Sunday, February 25, 2018

စစ်​တပ်​​နောက်​ခံ အုပ်​ချုပ်​​ရေးက​နေ Decentralization ကို ပိုပီပြင်​​စေမယ့်​ မြို့နယ်​အုပ်​ချုပ်​​ရေး ဥပ​ဒေသစ်​....့ 

,
ခြေဥအရ ပြည်ထဲ​ရေးဝန်​ကြီးဌာကို စစ်​တပ်မှ ခနိ့ထားတာ.. အုပ်​ချုပ်​​ရေးမှုး​တွေ ဟာ စစ်​ဘက်​အလွှမ်းသင့်​သူ​တွေ့ဖြစ်​​နေတာ ... စစ်​ဘက်​အရပ်​ဘက်​ဆက်​ဆံ​ရေး မ​ချော​မွေ့​နေတာ... ​တွေ​ကြောင့်​ NLD. အစိုးရ ပုံ​ဖော်​ချင်​တဲ့ အုပ်​ချုပ်​​ရေးပုံမ​ပေါ်လာပဲ ပြည်​ထဲ​ရေးကချုပ်​ကိုင်​တဲ့ ယန္တရား အတိုင်း ​အောက်​​ခြေမှာ ဖြစ်​​ပေါ်လျက်​ရှိပါတယ်​.. လွှတ်​​တော်​အမတ်​​တွေကို​တောင် ​အုပ်​ချုပ်​​ရေးလုပ်​ငန်းနဲ့ ပတ်​သက်​ရင်​ ပါဝင်​အကြံ​ပေး​ထောက်​ပြတာ​တွေကို ၀တ္ထရား​နှောက်​ယှက်​တယ်​လို့ ​​ထွေအုပ်​ဘက်​ ​ဝေဖန်​​ထောက်​ပြတာ​တွေလည်းရှိလာခဲ့ပါတယ်​...

ဒါ​ကြောင့်​ ​ရွေး​ကောက်​ခံအမတ်​ဖြစ်​လင့်​ကစား အုပ်​ချုပ်​​ရေးမှူး​တွေနဲ့ ထိပ်​တိုက်​​ပြောဆို​ဆွေး​နွေး​ရေးမှာ တွန့်​ဆုတ်​​နေခဲ့ရပါတယ်​ ​ပြောရရင်​ ပဋိပက္ခ တားဆီး​ရေး... သင့်​မြတ်​​ရေး... လုပ်​ငန်း​တွေမှာ အစိုးရဘက်​က စိတ်​​စေတနာ ဘယ်​လိုရှိရှိ ​မြေပြင်​သို့ ​ရောက်​ဖို့ တားဆီထားတာက​တော့ အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီးဌာန ပဲဖြစ်​ပါတယ်​... သက်​ဆိုင်​ရာ ၀န်​ကြီးချုပ်​​တွေရှိကြ​သော်​လည်း ၀န်​ကြီးချုပ်​​တွေနဲ့ ​ထွေအုပ်​ကြား တာဝန်​ခံမှုအပိုင်း မှာ ​ခြေဥ အရဆိုရင်​ အားနည်း​လျက်​ရှိ​နေပါတယ်​..

မကြာမှီအတည်​ပြုနိုင်​ဖွယ်​ရှိတဲ့ မြို့နယ်​အအုပ်​ချုပ်​​ရေး ဥပ​ဒေက အထက်​ကဆိုခဲ့​တဲ့ အဟန့်​အတားအကန့်​သတ်​​တွေကို ​ကျော်​လွှားနိုင်​မယ်​လို့ ​ဖတ်​မိရ​သ​လောက်
အ​ကောင်းမြင်​မိပါတယ်​...

ဒီဥပ​ဒေမှာ မြို့နယ်​အုပ်​ချုပ်​​ရေးမှုး​တွေ ၀န်​ကြီးချုပ်​ကို တာဝန်​ခံရမယ်​လို့ ​ဖော်​ပြလိုက်​တာက ​​​ဒေသန္တရအုပ်​ချုပ်​​ရေးကို ပီပြင်​​စေမယ့်​ NLD အစိုးရရဲ့ ကြိုးပမ်းမှုကို ထင်​ဟပ်​​စေပါလိမ့်​မယ်​... အုပိချုပ်​​ရေးမှုးအားလုံး တာဝန်​ခံ ရမယ့်​သူက ပြည်​ထဲ​ရေးဝန်​ကြီးတင်​မဟုတ်​​တော့ဘဲ... ၀န်​ကြီးချုပ်​​တွေ ဖြစ်​လာ​တော့မှာဖြစ်​ပါတယ်​...

ဒါပြင်​ ကိစ္စ​ရေးရာတခုခုနဲ့ပတ်​သက်​ပြီးဘယ်​သို့ ​ဆောင်​ရွက်​ရန်​ ဆိုတဲ့ ၀န်​ကြီးချုပ်​ရဲ့အမိန့်​ညွန်​ကြားချက်​ကို လက်​ခံအ​ကောင်​ထည်​​ဖော်​​ပေးရ​တော့မှာဖြစ်​ပါတယ်​ ​၀န်​ကြီးချုပ်​သြဇာအာဏာလည်း ပိုမိုရရှိသွားမှာဖြစ်​သလို Decentralize ဗဟိုချုပ်​ကိုင်​မှု​လျှော့​ရေး ဖြစ်​စဉ်​ကိုလည်း အထိုက်​အ​လျောက်​ ​ထောက်​ကူ​ပေးနိုင်​ပါမယ် လို့ ယူဆမိပါတယ်​..

တိတိပပ ပြဌာန်းချက်​မရှိတာ​ကြောင့်​လွတ်​​တော်​အမတ်​​တွေ မြို့နယ်​ ဖွံဖြိုး​ရေးအစီအစဉ်​မှာ တရားဝင်​ပါဝင်​အကြံ​ပေး​ဆောင်​ရွက်​နိုင်​ဖို့အ​တော်​ပဲအခက်​​တွေ့ကြရပါတယ်​.. ဒီဥပ​ဒေမှာ​တော့ ​လေးစားတိုင်​ပင်​အပ်​​သောပုဂ္ဂိုလ်​​တွေအဖြစ်​ အုပ်​ချုပ်​မှုးဘက်​က သတ်​မှတ်​ခံယူကာ အုပ်​ချုပ်​​ရေး စီမံကိန်း​ရေးဆွဲ​ရေး လူမှု​ရေး စီးပွား​ရေး စတဲ့ မြိုနယ်​​ရေးရာ​ အကြံပြုချက်​​တွေကို တရားဝင်​​ပေးခွင့်​ တရားဝင်​ပါဝင်​ခွင့်​ ရှိလာပါမယ်​...

ဒါပြင်​ မြို့နယ်​​ရေးရာအစည်းအ​ဝေး​တွေကို ဖိတ်​ချင်​မှာဖိတ်​မယ်​ဆိုတဲ့အ​ခြေ​နေ က​နေ မပျက်​မကွက်​ ဖိတ်​ကြားရ​တော့မှာ ဖြစ်​ပါတယ်​...

လိုရင်း​ပြောရရင်​ ​ထွေအုပ်​က​နေ ကြိုကိုင်​ထားတဲ့ စစ်​တပ်​သြဇာခံ အုပ်​ချုပ်​​ရေးမှ ဗဟိုထိ​န်းချုပ်​မှုကို​လျှော့ချ​တဲ့ ဒီမိုက​ရေစီအုပ်​ချုပ်​​ရေးအသက်​၀င်​လာ​စေဖို့ ဒီမြို့နယ်​အုပ်​ချုပ်​​ရေး ဥပ​ဒေက စွမ်း​ဆောင်​နိုင်​မယ်​လို့ အထူးယုံကြည်​မိပါတယ်​.. လွှတ်​​တော်​မှာ ဒီအချက်​​တွေကို မပြင်​ခဲ့ဘူး ဆိုရင်​​ပေါ့​လေ...
.........

ဖုံးနဲ့​ရေးလိုက်​တာဖြစ်​လို့ ​ရေးတာအားနည်းချက်​ရှိနိုင်​ပါတယ်​... ဖြည့်​စွက်​​ပေးနိုင်​ပါတယ်​..

ကိုသက်​ ​ရွေးလက်​ယာ


https://m.facebook.com/groups/898432940253706?view=permalink&id=1382658618497800

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ စစ်​တပ်​​နောက်​ခံ အုပ်​ချုပ်​​ရေးက​နေ Decentralization ကို ပိုပီပြင်​​စေမယ့်​ မြို့နယ်​အုပ်​ချုပ်​​ရေး ဥပ​ဒေသစ်​....့  ”

Post a Comment

Related Posts Plugin for WordPress, Blogger...