းဝန်းတရုတ်တွေက မြန်မာတပ်မတော်နဲ့ ပူးပေါင်း ပြီး ဒေသခံတွေအနေနဲ့ တိုက်ထုတ်ခဲ့တာရှိပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်နိုင်ငံရေးသမားက မုန်းဝန်းတရုတ်များဟာ ကူမင်တန်တပ်များမှ ပေါက်ဖွားလာသူများဖြစ်ကြတယ်လို့ ပြောကြားကြပေမယ့် အနည်းစုသာ ဖြစ်နိုင်ပါတယ်။ လက်ရှိ အဲဒီဒေသမှာ မြန်မာတပ်မတော်နဲ့အခြားတိုင်းရင်းသား လက်နက်ကိုင်တပ် တွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ အကူအညီပေးနေတဲ့ မုန်းဝန်းပြည်သူ့စစ်အဖွဲ့မှ မုန်းဝန်း တရုတ်ဦးရေမှာ ခန့်မှန်းခြေ (၁ဝဝ) ခန့်သာရှိတယ်လို့လည်း ပြောဆိုကြပါတယ်။ အခုမုန်းဝန်းဗမာလို့ သတ်မှတ်လိုက်တဲ့ တိုင်းရင်းသားတွေဟာ ဗမာစကားမပြောကြပဲ၊ ဗမာစာ မတတ်ကြဘဲ တရုတ်မျိုးနွယ်စုဘာသာစကားနဲ့ တရုတ်စာ သာတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ဗုဒ္ဓဘာသာ ကိုး ကွယ်ကြတဲ့ လူမျိုးစုလည်းဖြစ်ပါတယ်။ စုစုပေါင်း လူ (၆ဝဝဝဝ) ကျော်ရှိပြီး မြန်မာတိုင်းရင်းသားအဖြစ် ”မုန်းဝန်း ဗမာ” လို့သတ်မှတ်ပေးခြင်းဟာ သင့်လျော်တယ်လို့ အတွေး အမြင်ရှိတဲ့သူတချို့လည်း ရှိနေကြပါတယ်။

မြန်မာ-မွတ်စလင်ဆိုသည်မှာ ပြည်ထောင်စု မြန်မာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော မူလတိုင်းရင်း မျိုးနွယ်စုကြီး ၈ ခုဖြစ်တဲ့ ဗမာ၊ မွန်၊ ရခိုင်၊ ကရင်၊ ကချင်၊ ချင်း၊ ကယားတို့အတွင်း ဝယ် အစ္စလာမ်ဘာသာကို ယုံကြည် ကြသော နိုင်ငံသားများကိုဆိုလိုပါသည်။ ဒီအတွက်ကြောင့် မြန်မာပြည်တွင်းထဲကို အစ္စလာမ်ဘာသာရောက်ရှိပုံ အနှစ်ချုပ်အနေနဲ့
– ၇/၈/၉ ရာစုများ တွင် အာရပ်-ပါရှား – မလေး အနွယ်များမှ တစ်ဆင့်ရေကြောင်းသွားလာမှုဖြင့် မြန်မာ ပြည်တောင်ပိုင်းသို့လည်းကောင်း
– ၁၁ ရာစုနောက်ပိုင်း အင်ဒိုချိုင်းနား နိုင်ငံများမှ တစ်ဆင့်ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီ ဒေသများသို့လည်းကောင်း
– ၁၃ ရာစုနောက်ပိုင်း တရုတ်ပြည်မှတစ်ဆင့် မွန်ဂို စစ်တပ်များနှင့်အတူ ဗန်းမော်-အင်းဝ-ကျောက်ဆည်-ရမည်းသင်း-မိတ္ထီလာ-တောင်ငူ-ပြည်ဒေသများသို့ လည်း ကောင်း
– ၁၄ ရာစုမှ ၁၈ ရာစုအတွင်း အိန္ဒိယ/တရုတ်၊ မဏိပူရမှ တစ်ဆင့်မြန်မာပြည်အနောက်ပိုင်းနှင့် တောင်ပိုင်း သို့လည်းကောင်း
– ကိုလိုနီခေတ်နှင့်ပထမကမ္ဘာစစ်နောက်ပိုင်း တွင်လည်း အိမ်နီးချင်းနိုင်ငံများမှ ရောက်ခဲ့ကြသည်ဟု ၁၈၅၇ ခုနှစ်ကရေးသားခဲ့တဲ့ အင်းဝရောက်သံတမန် ဟင်နရီယူလ်းရဲ့ မှတ်တမ်းများအရလည်းကောင်း၊ ဗိုလ်မှူး ကြီးဘရှင်ရဲ့ မြန်မာနိုင်ငံတော်သမိုင်းစာအုပ်မှာလည်း ကောင်း တွေ့ရှိရပါတယ်။ မ.ဆ.လအစိုးရလက်ထက် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ၉.၁၂.၁၉၇၂ နေ့စွဲပါ ထုတ်ပြန်တဲ့စာရင်းစာမျက်နှာ ၄၃/၄၄/၄၅/၄၆ တွင် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုး ၁၄၄ မျိုးဟု အတိ အလင်း ထုတ်ပြန်ရာတွင် အမှတ်စဉ် ၁၃၉ တွင် မြန်မာ-မွတ်စလင်ဟူ၍ အတိအလင်းပါရှိခဲ့သည်ကို တွေ့ရှိခဲ့ရ ပါ သည်။ (ရည်ညွှန်း အေဒီ ၇/၈ ရာစုမှစ၍ အစ္စလာမ် သာသနာမြန်မာနိုင်ငံသို့ စတင်ရောက်ရှိပုံစာတမ်း – ဦးအောင်သိန်း (တရား လွှတ်တော်ရှေ့နေ) သို့ပါသော်လည်း ၁၉၈၂ ခုနှစ်တွင် မ.ဆ.လခေါင်းဆောင်ကြီး အာဏာရှင် ဦးနေဝင်းက မူလတိုင်းရင်းသားလူမျိုး ၁၄၄ မျိုးမှ မြန်မာ-မွတ်စလင်အပါအဝင် စုစုပေါင်း (၉) မျိုးကို ဖယ်ထုတ်ခဲ့ရာ မူလ ရှိရင်းစွဲမှမရှိခြင်းသို့ သမိုင်းဖျောက်ခံခဲ့ရတဲ့ လုပ်ရပ် အဖြစ် ထင်ထင်ရှားရှား မြင်တွေ့ရပါတယ်။
ယမန်နှစ်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က လက်မှတ် ရေးထိုးပြီး ထုတ်ပြန်ခဲ့တဲ့ ”တာမိုးညဲဒေသ (မုန်းဝန်း) ဗမာ တိုင်းရင်းသားများအား မုန်းဝန်းဗမာဟု သတ်မှတ်အသုံးပြု သွားရန်ကိစ္စ” လို့ ခေါင်းစဉ်ပေးထားတဲ့စာကို လဝကဝန်ကြီး ဌာနအောက်မှာရှိတဲ့ ညွှန်ကြားရေးမှူးချုပ်သုံးဦးထံ ပေးပို့ခဲ့ တာပါ။ စာမှာအကြောင်းအရာ ခြောက်ချက်ပါဝင်ခဲ့ ပါ တယ်။

ပထမတစ်ချက်မှာ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီက ၂ဝ၁ဝ ပြည့်နှစ်မှာ မုန်းဝန်းဗမာလို့ သတ်မှတ်ပေးခဲ့တာကို တရားဝင်ဆက်ပြီး အတည်ပြုပေးဖို့ သမ္မတ ဦးသိန်းစိန် ထံတင်ပြခဲ့တယ်။ ၂ဝ၁၅ ခုနှစ် ရွေး ကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်ဖို့ မုန်းဝန်း (ဗမာ) လို့သတ်မှတ် ပြီး မှတ်ပုံတင်လဲပေးဖို့ မှတ်ချက်ပြုခဲ့တယ်လို့ ဖော်ပြခဲ့ပါ တယ်။

ဒုတိယအချက်မှာတော့ ခေတ်အဆက်ဆက် နိုင်ငံ တော်အကြီးအကဲတွေက နိုင်ငံတော်လုံခြုံရေး အတွက် သူ တို့ (မုန်းဝန်း) ရဲ့ ပူးပေါင်းပါဝင်မှုကို အသိအမှတ်ပြုမှုများ ရှိခဲ့တယ်။ ၁၉၉၈ ခုနှစ် မေ ၁၁ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းခရီးစဉ်မှာ တာမိုးညဲဒေသ မုန်းဝန်း (ဗမာ) တိုင်းရင်းသားတွေကို မုန်းဝန်းအမည်ကနေ တာမိုး ညဲဒေသ ဗမာတိုင်းရင်းသားအမည်သို့ ပြောင်းလဲ သတ်မှတ် ပေးခဲ့တဲ့ နောက်ပိုင်း ဗမာတိုင်းရင်းသား အမည်ခံယူခဲ့တယ်။ ၂ဝ၁ဝ ပြည့်နှစ် အောက်တိုဘာ ၂ဝ မှာ ပြည်ထဲရေးဝန်ကြီး ဌာနက မုန်းဝန်းတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်း ပေးခဲ့ပြီး တာမိုးညဲမြို့မှာ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်း ရေးမှူး (၁) ကိုယ်တိုင်ဖွဲ့စည်း ပေးခဲ့တယ်လို့ ဆိုပါတယ်။

၂ဝဝ၉ ခုနှစ်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနက တာမိုးညဲဒေသဗမာတိုင်းရင်း သားတွေ ကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးတဲ့အခါ လူမျိုး နေရာမှာ”မုန်းဝန်းတရုတ်” အစား မုန်းဝန်းဗမာ/ဗုဒ္ဓဘာသာ လို့ဖော်ပြပြီး စာရင်းရေးသွင်းခဲ့တယ်။ ဒီမတိုင်ခင် ထုတ်ပေး ခဲ့တဲ့ မှတ်ပုံတင်တွေမှာ လူမျိုးနေရာတွေကို ပြင်ဆင် ပေးခဲ့ ခြင်းမရှိဘူး၊ ၂ဝဝ၃ ခုနှစ်မှာ မှတ်ပုံတင်လုပ် ပေးတုန်းက လူမျိုးနေရာမှာ မုန်းဝန်းလို့သာ ဖော်ပြခဲ့တာကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသတ် မှတ်ပေးခဲ့တဲ့ဒေသခံတွေက လဝက ဝန်ကြီးဆီတင်ပြခဲ့တယ်လို့ တတိယအချက်မှာ ဖော်ပြပါတယ်။
လားရှိုးမြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာနမှာ ၂ဝ၁၅ ခုနှစ်ဇူလိုင်လ ၆ ရက်က ပြု လုပ်တဲ့ တာမိုးညဲဒေသ (မုန်းဝန်း) ဗမာတိုင်းရင်းသား ယဉ်ကျေးမှုပြခန်းတစ်ခန်း ပြသ နိုင်ရေးအစည်းအဝေးမှာ ဒေသခံရှမ်း၊ တအာင်း (ပလောင်)၊ ”ဝ”၊ ကချင်၊ ကိုးကန့်၊ မြောင်ဇီး (ခ) မှုန့်၊ လီဆူး၊ လားဟူ၊ ဗမာ၊ ဗမာ (မုန်းဝန်း) ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်၊ ကိုယ်စားလှယ် ၅၇ ဦးက တာမိုးညဲဒေသ (မုန်းဝန်း) ဗမာတိုင်းရင်းသားဖြစ်တည်မှုကို ထောက်ခံတယ်လို့ စတုတ္ထအချက်မှာ ဖော်ပြခဲ့ပါတယ်။

ပဉ္စမအချက်မှာဖော်ပြထားတဲ့အရာက လဝက ဝန်ထမ်းဟာ နိုင်ငံတော်အကြီးအကဲများ၏လမ်းညွှန် ချက် ကို မသိဘဲ မုန်းဝန်းလူမျိုးလို့ မှတ်ပုံတင်မှာဖော်ပြခဲ့တဲ့ အတွက်ကွတ်ခိုင်မြို့နယ်၊ မဲဆန္ဒနယ် မှာ ဆန္ဒမဲပေးခွင့်ရှိတဲ့ တားမိုးညဲဒေသ မုန်းဝန်း (ဗမာ) တိုင်းရင်းသား ၆ဝဝဝဝ ကျော်ရှိတဲ့အထဲမှာ ဗမာတိုင်းရင်းသား ကိုယ်စားလှယ် လောင်းကို မုန်းဝန်း (ဗမာ) ၆၂ဝ ကျော်သာမဲပေးခွင့်ရှိခဲ့ တယ်။ ရွေးကောက်ပွဲကော်မရှင်က မုန်းဝန်း (ဗမာ) တွေကို မဲပေးခွင့်ပြုခဲ့ပေမယ့် မှတ်ပုံတင်မှာ မုန်းဝန်း/ မြန်မာ၊ မုန်းဝန်း / တရုတ်၊ မုန်းဝန်း/ဗုဒ္ဓလို့ဖော်ပြခံရသူတွေ မဲပေးခွင့် မရခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။
ဒီအတွက်မှတ်ပုံတင်မှာ ဖော်ပြပြီးဖြစ်တဲ့လူမျိုးနေရာ တွေမှာ မုန်းဝန်း (ဗမာ) သတ်မှတ်ပေးဖို့နဲ့ နိုင်ငံသား စိစစ် ရေးကတ်ပြား မှတ်ပုံတင်တွေကိုအစားထိုးလဲလှယ်ပြင်ဆင်ပေးဖို့နောက်ဆုံးအချက် မှာဖော်ပြထားပါတယ်လို့ နေထွန်းနိုင်နဲ့ စည်သာ (တောင်ကြီး) တို့က Eleven Media မှာ ဖော်ပြခဲ့ပါသေးတယ်။

၂ဝ၁၄ သန်းခေါင်စာရင်းကောက်ယူချိန်မှာ နိုင်ငံသား အစ္စလာမ်တွေအတွက် သီးခြားသတ်မှတ် ပေးတဲ့ ကုတ် နံပါတ် (code.no) မရှိခဲပါဘူး၊ တိုင်းရင်းသားမျိုးနွယ် မဟုတ်သူတွေ ဖြည့်စွက်ရ တဲ့နံပါတ် ၉၁၄ မှာ ရေးသွင်းခဲ့ရပါ တယ်။ နှစ်ပေါင်း ၃ဝ ကျော်အတွင်း ပထမအကြိမ် ပြည်လုံး ကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို ၂ဝ၁၄ ခုနှစ် မတ် လ ၂၉ ရက်နေ့ကစတင်ခဲ့ပြီး ဒီဇင်ဘာ ၁၄ မှာပြီးဆုံးခဲ့တာ ပါ။ ဒီစီမံကိန်းကို UNFPA လို့ခေါ်တဲ့ ကုလသမဂ္ဂ လူဦးရေ ဆိုင်ရာ ရံပုံငွေအဖွဲ့ အကူညီပေးခဲ့တာပါ။ မြန်မာမွတ်စလင် တွေဟာ ဒီသန်းခေါင်စာရင်းစီမံကိန်းကို အကြောင်းခံပြီး အုပ်စုများစွာ ကွဲထွက်သွားပါတယ်။ မိမိတို့နဲ့ ဆက်စပ်ရာ၊ မျိုးနွယ်တူရာအလိုက် တိုင်းရင်းသားတွေ စာရင်းမှာ အား ဖြည့်ခဲ့ကြပြီး တချို့ကလည်း ပသီဆိုတဲ့ခေါင်းစဉ်အောက်မှာ ၉၁၄ နဲ့ ရေးသွင်းခဲ့ သလို တချို့လူမျိုးစုတွေကလည်း ကျူလီယာ၊ စူရတီ၊ မေမန်၊ ပထန်၊ ဘင်္ဂါလီစသည်ဖြင့် ရေးသွင်း ခဲ့ပါတယ်။ ဒီလိုကောက်ယူမှုအပြီးမှာ မြန်မာနိုင်ငံ မှာရှိတဲ့ လူဦးရေကျား/မ အရေအတွက်၊ ပြည်နယ်နှင့် တိုင်းအသီးသီးမှာ နေထိုင်ကြတဲ့ လူဦးရေနဲ့ပညာရေး၊ ကျန်းမာရေးစတဲ့အချက်တွေ အပြင် ဘာသာရေးနဲ့ ကိုးကွယ် မှုဆိုင်ရာ အချက်အလက်တွေလည်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လူမျိုးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ယခု ထိတိုင်အောင်မထုတ်ပြန်နိုင်သေးပါဘူး။ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဝင် ၂ သန်းကျော်ရှိပြီး လူဦးရေအချိုးအစားအရ ၄.၃ ရာခိုင်နှုန်းရှိတယ်လို့ကြေငြာခဲ့ပါတယ်။

ဒါပေမဲ့ ဒီကြေ ငြာချက်ကို မွတ်စလင်အဖွဲ့အစည်းခေါင်းဆောင်တွေ အပါ အဝင် နိုင်ငံသားအစ္စလာမ်တွေက သံသယရှိကြပါ တယ်။ ဒါပေမဲ့ တိုင်းရင်းသားလူမျိုးများနဲ့ စပ်လျဉ်းတဲ့ပြဿနာ ရပ်ဟာ (၃) နှစ်ကျော်တိုင်အောင် မဖြေရှင်းသေးနိုင်တာ ဟာ ပြဿနာရပ်တစ်ခုဖြစ်ပြီး ထိုစဉ်က ဝန်ကြီး ဦးခင်ရီ ကိုယ်တိုင်က အခု အားလုံးပြောနေကြတဲ့ ၁၃၅ မျိုးထက် (၅) ဆလောက်ရှိနိုင်တယ်ဆိုတာကို ထုတ်ပြောခဲ့ပေမဲ့ အခု ထက်ထိ ၁၃၅ မျိုးကိုင်စွဲပြီး ပြောနေကြတဲ့ခေါင်းဆောင် တွေ ဖြစ်အင်ဟာ အံ့သြစရာပါပဲ။

လဝကဝန်ကြီးဌာန အတွင်းဝန် ဦးမြင့်ကြိုင်က မုန်းဝန်း တရုတ်တွေကို မုန်းဝန်းဗမာလို့ သတ်မှတ် တဲ့ ကိစ္စ ဟာ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ အခန်း (၂) အရ နိုင်ငံ တော်သမ္မတက နိုင်ငံတော် အကျိုးဌာလုပ်ပိုင်ခွင့်အရ သတ် မှတ်ခဲ့တာလို့ ထိုစဉ်က 7 Day သတင်းစာကို ပြောခဲ့ပါ တယ်။ ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေ အခန်း (၂) ပုဒ်မ-၄ မှာ ”မည်သည့်မျိုးနွယ်စုသည် တိုင်းရင်း သား ဖြစ် သည် မဖြစ်သည်ကို နိုင်ငံတော်ကောင်စီမှ ဆုံးဖြတ်နိုင် သည်” လို့ ဆိုထားတဲ့အတွက် ဒီလုပ်ပိုင်ခွင့်ကို သုံးလိုက်တာ နဲ့စပ်လျဉ်းပြီး ဥပဒေဆိုင်ရာအမေးတွေ ပေါ်ပေါက်ခဲ့ပါ တယ်။ နိုင်ငံသားဖြစ်မှုသည်သစ္စာခံသည့် အမူအရာများ (Guestures) ပြရုံဖြင့် ချီးမြှောက်ထိုက်သော ဆုလာဒ်ဖြစ် သည်ဆိုလျှင် ယင်းမျိုးနွယ်စုထက်ပိုမို၍ နိုင်ငံကို သစ္စာရှိခဲ့ သူများကိုရော မချီးမြှောက် သင့်ဘူးလား ဟူ၏။ ထို့အပြင် စစ်တပ်ကို အကူအညီပေးရုံနဲ့ မျိုးရိုး၊ မျိုးနွယ်ကို သက်သေ ခံရန် တရားဥပဒေဆိုင်ရာလိုအပ်ချက်သည် အရေးမပါ တော့သော စက္ကူတစ်ရွက်သဖွယ်ဖြစ် သွားခြင်း ပင်တည်း။ ဥပဒေပါစာသားအတိုင်း သမ္မတဟောင်း ဦးသိန်းစိန်၏ လုပ်ရပ်သည်နိုင်ငံတော် ကောင်စီ၏ လုပ်ရပ်မဟုတ်ကြောင်း လည်း ပြောဆိုဝေဖန်ကြပြန်၏။ ဒါ့အပြင် လဝကညွှန်ကြား ချက်စာအရ ဦးတီခွန်မြတ် (ယခုပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ) နဲ့ ဦးမြင့်လွင် (ခေါ်) ဝမ်းကောင်းတော့တို့ အနိုင် ရခဲ့တဲ့ ကွတ်ခိုင်မဲဆန္ဒနယ်တစ်ခုတည်းမှာ တင်မဲပေးပိုင်ခွင့် ရှိခဲ့သူ မုန်းဝန်းတရုတ် ၆ဝဝဝဝ ကျော်ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေလည်း ရှိနေပါတယ်။ ၂ဝ၁၄ သန်းခေါင်စာရင်းကောက်ယူချိန်မှာ မုန်းဝန်းကို တိုင်းရင်း သားလူမျိုးစုတစ်စုအဖြစ် သတ်မှတ်ခြင်းမရှိဘဲ တိုင်းရင်း သားမျိုးနွယ်မဟုတ်သူတွေ ဖြည့်စွက်ရတဲ့ကုဒ်နံပါတ် ၉၁၄ မှာပဲ ဖြည့်စွက်ခဲ့ရပေမဲ့အကယ်၍ မုန်းဝန်းတရုတ်များဟာ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့မသိမ်းပိုက်မီ ၁၈၂၃ ခုနှစ် မတိုင်မီကပင် ရောက်နေသူများ အမှန်တကယ်ဖြစ်ခဲ့ကြ လျှင် ယနေ့ မုန်းဝန်းဗမာအဖြစ် ၂ဝ၁၆ ခုနှစ်တိုင်အောင် တိုင်းရင်းသား/ နိုင်ငံသားအဖြစ်ရရှိရန် စောင့်ဆိုင်းခဲ့ရခြင်း မှာ မထိုက်တန်လှပေ။ ယခင် ၁၉၇၄ ခုနှစ်ထုတ်ပြန်ချက် တိုင်းရင်းသားမျိုးနွယ် (၁၄၄) မျိုးရော၊ ၁၉၈၂ ခုနှစ်ထုတ်ပြန် ခဲ့တဲ့ တိုင်းရင်းသားမျိုးနွယ် (၁၃၅) မှာ မပါဝင်ခဲ့တဲ့ မုန်းဝန်း ဗမာတို့ရဲ့ (၁၃၆) မြောက်တိုင်းရင်းသားဖြစ်လာခြင်းကို ကြိုဆိုရမည်သာ။

မြန်မာမွတ်စလင်နဲ့ကင်းကွာလို့မရခဲ့တဲ့ မြန်မာ နိုင်ငံရဲ့ အစကနဦးထူထောင်ခဲ့တဲ့…..
– အနော်ရထာဘုရင်ရဲ့ပထမမြန်မာနိုင်ငံတော်
-ဘုရင့်နောင်ကျော်ထင်နော်ရထာရဲ့ ဒုတိယ မြန်မာ နိုင်ငံတော်
– အလောင်းဘုရားရဲ့ တတိယမြန်မာနိုင်ငံတော်
– ကိုလိုနီနယ်ချဲ့လွတ်လပ်ရေးသမိုင်း
– စစ်အာဏာရှင်အောက်မှလွတ်မြောက်ရေးသမိုင်း မှသည် ယနေ့ခေတ်သစ် ဒီမိုကရေစီတိုက်ပွဲထိတိုင်အောင် သမိုင်းအဆက်ဆက် နိုင်ငံအပေါ်သစ္စာရှိစွာ အသက်ပေး ခဲ့ကြတဲ့ နိုင်ငံသားအစ္စလာမ်တို့ရဲ့သစ္စာရှိမှု သမိုင်းအစဉ် အလာကို မချွင်းမချန်အသိအမှတ်ပြုသင့်နေပါပြီ၊ အချိန် တန်ခဲ့ပါပြီ။ တိုင်းရင်းသားလူမျိုးစာရင်းထဲမှာ ရှိရာကနေ၊ သမိုင်းဖျောက်ဖို့အတွက် မရှိခြင်း ကိုပြုလုပ်ခဲ့တဲ့ အာဏာရှင် ဦးနေဝင်းလို သေးသိမ်တဲ့စိတ်ဓာတ်တွေကို ဖယ်ရှားပြီး ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန် သော အစ္စလာမ်ဘာသာဝင်များသည် အမှန်စင်စစ် တိုင်းရင်းသားများဖြစ်ကြ သည်ဟူ၍မိန့်ကြားခဲ့သော မြန်မာ့ ပထမဦးဆုံးသမ္မတကြီး ဒေါက်တာ ဦးဘဦး ကဲ့သို့ လူသား ချစ်စိတ်များမွေးမြူရင်း မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြကုန်သော နိုင်ငံသားအစ္စလာမ်များကို မြန်မာ-မွတ်စလင်တည်းဟူသော တိုင်းရင်းသားမျိုးနွယ်စုအဖြစ် မူလဘူတရှိရင်းစွဲအတိုင်း ပြန်လည်အသိအမှတ်ပြုပေးပါရန် တိုက်တွန်းတောင်းဆို လိုက်ရပါသည်ခင်ဗျား။

https://m.facebook.com/story.php?story_fbid=1485473728234346&id=714912165290510

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ‘မုန်းဝန်းဗမာ’နှင့်သမိုင်းဖျောက်ခံခဲ့ရတဲ့ ‘မြန်မာ-မွတ်စလင်’”

Post a Comment

Related Posts Plugin for WordPress, Blogger...