Friday, July 20, 2018

ပင်​လုံသ​ဘောတူညီချက်

,
ပင်​လုံစာချုပ်​မဟုတ်​ဘူးလို့ပထမဆုံး​ပြောချင်​တယ်​။ပင်​လုံဆိုတာသ​ဘောတူညီမှုတစ်​ခုပါ။နိုင်​ငံ​ရေးအရ ပဋိဥာဏ်​တစ်​ခုကဲ့သို့ တရားဝင်​တယ်​။ဒါ​ကြောင့်ဒီ​နေရာမှာပင်​လုံသ​ဘောတူညီမှုလို့ပဲသူ့မူရင်းအတိုင်းသုံးပါ့မယ်​။ မြန်​မာပြည်​မက​ခေါင်း​ဆောင်​နဲ့ ​တောင်​တန်း​ဒေသ  ​ခေါင်း​ဆောင်​​တွေ ​ဖေ​ဖော်​ဝါရီလ(၁၁)ရက်​​နေ့အထိ​ ဆွေး​နွေးကြပြီး​နောက်​ မြန်​မာ ပြည်​မနဲ့ အတူပူး​​ပေါင်းလွတ်​လပ်​​ရေးကို အရယူရန်​ သ​ဘောတူညီခဲ့ကြပြီး (၁၉၄၇)ခုနှစ်​ ၊​ ဖေ​ဖော်​ဝါရီလ(၁၂)ရက်​​နေ့၊ နံနက်​၁၀ နာရီအချိန်​မှာ ဗိုလ်​ချုပ်​​အောင်​ဆန်းနဲ့အတူ​တောင်​တန်း​ဒေသ​ခေါင်း​ဆောင်​ကြီး​တွေနဲ့တိုင်းရင်းသား၃မျို
းပါဝင်​သ​ဘောတူညီခဲ့ကြတာပါ။

အဲဒီထဲမှာ အမျိုးအစားခွဲပြရရင်​ ၁။ရှမ်း​စော်​ဘွား(ရှမ်းပ​ဒေသရာဇ်​အမျိုအစားကိုယ်​စားပြု)ခုနစ်​ဦး၊ရှမ်းလူထုကိုကိုယ်​စားပြုတဲ့ကိုယ်​စားလှယ်​နှစ်​ဦး ၊ ကချင်​ကိုယ်​စားလှယ်​ငါးဦး ၊ ချင်းလူထုကိုယ်​စားလှယ်​ သုံးဦး ၊ မြန်​မာအစိုးရကိုယ်​စား ကိုဗိုလ်​ချုပ်​​အောင်​ဆန်းအပါအဝင်​ ၂၃ ဦးက လက်​မှတ်​​ရေးထိုးခဲ့ကြပါတယ်​။ပိုင်​ရှင်​ ဗြိတိသျှ​တွေဘက်​မှ ဒိုမီနီယန်​ အတွင်းဝန်​ ​ဘော့တွမ်​​လေ၊မစ္စတာလက်​ဝဒ်​ခ်ျ​၊ဂျွန်​​လေဒင်​စတဲ့ အရာရှိကြီး​တွေနဲ့ ​တောင်​တန်း​ဒေသမင်းကြီး မစ္စတာ စတီဗင်​ဆင်​တို့လည်း တက်​​ရောက်​ခဲ့ကြပါတယ်​။ကရင်​အမျိုးသားအစည်းအရုံး ( K N U ) အဖွဲ့မှဖဒိုဝိရီ​ကျော်​၊သထုံဦးလှ​ဖေ၊​စောစံ​ကေးနှင့်​ဦးချစ်​တီးတို့နဲ့ကယားတို့က ​လေ့လာသူအဖြစ်​ပဲ တက်​​ရောက်​ခဲ့ကြတယ်​။ပါဝင်​လက်​မှတ်​မထိုးပါ။
     
    ပင်​လုံသ​ဘောတူညီချက်​မှာ မြန်​မာပြည်​နဲ့ပြည်​နယ်​များပူး​ပေါင်း​ရေးဆိုင်​ရာ အချက်​ကိုးချက်​ပါဝင်​ခဲ့တယ်​။အဲဒီ၉ချက်​မှာ အဓိကအကျဆုံးအချက်​ကိုရှင်းရှင်း​ပြောရရင်​ အကယ်​၍ ဗမာအစိုးရတန်းတူအခွင့်အ​ရေးမ​ပေးရင်​ တိုင်းရင်းသား​​တွေပြည်​မထဲက​နေ တရားဝင်​ခွဲထွက်​ခွင့်(Is not Federal/ This is confederal)ရှိသည်​ ဆိုတဲ့အချက်​ပဲ။အဲဒီအချက်​ကိုပဲ​ကျောရိုးယူပြီး ပထမဆုံးစတင်​​ရေးဆွဲ၁၉၄၇ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပုဒ်​မ၁၀မှာ ၁၀နှစ်​ပြည့်လို့ ခွဲထွက်​ချင်​ရင်​ ခွဲထွက်​ခွင့်ရှိသည်​ဆိုပြီး ပြဋ္ဌာန်း​ပေးခဲ့ရတယ်​။ဒါဟာပင်​လုံသ​ဘောတူညီမှုက​နေထည့်သွင်း​ပေးထားရတဲ့အချက်​ပဲ။ဒါကိုသခင်​​အောင်​ဆန်းက​ခေါင်း​ဆောင်​ပြီးအာမခံခဲ့တာပါ။ဒါကို သူ့အနားမှာ​နေ​နေတဲ့ ဒီးဒုတ်​ဦးဘချိုတို့လို့ ဗမာ/ဗုဒ္ဓ၀ါဒီ​တွေက ဗိုလ်​ချုပ်​လိုက်​​လျောလွန်းတယ်​​နော်​လို့​စောကဒတက်​ကြ​သေးတာ။ခွဲထွက်​ကုန်​ရင်​ဘယ်​လိုလုပ်​မလဲလို့​မေး​တော့  အကယ်​၍သူတို့ခွဲထွက်​သွားရင်​ ကျုပ်​တို့ညံ့လို့ပဲ(ငါတို့မစည်းရုံးနိုင်​တာ​ကြောင့်)။
ပင်​လုံသ​ဘောတူညီမှုမှာ လက်​မှတ်​​ရေးထိုးခဲ့ကြ​တဲ့
တိုင်းရင်းသား​ခေါင်း​ဆောင်​ (၂၃)ဦးက​တော့
၁။ဗိုလ်​ချုပ်​​အောင်​ဆန်း      မြန်​မာအစိုးရကိုယ်​စားလှယ်
၂။စဝ်​ခွန်​ပန်းစိန်​                 ​တောင်​ပိုင်း​စော်​ဘွား
၃။စဝ်​​ရွှေသိုက်​                   ​ညောင်​​ရွှေ​စော်​ဘွား
၎။စဝ်​နွံ                               လဲချား​စော်​ဘွား
၅။စဝ်​ဟုံဖ                          သိန္နီ​စော်​ဘွား
၆။စဝ်​စံထွန်း                        မိုင်းပွန်​​စော်​ဘွား
၇။စဝ်​ထွန်းဧ                      တာမိုင်းခမ်း​စော်​ဘွား
၈။ဦးတင်​ဧ                        ** ​တောင်​ကြီးလူထုကိုယ်​စား
၉။ဦးဖြူ                                သထုံဆီဆိုင်​​စော်​ဘွား
                                           ကိုယ်​စားလှယ်
၁၀။ဦးကြာပု                     ** သီ​ပေါလူထုကိုယ်​စားလှယ်
၁၁။ဆမားဒူးဝါးဆင်​ဝါး​နောင်​၊ကချင်​ကိုယ်​စားလှယ်
                                            (မြစ်​ကြီးနား)
၁၂။စဝ်​ယိပ်​ဖ                     **လူထုကိုယ်​စားလှယ်
                                             (သီ​ပေါ)
၁၃။ဦးခွန်​​စော                        **လူထုကိုယ်​စားလှယ်
                                             (ပင်းတယ)
၁၄။ဦးထွန်းမြင့်​                       လင်း​ခေး၊​မောက်​မယ်
၁၅။ဦးခွန်​ထီး                  **ပင်းယ​လူထုကိုယ်​စားလှယ်
                               
၁၆။ဒူးဝါး​ဇော်​ရစ်​                    ကချင်​ကိုယ်​စားလှယ်
                                             (မြစ်​ကြီးနား)
၁၇။ဦးဒိန်​ရတန်​                      ။             ။
၁၈။ဒူးဝါး​ဇော်​လွန်း                  ကချင်​ကိုယ်​စားလှယ်
                                              (ဗန်း​မော်​)
၁၉။လဘန်​ဂ​ရောင်​                  ။            ။
၂၀။ဉ်ီးလွှာမှုန်း                         ချင်းကိုယ်​စားလှယ်
                                               (ဖလန်း)
၂၁။ထောင်​ဇာခုတ်                   ချင်းကိုယ်​စားလှယ်
                                               (တီးတိန်​)  
၂၂။ဦး​ဟော်​ဝါးခွန်းဖုန်း            သိန္နီလူထုကိုယ်​စားလှယ်
၂၃။ဦးကီယိုမန်း                      ချင်းကို​ယ်​စားလှယ်
                                               (ဟားခါး)
  (**     ပြထားတာ လူထုကိုယ်​စားလှယ်​ပါ။အများစုက ပ​ဒေသရာဇ်​စည်းစိမ်​ကိုအာမခံချက်​ရ​အောင်​လုပ်​ကြသူ​တွေဆိုတာမြင်​ကြမယ်​ထင်​ပါတယ်​။မြန်​မာပြည်​မှာအာဏာရှင်​ဆိုတာ ပ​ဒေသရာဇ်​ဖြစ်​တယ်​။ရှမ်းနဲ့​တောင်​တန်း​ဒေသက အာဏာရှင်​ အခွင့်ထူးခံလူတန်းစားဆိုတာ ​စော်​ဘွားပဲ။လူထုက ကျွန်​)      
 
သခင်​​အောင်​ဆန်းသ​ဘောထား​ဖြောင့်ချင်​​ဖြောင့်ပါလိမ့်မယ်​။ဒါ​ပေမဲ့သူ့အနားမှာရှိ​နေတဲ့ ဒီးဒုတ်​ဦးဘချို၊ဦးဘ၀င်းတို့လိုအာဇာနည်​​တွေအပြင်​အခြားအစိုးရအဖွဲ့အတွင်းက ဗမာ​တွေသ​ဘောထား​ဖြောင့်ချင်​မှ​ဖြောင့်မယ်​။ဘာလို့​ပြောရတာလဲဆို​တော့ လွတ်​လပ်​စယူတဲ့အချိန်​ကတည်းက ဗမာကိုယ်​စားပြု ဆိုတဲ့လူသား​တွေဟာ ဗမာကြီးစိုး​ရေး၊ဗမာအမျိုးသား​တွေလက်​ထဲအာဏာရ​ရေးကိုသာတစ်​စိုက်​မတ်​မတ်​ကြိုးစားလုပ်​​ဆောင်​ခဲ့ကြတာ​ကြောင့်ပဲ။သူတို့ထင်​မှတ်​ယူထားပုံက ​ခေတ်​အဆက်​ဆက်​ အ​နော်​ရထာလက်​ထက်​ကတည်းက ရှမ်းနဲ့တိုင်းရင်းသားအားလုံးကို ဗမာကဦး​ဆောင်​လာတာ။ဒါ​ကြောင့်ဒီနိုင်​ငံကိုငါတို့ပဲဆက်​ဦး​ဆောင်​ရမယ်​။တိုင်းရင်းသား​တွေရိုးအတယ်​။မရဘူး။ စသည်ဖြင့်.....
တစ်​ဖန်​ အမျိုးသားပညာဝန်​ဦးဖိုးကျားက သမိုင်းကိုဆက်​တိုက်​ နိုင်​ငံ​ရေးပြု ပြင်​​ပြောင်းလဲမှုဖြစ်​​ပေါ်​နေတဲ့ကာလနဲ့အညီ ဂျင်းထည့်ပြန်​တယ်​။အဲဒီဂျင်းသမိုင်း​တွေနဲ့လူထုကိုဝါဒဖြန့်​တယ်​။ဗမာလူမျိုး​တွေထဲက ပညာဝန်​ မဖြစ်​ဘူး​တော့ဦးဖိုးကျားက ဆရာတစ်​ဆူ​ရေပန်းစား​နေချိန်​။ပညာဝန်​ဆို​တော့သိတဲ့အတိုင်းပဲ အားလုံးကပညာတတ်​ကြီးဆိုပြီးမှတ်​ယူထားကြမှာ။သူ​ပြောသမျှ​ဝေဖန်​ဖို့ ဆန်းစစ်​ဖို့ ဘယ်​သူမှစိတ်​ကူးရှိကြမှာမဟုတ်​ဘူး။ တကယ်​တမ်းဗိုလ်​​အောင်​ဆန်းကွယ်​လွန်​ပြီးတဲ့​နောက်​မှာ ၁၀နှစ်​ပြည့်လာတဲ့ဖက်​ဒရယ်​ပြဿ     နာကို ဦးနုဟာ စစ်​တပ်​အကြီးအကဲဆီလွှဲပို့လိုက်​တာပါပဲ။တိုင်းရင်းသား​တွေမမှားပါ။ဗမာအစိုးရလူလည်​ကျခဲ့တာပါ။အကယ်​၍ တိုင်းရင်းသား​တွေခွဲထွက်​မယ်​ဆိုလည်း တိုင်းရင်းသား​တွေမှန်​တယ်​။ဘာလို့လဲဆို​တော့ တရားဝင်​ကတိက၀တ်​နဲ့လူပီပီ ကိုယ့်ရပ်​တည်​ချက်​ကိုပြတ်​ပြတ်​သားသားပင်​လုံသ​ဘောတူညီမှုမှာ ထည့်သွင်း​ပြောကြားပြီးမှ ကတိနဲ့အညီ ခွဲထွက်​ဖို့ မကြိုးစားဘဲ ဖက်​ဒရယ်​ပဲ ​တောင်းခဲ့တာပါ။လက်​နှစ်​လုံး​တွေ သုံးလုံး​တွေ ​ပြောပြီး လိမ်​ညာလှည့်စားခဲ့တဲ့ဗမာအစိုးရလို​အောက်​တန်းမကျခဲ့ဘူး။ဦးနုကိုယ်​တိုင်​ ​တောင်​အ​ကြောင်းပြ ​မြောက်​အ​ကြောင်းပြနဲ့ အချိန်​မကုန်​ကုန်​​အောင်​ လုပ်​ခဲ့တယ်​။ပါလီမာန်​ဒီမိုက​ရေစီ၁၀နှစ်​ကာလမှာ ဖက်​ဒရယ်​ပြဿ     နာကို လွတ်​လပ်​ပြီး ၃နှစ်ေ​လာက်​ကတည်းက ကိုင်​တွယ်​သင့်ပါလျက်​ မကိုင်​တွယ်​ပဲ​ဘေးပို့ထားလိုက်​တယ်​။အနားက ​ကျော်​ငြိမ်း ဘ​ဆွေ သခင်​တင်​ ဆိုတဲ့ဆရာ​တွေကလည်း မဟာဗမာဝါဒီ​တွေ။ဆိုရှယ်​လစ်​ ဒီမိုအ​ယောင်​​ဆောင်​ Racists ​တွေပါ။ဒါကိုသူလည်းသိတယ်​။သူကိုယ်​တိုင်​လည်း ဘာသာ​ရေးဝါဒီ။တောင်​မ​ရောက်​​တောင်​မ​ရောက်​ ​ယောင်​စိန်​။

ပင်​လုံသ​ဘောတူညီမှုမှာ ကယားမပါဘူး။ကရင်​မပါဘူး။ရှမ်း၊ကချင်​၊ချင်းပဲပါတယ်​။တိုင်းရင်းသားအားလုံးဗမာလက်​​အောက်​နင်းပြားဖြစ်​ကြတာခြင်းအတူတူ ရှမ်း​လောက်​ ဘယ်​သူမှအထိမနာဘူး။ရှမ်းကိုဗမာအစိုးရ ဖိုး ဖာ ဖဲ အရက်​ သံယံဇာတနဲ့​မြေဧရိယာ အစအဆုံးအားလုံးနဲ့ပူး​ပေါင်း ဒုက္ခ​ပေးတာအားမရလို့ လူမျိုးခြားတရုတ်​၊၀ စတဲ့လူသား​မျိုးနွယ်​​တွေကိုပါ ​ခေါ်သွင်းလာခဲ့ပြန်​တယ်​။ရှမ်းနယ်​​မြေကြီးကိုလည်းအပိုင်းပိုင်းခွဲစိပ်​ဖြတ်​​တောက်​ပြီး ရတာအကုန်​ထုတ်​ယူခဲ့ကြတယ်​။အဲဒီလိုရတာအကုန်​ ယူခဲ့ကြ​ပေမယ့်​ဒေသခံ​တွေအတွက်​ဘာတစ်​ခုမှပြန်​လုပ်​​ပေးခဲ့တယ်​ဆိုတာ​တော့မကြားမိဘူး။အထင်​ကရမြို့ကြီးလက်​၃​ချောင်း​လောက်​ကလွဲရင်​ ရှမ်းပြည်​နယ်​ဆိုတာ ကျီနဲ့ဖုတ်​ဖုတ်​ပါ။သဘာဝတရားကြီးကဖန်​ဆင်း​ပေးထားတဲ့ အလှတရား​တွေ​တောင်​ ဒုစရိုက်​​ကောင်​​တွေလက်​ထဲတစ်​ဖြည်းဖြည်းလုံးပါးပါးသွား​နေတာအတိုင်းသားမြင်​​နေရတယ်​။အလွန်​လှတယ်​။အရမ်းလှတယ်​။ဒါ​ပေမဲ့​မှောင်​ခို လူမိုက်​ လူရမ်းကား ဂျပိုးသူခိုး ​ဆေးသမား ဖိုးသမား​တွေနဲ့အစိုးရ/သူပုန်​ဒုစရိုက်​​ကောင်​တို့ ​၀င်​ထွက်​​နေကြတဲ့​ဒေသကလွှဲပြီး စီးပွား​ရေးရပ်​၀န်း​ဒေသဖြစ်​မလာဘူး။ဧရိယာစတုရန်းမိုင်​ ၂သိန်း​ကျော်​မှာ ရန်​ကုန်​ဧရိယာစတုန်းမိုင်​၃၀၀၊မန္တ​လေးဧရိယာစတုရန်းမိုင်း၁၈၀ခန့်​၊​မော်​လမြိုင်​ဧရိယာစတုရန်းမိုင်​၈၀ခန့်​ပဲစီးပွားဖြစ်​​နေတယ်​။နယ်​စပ်​​ဒေသ မူဆယ်​၊​ကော့​သောင်း၊သုံးဆူ၊မြ၀တီ၊တာချီလိပ်​၊တမူး၊စတဲ့​ဒေသ​တွေနဲ့ ​ဖော်​ပြပါဧရိယာစတုရန်းမိုင်​၅၆၀​ပေါင်းရင်​ စုစု​ပေါင်းမြန်​မာပြည်​ဧရိယာစတုရန်းမိုင်​၂သိန်း၆​သောင်း​ကျော်​မှာ ဧရိယာစတုရန်းမိုင်​ ၈၀၀​လောက်​ပဲစီးပွားဖြစ်​​နေတယ်​ဆိုတာအတိအကျမြင်​ရ​တွေ့ရပါလိမ့်မယ်​။ဒါ ၂၀၁၈စစ်​တမ်းပဲ။ကမ္ဘာ့ နိုင်​ငံ​တွေထဲ ဧရိယာစတုရန်းမိုင်​ဘယ်​​လောက်​မှာ ဘယ်​​လောက်​စတုရန်းမိုင်​စီးပွားဖြစ်​​နေတယ်​ဆိုတာပါ စိတ်​၀င်​စားရင်​ကိုယ့်ဘာသာကိုယ်​​လေ့လာကြည့်​ပေါ့။




https://m.facebook.com/story.php?story_fbid=143913506488131&id=100026084471117

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ပင်​လုံသ​ဘောတူညီချက်​”

Post a Comment

Related Posts Plugin for WordPress, Blogger...