Friday, September 7, 2018

စစ်ခေါင်းဆောင်များ အမျိုးသားနိုင်ငံရေးပါတီဖွဲ့စည်းဟုဆို

,
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ လမ်းညွှန်မှုဖြင့် အငြိမ်းစား စစ်ခေါင်းဆောင်များ အမျိုးသားနိုင်ငံရေးပါတီ ဖွဲ့စည်းဟုဆို
———————————————————————————
Khit Thit Media
BurmaDemocracy, 7 September 2018

ရန်ကုန်၊ စက်တင်ဘာ ၇

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ လမ်းညွှန်မှုဖြင့် အငြိမ်းစားစစ်ခေါင်းဆောင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးမောင်၊ ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်တို့ဦးဆောင်၍ အမျိုးသားနိုင်ငံရေးပါတီ တစ်ရပ်ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီဖွဲ့စည်းမှု တရားဝင်လျှောက်ထားကြောင်း စက်တင်ဘာလ ၇ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် သတင်းစာက သတင်းဖော်ပြသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် စစ်ဥပဒေချုပ်လည်းဖြစ်၊ သမ္မတရုံးဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးစိုးမောင် ခေါင်းဆောင်သော အမျိုးသားနိုင်ငံရေးပါတီတွင် စာရင်းစစ်ချုပ်လည်းဖြစ် ၊၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သည့် အမျိုးသားညီလာခံ ကျင်းပရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဟောင်း ဗိုလ်ချုပ်(ငြိမ်း) ဦးကျော်သူ၊ ဗိုလ်ချုပ်(ငြိမ်း) ဦးသန်းအောင်၊ ဗိုလ်မှူးကြီး(ငြိမ်း) ဦးစိုးဝင်း၊ နအဖကောင်စီရုံးအဖွဲ့ နှင့်အစိုးရအဖွဲ့ အကြီးအကဲဟောင်းများဖြစ်ကြသည့် ဗိုလ်မှူးကြီးဟောင်း ဦးသန့်ရှင်း၊ ဗိုလ်မှူးကြီးဟောင်း ဦးကျော်ကျော်ဝင်း၊ ဗိုလ်မှူးကြီးဟောင်း ဦးမျိုးညွန့်၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဟောင်း ဦးခင်မောင်အေးတို့ ပါဝင်ကြောင်း သိရှိရသည်။

အမျိုးသားနိုင်ငံရေးပါတီ ဖွဲ့စည်းရန် စီစဉ်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းများသည် ကြံ့ခိုင်ရေးပါတီမှ ဦးသိန်းစိန်အုပ်စုနှင့် လည်းကောင်း  ဦးရွှေမန်းအုပ်စုတို့နှင့်လည်းကောင်း ကင်းလွတ်သော ဗိုလ်ချုပ်ဟောင်းများဖြစ်ကြောင်း အဆိုပါသတင်းတွင် ရေးသားဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဦးမြင့်နိုင်က သြဂတ်ြလနှောင်းပိုင်းတွင် ဦးစိုးမောင် အပါအ၀င် ဗိုလ်ချုပ်ဟောင်း တချို့ပါဝင်သော အမျိုးသားနိုင်ငံရေးပါတီ တစ်ရပ် လျှောက်ထားကြောင်း ပြောဆိုထားသည်။

www.khitthitnews.com

https://www.facebook.com/385165108587508/posts/523997508037600/

Khit Thit Media မှကူးယူဖော်ပြပါသည်။ #BurmaDemocracy

0 ယောက်မှတ်ချက်ပြုခဲ့သည် to “စစ်ခေါင်းဆောင်များ အမျိုးသားနိုင်ငံရေးပါတီဖွဲ့စည်းဟုဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...