Sunday, June 17, 2018

ရွေးကောက်ပွဲကော်မရှင်ဆုံးဖြတ်ချက် ပြန်လည်သုံးသပ်ပေးရန် ရှစ်လေးလုံး ပြည်သူ့ပါတီတင်ပြ

,
17 - 6 -2018
ဆုံးဖြတ်ချက်ပြောင်းလဲမည်မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင် ​ပြော
==============
By ဇာလီမြင့်ဦး

 Saturday, June 16, 2018

ပြီးခဲ့သည့်လပိုင်းအတွင်း ပါတီခေါင်းဆောင်အချို့နှင့် ကော်မရှင်တို့ တွေ့ဆုံမှုအချို့ရှိခဲ့သည်။
(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
 ‘ရှစ်လေးလုံးပြည်သူ့ ပါတီ’၏ အမည်၊ အလံနှင့် အမှတ်တံဆိပ်ပြောင်းလဲရန် ဆုံးဖြတ် ချက်ကို ပြန်လည်သုံးသပ်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံရာတွင် ပါတီခေါင်းဆောင်များက တင်ပြ ထားသည်။

ရှစ်လေးလုံး ပြည်သူ့ပါတီ ခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဦးကိုကိုကြီးနှင့် ဦးရဲနိုင်အောင်သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများနှင့် ဇွန်လ ၁၅ ရက်က နေပြည်တော် တွင် သွားရောက်တွေ့ဆုံစဉ် ယင်းသို့ တင်ပြခဲ့ကြောင်း ဦးရဲနိုင် အောင်က ပြောသည်။

‘‘ကျွန်တော်တို့က ဒါက ဥပဒေအရ မှန်ကန်မှုမရှိဘူးလို့ ယူဆတယ်ပေါ့နော်။ အဲဒီအ ကြောင်းကိုလည်း ကျွန်တော်တို့ ကော်မရှင်ကို တင်လိုက်တယ်။ ပြန်သုံးသပ်ပေးပါလို့ပေါ့။ သူတို့ ကတော့ ဆုံးဖြတ်ချက်အတိုင်းပဲ လို့ ပြောတယ်။ မပြင်နိုင်ဘူး ပြော ပါတယ်’’ဟု ဦးရဲနိုင်အောင်က ပြောသည်။

ယမန်နေ့ တွေ့ဆုံပွဲသည် ပါတီဘက်က ကမ်းလှမ်း၍ တွေ့ ဆုံခြင်းသာဖြစ်၍ ရှစ်လေးလုံး ပြည်သူ့ပါတီ ခေါင်းဆောင်များ၏ တင်ပြချက်အပေါ်သာ ကော်မရှင် တာဝန်ရှိသူများက ပြန်လည်ဆွေး နွေးခဲ့ကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မတီက ဆုံး ဖြတ်ချက်ကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း ပြန်လည်ရှင်းပြ ဆွေးနွေးခဲ့သည်ဟု ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။

ရှစ်လေးလုံးပြည်သူ့ပါတီ အနေဖြင့် ဇူလိုင် ၁၃ ရက်မတိုင်မီ နာမည်၊ အလံနှင့် အမှတ်တံဆိပ် အသစ်များ မတင်ပါက ပါတီထူ ထောင်ခွင့် အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင်က အကြောင်းကြားထားသည် ဟု ဦးမြင့်နိုင်က ပြောသည်။

မေလ ၅ ရက်တွင် ပြည် ထောင်စု ရွေးကောက်ပွဲကော် မရှင်မှ ရှစ်လေးလုံးပြည်သူ့ပါတီ (The Four Eights People's Party) ၏ အမည်၊ အလံနှင့် အ မှတ်တံဆိပ်တို့ကို ကန့်ကွက်လိုပါ က ခုနစ်ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ကန့်ကွက်နိုင်ကြောင်း နိုင်ငံပိုင်သတင်း စာများတွင် ကြေညာခဲ့သည်။ သို့သော် ကြေညာပြီး တစ်လကျော် သည်အထိ ကော်မရှင်က ပါတီ သို့ တစ်စုံတစ်ရာဆက်သွယ်ပြန် ကြားခြင်းမရှိခဲ့ကြောင်းနှင့် ကော် မရှင်အနေဖြင့် မီဒီယာများမှတစ် ဆင့် ပြောကြားသည်များကိုသာ တစ်ဆင့်ကြားသိခဲ့ရကြောင်း ဦး ကိုကိုကြီးက ကော်မရှင်ထံ တင်ပြ စာတွင် ဖော်ပြထားသည်။ သို့ဖြစ်၍ ဇွန်လ ၁၁ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား တွေ့ခွင့်ပေးရန် ရှစ်လေးလုံး ပြည်သူ့ပါတီခေါင်းဆောင် ဦးကို ကိုကြီးက အကြောင်းကြားစာပေး ပို့ခဲ့ကြောင်း ရေးသားထားသည်။

ရှစ်လေးလုံးပြည်သူ့ပါတီ၏ အမည်၊ အလံနှင့် အမှတ်တံဆိပ် ကို ကန့်ကွက်လိုပါက ခုနစ်ရက် အတွင်း ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလ ၅ ရက်တွင် ကြေညာပြီးနောက် လက်မှတ်ထိုးကန့်ကွက်သူ ၂၀၀ ကျော်ရှိ ကြောင်း ဦးမြင့်နိုင်က ပြောကြား ထားသည်။ ရှစ်လေးလုံးပြည်သူ့ ပါတီနှင့်ပတ်သက်၍ ကန့်ကွက်မှု များ ခိုင်လုံသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နည်း ဥပဒေပုဒ်မ ၁၄ (ဃ)အရ ပါတီ အမည်၊ အလံနှင့် အမှတ်တံဆိပ် တို့ကို ပြန်လည်ပြင်ဆင်ရန် ပါတီ တာဝန်ရှိသူများထံ ဇွန်လ ၁၄ ရက် တွင် အကြောင်းပြန်ခဲ့ကြောင်း ၎င်းကဆိုသည်။

ရှစ်လေးလုံးပြည်သူ့ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကို ပြင်ဆင်ပေးရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ဇွန်လ ၇ ရက် ဆုံးဖြတ်ချက်ကို ရည်ညွှန်း သည့် အကြောင်းကြားစာကို အီး မေးလ်ဖြင့် လက်ခံရရှိသော်လည်း ကော်မရှင်အား တွေ့ခွင့်တောင်း သည့် ဇွန်လ ၁၁ ရက်တွင်လည်း ကောင်း၊ ဇွန်လ ၁၃ ရက်တွင် ပေး ပို့သည့် ကော်မရှင်၏ အကြောင်း ပြန်စာ၌လည်းကောင်း ကော်မရှင် ဆုံးဖြတ်ချက်ကို တစ်စုံတစ်ရာ ရည်ညွှန်းဖော်ပြခဲ့ခြင်းမရှိ ကြောင်း ရှစ်လေးလုံးပြည်သူ့ပါတီ ၏ တင်ပြစာတွင် ဖော်ပြသည်။

‘‘နည်းဥပဒေသည် ပင်မ ဥပဒေ၏ လက်အောက်ခံသာဖြစ် ပြီး ပင်မဥပဒေကို ကျော်လွန်သက် ရောက်ခြင်းမရှိစေရပါ။ ပြည် ထောင်စု ရွေးကောက်ပွဲကော် မရှင်၏ ၂၀၁၈ ဇွန်လ ၇ ရက် ဆုံးဖြတ်ချက်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (ပင်မဥပဒေ)ကို ကျော်လွန်သက် ရောက်နေသည်ဟု မိမိတို့မှယူဆ ပါသည်’’ဟု လည်း ဦးကိုကိုကြီးက ကော်မရှင်ထံ တင်ပြစာတွင် ရေး သားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်တွင် ရှစ်လေးလုံး ပြည်သူ့ပါတီအနေ ဖြင့် ပါတီအမည်၊ အမှတ်တံဆိပ် နှင့် အလံတို့ကို ပြောင်းလဲရာတွင် ရှစ်လေးလုံးဟူသော စကားရပ်ကို စာဖြင့်သော်လည်းကောင်း၊ အက္ခ ရာဖြင့်သော်လည်းကောင်း ထည့် သွင်းခြင်းမပြုရန် ပါဝင်ကြောင်း ဦးရဲနိုင်အောင်က ပြောသည်။ ‘‘ရှစ်လေးလုံးဆိုတာ ပြည်သူလူ ထုတစ်ရပ်လုံးနဲ့ဆိုင်တဲ့ အမည် ဖြစ်တဲ့အတွက် ဒီအမည်ကို ပေး မသုံးနိုင်ဘူးဆိုတဲ့ အကြောင်းပြ ချက်နဲ့ ဆုံးဖြတ်တယ်ဆိုပြီးလည်း ဖော်ပြထားတယ်’’ဟု ၎င်းက ဆို သည်။

‘ရှစ်လေးလုံး ပြည်သူ့ပါတီ’ ရှေ့ဆက်ဆောင်ရွက်မည့် လုပ် ငန်းစဉ်များနှင့်ပတ်သက်၍ ဇွန်လ ၁၇ ရက်တွင် ပါတီခေါင်းဆောင် များက မီဒီယာများအား ထုတ်ပြန် ပြောကြားမည်ဖြစ်ကြောင်း ဦးရဲ နိုင်အောင်က ပြောသည်။

7Day News Journal.
.


https://m.facebook.com/story.php?story_fbid=214312535845994&id=100018017472980

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရွေးကောက်ပွဲကော်မရှင်ဆုံးဖြတ်ချက် ပြန်လည်သုံးသပ်ပေးရန် ရှစ်လေးလုံး ပြည်သူ့ပါတီတင်ပြ”

Post a Comment

Related Posts Plugin for WordPress, Blogger...