Wednesday, January 2, 2019

" ဗိုလ်ခင်ညွန့်နဲ့ ပြည်တန်ပတ္တမြားရှာပုံတော် "

,
ရန်ကုန်တိုင်းတွံတေးမြို့မှာ သမိုင်းဝင်ရွှေဆံတော်စေတီတော်ကြီး
တစ်ဆူရှိပါတယ် ။ ဘုရားရှင်၏ဆံတော်မြတ် ၆ ဆူကိန်းဝပ်တော်
မူသော ဆံတော်ရှင်စေတီတော်ကြီးပါ ။ ရွှေတီဂုံစေတီတော်ကြီးထက်
အနည်းငယ် နိမ့်ပြီး လုံးပတ်တော်နဲနဲပြန်ကြီးပါတယ် ။ ပြောရမယ်ဆို
ရွှေတီဂုံစေတီတော်ကြီးနဲ့မတိမ်းမယိမ်းပေါ့ ။  စေတီတော်သမိုင်းတော့
ပိုစ့်ရှည်မှာစိုးလို့မရေးပြတော့ဘူး ။ Online မှာဝင်ဖတ်လို့ရပါတယ် ။
ကျနော်အဓိကပြောချင်တာက ဒီစေတီတော်ကြီးနဲ့ စစ်အာဏာရှင်
ဗိုလ်ခင်ညွန့်အကြောင်းပါ ။ တိုတိုဘဲပြောပါမယ် ။

ဗိုလ်ခင်ညွန့်တို့စစ်အာဏာသိမ်းပြီးနောက်သိတ်မကြာခင် အလွန်ထူး
ဆန်းတဲ့အလုပ် တစ်နိုင်ငံလုံးကိုလှည့်ပြီးလုပ်ခဲ့ကြတယ် ။ အဲ့ဒါက
တစ်နိုင်ငံလုံးမှာရှိတဲ့ ရှေးဟောင်းဘုရား ပုထိုး စေတီတွေမှန်သမျှ
ပြုပြင်တယ် မွမ်းမံတည်ဆောက်တယ်ဆိုတဲ့အလုပ် ။ မလိုလဲ လုပ်
တယ် လိုလဲလုပ်တယ် ။ အကြောင်းပြချက်က သာသနာပြုတာ တဲ့ ။

ဒါပေမဲ့ အဲ့ဒိခေတ်အတွင်းသိတစ်ချို့ပြောစကားက ရှေးဘုရင်တွေ
ဌာပဏာထားခဲ့တဲ့ အဖိုးတန်ပြည်တန်ပတ္တမြားကိုရှာတာ ။ နောက်
ပြီး တန်ခိုးရှိတဲ့ ပတ္တမြားမျက်ရှင်လိုမျိုး ၊ အမြူတေလိုမျိုး ၊ သိဒ္ဒိဝင်
ဓာတ်လုံး စတာတွေကို ဘိုးတော်ယောင်ယောင်တွေနဲ့ ရှာတာ ။ အဲ့ဒိ
လိုတစ်နိုင်ငံလုံးကဘုရား ပုထိုး စေတီတွေမှာလှည့်ရှာရင်း တွံတေးမှ
ရွှေဆံတော်စေတီကြီးကို သူရောက်လာတယ် ။ သူ့လက်စွဲတော်
ဘိုးတော်တစ်ဦးနဲ့ ။ အကြောင်းပြချက်က စေတီတော်ကြီးရဲ့ ထီးတော်
ငှက်မနားနဲ့ စိန်ဖူးတော်ကို ပြန်လည်ပြုပြင်မယ်ပေါ့ ။ သူက သာသနာ
တော်ကိုအလွန်မြတ်နိုးတော်မူထသော သာသနာပြု ဒါယကာ
စစ်ဗိုလ်ချုပ်တစ်ဦးပါပေါ့ ။ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး
သူတို့လက်ထက်မှ နေလို လလို ထွန်းပြောင်ရမယ်ပေါ့ ...

အဲ့ဒိစကားနဲ့ ဘုရားပုထိုးတော် ဗိုက်ပါမချန်ဘူးဖောက်ခဲ့သူပါ ။
ထားပါတော့ ။ တွံတေးကရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်
နဲ့ ဗိုလ်ခင်ညွန့်အကြောင်းဆက်ရအောင် ...

တကယ်တော့အဲ့ဒိထီးတော် ငှက်မနားနဲ့စိန်ဖူးတော်တွေက ခေတ်အ
ဆက်ဆက်က ဘုရင်တွေကအမျိုးမျိုးသောကျောက်မြတ်ရတနာတွေ
နဲ့ စီချယ်လျှုဒါန်းထားတဲ့ရှေးလက်ရာတွေ ၊ စိန်ဖူးတော်ဆိုတာလဲ ပြင်ပ
မှာ စိန် ပတ္တမြား ကနေစလို့ ရတနာပေါင်းများစွာနဲ့ တန်ဆာဆင်ထားသ
လို စိန်ဖူးတော်ဆိုတာ ရဟန်းတွေကိုင်တဲ့သပိတ်လိုဘဲ ။ အဖုံးဖွင့်လို့ရ
တယ် ။ အထဲမှာရတနာပေါင်းများစွာထည့်ထားတာ ။ အားလုံး ရှေး
လက်ရာတွေချည်း ။ ဆိုတော့ စိန်ဖူးတော်နဲ့ ငှက်မနားကို အောက်ချ
တဲ့နေ့ ဗိုလ်ခင်ညွန့်ရောက်လာတယ် ။ သေချာစစ်ဆေးပြီး ရန်ကုန်
ယူခဲ့ပါလုပ်ရော ။ ယခင့် ယခင်တွေကလဲ အခုလိုအောက်ချပြီး ပြင်
ဆင်ခဲ့ဘူးပါတယ် ။ ဒါပေမဲ့ ဘယ်မှယူမသွားကြဘူး ။ ဂေါပက ရုံးခန်း
လုံခြုံတဲ့နေရာမှာအစောင့်အရှောက်နဲ့ထားပြီး ပညာရှင်တွေကို တာ
ဝန်ရှိသူတွေမျက်စိအောက်မှာထားပြီးပြင်တာ ။ ယခုတစ်ကြိမ် ဗိုလ်
ခင်ညွန့်ကဘယ်လိုအကြံအစည်နဲ့ဘာလုပ်ချင်တယ်မသိ ၊ စိန်ဖူး
တော်ကို ရန်ကုန်ကိုသူနဲ့အတူအတင်းယူသွားဘို့လုပ်ပါလေရော..

ကန့်ကွက်ချင်သူတွေက ကန့်ကွက်ဘို့ကျိုးစားကြပေမဲ့ သိတဲ့အတိုင်း ။
ဗိုလ်ခင်ညွန့်ကသူအလိုမကျရင် မကျသလိုလက်သံပြောင်တော့ ထိထိ
ရောက်ရောက်ဘယ်သူမှမတားဆီးရဲကြဘူး ။ အဲ့သလိုနဲ့ဘဲ တွံတေးမှ
ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီကြီး၏စိန်ဖူးတော်ကြီး ဗိုလ်
ခင်ညွန့်နဲ့အတူ ရန်ကုန်ကိုပါသွားတယ် ။ တိုတိုပြောရရင် ထီးတော်ပြန်
တင်ချိန်ရောက်တော့ သူပြန်ပို့လာတယ် ။ စိန်ဖူးတော်က ယခင်ပုံစံလုံး
ဝမရှိတော့ ။ ကျောက်မြတ်ရတနာတွေကလဲ သူ့နေရာမှာမရှိ ။ ပြောရ
မယ်ဆိုရှေးဟောင်းမူယင်းလက်ရာမဟုတ်သလို နဂိုလ်ရှိပြီးသားကျောက်
မြတ်ရတနာတွေကလဲ အတုလား အစစ်လား ခွဲခြားလို့မရတော့ ။
လုံးလုံးကိုပြောင်းလဲသွားပါလေသတည်းပေါ့ ခင်ဗျာ ...

အဲ့ဒိပုံစံအတိုင်းယခုပြန်တင်ထားပါတယ် ။

ထူးခြားတာတစ်ခုပြောရမယ်ဆိုရင် အဲ့ဒိစိန်ဖူးတော်ကို ဗိုလ်ခင်ညွန့်
စိတ်ကြိုက်ဖြတ်ဆီးပြီးနောက် တစ်လတောင်မကြာပါ ။ သူလဲ ပြုတ်ပြီး
ထောင်ကျသွားပါတယ် ။ သူနဲ့တွဲဘက် ဘိုးတော်လဲ သူ့အတိုင်းထောင်
ကျပါတယ် ။ အဲ့ဒါကတော့ထင်ရှားတဲ့လက်ငင်းအကျိုးပါ ။ အဲ့ဒိအချိန်
ကတည်းက ဗိုလ်ခင်ညွန့်နေဝင်သွားခဲ့တာ ယခုချိန်ထိ အသက်ရှင်လျှက်
ဘဝသေပြီး လူတကာတံတွေးခွက်မှာ စုန်ဆန်မျှောရင်းအရှင်လက်လက်
ငရဲကျနေရရှာပြီ ။ သံဝေဂရဘွယ်ပါတကား ... ။

မှတ်ချက် ။ အထက်ပါကျနော့ပိုစ့်နဲ့ပက်သက်လို့ ၁၀၀ % ကျနော်တာဝန်
ယူပါတယ် ။ ယခုချိန်ထိ တွံတေးရွှေဆံတော်စေတီဂေါပကရုံးမှာ ဓာတ်ပုံ
မှတ်တမ်းများရှိပါတယ် ။ ရန်ကုန်ကိုသူမယူခင်က စေတီတော်ကြီး၏
စိန်ဖူးတော်နဂိုလ်မူယင်းပုံ ၊ ရန်ကုန်က သူပြန်ယူလာတော့ ပြောင်းလဲ
သွားပုံ စတဲ့မှတ်တမ်းဓာတ်ပုံတွေသွားကြည့်လေ့လာလို့ရပါတယ် ။

ကျနော်ဒီတစ်ခေါက်ရောက်ရင် ပုံရိုတ်ယူခဲ့ပါမယ် ။ ရှေးလူကြီး
တွေအစဉ်အဆက်ပြောစကားအရ ပတ္တမြားငမောက်ခေါ် ပြည်တန်
ပတ္တမြားကို စိန်ဖူးတော်မှာဌာပဏာပြီးပူဇော်ခဲ့ပါတယ်တဲ့ ။ အဲ့ဒါ
သူနဲ့ သူ့ဘိုးတော်ဆိုသူ ရ မရ သွားသလားဆိုတာ
ကျနော်လဲမသိပါ ... ။

Sua Sponte . ( ကိုယ့်သမိုင်း ကိုယ်ရေး )
Photo.  တွံတေးမြို့မှ သမိုင်းဝင်ရှေးဟောင်းဆံတော်ရှင်
ရွှေဆံတော်စေတီတော်မြတ်ပုံတော်ပါ ။

Crd Org

#ခရီးသည်

https://www.facebook.com/100003118823595/posts/1992857087494899/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “" ဗိုလ်ခင်ညွန့်နဲ့ ပြည်တန်ပတ္တမြားရှာပုံတော် "”

Post a Comment

Related Posts Plugin for WordPress, Blogger...