Sunday, March 18, 2018

မန္တလေးတွင် လူစုလူဝေးဖြစ်ပွားရာ ခဲတို့ဖြင့် ပစ်ပေါက်သဖြင့် ရဲက သေနတ်ပစ်ဖောက် လူစုခွဲ

,
18 - 3 -2018

မန္တလေးမြို့၊ လမ်း ၈၀ နှင့် ၉ လမ်း၊ ကျုံးမြောက်ဘက်ရှိ ရဲစခန်းရှေ့တွင် ယနေ့ည ၇ နာရီခွဲဝန်းကျင်က လူအယောက် ၃၀ ခန့် စုဝေးခဲ့ကြသည့်အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ကာ လူစုခွဲခဲ့ရသည်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူဟု ယူဆရသူကို ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု စွပ်စွဲပြီး ထုတ်ပေးရန် အဆိုပါ လူစုက တောင်းဆိုခဲ့ကြရာ
မှ စတင်ခဲ့ခြင်း ဖြစ်သည်။ ညနေ ၃ နာရီခန့်
ကတည်းကလူအချို့မှ မကျေမနပ်ဖြစ်နေကာ စတင်နေခြင်းဖြစ်သည်ဟု သိရသည်။
လူစုလူဝေး များလာသည့်အတွက် ည ၉း၃၀ ကျော်ခန့်တွင် သေနတ်တစ်ကြိမ် ထပ်မံ ပစ်ဖောက်ခဲ့သေးသည်ကို တွေ့ရသည်။
လက်ရှိတွင် ရဲစခန်းရှိရာ လမ်း ၈၀ ကို ၉ လမ်းနှင့် ၁၀ လမ်းထိပ်တို့မှ လုံခြုံရေးအင်အား ၂၀ ကျော် ခန့်ဖြင့် ပိတ်ဆို့ထားသည်ကို တွေ့ရသည်။
စွပ်စွဲခံထားရခြင်းနှင့် ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးသလို ဒဏ်ရာရခြင်း ရှိ၊ မရှိကိုလည်း အတည်မပြုနိုင်သေးပေ။
လူစုလူဝေးထဲမှ ခဲများဖြင့် ပစ်ပေါက်မှုကြောင့် ရာအိမ်မှူးတဦး မျက်ခုံးပေါက်ပြဲ ဒဏ်ရာရှိပြီး လက်ရှိ အချိန်ထိ အမျိုးသမီးတဦးနှင့် အမျိုးသားတဦးကို ဖမ်းဆီးထားသည်ဟု ရာအိမ်မှူးဦးပေါလုက ပြောကြားသည်။
"လူစုလူဝေးထဲက လူတွေက ကျွန်တော်တို့ သိတဲ့လူတွေ မဟုတ်ဘူး၊ ဒီရပ်ကွက်ထဲက လူတွေ မဟုတ်ဘူး။ ကျွန်တော်တို့ သူတို့ကို မသိဘူး" ဟု ဦးပေါလုက ဆိုသည်။
လက်ရှိ (ည ၁၀ နာရီကျော်) အချိန်ထိ ရဲစခန်းအနီးတွင် လူဦးရေ ၁၅၀ ကျော်ခန့်စုဝေးနေပြီး အော်ဟစ်ဆဲဆို
နေကြဆဲဖြစ်သည်။ အဆိုပါ လူစုလူဝေးသည် ယခုချိန်ထိ ရဲများကို ဦးတည်ကာ ရိုင်းပြသည့်စကားများဖြင့် အော်ဟစ်နေကြဆဲ ဖြစ်သည်။
------
Frontier

https://m.facebook.com/story.php?story_fbid=186544195289495&id=100018017472980

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မန္တလေးတွင် လူစုလူဝေးဖြစ်ပွားရာ ခဲတို့ဖြင့် ပစ်ပေါက်သဖြင့် ရဲက သေနတ်ပစ်ဖောက် လူစုခွဲ”

Post a Comment

Related Posts Plugin for WordPress, Blogger...