Wednesday, February 14, 2018

နည်းနည်းလေးနိုင်ရင်ကို အများကြီးအန္တရာယ်ရှိတယ်

,
ဒီနေ့ မန်းလေးမှာ ဦးကိုကိုကြီးတို့က သူတို့တည်ထောင်ထားတဲ့ပါတီအတွက် စည်းရုံးရေးသွားလုပ်တယ်ပေါ့ အဲ့ဒီသတင်းဖတ်ရတယ် ဦးကိုကိုကြီးကဘာပြောလဲဆိုတော့ "သူတို့ပါတီထောင်တာ အာဏာလိုချင်လို့မဟုတ်ဘူး တာဝန်နဲ့လုပ်ပိုင်ခွင့်ကိုရယူဖို့အတွက်ဖြစ်တယ်"လို့ဆိုပါတယ်

ကျနော်ကတော့လက်မခံဘူးဗျ ဒီလိုစကားလုံးအလှသုံးတာတွေ  ဦးကိုကိုကြီးတို့ ၈၈ အရေးခင်းတုန်းက ကျနော်က ၂နှစ်သားကလေးပဲရှိသေးတာပါ သူနဲ့ယှဉ်ရင်အဖက်ဖက်ကကျနော်ကကလေးပါ  ဒါပေမဲ့ သူပြောတဲ့စကားနဲ့ရည်ရွယ်ရင်းကိုလုံးဝလက်မခံဘူးဗျ

ကျနော်တို့က နိုင်ငံရေးအကြောင်းပြောမယ် ရွေးကောက်ပွဲအကြောင်း ပါတီစည်းရုံးရေးအကြောင်းစသဖြင့် နိုင်ငံရေးအကြောင်းပြောမယ်ဆိုရင် ကျနော်တို့မကျေနပ်ပေမဲ့ လက်ရှိတည်နေတဲ့အခြေခံဥပဒေ၂၀၀၈ကိုအခြေခံပြီး ပြောရမယ် စဉ်းစားရမယ် လုပ်ကိုင်ရမယ်လို့ယူဆရမှာပါ

ဒီအခြေခံဥပဒေ၂၀၀၈ရဲ့ နိုင်ငံရေးပေးထားချက် တစ်နည်း နိုင်ငံရေးဘောင်ခတ်ထားမှု့မှာ ပြည်သူလူထုဟာ ပါတီတစ်ခုထဲကိုအုံနဲ့ကျင်းနဲ့တောင်ပြိုကမ်းပြိုမဲပေးမှကိုရမှာပါ

၂၀၁၅ရွေးကောက်ပွဲမတိုင်ခင်က ဘူးလက်လှဆွေတို့ ဝီရသူတို့ပြောတဲ့စကားကိုမှတ်မိကြဦးမယထင်ပါတယ် ဒီတစ်သက်NLDအစိုးရဘယ်တော့မှမဖြစ်နိုင်ဘူးတို့ NLDပါတီအစိုးရဖြစ်ဖို့မိုးပေါ်ကအပ်တစ်စင်းနဲ့မြေကြီးကအပ်တစ်စင်းထိဖို့ခက်သလိုခက်တယ်လို့ပြောခဲ့တာတွေက အလကားပြောတ
မဟုတ်ဘူး အခြေခံဥပဒေရဲ့နိုင်ငံရေးကိုချုပ်ထားတဲ့ခွင်ကိုကြည့်ပြီးပြောနေတာဖြစ်တယ်ဗျ

ဘူးလက်လှဆွေကပြောတယ်  ကျနော်တို့ကြံ့ခိုင်ရေးက ၂၆%အနိုင်ရရင်ကို စစ်သား၂၅%နဲ့ပေါင်းရင် အစိုးရဖွဲ့လို့ရတယ်လို့ပြောခဲ့တာမှတ်မိကြမှာပါ  အဲ့ဒါအမှန်ပဲ အဲ့ဒါ၂၀၀၈စစ်အခြေခံဥပဒေရဲ့အချုပ်ပဲ  ဒါကိုကြည့်ပြီး ပြည်သူကလဲမဲပေးရမယ် ပါတီတွေကလဲကြိုးစားရမယ်  လူထုမဲကွဲလို့မရဘူး လူထုပါတီ၂ခုဖြစ်လို့မရဘူး

၂၀၀၈အခြေခံဥပဒေအရ သမ္မတတို့အစိုးရအဖွဲ့တို့ကိုပြည်သူလူထုကတိုက်ရိုက်ရွေးလို့မရဘူး  သူရဲ့လုပ်ငန်းစဉ်က  ပြည်သူလူထုကလွှတ်တော်ကိုယ်စားလှယ်တွေကိုမဲပေးရွေးလိုက်မယ်  အဲ့ဒီကိုယ်စားလှယ်တွေကလွှတ်တော်ထဲရောက်မယ်  လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်နာယကရွေးမယ်  ပြီးတော့ လွှတ်တော်ဥက္ကဌ၄ယောက်ရွေးမယ်  အဲ့မှာလွှတ်တော်စပြီးအသက်ဝင်မယ်

လွှတ်တော်ဥက္ကဌရယ် လွှတ်တော်အမတ်တွေရယ်နဲ့လွှတ်တော်အသက်ဝင်ပြီးတဲ့အခါ  လွှတ်တော်ကအစိုးရဖွဲ့ဖို့ သမ္မတရွေးချယ်တင်မြှောက်ပါတယ် လွှတ်တော်က၂ယောက်နဲ့စစ်တပ်ကတစ်ယောက်ပေါ့ဗျာ

 ဒီနေရာမှာအဓိကအရေးပါလာပါတော့တယ် ဘာလဲဆိုတော့ အရွေးခံရတဲ့တင်မြှောက်ခံရတဲ့သမ္မတဟာ အစိုးရဖွဲ့ခွင့်ရနေလို့ပါ  အရွေးခံရတင်မြှောက်ခံရတဲ့သမ္မတက အစိုးရဖွဲ့ဖို့ ဝန်ကြီးချုပ်တွေ ပြည်ထောင်စုဝန်ကြီးတွေကိုရွေးချယ်ခန့်အပ်ပြီး လွှတ်တော်ကိုအမည်စာရင်းတင်ပြကာ အစိုးရဖွဲ့ပါတော့တယ်

ဆိုတော့ပြန်ကောက်ရရင်  ပြည်သူလူထုတင်မြှောက်တဲ့ကိုယ်စားလှယ်တွေဟာ ပါတီခေါင်းကွဲကာ  သူတစ်လူငါတစ်မင်း ကိုယ့်ပါတီကလူကိုပဲ သမ္မတအဖြစ်မဲပေး ကိုယ့်ပါတီကမဟုတ်တဲ့လူကိုသမ္မတအမည်တင်ရင်ကန့်ကွက်နေကြရင်   လွှတ်တော်ထဲအောတိုလာထိုင်နေတဲ့စစ်သား၂၅%နဲ့စစ်သားလူထွက်ဘောင်ဘီချွတ်ပါတီက အစိုးရဖွဲ့ခွင့်ရတဲ့သမ္မတနေရာကိုပေါင်းစားသွားပါလိပ်မယ်   ပြည်သူ့ပါတီတွေကကွဲနေချိန်  စစ်သားနဲ့စစ်သားပါတီကနှစ်ရပ်ပေါင်းလောင်းကျော်သွားပါလိပ်မယ်

ပြည်သူ့ပါတီက ၈၀%ကျော် ၉၀%တောင်ပြိုကမ်းပြိုနိုင်မှ အစိုးရဖွဲ့ဖို့သေချာသလောက်ရှိမဲ့အချိန်မှာ    ကြံ့ဖွတ်လိုစစ်တပ်စစ်သားပါတီက အလွန်နည်းပါးတဲ့အနိုင်ရမှု့ဖြစ်တဲ့ မဲဆန္ဒနယ်အားလုံးရဲ့ ၄ ပုံ ၁ ပုံ ၂၆%ပဲအနိုင်ရရင်ကို အစိုးရဖွဲ့နိုင်တဲ့အခြေအနေရှိနေတဲ့ ဒီအခြေခံဥပဒေ၂၀၀၈ရဲ့နိုင်ငံရေးအသာစီးယူမှု့ကို  ပြည်သူလူထုကနားလည်ဖို့လိုမယ်

ပြည်သူလူထုပေးတဲ့မဲကွဲပြားသွားလို့မရသလို  ပြည်သူလူထုမဲပေးရမဲ့ပါတီလဲ ၂ ခုမရှိရဘူး    အဲ့ဒါဘယ်ထိလဲဆိုတော့  လွှတ်တော်ထဲက စစ်သား၂၅%မထွက်မချင်းပဲ

အဲ့ဒီတော့  အဲ့ဒါကိုနားလည်ရင်  တာဝန်နဲ့လုပ်ပိုင်ခွင့်လိုချင်တာပါဆိုပြီး မဲခွဲတောင်းတဲ့ဘယ်ပါတီမှလဲမလိုအပ်ဘူးဆိုတာသိပါလိပ်မယ်     နောက်ပြီးတော့ကြံ့ဖွတ်ပါတီမဲလုံးဝနိုင်လို့မရဘူး
နည်းနည်းလေးနိုင်ရင်ကို အများကြီးအန္တရာယ်ရှိတယ် နည်းနည်းလေးတောင်နိုင်လို့မရဘူး

နောက်မှထပ်ပြောဦးမယ်ဗျာ စာရှည်သွားပြီ

HWL

https://m.facebook.com/groups/1469898766620657?view=permalink&id=2206183142992212

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နည်းနည်းလေးနိုင်ရင်ကို အများကြီးအန္တရာယ်ရှိတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...