Thursday, January 24, 2019

လွတ်​လပ်​​ရေးကျိန်​စာ.....၃

,
ဆင်ဖြူ များရှင် ဘုရင့်နောင်ကွယ်လွန်ပြီး၁၉နှစ်ကြာ
တဲ့အခါ ပြစရာမကျန်တော့တဲ့ဟံသာဝတီအင်ပါယာကြီး
နဲ့ ဆက်ခံသူသားမြေးအဆက်ဆက်တို့ရဲ့ ဓားသွားချင်း
ယှဉ်၊ဖက်ပြိုင်အုပ်စီးဖို့ကြိုးပမ်းကြတဲ့အခါ
တပ်မတော်အင်အားရှိမှ ငါအင်အားရှိမယ်ထင်ပြီး
မိုက်တွင်းကိုယ်စီအပြိုင်တူးကြတဲ့ခေတ်ဟာ မြန်​မာ
တွေတိုင်းနဲ့ပြည်​နဲ့ဆင်​နဲ့ပလ္လင်​နဲ့ဖြစ်​လာတဲ့​အေဒီ၁၁ရာ
စုကတည်းကပါပဲ။

အခြေနေအချိန်ခါနဲ့မညီညွတ်တာတွေကို အထူးသဖြင့်
ပြုပြင်ရပါတော့မယ်။ခေတ်အဆက်ဆက် တိုင်းပြည်
ကျွန်းခံနေတဲ့နေရာနဲ့ဇစ်မြစ်ကိုသိရမယ်။ရှင်ဘုရင်
ရူးတွေရဲ့ ရှေ့ ဆောင်မှုကို ရောယောင်လိုက်ပြီး
မိုးခါးရည်သောက်မိလို့ ယနေ့မျက်မျောက်ခေတ်မှာ
တစ်မျိုးသားလုံးပြန်ရုန်းမထနိုင်အောင်ဘုန်းဘုန်းလဲ
ရုံမက သံသရာအဆက်ဆက်သူတို့နဲ့အတူ အပယ်လေး
ဘုံမှာ တစ်လှေတည်းစီးရဦးမယ်ထင်တာပါပဲ။ဒါကြောင့်
လက်ရှိအာဏာရှင်စနစ်ရဲ့ ဝိဥာဏ်မြင်ချင်ရင် သူ့ရဲ့ 
မူလဇစ်မြစ်ဖြစ်တဲ့ ပဒေသရာဇ်စနစ်သရုပ်မှန်ကို
ဆန်းစစ်ကြည့်သင့်တယ်လို့ထင်​တယ်​။

မူလသက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကြီး ချုပ်ငြိမ်းသွားခဲ့
ပီဖြစ်ပေမယ့် ဘဝမကူးနိုင်သေးဘဲ မြန်မာပြည်ထဲမှာ
တစ်ဝဲလည်လည်နဲ့ မှီခိုရာ ကွန်းအသစ်၊ပလ္လင်အသစ်
ရှာနေသေးတဲ့သူ့ဝိဥာဏ်ကိုမြင်နေရတယ်​။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီဆိုတာနဲ့ ဗြိတိသျှ ဟာ
မျက်ဖြူ စိုက်လာပါတော့တယ်။ဒီအခါ မြန်မာမျိုး
ဗီဇဓာတ်ခံ ရဲ့ စေ့ဆော်မှုကြောင့် တိုက်ချင်ခိုက်ချင်စိတ်
တွေနဲ့မရိုးမရွဖြစ်လာတယ်။သခင်မျိုး​ဟေ့ ဒို့ဗမာ ဆိုပြီး
ရှေးအစဉ်အလာအမျိုးသားရေးအစွဲအလမ်းနဲ့လှုံ့ ဆော်
စည်းရုံးတောင်းဆိုကြပြီးတဲ့နောက် စစ်အပြီးမှာ
သခင်​​အောင်​ဆန်းနဲ့တန်​ဖိုးရှိလူသား၉ဦးရဲ့ အသက်​ကို
ပေးဆပ်​ရပြီး လွတ်လပ်ရေးတကယ်ရရှိသွားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးဟာ အရာရာကိုပြောင်းလဲပစ်လိုက်
ပါတယ်။ယဉ်ကျေးမှုအသစ်၊ဆက်ဆံရေးအသစ်၊နိုင်ငံရေး
အသစ်၊ပထဝီအသစ်၊အုပ်ချုပ်ရေးစနစ်သစ်နဲ့နည်းပညာ
အသစ်တွေကို အစားထိုးလဲလှယ်တာကို ကိုယ့်နိုင်ငံသား
အများစုက မသိလိုက်ကြဘူး။အဲဒီလိုမသိတာကို ပဲ
ကိုယ့်အတွက် အခွင့်အလမ်းလို့ယူဆတဲ့ နိုင်ငံရေး
ခေါင်းဆောင်အသီးသီးနဲ့နိုင်ငံရေးအင်အားစုအသီးသီး
ဟာ လွတ်လပ်ရေးရအောင် ငါတို့ရှေ့ ဆောင်တာ၊
ငါတို့လုပ်လိုက်တာလို့ယုံကြည်ယူဆလိုက်​ကြ​သေးတာပါ။
ဒါကိုသီချင်းနဲ့ပါဂုဏ်ပြု လိုက်ပါသေးတယ်။

" ကြိုးကြိုးစားစား ဒို့အမျိုးသားစစ်သည်၊ဇွဲသတ္တိ
တို့ညီ၊....."
အစချီကာ မွန်မြတ်တဲ့တပ်မတော်ရှေ့ ကိုချီ
တပ်မတော်သာလျှင်နိုင်ငံ့အကျိုးကိုစွမ်းဆောင်နိုင်ပေ
လိမ့်မည်..... လို့အဆုံးသတ်ပြီး အစိုးရဖွဲ့နိုင်တဲ့
အင်အားစုက သူ့စစ်တပ်ကိုဂုဏ်တင်တဲ့သီချင်းပါ။

အဲဒီအလိုက်နဲ့အဲဒီသီချင်းကိုပဲ ကွန်မြူနစ်အုပ်စုက
ပစ္စည်းမဲ့စာသားထည့်ပြီးလှော်ပြန်ပါတယ်။
တကယ်တော့ဒါဟာ မြန်မာ့လွတ်လပ်ရေးရအောင်
ငါတို့ရှေ့ ဆောင်တိုက်ခိုက်လာတာလို့အပြိုင်
အဆိုင်မဏ္ဍပ်တိုင်  တက်ပြနေကြတာသာဖြစ်တယ်။
အဆုံးစွန်အောင်မြင်မှုရဖို့စစ်တိုက်ယူရတယ်၊
အကြမ်းနည်းနဲ့အောင်မြင်မှုကို သို့မဟုတ် ရည်မှန်း
ချက်ကိုပေါက်မြောက်အောင်လုပ်ရတယ်လို့အသေ
စွဲမှတ်ထားတဲ့ အတွေးခေါ်ဥခွံတစ်ခုတည်းကအတူတကွ
ပေါက်ဖွားလာကြောင်း ကိုယ်တိုင်ဝန်ခံနေကြသလိုဖြစ်
နေတယ်။ဒီတစ်ခုတည်းတူတယ်မထင်နဲ့။အစိုးရက
လက်နက်ကိုင်​အင်အားစုကိုသူပုန်ဆိုပြီးအမြစ်ပြတ်
ချေမုန်းရေးပေါလစီကိုချမှတ်ကျင့်သုံးသလို
သူပုန်ကလည်း သူတစ်ပါးဆီကတင်သွင်းလာတဲ့
အတွေးခေါ်ကို ဘုရားပေးကျမ်းပမာ ဘာသာပြန်ထား
တဲ့ စကားလုံးနဲ့ လူတန်းစားရန်သူကို ရန်၊ငါစည်းခြား
ပြီး မစေ့စပ်စတမ်းတိုက်ရမယ်လို့ သဘောထား
ထုတ်ပြန်တာပါပဲ။

အလားတူ ပါရမီရှင်သခင်အောင်ဆန်းဟာ စစ်တိုက်ဖို
့မွေးလာသူမဟုတ်ပါ။စစ်သားဆိုကတည်းက အမိန့်နာခံ
ဖို့အသင့်ဖြစ်ရမယ်။သို့သော် ကိုအောင်ဆန်းဟာ အဲဒီ
လိုအမိန့်နာခံပြီးသူတစ်ပါးဦးဆောင်မှုနောက်က
မျက်စိမှိတ်လိုက်ပါတတ်တဲ့လူစားမဟုတ်ကြောင်း
တိုတောင်းလှတဲ့သူ့ဘဝသမိုင်းက သက်သေပေးနေပါ
တယ်။ရှေ့ ကဦးဆောင်ပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့
လမ်းစဉ်ကိုအထူးသတိပြုလုပ်ကိုင်ခဲ့ကာဦးဆောင်ခဲ့
တယ်။စစ်တိုက်​ဖို့လိုတဲ့အခါ စစ်တိုက်ပြီးစည်းရုံးမှုကို
ရယူတယ်။ကိုယ်တိုင်တော့စစ်ပွဲတစ်ပွဲမှတိုက်ခဲ့တာ
မဟုတ်ဘူး။လက်နက်ကိုင်အင်အားနဲ့ဖြေရှင်းလို့
အလုပ်မဖြစ်နိုင်ဘူးလို့ယူဆတဲ့အချိန်ရောက်တော့
စစ်တပ်ရော စစ်သေနာပတိရာထူးကိုပါစွန့်လွတ်ပြီး
ညီညွတ်ရေးအတွက်ကြိုးပမ်းခဲ့သူဖြစ်တယ်။
ဘာသာစကားမတူ၊ယဉ်ကျေးမှုမတူ၊ကိုးကွယ်ရာ
လည်းမတူတဲ့လူမျိုးအသီးသီးရယ်၊နိုင်ငံရေးလမ်း
စဉ်နဲ့ရပ်တည်ချက်ကွဲလွဲတဲ့အဖွဲ့စည်းအသီးသီးရယ်ကို
ပါ စည်းရုံးမှဖြစ်မယ်ဆိုတဲ့အသိကိုသိရှိတဲ့အတွက်ဦး
ဆောင်ကြိုးပမ်းစည်းရုံးပြခဲ့တယ်။ဒါဟာရှင်းလင်းပြတ်
သားတဲ့သူ့သမိုင်းနဲ့သူ့ပါရမီပဲ။

ဒါကိုနိုင်ငံသားအများစုမသိဘူး။သိကိုးမသိကြတာ။
တို့ရာဇဝင်ထဲက အနော်ရထာ၊ဘုရင့်နောင်နဲ့အလောင်း
ဘုရားနဲ့အတူတူပဲ။ဘုန်းရှင်ကံရှင်ရယ်လို့မှတ်ယူထား
ကြတာ။ဒါကြောင့် ဘုန်းတန်ခိုးအာနုဘော်လွှမ်းမိုးလို့
အစချီတဲ့သီချင်းစာသားနဲ့ထည့်သွင်းဂုဏ်ပြု ထား
တာဖြစ်တယ်။သို့သော် ကိုအောင်ဆန်းနဲ့အလုပ်အတူ
တွဲလုပ်ခဲ့တဲ့ ဘော်ဒါတွေဒီအချက်ကိုမသိဘူးဆိုတာ
တော့မဖြစ်နိုင်ဘူး။

နိုင်ငံသားပြည်သူတစ်ရပ်လုံးသိရှိလာအောင်ပြန်လည်
ရှင်းပြဖို့ ပဲ့ပြင်ပေးဖို့စိတ်ကူးမရှိခဲ့ကြဘူး။သူ့နာမည်
သူ့ရုပ်ပုံတွေကိုအလွဲသုံးစားလုပ်ပြီး ကိုယ့်လမ်းကို
သူ့လမ်းပမာ လိမ်လည်လှည့်ဖြာကာဆွဲခေါ်သွားခဲ့ကြ
တာပါပဲ။ဒါအပြင် သခင်အောင်ဆန်းကို ဗိုလ်ချုပ်
အောင်ဆန်း လို့အသေစွဲခေါ်ခဲ့ကြတယ်။စစ်ဝတ်စုံ
ဝတ်ထားတာကိုပဲ မျက်စိထဲစွဲနေတယ်ဆိုတာပေါ်လွင်
နေပါတယ်။လူပုဂ္ဂိုလ်က မှိန်နေပြီး ဗိုလ်ချုပ် ဆိုတဲ့
ရာထူး နဲ့စစ်ဝတ်စုံက ပိုထင်ရှားနေတယ်။ဗိုလ်ချုပ်
ဈေး၊ဗိုလ်ချု ပ်လမ်း၊ဗိုလ်ချုပ်ပန်းခြံ၊ဗိုချုပ်ကြေးရုပ်
စသည့် အဲဒီလိုဖြစ်သွားတော့မှ အဲဒီရာထူးနဲ့အခွံထဲကို
ဝင်ကစွပ်တွေ၊ရာဇဝတ်သားတွေ၊ဒုစရိုက်သမားတွေ၊
အကျင့်ပျက်တွေနဲ့ဗာလနံတွေအလှည့်ကျဝင်လာ
တော့တာပါပဲ။မယုံရင် မဆလခေတ် က ဆိုရှယ်လစ်
ဘောင် လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား ဆိုပြီး
ခပ်တည်တည်နဲ့ဖြီးတဲ့စနစ်ကြီးကို ယနေ့ လူလတ်ပိုင်း
တွေနဲ့လူကြီးပိုင်းတွေသိကြမှာပါ။

အဲဒီဗိုလ်ချုပ်ဆိုတဲ့သူတွေ ဆဲဆို၊ပါးရိုက်​၊ လုယက်၊
ဖမ်းဆီး၊သတ်ဖြတ်အနိုင်ကျင့်သမျှ တစ်မျိုးသားလုံး
ခါးစီးခံကြရတယ်။နိုင်ငံသားမဟုတ်ဘဲ မြန်မာနိုင်ငံ
ရေးကိုအထူးပြု လေ့လာပြီးဘေးကစောင့်ကြည့်နေ
သူတစ်ယောက်သာဖြစ်ခဲ့ရင် ခံရတာနည်းတောင်
နည်းသေးတယ် လို့ မှတ်ချက်ပေးလိမ့်မယ်ထင်တယ်။

ဘုရင့်နောင်လိုအင်ပါယာအရှင်သခင်အဆက်ဆက်နဲ့
သူတို့သားမြေးတွေ ပလ္လင်ပေါ်က နေသွားဖြဲ၊နှာမှုတ်၊
လက်သည်းထုတ်၊ချို​သွေးကြတဲ့အကြောင်း အဆင့်
ဆင့်ပြောသမျှ ကြားရသမျှကို ကိုယ့်အကြောင်းမှတ်ပြီး
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှါန်းနဲ့ တို့စည်း၊တို့ထီး၊
တို့ခရိုင်  ခိုင်ခိုင် အံခဲ လက်သီးဆုတ်ကာမာန်တက်ခဲ့
ကြတယ်။အဲဒီ ခိုင်ခိုင် မြန်မာပြည်ဆိုတာ ဘယ်ခေတ်
ဘယ်သူ့လက်ထက် က များဖြစ်ခဲ့ဖူးလဲ ဆိုတာတော့
မဆန်းစစ်ကြတော့ဘူး။စစ်ပွဲတွေနဲ့တန်ဆာဆင်တဲ့နိုင်ငံ
ဘယ်လိုခိုင်မှာတုန်း။ဘုရင့်နောင်ရဲ့ အင်ပါယာဟာ
၁၆ရာစုအလယ်ကိုစွန်းထွက်လာပြီးမှ  ဟံသာဝတီ
နိုင်ငံတော်လို့ပြောနိုင်တဲ့ အဆင့်ကိုရောက်တာ။
၁၆ရာစုလည်းကုန်ရော နေပြည်တော်တောင် ပြစရာ
မကျန်ဘူး။ဒီတော့ နောင်မျိုးဆက်တွေဘာလုပ်ကြ
တယ်ထင်တုန်း။လွန်ခဲ့တဲ့နှစ်၅၀တုန်းကလို အပြိုင်
အဆိုင်အင်အားစုပြီး ၁၇ရာစုကို စစ်ပွဲတွေနဲ့ကြိုဆို
ပါတော့တယ်။ဒါကြောင့်မြန်မာပြည်အကြောင်းပြောရင်

ဖြစ်-တည်-ပျက်

ဆိုပြီးသံသရာလည်နေတဲ့ဖြစ်စဉ်ထဲက ကြား
ကွပ်လပ်ရှိသမျှ  စစ် တစ်လုံးထပ်ဖြည့်ပေးရမလို
ဖြစ်နေတယ်။စစ်ကြောင့် (ပျက်) သွားရတာကို
ပြန်(ဖြစ်)လာအောင် စစ်နဲ့ဖန်တီးယူတဲ့အခါ စစ်နဲ့
ယှဉ်ပြီး ခဏ(တည်) နေပြီး စစ်ဖျက်လို့ပြန်(ပျက်)
ရတာပါပဲ။ဒီဖြစ်စဉ်ကို ကျနော်တို့ခေတ်စကားနဲ့
ရွာလည်နေပြီ လို့ပြောရင်သိပ်မပေါ်လွင်ဘူး။
တစ်တိုင်းပြည်လုံး လည်နေတာပါ။ဒုတိယကမ္ဘာစစ်​နဲ့
ယှဉ်​ပြီးဖြစ်​​ပေါ်လာတဲ့မြန်​မာ့လွတ်​လပ်​​ရေးဆိုတာ
စစ်​ဖျက်​လို့ပြန်​ပျက်​သွားတာ အခုခင်​ဗျားတို့ကျ​နော်
တို့ မျက်​စိ​ရှေ့ တင်​မြင်​​နေရတာပဲ​လေ။

တကယ်​​တော့ဂျပန်​ကိုသခင်​​အောင်​ဆန်း​ခေါ်သွင်းလာ
တာမဟုတ်​ပါဘူး။ဂျပန်​ဟာ သခင်​​အောင်​ဆန်း​နဲ့မချိတ်
မိရင်​လည်းပဲ မြန်​မာပြည်​ကိုသိမ်းဖို့ရည်​ရွယ်​ချက်​ရှိပြီး
သားပါ။အ​ရှေ့ ​တောင်​အာရှသာတူညီမျှ​ရေးဆိုတဲ့အ​ပေါ်
ယံသကာရည်​​လောင်းထားတဲ့စကား​တွေနဲ့ဘယ်​လိုပဲဖုံးဖုံး
ဂျပန်​ဖက်​ဆစ်​စရိုက်​က အချိန်​ကြာကြာဖုံးထားလို့ရ
ကောင်းတဲ့အရာမျိုးမဟုတ်​ဘူး။တကယ်​လည်း ဂျပန်
တွေမြန်​မာနဲ့တွဲပြီး မြန်​မာပြည်​​အောက်​ပိုင်းက​နေ
သိမ်းလာတဲ့အခါ ရဲ​ဘော်​သုံးကျိပ်​ကို ဘယ်​ဂျပန်​မှ
အသိအမှတ်​ပြု ခဲ့တာမဟုတ်​ဘူး။ဂျပန်​ထားရာ​နေ၊
စေရာသွားရတဲ့အုပ်​စုတစ်​စုပါပဲ။ကာနယ်​လ်​ဆူဇူးကီး
တစ်​​ယောက်​ကလွဲရင်​ဘယ်​ဂျပန်​မှမြန်​မာပြည်
အ​ပေါ်စာနာစိတ်​မရှိခဲ့ဘူး။ဂျပန်​​တွေဝင်​လာ​တော့
ဗြိတိသျှ​တွေတည်​​ထောင်​ခဲ့တဲ့ရန်​ကုန်​မြို့လည်း
အားလုံးပျက်​စီးရတာပါပဲ။အဲဒီ​ခေတ်​တုန်းက စင်္ကာပူ၊
ကွာလာလမ်​ပူနဲ့ပီနန်​တို့ဟာ ရန်​ကုန်​​လောက်​အလုပ်
အကိုင်​အခွင့်အလမ်းမ​ပေါဘူး။ဗြိတိသျှအစိုးရက
အစိုးရ၀န်​ထမ်းအလုပ်​ပဲ​ပေးနိုင်​တာ။အိန္ဒိယသား
လုပ်​ငန်းရှင်​​တွေကသာ အလုပ်​အကိုင်​အခွင့်အလမ်း​ပေး
နိုင်​ခဲ့တာဖြစ်​တယ်​။ဗြိတိသျှက၀င်​လာတဲ့ဂျပန်​ကိုတိုက်
ဖို့​ဝေးလို့ ​အောင်​မြင်​စွာဆုတ်​ခွာဖို့​တောင်​မနည်းစီစဉ်​​နေ
ရတယ်​။ဗမာလူထုက နိုင်​ငံ​ရေးသမားဝါဒဖြန့်​ထားလို့
ဝင်​လာတဲ့ဂျပန်​ကို ကယ်​တင်​ရှင်​လို့မှတ်​​နေတယ်​။

ဂျပန်​၀င်​လာလို့အိန္ဒိယသား​တွေကုန်းလမ်းက​နေအိန္ဒိယ
ကို​ပြေးကြတာ လမ်းမှာတင်​တစ်​၀က်​​လောက်​​သေကုန်
တယ်​။အိန္ဒိယသား​တွေလည်းမရှိ​တော့ ရန်​ကုန်​မြို့ကြီး
ဟာ ညစ်​ပတ်​​တော့တာပဲ။ဂျပန်​၀င်​လာချိန်​ရန်​ကုန်​မြို့
ဟာသုသာန်​တစပြင်​လိုဖြစ်​သွားပြီ။စီးပွား​ရေးပျက်
သွားပြီ။လမ်း​တွေ​မှာလူ​သေအ​လောင်း​တွေနဲ့ပုပ်​ပွ​နေ
တယ်​။သိမ်းမဲ့လူမရှိဘူး။လျှပ်​စစ်​ဓာတ်​အား​ပေးစက်​ရုံကို
ပါ ​ဂျပန်​​လေတပ်​ကဖျက်​စီးထားတာ​ကြောင့်လျှပ်​စစ်​ဓာတ်​အား
ပြတ်​​တောက်​​နေတယ်​။အဲဒီအချိန်​က ဂျပန်​​နောက်
မှာလိုက်​​နေတဲ့ BIA တပ်​သား​တွေနဲ့ ရဲ​ဘော်​သုံးကျိပ်
ဆိုတာ ရိုင်​ဖယ်​၊ဓား၊လှံ၊၀ါးချွန်​​တွေနဲ့သူပုန်​သာသာ
ပါပဲ။ဂျပန်​ကသူ့ထုံးစံအတိုင်းဝင်​လာကတည်းက
သူ့ဖက်​ဆစ်​စရိုက်ကိုပြပြီးဝင်​တာ။ပညာမပါဘူး။BIA
တပ်​သား​တွေက ဘာအာဏာမှမရှိဘူး။လက်​နက်​၊
ယူနီ​ဖောင်းအားလုံး ဂျပန်​တပ်​သား​တွေနဲ့နှိုင်းစရာ
မရှိ​အောင်​နိမ့်​တယ်​။ဂျပန်​​ခေတ်​လည်း​ရောက်​​ရော
ဗမာ့ရိုးရာစရိုက်​ဆိုးက​ပေါ်​တော့တာပဲ။

အစိုးရအုပ်​ချုပ်​​ရေးယန္တယားပျက်​တာနဲ့နှစ်​​ပေါင်း
များစွာရန်​ညိုးဖွဲ့ထားတဲ့အ​သေးအဖွဲကိစ္စ​တွေ၊အရက်
မူးချိန်​ဆဲမိတာ​တွေ၊သူ့လင်​မရှိခိုက်​သူ့မယားနဲ့စကား​ပြော
မိတာ​တွေ၊က​လေးချင်းရန်​ဖြစ်​ရာက​နေလူကြီးချင်းရန်
ဖြစ်​ပြီးရုံးဂတ်​​ရောက်​ထားတဲ့ကိစ္စကအစာမ​ကြေမှု​တွေ၊
အဲဒီလိုလူ့​ဘောင်​လူမှု​ရေးပြဿ     နာ​တွေကိုအစပြန်​​ဖော်
ပြီး ဓားချင်းယှဉ်​ခုတ်​တာ​၊၊​ခြေထိုး​ချောက်​ချတာ​တွေ
လုပ်​လာကြတယ်​။စီးပွား​ရေးမနာလိုရင်​ဓားပြတိုက်
တယ်​။သူများမယားရဲ့ အ​နောက်​ပိုင်းကို ကြံစည်​​နေကြ
သူ​တွေ အခုအုပ်​ချုပ်​​ရေးပျက်​​တော့ သူ့လင်​ကိုဓားနဲ့
ထိုးပြီးသူ့မယားကိုအုပ်​စုဖွဲ့အဓမ္မသားမယားပြုကျင့်
တာ​တွေစတဲ့လုပ်​ရပ်​ဆိုးအမျိုးမျိုးကိုကျူးလွန်​ကြ
တော့တာပါပဲ။တစ်​နည်းအားဖြင့်အမျိုးဂုဏ်
ဇာတိဂုဏ်​​တွေ​ပေါ့။ဒါလည်းမဆန်းပါဘူး။

မြန်​မာ့သမိုင်းနှစ်​တစ်​​ထောင်​မှာ ပုဂံပျက်​၊ပင်းယပျက်​၊
စစ်​ကိုင်းပျက်​၊အင်းဝအကြိမ်​ကြိမ်​ပျက်​၊ဟံသာဝတီပျက်
၊​ကုန်း​ဘောင်​ပျက်​ စတဲ့အပျက်​တိုင်းလိုလိုမှာ ဒီစရိုက်
ကဘယ်​လိုမှဖုံးထားလို့ ထိန်းသိမ်းလို့မရတဲ့စရိုက်​ကြီး
ဖြစ်​​နေလို့ပါပဲ။BIA နဲ့သခင်​​အောင်​ဆန်းတို့အာဏာက
သူ့တပ်​သား၃၀၀၀အ​ပေါ်မှာပဲရှိတာ။ဘယ်​ဂျပန်​ကိုမှ
BIA က အာဏာ​ပေးလို့မရဘူး။အဲဒီ​နောက်​ရန်​ကုန်​မြို့
မှာ ပြည့်တန်​ဆာလုပ်​ငန်းဂျပန်​၀င်​လာခြင်းနဲ့အတူ
စည်​ပင်​လာ​တော့တာပဲ။ဂျပန်​ကလည်းရရင်​ရသလို
ကာမ​သောင်းကျန်းတာ။ဂျပန်​​ကြောင့် အလိုတူတာ​ရော
အလိုမတူဘဲနဲ့​ရော ဗိုက်​ကြီးသွားရတဲ့ ဗမာမ​တွေမနည်းဘူး။
တစ်​ချို့များလို့ ကုမ္ပဏီတံဆိပ်​ပါေ၀၀ါးဝါးဖြစ်​ကုန်
ကြရတယ်​။ဒါ​တွေကို အတိကျမှတ်​တမ်းပြု စုထားတာ
မရှိလို့တိတိကျကျချမပြနိုင်​ဘူး။အဲဒီထဲ​ငွေမက်​တဲ့ဗမာမ
တွေက ရှိုက်​ကြီးဖိုငယ်​အသွယ်​သွယ်​ကိုထုတ်​ပြပြီးဂျပန်
စစ်​ဗိုလ်​ရဲ့ အ​ပျော်​မယားဘ၀ကို ရယူတယ်​။စစ်​ဗိုလ်
အပိုင်​ဆို​တော့စစ်​သားလည်းမျက်​​စောင်းမထိုးရဲဘူး​လေ။
ဝင်​​ငွေလည်း​ကောင်းတယ်​ ​လောကစည်းစိမ်​လည်းရတယ်
ဆို​တော့ ဒီလုပ်​ငန်းလည်းတွင်​ကျယ်​လာတာပါပဲ။ဒါ
သောက်​ပို​တွေစိတ်​ကူးယဉ်​​လျှောက်​​ရေးတယ်​မထင်​နဲ့။
ဂျပန်​​၀င်​စမြန်​မာနိုင်​ငံဆိုတာ ဒီအတိုင်းပဲ။

ရဲ​ဘော်​သုံးကျိပ်​မှာ​ခေတ်​ပညာတတ်​ဆိုလို့ ၃​ယောက်​ပဲ
ရှိတယ်​။သခင်​​အောင်​ဆန်း၊ဗိုလကျာ်​နဲ့ဗိုလ်​ရန်​နိုင်​ပါ။
နေ၀င်းကဆယ်​တန်း​အောင်​​ပေမယ့်ဘွဲ့မရဘူး။
အ​ပျော်​အပါးမက်​လို့ပထမနှစ်​ကျပြီး ​ကျောင်းထွက်
တယ်​။မကြာဘူး တစ်​ရမ်းရမ်းဖြစ်​​နေလို့မိန်းမယူလိုက်​တယ်​​လေ။
ဗဟိုစာတိုက်​မှာဝန်​ထမ်းလုပ်​ရင်းသခင်​ဗစိန်
အစွယ်​​ကောင်းလို့ ရဲ​ဘော်​သုံးကျိပ်​ထဲပါလာတာပါ။
ဂျပန်​ကသူ့စက္ကူစုတ်​​ငွေနဲ့ ဗမာ့ဆန်​ကိုမတရား​ဈေးနှိမ်
ပြီးတပ်​ရိက္ခာလုပ်​လို့ဆန်​​ဈေးကွက်​စုတ်​ပြတ်​သတ်​သွား
တယ်​။နောက်​ဆုံးလူထုပါငတ်​သွားတယ်​။အဲလိုနဲ့
ဆန်​စပါးအများဆုံးထွက်​တဲ့နိုင်​ငံငတ်​သွားတယ်​။

ဒါဟာ ၁၉၈၇မှာ ဆိုရှယ်​လစ်​ဧကရာဇ်​ရဲ့ ဘုန်း​တော်
ကြောင့် ငတ်​ပြတ်​ခဲ့ရတာရဲ့ အစဆိုတာအဲတုန်းက
ဘယ်​သူမှမသိ​သေးဘူး။နောက်​ဆုံး ၁၉၄၂မှာစတင်​တဲ့
မွန်​ပြည်​နယ်​သံဖြူဇရပ်​က ​သေမင်းတမန်​မီးရထာလမ်း
ဖောက်​လို့​သောက်​​သောက်​လဲ​သေကြပြန်​တယ်​။
စစ်​သုံ့ပန်းမဟာမိတ်​တပ်သား​​၁​သောင်း​လောက်
အသက်​​ပျောက်​သွားတယ်​။သံဖြူဇရပ်​က​နေ ဘုရားသုံး
ဆူ​တောင်​ကြားလမ်းကိုဖြတ်​​ကျော်​ပြီး ထိုင်းနိုင်​ငံ Ban Pong အထိ
စုစု​ပေါင်း၁၇၅မိုင်​ရှည်​ရထားလမ်းပါ။
ကင်​​ပေတိုင်​နှိပ်​စက်​လို့​သေတာနဲ့​ပေါင်းရင်​ဂျပန်​​ခေတ်
၅နှစ်​​လောက်​ဟာ ​တော်​​တော်​ရက်​ရက်​စက်​စက်​ပြု ကျင့်
တဲ့ကာလကြီးပါပဲ။အဲ​တော့မှလူ​ပေါင်းမှားပြီဆိုတာသိလို့
သခင်​ကိုယ်​တော်​မှိုင်းကြီးကထပြီး ​အောင်​ဆန်း မင်း​ခေါ်
လာတဲ့​ကောင်​​တွေကို မင်းပြန်​​ခေါ်သွား​တော့ကွာလို့ 
ပြောရှာတယ်​။ဗြိတိသျှအ​ဆောက်​အဦးမှန်​သမျှ
ဂျပန်​စစ်​အစိုးရသိမ်းပြီး ရုံးထိုင်​တယ်​။ဘာပြုပြင်
တည်​​ဆောက်​​ရေးမှဂျပန်​မလုပ်​ခဲ့ဘူး။တံတာတစ်​စင်း
မထိုးခဲ့ဘူး။

၁၉၄၂ခုနှစ်​ရဲ့ ခရစ်​စမတ်​​နေ့မှာ ​လေ​ကြောင်းက​နေ
ရန်​ကုန်​မြို့ကိုထိုးစစ်​နဲ့စတင်​၀င်​​ရောက်​လာကတည်းက
ဂျပန်​​လေတပ်​ဟာ သ​ဘောတရားအတိုင်း အစိုးရနဲ့
စစ်​အ​ခြေစိုက်​ဌာန​တွေ၊စခန်း​တွေကိုသာပစ်​မှတ်​ထား
ရမှာဖြစ်​​ပေမယ့် အရပ်​ဘက်​ဋ္ဌာန​တွေကိုပါပစ်​မှတ်​ထား
ခဲ့တာ​ကြောင့်​သောက်​​သောက်​လဲ​သေကြတာပါပဲ။
စစ်​နဲ့ဘာမှမဆိုင်​တဲ့အရပ်​သား​တွေကိုလည်းရက်​ရက်
စက်​စက်​သတ်​တာပဲ။နောက်​ဆုံးရန်​ကုန်​မြို့ဟာလူ​သေ
အ​လောင်း​တွေစုပုံ​နေတဲ့မြို့ ဖြစ်​သွား​တော့တာပါပဲ။
အိန္ဒိယကိုထွက်​​ပြေးသွားတဲ့ကုလား​တွေ​နောက်​ကို
ဓားပြ​တွေကလိုက်​လုတယ်​။သတ်​တာလုတာ​တွေဖြစ်
ကာလ၀မ်း​ရောဂါနဲ့အခြားကပ်​​ရောဂါ​တွေဖိစီး
လိုက်​တာ တစ်​၀က်​​ကျော်​​ကျော်​​လောက်​လမ်းမှာတင်
နိဂုံးချုပ်​သွားတယ်​။၁၉၄၁ ဒီဇင်​ဘာလမှာကတည်းက
ရန်​ကုန်​မြို့ရဲ့ စည်​ပင်​သာယာမှုအစုစုဟာ နိဂုံးချုပ်
သွားပြီဖြစ်​တယ်​။

ဂျပန်​​ခေတ်​​တောက်​​လျှောက်​ ရဲ​ဘော်​သုံကျိပ်​ဘာလုပ်
နေလဲ​မေးရင်​လက်​ပိုက်​ကြည့်​နေတာ​ပေါ့။သူတို့​တောင်
သူတို့အသက်​ကိုဖက်​နဲ့ထုတ်​ထားရတာ။သူတို့ထဲက
လူ​တွေလည်းရရင်​ရသလို​သောင်းကျန်း​သေးတာပါ။
နောက်​ပိုင်းမှနည်းနည်းစည်းကမ်းရှိလာတာပါ။ဒါဟာ
မြန်​မာစစ်​တပ်​က ​အမွှန်းတင်​တဲ့ရဲ​ဘော်​သုံးကျိပ်​ရဲ့ 
အစ ဖြစ်​ရပ်​မှန်​ပဲ။

၁၆ရာစုတုန်းက ဘုရင့်နောင်ဟာ သူ့အင်ပါယာကို
သူ့သားကြီးနန္ဒဘုရင်ကိုအပ်တယ်။၁၆နှစ်​ပဲခံတယ်​။
မြန်​မာ့သမိုင်းမှာ စစ်​ရည်​စစ်​​သွေးနဲ့စစ်​​ရေးအမြင်​ရှိ
သူပြပါဆိုရင်​ နန္ဒဘုရင်​လိုလူအပြင်​အခြားပြစရာ
မရှိဘူး။အဲဒီလူလက်​ထဲ ၁၆ရာစုတုန်းက ပတ်​၀န်း
ကျင်​တစ်​ခွင်​အင်​အားအကြီးဆုံးဆိုတဲ့ဟံသာဝတီ
အင်​ပါယာ​ရောက်​သွားတဲ့အခါ ဘာဖြစ်​သွားတယ်​ဆို
တဲ့သမိုင်းကတုတ်​ထမ်း​ပြောရတဲ့ပုဂံသမိုင်းမဟုတ်
ဘူး။၁၆ရာစု​သွေးစိမ်းရှင်​ရှင်​နဲ့ရှိ​နေ​သေးတဲ့သမိုင်း
ကြောင်းပါ။

အဲဒီကစရေတွက်ရင် နောက်ထပ်အနှစ်၄၀၀လောက်
ကြာတော့ အဲဒီဧရာဝတီမြစ်ဝှမ်းကပြည်ထောင်စုမှာပဲ
ဘုရင့်နောင် ကိုအလွန်အားကျတဲ့ စစ်ဗိုလ်ချုပ်တစ်ဦး
ကြီးစိုးတဲ့ခေတ်ကိုရောက်ရပြန်တယ်။သူ့မှာလည်း
ထီးမွေနန်းမွေဆက်ခံဖို့ ရည်ရွယ်စီစဉ်တဲ့မြေးတော်လေး
သုံးယောက်ရှိပါတယ်။အဲဒီသုံးယောက်စလုံးဟာ
သူကိုယ်တိုင်ယုံကြည်လွှဲအပ်ထားတဲ့ကိုဖျာခင်း ရဲ
လက်ခုပ်ထဲကရေဘဝ ရောက်သွားရကြောင်းသိလိုက်ရ
ပြီးတဲ့နောက် မှ နှလုံးခုန်ရပ်တန့်သွားခဲ့ရတာပါ။

အဲဒီဗိုလ်ချုပ်ဟာ သူ့ဘဝတစ်လျှောက်လုံးအားကျခဲ့
တာက ဘုရင့်နောင်ဖြစ်ပေမယ့် ဘဝနိဂုံးပိုင်းကိုရောက်မှ
သြော် ငါဟာ တကယ်တော့နန္ဒဘုရင် ဖြစ်နေပါ့လား
လို့သိရပြီးမှ ဇတ်သိမ်းသွားတာပါ။ဒါပေမဲ့ အနော်ရထာ
လိုအလောင်းပါဖျောက်ဖျက်ခံလိုက်ရတဲ့နောက်ဆက်တွဲ
ကိုတော့ သူသိခွင့်ရမသွားခဲ့ဘူး။သူ့အလောင်းကို
အနော်ရထာ့စတိုင်နဲ့ပြောရရင် သိကြားမင်းပဲ မ
သွားတယ်လို့ရေးမလား၊ယမမင်းပဲ ဆွဲချသွား
တယ်လို့မှတ်တမ်းတင်မလား ဆိုတာတော့ သမိုင်းမှန်
တွေကိုပြန်လည်ဖော်ထုတ်နေတဲ့ ခတ္တိယနည်းပညာ
ပြန့်ပွားရေးကုမ္ပဏီလီမီတက် မှာ ပညာရှင်တွေ
ညှိနှိုင်းဆွေးနွေးနေဆဲပဲ။ဘုရင့်​နောင်​ဟာ စစ်​ဘုရင်
အဖြစ်​အနိုင်​ပိုင်းပြီး ​သေခြင်းတရားကိုရင်​ဆိုင်​ခဲ့ရ
သူပါ။သူ့သားကျ​တော့ သူ​မွေးထားတဲ့ သား၁၀
ယောက်​စလုံး အ​သေဆိုးနဲ့​သေ​ကြေခဲ့ကြတာ၊​နေပြည်
တော်​လည်းပြာကျ အလုံးစုံပျက်​သုဉ်းမှုအစုစုကို
အပြည့်အ၀ကိုယ်​တိုင်​မြင်​​တွေ့ခံစားရပြီးကာမှ
ကံ​တော်​ကုန်​သွားတာပါ။

ဒါ​ပေမဲ့ အဲဒီနန္ဒဘုရင်​နဲ့ထပ်​တူ​ခေတ်​သစ်​မဟာဗိုလ်​ချုပ်
ကြီးရဲ့ မြေးတော်လေးသုံးယောက်ကတော့ တစ်ကမ္ဘာ
လုံးဂြိုဟ်တုတွေဝန်းရံပြီးစောင့်ကြည့်နေတဲ့ခေတ်မှာ
လူဖြစ်ခွင့်ရလာတာကြောင့် အမြစ်နုတ်ခံရမယ့်ဘးက
သီသီကလေးလွတ်ခဲ့ရကြောင်းကိုတော့ ဘိုးတော်
ဗိုလ်ချုပ်မင်းတရားကြီးသိမသွားခဲ့ရရှာဘူး။သူတို့
ကိုအမျိုးတုံးသုတ်သင်ဖို့ ကြံစည်ခဲ့သူကလည်း သူတို့
အဘိုးလိုပဲ ဘုရင့်နောင်ကိုအလွန်အားကျတဲ့  နောက်
စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပါတယ်။ဘာကြောင့်အလွန်
အားကျတယ်ပြောရတာလဲ ဆိုတော့ သူတည်ထောင်တဲ့
နေပြည်တော်က လူရုပ်ကြီးသုံးရုပ်ဟာ မြန်မာရာဇဝင်
မှာအလွန်ထင်ရှားတဲ့စစ်ဘုရင်သုံးယောက်ကို
ကိုယ်စားပြုတာမှန်ပေမဲ့ အလယ်ခေါင်က တစ်ရုပ်တည်း
ကသာ မောက်ရူ၊ပါးကာ၊နားကာ၊ဗာလည်ကွေးနဲ့တကွ
စစ်ဝတ်စုံအပြည့်ဆင်မြန်းထားတာ။အဲဒီလိုစစ်တပ်ကို
ကိုယ်စားပြု ထားတဲ့ အရုပ်ရဲ့ မောက်ရူ၊အထွဋ်နဲ့
မှန်ကင်းက ကျန်နှစ်ရုပ်ထက် သိသာစွာမြင့်နေပါတယ်။
(မယုံရင်​​နေပြည်​​တော်​ကွင်း​ပြောင်​​ပြောင်​နဲ့​မေမြို့စစ်
တက္ကသိုလ်​​ရှေ့ ကအရုပ်​၃ရုပ်​ကို​လေ့လာကြည့်​ပေါ့။)
ဒါကြောင့်သုံးရုပ်ယှဉ်လျက်မှာ ကျန်နှစ်ရုပ်က
ဘုရင့်နောင်ကိုရံထားရသလို ဖြစ်နေပြီး အဲဒါငါပဲလို့
ပြောချင်တာထင်ရှားနေတယ်။ငယ်စဉ်တောင်ကျေး
ကလေးဘဝက ကျနော်ဟာ စစ်အုပ်ချုပ်ရေးစနစ်
အောက်မှာ လူဖြစ်ခဲ့ရတာဆိုတော့ အဲဒီသုံးရုပ်ကို
မြင်တိုင်းအားကျစိတ်မဖြစ်ဘဲ ကြောက်ရွှံ့ စိတ်ဖြစ်မိ
ခဲ့တာ ယနေ့အထိမှတ်မိနေပါသေးတယ်။ပေါ့ပေါ့မတွေး
နဲ့ဗျ။အဲဒီအရုပ်ကြီးတွေရဲ့ နောက်ထပ်မျက်လှည့်ပြ
ကွက်တစ်ခုကဘာလဲဆိုရင် လူမျိုးခြားမုန်းတီးရေး
အခြေခံစီမံကိန်းကြီးရဲ့ မူလဇစ်မြစ်ဖြစ်နေသလို
Burmanization ရဲ့ မဟာစီမံကိန်းကြီးလည်းဖြစ်
နေတာပါပဲ။

အဲဒါ ငါပဲလို့ပြောရမယ့်​​​သူရဲ့ ထူးခြားချက်တော်တော်
များများထဲမှာ အထူးခြားဆုံးကတော့သူကြီးစိုးခွင့်ရတဲ့
၁၈နှစ်အတွင်းမြန်မာပြည်ချောင်ကြို ချောင်ကြား
မကျန် သစ်တောတွေအပြောင်ခုတ်သွားရုံသာမက
အမြစ်ပါနုတ်ပြီး ကျေးဇူးရှင်ဆီတင်ပို့ရောင်းချခဲ့တာပါ။
စက်နဲ့ကော်ပြီး နုတ်ယူထားတဲ့သစ်မြစ်ဆုံကြီးတွေကို
အဆမတန်ကားကြီးတွေနဲ့တင်သွားတာမြင်ဖူးရင် မြန်မာ
ပြည်သားတွေမျက်ရည်ကျလောက်ပါတယ်။ဒါတင်မက
အတွင်းသံယံဇာတနဲ့တကွ တောင်ကြီးတွေအလုံးလိုက်
ပြောင်သွားတာကတော့ မြင်လို့သာယုံလိုက်ရပါတယ်
လို့ပြောရမယ့်​​အခြေနေပဲ။အဲဒီလိုမြင်သာတဲ့အပေါ်ယံ
သာမကဘဲ ဆုတ်ကိုင်မပြနိုင်တဲ့နိုင်ငံသားတွေရဲ့ 
အသိဥာဏ်ပညာ၊စောင့်စည်းအပ်တဲ့ကျင့်ဝတ် ဟီရိ၊
သြတပ္ပ၊သီလနဲ့စာရိတ္တပါ ပြောင်သွားအောင်စီမံကိန်း
ချဆောင်ရွက်ရင်း နဲ့ အခွင့်ထူးမှန်သမျှ ဒီနေ့အထိ
မိသားစုလိုက်မျက်နှာပြောင်နဲ့ရယူခံစားနေသူဖြစ်လို့
ဘုရင့်ပြောင်လို့မော်ကွန်းတင်သင့်ပါတယ်​။

ဒါက မြင်တွေရသမျှ့ သမိုင်းထဲက ပုံတူဆက်စပ်မှုတွေ
နဲ့ သင်ခန်းစာတွေကို ကြုံ ကြိုက်လို့ထည့်ရေးဖြစ်သွား
တာမဟုတ်​ဘူး။အကြောင်းအရာတိမ်းစောင်းသွားတာ
လည်းမဟုတ်ပါဘူး။ဒါ​တွေအားလုံးဟာ မြန်​မာ့လွတ်
လပ်​​ရေးကျိန်​စာ​တွေသာဖြစ်တယ်​လို့​ပြောချင်​တာပဲ။
၁၉၄၈မှာရခဲ့တဲ့မြန်​မာ့လွတ်​လပ်​​ရေးဟာ အမျိုးသား
အစိုးရကျွန်​ဘ၀ တစ်​နည်းအားဖြင့် စစ်​ကျွန်​ဘဝ
ကို ကျ​ရော​က်ေ​စမယ့်ကျိန်​စာသာဖြစ်​​ကြောင်းတင်​ပြရင်း....

နေဇင်​လတ်


https://www.facebook.com/100027785653688/posts/245719513030902/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “လွတ်​လပ်​​ရေးကျိန်​စာ.....၃”

Post a Comment

Related Posts Plugin for WordPress, Blogger...