Wednesday, January 2, 2019

History of Modern Burma....5

,
ကိုလိုနီအရှင်​သခင်​​တွေထွက်​ခွာသွားတဲ့​နောက်
နိုင်​ငံတိုင်းမှာ ကိုလိုနီအ​မွေ လူမျိုး​တွေ၊အ​ဆောက်​အဦး​တွေ၊နည်းဗျူ  ဟာ​တွေ၊ကျန်​ခဲ့တယ်​။ဒါ​တွေကိုအကျိုး
ရှိစွာအသုံးချသွားတဲ့နိုင်​ငံ​တွေဟာယ​နေ့ ကမ္ဘာ​ပေါ်မှာ
သိက္ခာရှိစွာရပ်​တည်​​နေကြပြီဖြစ်​ပါတယ်​။ဒါ​ပေမဲ့
ဧရာဝတီပြည်​​ထောင်​စုက​တော့ ယ​နေ့အချိန်​ထိ
ငါတ​ကော​ကော​နေဆဲ။စုတ်​ပြတ်​​နေဆဲပဲ။မြန်​မာမှာ
လွတ်​လပ်​​ရေးရချိန်​က​နေ ယ​နေ့အထိ အခွင့်အ​ရေး
၃ကြိမ်​ရခဲ့တယ်​။၁၉၄၈လွတ်​လပ်​​ရေးရချိန်​မှာ
မိမိတိုင်းပြည်​နဲ့လူမျိုးကိုဆွဲတင်​ဖို့ကြိုးစားမယ်
ဆိုရင်​အ​ကောင်းဆုံးအချိန်​ပါ။ကမ္ဘာမှာကွန်​မြူ  နစ်
အုပ်​စုနဲ့ဒီမိုခရက်​အုပ်​စုအားပြိုင်​​နေချိန်​ တိုးတက်​ပြီး
အမြင်​ကျယ်​တဲ့နိုင်​ငံခြား​ရေးရပ်​တည်​ချက်​မူဝါဒကိုသာ
ချနိုင်​ခဲ့မယ်​ဆိုရင်​ နည်းပညာနဲ့စက်​မှုလုပ်​ငန်း​တွေ
အများကြီးတိုးတက်​သွားနိုင်​စရာရှိတယ်​။ဒါ​ပေမဲ့
ဗမာ​ခေါင်း​ဆောင်​​တွေ​ရောဗမာလူထုပါ ကိုလိုနီ
အဆိုးမြင်​မှု​တွေများ​နေခဲ့တာ​ကြောင့်​နောက်​ပြန်​ဆုတ်
သွားခဲ့ရတယ်​။ဘက်​မလိုက်​နိုင်​ငံခြား​ရေးမူဝါဒဟာ
မြန်​မာကို ဟိုမ​ရောက်​ ဒီမ​ရောက်​ဖြစ်​သွား​စေဖို့
အ​ကြောင်းဖန်​တီးခဲ့တယ်​။နှစ်​ပါင်းများစွာလူဖြူ  ​တွေရဲ့ 
ကြီးစိုးမှု​ဒဏ်​ခံခဲ့ရတဲ့ ​တောင်​အာဖရိကဖြစ်​စဉ်​ကို
ဥပမာအ​နေနဲ့ကြည့်​ပါ။နယ်​လ်​ဆင်​မန်​ဒဲလားရဲ့ 
ပြည်​သူလူထုအတွက်​ အလှည့်​အ​ပြောင်းဖန်​တီးမှုဟာ
တိုင်းပြည်​နဲ့လူမျိုးကိုအဆုံးမှာသာယာ​စေခဲ့တယ်​။
မန်​ဒဲလ်​လားကိုအားကျတဲ့ဧရာဝတီပြည်​​ထောင်​စုက
ဘုရား​လောင်းက​တော့ လုပ်​​နေတာမန်​ဒဲလ်​လားလမ်း
စဉ်​နဲ့အ​တော်​ကြီးလွဲ​နေတာ​တွေ့ရတယ်​။

ဦးနု​ခေတ်​မှာစစ်​​အေးတိုက်​ပွဲအစပြု​ခဲ့ပြီး​နေ၀င်း
မြန်မာနိုင်ငံကို အုပ်​ချုပ်​​နေတဲ့အချိန်​ကမ္ဘာမှာ
လည်းစစ်အေးတိုက်ပွဲဟာအရှိန်ကောင်းနေပါပြီး။
နေဝင်းတို့အုပ်စု အာဏာမသိမ်းခင်၈လအလို
လောက်မှာ ဥရောပမှာ ဂျာမနီနှစ်ခြမ်းကွဲတယ်။
၁၉၆၁ခုနှစ်သြဂုတ် လ၁၃ရက်နေ့မှာ German Democratic Republic လို့အမည်ရတဲ့
အရှေ့ဂျာမနီနိုင်ငံပေါ်လာတယ်။ကွန်မြူနစ်အုပ်စုနဲ့
ဒီမိုခရက်အုပ်စုတွေရဲ့ Proxy War စတင်လို့
အရှိန်ကောင်းနေပါပြီး။အသုံးချစစ်ပွဲငယ်တွေ
ဖန်တီးတယ်။ကြားနေနိုင်ငံတွေကိုဆွယ်တယ်။
နူးကလီးယားလက်နက်ကိုအပြိုင်အဆိုင်ထုတ်လုပ်
တပ်ဆင်လာကြတယ်။အားမရလို့အာကာသနယ်ပယ်
ကိုချဲ့ထွင်လာကြတယ်။အဲဒီလို တစ်ဖက်နဲ့တစ်ဖက်
စစ်ရေး၊စီးပွားရေး၊နိုင်ငံရေး၊နည်းပညာနဲ့ယဉ်ကျေးမှု
တွေပါမကျန် အပြိုင်အဆိုင်အားပြိုင်ကြတာ
၂၁ရာစုဦးရဲ့ အံ့သြဖွယ်​ပြိုင်​ဆိုင်​မှုကြီးအဖြစ်
မှတ်​တမ်းတင်​ရမှာပါ။

ကွန်မြူနစ်ကလည်းမိမိတို့ ပေါ်လစီဟာကောင်း
တယ်ဆိုပြီးကမ္ဘာကိုပြသချင်သလို ဒီမိုခရက်အုပ်စု
ကလည်းကမ္ဘာမှာသူတို့စနစ်သည်သာလျှင်အကောင်း
ဆုံးဖြစ်​ကြောင်းပြချင်​တယ်။စစ်အေးတိုက်ပွဲ
Cold War ဆိုတဲ့စကားလုံးကို Burmese Day
ဝတ္ထု ရေးတဲ့မြန်မာနိုင်ငံနဲ့ရင်းနှီးကျွမ်းဝင်သူ
အင်္ဂလိပ်စာရေးဆရာနဲ့ဂျာနယ်လစ် ဂျော့ဂ်ျအော်ဝဲလ်
ကသူ့အက်ဆေးတစ်ပုဒ်မှာစသုံးခဲ့ရာကနေ အဲဒီ
အသုံးအနှုံးကမ္ဘာကိုပျံ့ တယ်။၁၉၈၉ခုနှစ် နိုဝင်ဘာလ
၉ရက်နေ့မှာတော့ ဂျာမနီပြည်သူတွေကိုယ်တိုင်
သူတို့ကိုတံတိုင်းခတ်ခြားထားတဲ့ ဘာလင်တံတိုင်းကြီး
ကိုစတင်ဖြိုဖျက်ကြပါတော့တယ်။ကွန်မြူနစ်အင်​ပါ
ယာကြီးစတင်အသက်ငင်ပါပြီး။

အဲဒီနောက် ၁၉.၈.၁၉၉၁၊၂၀.၈.၁၉၉၁၊၂၁.၈.၁၉၉၁
အဲဒီသုံးရက်အတွင်းမှာ Union of Soviet
Socialist Republic လို့အမည်ရတဲ့ ၈၆၄၉၄၉၈
စတုရန်းမိုင်နဲ့ ၂၂၄၀၂၂၀၀စတုရန်းကီလိုမီတာ
အကျယ်အဝန်းရှိတဲ့ အပြင် လူဦးရေသန်း၃၀၀နီးပါးနဲ့ပညာတတ်ဦးရေ၉၉.၈ရာခိုင်နှုန်းရှိတဲ့ဆိုဗီယက်
အင်ပါယာကြီးဟာ မြေပြင်ပေါ်ပြိုလဲပါတော့တယ်။
နိုင်ငံအသစ် ၁၅နိုင်ငံ အင်ပါယာထဲက ခွဲထွက်ရပ်
တည်လာခဲ့တယ်။အဲလိုနဲ့ ၁၉၉၁ခုနှစ် အောက်တို
ဘာလ ၃ရက်နေ့မှာတော့ အမေရိကန်ဦးဆောင်တဲ့
ဒီမိုခရက်အုပ်စုဟာ ဆိုဗီယက်ဦးဆောင်တဲ့ကွန်မြူနစ်
အုပ်စုကိုပြတ်ပြတ်သားသားအနိုင်ရလိုက်တာကြောင့်
စစ်အေးတိုက်ပွဲကြီးပြီးဆုံးသွားခဲ့ရပါတော့တယ်။
စစ်အေးတိုက်ပွဲမှာ အနိုင်ရသွားတာကြောင့်
အမေရိကန်ဟာ စူပါပါဝါကနေ Hyper Power
အင်အားလွန်နိုင်ငံအဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။

အဲဒီ၁၉၆၃က​နေ ၁၉၈၇ကြား၂၄နှစ်​ကာလထဲမှာ
ဧရာဝတီမြစ်ဝှမ်းလူ့အဖွဲ့စည်းကိုအုပ်ချုပ်နေတဲ့
စစ်တပ်မင်းဆက်ကတော့ အုပ်ချုပ်ခံတွေထဲကို
လေပူ​ဖောင်းတစ်​ခုမှုတ်​သွင်း​ပေး​နေချိန်​။

"ပြည်ပအားကိုး ပုဆိန်ရိုး "တဲ့။
မြန်မာ့သမိုင်း၊ရခိုင်သမိုင်း အားလုံးမှာတောင်
ပြည်ပ ပညာရှင်တွေကိုအားကိုးနေရတယ်။
ယနေ့ ဒေါက်တာအေးချမ်းကိုယ်တိုင်အနားမှာ
ဒေါက်တာဂျက်လိုင်ဒါ ပြင်သစ်ကြီးကိုခေါ်ထားရတယ်။
ဒေါက်တာဂျက်လိုင်ဒါဟာ ၁၉၉၈ခုနှစ်မှာ ရခိုင်သမိုင်း
နဲ့ဒေါက်တာဘွဲ့ရထားသူဖြစ်တယ်။အလားတူ
ရခိုင်သမိုင်းကိုကမ္ဘာကသိအောင်လုပ်ပေးခဲ့တဲ့
သြစ​တြေးလျကပညာရှင်ဆရာမကြီး ​ဒေါက်တာ
ပါမလာဂတ်မန်(Dr.Palma Gutman)
ဒေါက်တာQanungo ၊ဒေါက်တာ
ဖော်ခမ်းမား(Dr.Email.Forchemer)
စတဲ့ပညာရှင်တွေရဲ့ အားကိုမယူဘဲ ဘာမှမလုပ်​နိုင်
သေးဘူး။

သမိုင်းသု​တေသနကိုလည်း နယ်​ချဲ့ကုလားဖြူ​တွေ
ပဲပုံစံချ​ပေးခဲ့တာပါ။သမိုင်းသု​တေသနကို ​ပါ​မောက္ခG.H.Luce တို့ ပါ​မောက္ခဆရာကြီး D.G.E.Hall
တို့ပဲ စတင်​အုတ်​မြစ်​ချ​ပေးခဲ့တာပါ။
နောင်​တစ်​ချိန်​မြန်​မာ့သမိုင်းမှာ ထိပ်​သီး​တွေဖြစ်​လာတဲ့
ဗိုလ်​မှူးဘရှင်​၊ ​ဒေါက်​တာသန်းထွန်း၊ဦးရည်​စိန်
တို့ဟာ အဲဒီဆရာကြီး​တွေရဲ့ တပည့်အရင်း​တွေပါ။
သူတို့ဆီကတစ်​ဆင့်​ဒေါက်​တာ​ကျော်​သက်​၊​ဒေါက်​တာ
မောင်​​မောင်​ကြီးနဲ့​ဒေါက်​တာထင်​​အောင်​တို့ဆက်​လက်
ပေါ်ထွန်းတယ်​။နှစ်​​ပေါင်း၅၀နီးပါးမြန်​မာနိုင်​ငံရန်​ကုန်
တက္ကသိုလ်​မှာ​ Dr Luce ပုဂံနဲ့မြန်​မာ​ရှေး​ဟောင်း
သမိုင်းကို Professionalပို့ချခဲ့တာပါ။အဲဒီအချိန်
က မြန်​မာ​ရှေး​ဟောင်းသမိုင်းကို ကိုင်​နိုင်​တဲ့မြန်​မာလူ
မျိုး၊မြန်​မာကပြားမ​ပေါ်​သေးဘူး။မြန်​မာပြည်​စစ်​ဆင်
ရေးတုန်းက ဂျပန်​ကိုစစ်​ပြု ဖို့ဝင်​လာတဲ့မဟာမိတ်
တွေကို ပုဂံကိုဗုံးမကြဲဖို့Dr.Luce ကိုယ်​တိုင်
တောင်းပန်​ခဲ့လို အခုမန္တ​လေးက ကုန်း​ဘောင်
နန်း​​တော်​အတုလိုပြန်​​ဆောက်​ရတဲ့ဘ၀​ရောက်​မသွား
ခဲ့တာဖြစ်​ပါတယ်​။အဲလိုသာဖြစ်​ခဲ့ရင်​ ပုဂံဘုရား
အတုဆိုတာလည်း​သေချာ​ပေါက်​ပြန်​​ပေါ်လာမှာမို့
ဆဲဖီသမား​တွေအတွက်​ သိပ်​​တော့​ရှောခ့်မရှိပါဘူး။
နောက်​ဆုံးluce အနားယူပြီး အထူးပါ​မောက္ခ
(Special Prof.)အဖြစ်​ပြန်​ခန့်​ရတဲ့အထိပဲ။
နောက်​ဆုံးလုံးဝနား​တော့မှ သူ့​နေရာမှာ ​ရှေး​ဟောင်း
သမိုင်းကို ​ဇေယျ​ကျော်​ထင်​ ဗိုလ်​မှူးဘရှင်​ကပို့ချခဲ့
တာဖြစ်​ပါတယ်​။ဒါသမိုင်းတစ်​ခုပဲ​ပြော​သေးတာ။
သက်​ဆိုင်​ရာSubject အလိုက်​လှန်​ရင်​ပိုရှုပ်​ကုန်
မယ်​။ပါဠိပါ​မောက္ခလို့အသံကြားတာနဲ့ မြန်​မာ
အမျိုးသားခရစ်​ယာန်​ဘာသာဝင်​ဦး​ဖေ​မောင်​တင်
တစ်​​ယောက်​ပဲရှိတယ်​မထင်​နဲ့။အင်​ဒီယန်းကလားကြီး
Professor အဟမ္မဒ်​ကာဆင်​ဆိုတာ ရှိ​သေးတယ်​။
စစ်​အပြီး ရန်​ကုန်​တက္ကသိုလ်​မဖွင့်နိုင်​​သေးလို့
ရန်​​ဒေးရီးယားအ​ဆောက်​အဦးကို သူ့​ငွေနဲ့သူ
ဌားရမ်းပြီး ပါဠိသင်​တန်းကိုပို့ချ​ပေးခဲ့သူပါ။
မြန်​မာ​တွေက ပါဠိဖိုက်​တာကြီးက အပနားကြီး
ဖြစ်​​နေလို့ သိပ်​မ​ပြောကြတာပါ။ထပ်​​ပြောရင်​ရှုပ်​ကုန်
မယ်​။ပြောချင်​တာ ဒါမဟုတ်​လို့ဒီမှာပဲရပ်​လိုက်​ပါ့မယ်​။

ယ​နေ့အထိပြည်​ပအားကိုးပုဆိန်​ရိုး​နေနသူ​တွေရှိ
နေ​သေးတာပါ။ဘာမှသာမလုပ်​နိုင်​လို့။လုပ်​သာလုပ်
နိုင်​ခဲ့ရင်​ဘယ်​​လောက်​များထပွမယ်​မ​ပြောတတ်​ဘူး။
အလုပ်​မဖြစ်​တဲ့မီမံကိန်း​တွေ၊အသုံးမကျတဲ့မူဝါဒ
တွေပဲ သူတို့​ခေါင်းထဲကထွက်​တယ်​။တိုင်းပြည်​နဲ့
လူမျိုးအတွက်​ညင်​သာစွာလှည့်​ပြောင်းနိုင်​​အောင်
စီစဉ်​တယ်​ဆိုတာမျိုးက ဘယ်​​ခေတ်​မှာမှမရှိခဲ့ဘူး။
စစ်​ရှုံးသွားတဲ့ကုန်း​ဘောင်​ဖန်​နန်းရှင်​ဟာ ​ရှေးက
ရာဇ၀င်​​တွေရှိလျက်​သားနဲ့ သူကခန့်​တဲ့ သင်္ကန်းဝတ်
ပညာရှိ​တွေကို​ခေါ်ပြီး ရာဇ၀င်​အသစ်​ပြန်​​ရေးခိုင်း
တဲ့အဖြစ်​ပျက်​မျိုး၊ရန်​သူဝိုင်း​တွေချိန်​ အဘက်​ဘက်​မှာ
ကင်းတပ်​​တွေချပြီးကာကွယ်​​နေရချိန်​မျိုးမှာ​တောင်
ပုဂံရှင်​ဘုရင်​ဟာ ကြာအင်းထဲ မယား​တွေ​ခေါ်ပြီး
လေးကျွန်းသနင်း မန္ဓာတ်​မင်းပြဇာတ်​ကို အချိန်​မှန်
ဇတ်​တိုက်​​နေတာလားလို့ထင်​ရ​လောက်​မြန်​မာအစိုး
ရအဆက်​ဆက်​ဟာ မ​ရေမရာ​တွေလုပ်​ခဲ့ကြတာချည်း
ပဲ။

အခုလည်း ​နေ၀င်းက
"ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေး အောင်ရမည်"
"အသက်သွေးချွေးစတေးခဲ့သည့် တို့တပ်မတော်"
စတဲ့ဝါဒဖြန့်ဆိုင်းပုဒ်တွေ၊တောင်သူလယ်သမား
လည်ပင်းညစ်ပွဲတွေ၊လူမျိုးခြားမုန်းတီးရေးရိုက်သွင်း
မှုတွေ စတာ​တွေနဲ့​ရောစပ်​ပြီးဆိုရှယ်​လစ်​စနစ်​ကို
တည်​ထာင်​ခဲ့တယ်​။

တောင်သူလယ်သမားတွေဆီက တာဝန်ကျေစပါးနဲ့
လည်ပင်းညစ်တာအားမရသေးလို့ စပါးရောင်းရတဲ့ငွေ
ထဲက သဒ္ဒါတတ်အားနည်းများမဆို ဘုရားကိုလှူ
ခိုင်းပြန်တယ်။အလှူဒါနပြုကြသူငါ ဓာတ်ပုံတွေ
ကိုသတင်းစာထဲထည့်ပြန်တယ်။စစ်မှုထမ်းဟောင်း
ဘုရားဂေါပကလူကြီးကပြုံးတုံ့တုံ့၊တောင်သူကြီးက
မဲ့တဲ့တဲ့။နောက်ထပ်ဝါဒဖြန့်နည်းတစ်ခုက ငါးလွှတ်ပွဲ
ဖားလွှတ်ပွဲ။ဒါကိုအားကျလို့ထင်တယ်။ယနေ့အထိ
အစိုးရအဆက်ဆက် နှစ်ဆန်း၁ရက်နေ့​ရောက်​ရင်
ငါးလွှတ် ဖားလွှတ်​ကြပြီး ငါးလွှတ်​ဖွားလွှတ်​​နေပုံ
တွေကိုသတင်းစာတွေမှာ နိုင်ငံပိုင်ရေဒီယို​တွေမှာ
ပုံကြီးပုံငယ်အသွယ်သွယ်နဲ့ရိုက်ပြနေသေးတယ်။
ပြည်သူကအုပ်ချုပ်ဖို့လွှတ်လိုက်တာပါ။ငါးလွှတ်ပွဲ
လုပ်ဖို့မဲပေးလိုက်တာမဟုတ်ဘူး။ဒီလိုမမြင်​သ​ဘော
မ​ပေါက်​ကြလို့က​တော့ ခင်ဗျားကျနော်ဟာ
အမျိုးသားအစိုးရကျွန်ဘဝက ဘယ်တော့မှ
လွတ်မှာမဟုတ်ဘူး။

မြစ်ချောင်းအင်းအိုင်တွေမှာ ငါးတွေဘုရားတွေ
ပြည့်ပြီးဘေးရန်ကင်းကွာလွန်ချမ်းသာတဲ့။
မဆလအစိုးရနဲ့မြန်​မာအစိုးရအဆက်ဆက်ဟာ
သောက်​ချဉ်​​တော့မဟုတ်ဘူး။ဝါဒဖြန့်နည်းကို မြန်မာ့
ရိုးရာဗုဒ္ဓဘာသာအတွေးခေါ်မှာ ဆိုရှယ်လစ်ရနံ့
ကိုစွက်ပြီးပေးတယ်။

တိုက်​တိုက်​ဆိုင်​ဆိုင်​ပဲ​နေဝင်းအာဏာမသိမ်းခင် ၆လ
လောက်အလို ၁၉၆၁ခုနှစ် အမေရိကန်ကွန်ကရက်မှာ
သမ္မတJFK ကနေဒီက မိန့်ခွန်းတစ်ခုပြောတယ်။
Before this decdae is out of canding a man on the moon and returning him safely to the earth.
...လာမဲ့ကာလတွေအတွင်း လကမ္ဘာကိုလူသားတွေခြေ
ချနိုင်အောင်ကျနော်တို့လုပ်ရလိမ့်မယ်။ပြီးတော့
လကမ္ဘာကိုအောင်အောင်မြင်မြင်ခြေချနိုင်ပြီးဘေးရန်
ကင်းစွာကမ္ဘာကိုပြန်ရောက်ဖို့အတွက်လည်းကျနော်တို့
ကြိုးပမ်းရပါလိမ့်မယ်​....ဆိုတာပါပဲ။
ယ​နေ့အထိ JFK​ပြောခဲ့တဲ့ဒီစကားကိုYTမှာ
ဝင်​ကြည့်လို့ရပါ​သေးတယ်​။

အဲဒီစကားပြောပြီး၈နှစ်အကြာ၊မောင်နေဝင်းအာဏာ
သိမ်းပြီး၇နှစ်အကြာ​အေဒီ၁၉၆၉ခုနှစ် ဇူလိုင်လ၂၁ရက်
နေ့ 2:56(UTC)အချိန်တိတိမှာ အမေရိကန်လူမျိုးအာကာသသူရဲကောင်း နေလ်​အမ်စထရောင်း(Nail Armstrong)ဟာ လကမ္ဘာရဲ့ မြေမျက်နှာပြင်ပေါ်ကို
သူ့ရဲ့ ဘယ်ဘက်ခြေထောက်ကစပြီးခြေချပါတော့တယ်။
အမ်စထရောင်းမ်ဟာခြေချပြီးချက်ခြင်းပဲ I am
going to step off LEM now. ဆိုပြီး
ကမ္ဘာကိုသတင်းပို့တယ်။အဲဒီအချိန်ကစပြီး
ကမ္ဘာကျော်စကားကြီးတစ်ခုကမ္ဘာ့ သမိုင်းမှာ
ပေါ်ပေါက်ခဲ့တယ်။
This is one small step for a (man),one giant Leap for mankind.လူသားတစ်ဦးရဲ့ 
အလွန်သေးငယ်တဲ့ခြေရာလေးတစ်ခုဖြစ်ပေမယ့်
ကမ္ဘာ့ လူသားမျိုးနွယ်တစ်ခုလုံးအတွက်တော့
အလွန်ကြီးမားတဲ့သမိုင်းအချိုးအကွေ့ကြီးဖြစ်ပါတယ်။တဲ့

အမ်စထရောင်းမ်ဟာ အာာကသထဲမှာ ၈ရက်၁၄နာရီနဲ့
၁၂မိနစ်နေထိုင်ခဲ့တယ်။လကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ
အမေရိကန်အလံကိုစိုက်ထူပြီးတဲ့နောက် သမ္မတ
နစ်​က်ဆင်က တယ်လီဖုန်းနဲ့တစ်မိနစ်စကားပြောခဲ့တယ်။
ဒါဟာ လောကနိဗ္ဗာန်ကိုချီတက်မယ်လို့ဖင်ကလိပ်
ခေါင်းထွက်မတက် ကြွေးကျော်နေတဲ့​နေဝင်းတို့
အုပ်​ချုပ်​​နေချိန်​ အမေရိကန်တွေလကမ္ဘာပေါ်ကို
တက်သွားနေခြင်းပါပဲ။

အလားတူ မ​လေးရှားနဲ့စကာင်္ပူဟာမြန်​မာထက်​ 
ဆယ်​စုနှစ်​တစ်​ခု​လောက်​​နောက်​ကျပြီးမှဗြိတိန်​ဆီ
က​နေလွတ်​လပ်​​ရေးရတယ်​။စကာင်္ပူနိုင်​ငံတည်​​ထောင်​​စ
အခက်​ခဲ​တွေအများကြီးနဲ့ရင်​ဆိုင်​​နေရချိန်​ဟာ 
နေ၀င်းမြန်​မာပြည်​ကိုအာဏာသိမ်းစအချိန်​ပဲ။
မ​လေးရှားလွတ်​လပ်​​ရေးဖခင်​ တွန်​ကူအဗ္ဗဒွရ်​ရဟ်​မာန်
ကို​ဝေဖန်​ပြီး နိုင်​ငံ​ရေးစင်​မြင့်​ပေါ်တက်​လာတဲ့ 
ဒေါက်​တာမဟာသီဟာ မ​လေးရှားသမိုင်းမှာ
မ​လေးရှားဆိုတဲ့ နိုင်​ငံတစ်​ခု သိက္ခာရှိရှိရပ်​တည်​နိုင်​ဖို့
စတင်​တည်​​ဆောက်​တယ်​။၉နှစ်​၁၀နှစ်​အတွင်းမှာ
ကွာလာလမ်​ပူရ်​ ဟာ ကမ္ဘာ့ မြို့​တော်​ကြီးအဆင့်ကို
တက်​လှမ်းလာပါ​တော့တယ်​။အဲဒီလိုပဲ ဗီယက်​နမ်
ကိုကြည့်​ပါ။နေ၀င်းအာဏာသိမ်း​ချိန်​ ဗီယက်​နမ်
ပြည်​သူလူထုကြီးတစ်​ခုလုံးဟာ စစ်​​မြေပြင်​မှာအလူး
အလဲဖြစ်​​နေချိန်​။အထူးသဖြင့်​မြောက်​ဗီယက်​နမ်​ရဲ့ 
မိုး​ကောင်းကင်​​ပေါ်မှာ ​နေ့စဉ်​နဲ့အမျှ B52
အ​မေရိကန်​ဗုံးကြဲ​လေယာဉ်​​တွေဖြတ်​သန်းကြဲ
ချ​နေချိန်​ဖြစ်​တယ်​။စားရမဲ့ ​သောက်ရမဲ့ ဒုက္ခ​တော
စစ်​ရဲ့ အနိဋ္ဌာရုံထဲမှာ ရှင်​သန်​​နေကြရချိန်​ပါ။

၁၉၄၇မှာခွဲထွက်​သွားတဲ့ ပါကစ္စတန်​နိုင်​ငံဟာလည်း 
ကောင်းစွာအ​ခြေမကျ​သေးဘူး။အိန္ဒိယတိုယ်​နယ်​က
နေခွဲထွက်​ပြီး ​သေ​ကြေမှု သတ်​ဖြတ်​မှု​တွေကြား
ဒုက္ခ​တောထဲရုန်း​နေရဆဲအချိန်​။၁၉၄၇၊၄၈ခုနှစ်
တွေမှာအာရှကတိုင်းပြည်​​တွေဟာ အသီးသီးကိုယ်​စီ
ကိုယ်​စီအခက်​အခဲ အတားအဆီး​တွေကိုရင်​ဆိုင်​​ကျော်
လွှား​နေရချိန်​ဖြစ်​​နေပါတယ်​။မြန်​မာတစ်​နိုင်​ငံတည်း
ဒုက္ခရှိခဲ့တာမဟုတ်​ဘူး။မြန်​မာပြည်​က ပြည်​တွင်းစစ်
ဆိုတာ ကိုရီးယားစစ်​​လောက်​မပြင်းထန်​ဘူး။
အလားတူ ဗီယက်​နမ်​စစ်​​လောက်​မပြင်းထန်​ဘူး။
တိုင်းပြည်​ကိုစနစ်​တကျထူ​ထောင်​မယ်​ဆိုရင်
ထူ​ထောင်​လို့ရတဲ့ အ​ခြေ​နေ​တွေအများကြီး​ပေးခဲ့
ပါတယ်​။ဒီ​နေ့ သမိုင်းဆရာအများစုက လွတ်​လပ်​​ရေးနဲ့
အတူ​မွေးဖွားခဲ့တဲ့ပြည်​တွင်းစစ်​ကိုအ​ကြောင်းပြပြီး
တိုင်းပြည်​တိုးတက်​​ရေး​နောက်​ကျတယ်​လို့ ဆိုကြတာ
အလုံးစုံလက်​ခံလို့မရဘူး။အုပ်​ချုပ်​သူ​တွေရဲ့ ​ခေါင်းမရှိမှု၊
ဖွတ်​ကျားကျမှု၊မူဝါဒအမှားအမှားအယွင်းယွင်း​​တွေနဲ့
အမျိုးသား​ရေးဝါဒရဲ့ တစ်​​ဇောက်​ကန်းအယူအဆ
တွေကြား လက်​တွဲလို့ရနိုင်​တဲ့နိုင်​ငံ​တွေကို​ဘေးပို့
ပစ်​ခဲ့တာဟာအလွန်​တရာမှားတဲ့အမှားကြီး​တွေ
ဖြစ်​ပါတယ်​။

တိုင်းရင်းသားစည်းလုံးညီညွတ်​​ရေးကို ထိထိ
ရောက်​​ရောက်​အ​ကောင်​အထည်​​ဖော်​ခဲ့တဲ့သမိုင်းလည်း
မရှိခဲ့ဘူး။လွတ်​လပ်​​ရေးယူတုန်းက တိုင်းရင်းသား​တွေကို
မရမကကြံဖန်​လီဆည်​ပြီး အတူတူယူဖို့​တိုက်​တွန်း
ခဲ့ကြပြီး လွတ်​လပ်​​ရေးလည်း ရတဲ့အခါ ဗမာ/ဗုဒ္ဓ 
ဇောင်း​ပေးဝါဒကြီး​ကြောင့် တိုင်းရင်းသား​တွေ
မယုံမကြည်​ဖြစ်​လာတာ မထူးဆန်းပါဘူး။အဲဒီ
အ​ခြေ​နေမှာအာဏာမက်​တဲ့​နေ၀င်းနဲ့အ​ပေါင်းပါ
တွေကထပ်​ပြီးအာဏာသိမ်းလိုက်​ပြန်​တာ​ကြောင့်
နဂိုကတည်းက နိုင်​ငံ​ရေး​သေ​နေတဲ့ နိုင်​ငံမှာ
စီးပွား​ရေးကိုထပ်​ပြီး သတ်​ပစ်​လိုက်​လို့
အလုံးစုံပျက်​သုဉ်းဖို့ဖြစ်​လာခဲ့ရတာပါပဲ။

၁၉၆၃မှာ ဘဏ်​၂၄ခုကိုသိမ်းပြီး​ငွေနဲ့အ​ဆောက်​အဦး
တွေကိုအသုံးချခွင့်ရခဲ့​ပေမယ့် အဲဒီဘဏ်​အသီးသီးက ပညာရှင်​​တွေကို​တော့မရလိုက်​ဘူး။ကမ္ဘာ့ အသိုင်းအ၀ိုင်း
အလယ်​မှာ ဥပ​ဒေမဲ့ တရားမျှတမှုကင်းမဲ့တဲ့ မတရား
အနိုင်​ကျင့်ပြီးသူတစ်​ပါးပစ္စည်း​တွေကိုသိမ်းပိုက်
ထားတဲ့စစ်​အစိုးရအဖြစ်​ နာမည်​ဆိုးထွက်​လာတယ်​။
ဘာလုပ်​လုပ်​အရည်​အချင်းမရှိတဲ့တပ်​က လူကြီး​တွေ
ကို​ခေါ်ခန့်​ထားတာ​ကြောင့်လုပ်​ငန်းကျွမ်းကျင်​မှုမရှိ
လို့အရှုံး​တွေပဲဆက်​တိုက်​​ပေါ်တယ်​။နောက်​ဆုံး
သူသိမ်းထားတဲ့ဘဏ်​၂၄ခု ပြည်​သူ့ဘဏ်​၂၄ခုဟာ
နိုင်​ငံတကာဘဏ်​​တွေနဲ့ချိတ်​ဆက်​ပြီးလုပ်​​ဆောင်​နိုင်
ဖို့​ဝေးစွ၊အဲဒီပြည်​သူ့ဘဏ်​၂၄ခု​တောင်​ အချင်းချင်း
ချိတ်​ဆက်​ပြီးမလုပ်​နိုင်​ခဲ့ဘူး။နောက်​ဆုံးဘဏ်​၂၄ခု
ကို​ပေါင်းပြီး ဘဏ်​တစ်​ခုတည်းအဖြစ်​ဖွဲ့စည်းလိုက်​ရ
တယ်​။PBUB လို့​ခေါ်တယ်​။အဲဒီPBUB ကိုဖွဲ့စည်း
တာလဲ ဆိုဗီယက်​က The Gosbank ဘဏ်​ပုံနဲ့
တရုတ်​က The People Bank of China
ပုံစံကိုအတုယူပြီးတည်​​ဆောက်​ခဲ့တာပါ။

PBUBဘဏ်​ကို ပုံစံအသစ်​နဲ့ပြန်​လည်​ပတ်​ဖို့ကြိုးစား
တယ်။ငွေစုဖို့လူထုကိုဖိတ်​​ခေါ်တယ်​။ပုဂ္ဂလိကအပ်​​ငွေ
တွေလာ​တော့ ကျပ်​​ငွေသန်း​ပေါင်း၆၀၀ရလာတယ်​။
အပ်​​ငွေကိုစတင်​ဖိတ်​​ခေါ်စဉ်​က ပြန်​ထုတ်​​ပေးမယ်​လို့
လွယ်​လွယ်​ပဲနုတ်​ကတိ​ပေးခဲ့​ပေမယ့် ၁၉၇၁ခုနှစ်
မတ်​လမှာ အဲဒီကတိအတိုင်းမလုပ်​နိုင်​​တော့ဘူး။
အာမခံချက်​မရှိ​တော့ဘူး။၁၉၇၂မှာ ကမ္ဘာဘဏ်​က
အစီရင်​ခံစာတက်​လာတယ်​။မြန်​မာပြည်​က PBUB
ဘဏ်​ဟာ ချွတ်​ယွင်းမှု​တွေရှိ​နေပါတယ်​တဲ့။၁၉၇၂
ဧပြီ၃၀မှာ The People's Bank of the Union
of Burma PBUB ကို ပြည်​​ထောင်​စုမြန်​မာနိုင်​ငံဘဏ်​ The Union of Burma Bank UBB လို့အမည်
ပြောင်းတယ်​။နာမည်​​တွေအမျိုးမျိုး​ပြောင်းပြီး
ယတြာ​တွေဘယ်​လိုပဲ ​ချေ​ချေ လုပ်​ငန်းကျွမ်းကျင်​မှုမရှိ 
ဈေးကွက်​မရှိတဲ့ဘဏ်​ဟာ ဘယ်​လိုမှတိုးတက်​မလာဘူး။
ဘဏ်​​မတိုးတက်​ရင်​ တိုင်းပြည်​စီးပွား​ရေးဘယ်
အဆင့်​ရောက်​​နေမယ်​ဆိုတာစဉ်းစားကြည့်​ပေါ့။
ကိုလိုနီ​ခေတ်​က​နေ ​တော်​လှန်​​ရေး​ကောင်​စီ တက်​တဲ့
အချိန်​ထိ မြန်​မာ့​ငွေစက္ကူ  ကို အင်္ဂလန်​မှာပုံနှိပ်​တယ်​။
မြန်​မာ့ဒင်္ဂါး​တွေကိုလည်းအင်္ဂလန်​မှာပဲသွန်းလုပ်​တယ်​။

နေ၀င်းတရားမ၀င်​အာဏာသိမ်းတာ​ကြောင့်အင်္ဂလန်
ကလည်း ဆက်​ဆံ​ရေးဖြတ်​​တောက်​လိုက်​တယ်​။
သံရုံးဖွင့်ထား​ပေမယ့် နိုင်​ငံ​ရေးအရဟန်​​ဆောင်​အ​ပေါ်ရံ
ဆက်​ဆံတာ​လောက်​ကလွဲရင်​ စီးပွား​ရေးအဆက်​အသွယ်
ဘာမှမရှိ​တော့ဘူး။ဒါ​ကြောင့်​နေ၀င်းနဲ့အ​ပေါင်းပါ​တွေ
ဟာလက်​၀ဲနိုင်​ငံဖြစ်​တဲ့ အ​ပေါ်မှာ​ပြောခဲ့တဲ့
အ​ရှေ့ ဂျာမနီ​ခေါ် German Democratic Republic မှာ ​ငွေစက္ကူ  ​တွေနဲ့အလူမီနီယံအ​ကြွေ​စေ့
တွေကို ပုံနှိပ်​သွန်းလုပ်​ခဲ့ရတယ်​။အဲဒီအချိန်​က
အ​ရှေ့ ဂျာမနီနဲ့ အ​နောက်​ဂျာမနီပြိုင်​ဆိုင်​မှုပြင်းထန်
နေတာ​ကြောင့်၁၉၇၂ခုနှစ်​မှာ ​နေ၀င်းကိုစည်းရုံးပြီး
ငွေစက္ကူ  ရိုက်​တဲ့စက်​ကို ​ဈေး​ပေါ​ပေါနဲ့​ရောင်း​ပေးလိုက်​တယ်​။ဒါ​ကြောင့် ဒီ​နေ့မြန်​မာ​ငွေစက္ကူ  ရိုက်​​နေတဲ့ 
ငွေစက္ကူ  ပုံနှိပ်​စက်​ကို ၀ါဇီမှာဖွင့်ထားတာပါ။

ဦးနု​ရော​နေ၀င်း​ရောစိုက်​ပျိုး​ရေးသမား​တောင်​သူ
လယ်​သမား​တွေကိုဦးစား​ပေးကြတယ်​။ဒါ​ပေမဲ့ စက်​မှု
လယ်​ယာဘက်​ကိုဦးစားမ​ပေးဘူး။အထွက်​တိုးဖို့ပဲဦးစား
ပေးပြီး​​ငွေ​ကြေးမူဝါဒအရ ထုတ်​​ချေး​ငွေသာတိုး​ပေးတယ်​။
ခေတ်​ကနည်းပညာလိုအပ်​​နေပြီဆိုတာကိုသိ​ပေမယ့်
နိုင်​ငံကြီး​တွေနဲ့​ပေါင်းရမှာ ကိုလိုနီနယ်​ချဲ့သမားနဲ့
ပေါင်းရမယ်​လို့မြင်​ကြတယ်​။အဲဒီလိုအထူးအပါးနား
မလည်​တဲ့​ဂေါက်​​ကြောင်​​ကြောင်​အစိုးရ​တွေပါ။
တစ်​ခါ​တောင်​သူလယ်​သမား​တွေထုတ်​လုပ်​​ပေးလာ
တော့လည်း ကိုယ့်ဘာသာကိုယ်​လွတ်​လပ်​စွာ​ရောင်း
ဝယ်​ခွင့်မရပြန်​ဘူး။အစိုးရကိုပဲ​ရောင်းရတယ်​။
ဆိုရှယ်​လစ်​စီးပွား​ရေးသီအိုရီအရ လယ်​​မြေဟာ
အစိုးရပိုင်​။လယ်​သမားဟာ နိုင်​ငံ​တော်​ရဲ့ အလုပ်​သမား။
နိုင်​ငံ​တော်​ဆိုတာနိုင်​ငံ​ရေးသိပ္ပံ(Political Science)
မှာ စကားလုံးသာရှိတဲ့ အထွဋ်​အမြတ်​။နိုင်​ငံ​တော်
ဆိုတာအစိုးရကို​ခေါ်တာမဟုတ်​ဘူး။နိုင်​ငံ​တော်​ဆိုတာ
တိကျတဲ့ပိုင်​နက်​နယ်​​မြေတစ်​ခု၊လူတစ်​စု၊အချုပ်
အခြာအာဏာ ဒီ၃ရှိရင်​နိုင်​ငံ​တော်​ဖြစ်​ပြီ။
အစိုးရက အဲဒီစကားလုံးနိုင်​ငံ​တော်​ဆီက​နေ
ကိုယ်​စားလှယ်​ယူပြီးအာဏာကိုင်​အုပ်​ချုပ်​တာပါ။
ဒါ​ကြောင့်နိုင်​ငံ​တော်​ဟာဘယ်​​တော့မှမ​ပြောင်းဘူး။
အစိုးရကသာ​ပြောင်း​နေမယ်။အလားတူ အချုပ်​အခြာအာဏာဟာလည်းနိုင်​ငံ​တော်​နဲ့ဆက်​စပ်​​နေတယ်​။
အစိုးရဟာ အချုပ်​အခြာအာဏာပိုင်​ရှင်​မဟုတ်​ဘူး။
အချုပ်​အခြာအာဏာပိုင်​ရှင်​ဟာပြည်​သူလူထုဖြစ်​ပြီး
နိုင်​ငံ​တော်​ဆီမှာအပ်​နှံထားတာဖြစ်​တယ်​။အဲဒီနိုင်​ငံ​တော်
နဲ့လူထုဆီက​နေ မဲ​ပေးစနစ်​နဲ့ကိုယ်​စားလှယ်​ယူပြီး
အစိုးရအဖွဲ့ကအုပ်​ချုပ်​တာပါ။ဒါ​ကြောင့် ဘယ်​အစိုး
ရတက်​တက်​ နိုင်​ငံ​​တော်​၊လူထုဆီက အချုပ်​အခြာ
အာဏာကိုကိုယ်​စားလှယ်​ယူပြီးအုပ်​ချုပ်​ရတာပါ။
ဒါ​ နိုင်​ငံ​ရေးသိပ္ပံက​ပြောတဲ့ပုံစံ။

ဆိုရှယ်​လစ်​စနစ်​အရ လူထုရဲ့ ထုတ်​လုပ်​မှုအားလုံးကို
နိုင်​ငံ​တော်​ကို​ပေးသွင်းရတယ်​။နိုင်​ငံ​တော်​က
ဘုရင်​ဖြစ်​ပြီးလူထုကကျွန်​ဖြစ်​သွားတယ်​။
စော​စောက​ပြောသလိုပဲ နိုင်​ငံ​တော်​ကစကားလုံးပဲ
ရှိတာဆို​တော့ အစိုးရ ဦးစီးပြီး မသိမသာနဲ့ပြည်​သူကို
ကျွန်​လုပ်​လိုက်​ပြီး ပြည်​သူဆီက ရသမျှစပါး​တွေကို
မသိရင်​နိုင်​ငံ​တော်​ကိုယ်​စားအထာနဲ့ အစိုးရက
လက်​၀ါးကြီးအုပ်​တယ်​။ဒါ​ကြောင့် ဆိုရှယ်​လစ်
ကွန်​မြူ  နစ်​နိုင်​ငံ​တွေမှာ လူထုငတ်​ပြီးအစိုးရအရာရှိ
တွေကျိကျိတက်​ချမ်းသာသွားကြတာဖြစ်​ပါတယ်​။
အလိုလို​နေရင်းပြည်​သူဟာ ကိုယ်​ထုတ်​လုပ်​တဲ့ပစ္စည်းကို
ကိုယ်​မပိုင်​​တော့ဘဲ နိုင်​ငံ​တော်​ရဲ့ အလုပ်​သမားဖြစ်​သွား
တယ်​။ဒါ​ကြောင့်လူထုဟာ တိုးပြီးထုတ်​လုပ်​ဖို့စိတ်​ကူး
မရှိ​တော့ဘူး။ဒီမိုက​ရေစီမှာလို ကိုယ်​လုပ်​ရင်​လုပ်​သ
လောက်​အကျိုးအမြတ်​ရတာမဟုတ်​​တော့ဘယ်​သူမှ
လည်း ကြိုးစားချင်​စိတ်​မရှိ​တော့ဘူး။ဘုံစနစ်​နဲ့
ဆိုရှယ်​လစ်​ ကွန်​မြူ  နစ်​​တွေကျဆုံးတာ ဒီအ​ကြောင်း
ကြောင့်ပဲ။

လူသုံး အိမ်​သုံး ပစ္စည်းပစ္စယအားလုံးအစိုးရသိမ်းလိုက်
တာ​ကြောင့်​ဈေးကွက်​ထဲပစ္စည်းမရှိ​တော့ဘူး။သွင်းကုန်
ထုတ်​ကုန်​နဲ့​ဈေးကွက်​လုပ်​ကိုင်​ခွင့်ကိုလည်း အစိုးရက
မောင်​ပိုင်​စီးလိုက်​တာ​ကြောင့်အစိုးရတစ်​ဦးတည်းက
တင်​သွင်းမှရမှာဖြစ်​တယ်​။ဈေးကွက်​ထဲပစ္စည်းပြတ်
တော့​ဈေးတက်​ပြီ​ပေါ့။အဲဒီကစပြီး ​မှောင်​ခိုနဲ့ပွဲစား
လူတန်းစားတစ်​ရပ်​​ပေါ်လာပါ​တော့တယ်​။ဒါကို
မွေးထုတ်​တာလဲ ဆိုရှယ်​လစ်​စနစ်​ပဲ။ဆိုရှယ်​လစ်
စနစ်​က​မွေးထုတ်​လိုက်​တဲ့အဲဒီလူတန်းစား၂ရပ်​ဟာ
တိုင်းပြည်​အတွက်​အမှိုက်​ပဲ။သူတို့ကြီးပွား​လေး
တိုင်းပြည်​ပျက်​​လေပဲ။

အဲလိုဖြစ်​လာ​တော့ ၁၉၆၃ ​တော်​လှန်​​ရေး​ကောင်​စီ
ဥက္က​နေ၀င်းကို မလွန်​ဆန်​နိုင်​တဲ့အဆုံးမြန်​မာ့​ငွေ​ကြေးပညာရှင်​ကြီးဦးစံလင်းဟာ မြန်​မာနိုင်​ငံကို The International Monetary Fund က​နေ
နုတ်​ထွက်​ခွင့်​​တောင်းပြီး နုတ်​ထွက်​ခဲ့ပါ​တော့တယ်​။
ဗြိတိန်​မြန်​မာ့​ငွေကို ၁၉၅၄မှာ​ရွှေ​ပေါင်​တင်​ပြီးအာမခံ
ထား​ပေးခဲ့တယ်​။အခု ​ရွှေ​ပေါင်​တင်​ပြီး၉နှစ်​ပဲကြာ
တယ်​။ဦးစိုက်​ဆင်းပြီ။

၁၉၆၃ နိုဝင်​ဘာမှာ ဗမာဘဏ်​၀န်​ထမ်း​တွေကို
ဆိုရှယ်​လစ်​ဘဏ်​လုပ်​ငန်းThe Socialist Banking Service ကို ​သင်​ယူဖို့ ​အ​ရှေ့ဥ​ရောပဆိုရှယ်​လစ်
အုပ်​စုဝင်​​တွေထဲမှာစီးပွား​ရေးအ​ကောင်းဆုံးဖြစ်​တဲ့
ချက်​ကိုစလိုဗက်​ကီးယား Czechoslovakia
ကို​စေလွှတ်​ပြီးဆိုရှယ်​လစ်​ဘဏ်​လုပ်​ငန်းအတတ်
ပညာကိုသင်​ယူ​စေတယ်​။အဲဒီလိုပညာသင်​​နေချိန်
နိုင်​ငံထဲမှာ ​မှောင်​ခို Black Market က ကြီးကြီး
လာ​နေတယ်​။Black Market ကကြီးလာ​လေ 
ငွေ​ကြေးက​ဖောင်းပွလာ​လေဖြစ်​လာတယ်​။ဒီအခါ
မှောင်​ခို​ဈေးကွက်​ကိုဖြိုဖို့ဥာဏ်​ကြီးရှင်​​နေ၀င်းက
၁၉၆၄ ​မေလ ၇ရက်​​နေ့ နံနက်​၇နာရီမှာ
တော်​လှန်​​ရေး​ကောင်​စီဥပ​ဒေအမှတ်​၇(The Demonetisation Act, Revolutionary Council Law No.7)နဲ့ ၁၀၀တန်​နဲ့ ၅၀တန်
ငွေစက္ကူ  ​တွေကိုတရားမ၀င်​​စတင်​​ကြေငြာပါ​တော့တယ်​။

ဆက်​ပါဦးမည်​။

https://m.facebook.com/story.php?story_fbid=378346756252000&id=100022300364681

0 ယောက်မှတ်ချက်ပြုခဲ့သည် to “History of Modern Burma....5”

Post a Comment

Related Posts Plugin for WordPress, Blogger...