လူမျိုးတုံး သတ်ဖြတ်မှု မြောက်သော စက်ဆုတ်ရွံရှာဖွယ်ရာဇ၀တ်မှုများတွင် မြန်မာ့တပ်မတော် ပါဝင်ပတ်သက်ကြောင်း ၀န်ခံခြင်းအပေါ် ဥပဒေအထောက်အကူပြုကွန်ရက်၏ သုံးသပ်ချက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်၊ အင်းဒင် ကျေးရွာတွင် ၂၀၁၇ စက်တင်ဘာလအတွင်း သတ်ဖြတ်ခံရမှုတွင် ၄င်းတို့တပ်ဖွဲ့ဝင်များ ပါဝင်ကျူးလွန်ခဲ့ကြောင်း မြန်မာစစ်တပ်က ၀န်ခံလိုက်သည့်အပေါ် လူ့ အ၀ိုင်း တခုလုံး အလွန်အမင်း အံ့အားသင့်သွားစေသည်သာမက အခြား အလားတူကျူးလွန်မှုများရှိနေကြောင်းသက်သေပြလိုက်သကဲ့သို့ ဖြစ်နေသည်။ ယခုလို လူသိရှင်ကြားဝန်ခံပြောကြားမှုမျိုး ဘာကြောင့် ပြုလုပ်လာရပါသနည်း။ ဤကိစ္စမှာ မိမိတို့ ဥပဒေ အထောက်အကူပြုကွန်ရက်မှ ၂၀၁၇ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော "မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ ရိုဟင်ဂျာများပြန်ပို့ရေး ကိစ္စအပေါ် ဥပဒေရေးရာ သုံးသပ် ကြေညာချက်”နှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။ ယင်းကြေညာ ချက်တွင် အခြားသော အကြောင်းအရာများ အပြင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
“နိုင်ငံတကာ ဥပဒေတွင် ကျင့်သုံးသော 'အထက်လူကြီးအဖြစ်/အမိန့်ပေးမှုအရ တာဝန်ရှိခြင်း'၁ သည် အရေးယူရန် ပျက်ကွက်မှု အတွက် တာဝန်ရှိမှုပုံစံတရပ်ဖြစ်သည်။ အောက်အဆင့် တာဝန်ရှိသူများ ပြစ်မှု ကျူးလွန်ကြောင်း သိရှိပါလျှက် ယင်းတို့ကို တားဆီးကာကွယ်ရန်နှင့် အပြစ်ပေးအရေးယူရန် ပျက်ကွက်ခဲ့ပါက ဤ သဘောတရားအောက်တွင် အထက်အရာရှိသည် ပြစ်မှုဆိုင်ရာဥပဒေအရ တာဝန်ခံရမည်။”
မြန်မာစစ်တပ်၏ခေါင်းဆောင်အဆင့်ဆင့်သည် ဤနိုင်ငံတကာဥပဒေသဘောတရားကို ချိုးဖောက် လျှက်ရှိနေပေ ပြီ။ အင်းဒင်ရွာသတ်ဖြတ်မှုအဖြစ် ပထမဦးဆုံးပေါ်ထွက်လာသော လူမျိုးတုံးသတ်ဖြတ်မှု မြောက်နိုင်သည့် စက်ဆုပ်ရွံရှာ ဖွယ် ပြစ်မှုတခုကိုကျူးလွန်ခဲ့သော အောက်ခြေစစ်သားများအားအရေးယူခြင်းဖြင့် အထက်ခေါင်းဆောင်များသည် ၄င်းတို့၏ တာဝန်ရှိကိုဖုံးကွယ်ရန် ကြိုးပမ်းလျက်ရှိသည်။၂ ထိုသို့ လက်အောက်ငယ်သားများအား အပြစ်ပုံချ အရေးယူလိုက် ခြင်းမှာ အကယ်၍ မြန်မာစစ်ခေါင်းဆောင်များအား ယူဂိုဆလားဗီးယားဖြစ်ရပ်ကဲ့သို့ မြန်မာပြည်ဆိုင်ရာ နိုင်ငံတကာခုံရုံး (သို့) နိုင်ငံ တကာ ပြစ်မှုဆိုင်ရာ တရားရုံး တွင် တရားစွဲဆို အရေးယူခြင်းခံရပါက ဤကဲ့သို့ ရာဇ၀တ်ပြစ်မှုများ အား ကာကွယ်ခြင်းနှင့် အပြစ်ပေးအရေးယူခြင်းဆိုင်ရာ ၄င်းတို့၏တာဝန်ရှိမှုကို ကျေပွန်စွာလုပ်ဆောင်ခဲ့ပြီးကြောင်း အများကထင်မြင်ယူဆခံရ စေရန် နှင့် ၄င်းတို့ကိုယ် ၄င်းတို့ ယင်းကဲသို့ ထုချေ ကာကွယ်ရှင်းလင်းရန် ကြိုစားလိုက်ခြင်းပင်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အမည်ခံ၍ ထုတ်ပြန်ခဲ့သော မြန်မာစစ်တပ်၏ ၂၀၁၈ ခုနှစ် ဇန္န၀ါရီလ ၁၀ ရက်နေ့ထုတ်ပြန်ချက်အနက် အောက်ပါဝါကျတွင် နိုင်ငံတကာဥပဒေအသုံးအနှုန်းအရ မိမိတို့ ဥပဒေအထောက်အကူ ပြုကွန်ရက်က ခေါ်ဝေါ်သုံးစွဲထားသော အင်္ဂလိပ်ဘာသာဖြင့် “အထက်အရာရှိနှင့် လက်အောက်ငယ်သား” (Superiors and subordinates) ဟူသည့် စကားရပ်ကိုပင် မြန်မာစစ်ခေါင်းဆောင်များက ထပ်တူပြုမှီငြမ်း သုံးစွဲထားကြောင်းတွေ့ ရှိရသည်။
“အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အထက်အရာရှိအဆင့်ဆင့်သို့ တင်ပြခဲ့ခြင်းမရှိ။ မှုခင်းနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိသော်လည်း လက်အောက်ငယ်သားများအား ကွပ်ကဲရန်တာဝန်ရှိသည့် အထက်အရာရှိများ ကိုလည်း လိုအပ်သလိုဖော် ထုတ်အရေးယူ သွားမည်၊ အရေးယူဆောင်ရွက်ပြီးစီးမှုအခြေအနေများ ကိုလည်း သတင်းထုတ်ပြန်သွားမည် ဖြစ်သည်။”၃
ဤသည်မှာ သမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာရာဇ၀တ်မှုမြောက်သည့် စက်ဆုပ်ရွံရှာဖွယ်ပြစ်မှုကြီး များကျူးလွန်ရာတွင် ၄င်းတို့ပါဝင်ပတ်သက်ခဲ့ကြောင်းကို မြန်မာစစ်တပ်က လူသိရှင်ကြား တရားဝင် ထုတ်ဖော်ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ တစိတ်တပိုင်းထုတ်ဖော်ဝန်ခံရခြင်းမှာ ရိုးရိုးသားသား အမှန်တကယ်အားဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစွာဖြင့် ဖော်ထုတ်ခြင်းမျိုး မဟုတ်။ မြန်မာနိုင်ငံ၏ လက်ရှိတရားစီရင်ရေး စနစ်အရ တရားဝင် အရေးယူဆောင်ရွက်ရန် လုံလောက်သော အခွင့်အာဏာမရှိသော်လည်း မကြာတော့သည့် အနာဂတ်တွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ၄င်းတို့ အပေါ် ဥပဒေကြောင်းအရ အရေးယူလာမည်ကို အလွန်အမင်း စိုးရိမ်ပူပန်လာခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ၄င်းတို့၏ စက်ဆုပ်ရွံရှာဖွယ် ရာဇ၀တ်မှုများအတွက် လက်အောက်ငယ်သား အောက်ခြေစစ်သားများကို ဓားစာခံလုပ် ချကျွေး စတေးခြင်းဖြစ်သည်။
ဤကဲ့သို့ လုပ်ဆောင်မှုမှာ လူ့ကျင့်ဝတ်၊ စစ်ဝန်ထမ်းကျင့်ဝတ်ကို ချိုးဖောက်ရာကျရုံသာမက နိုင်ငံတ၀ှမ်းလုံးတွင် အခြခံလူ့အခွင့်အရေးများကို ဆက်လက်မျက်ကွယ်ပြုခြင်းဖြစ်သည်။ စစ်မှန်သော တရားဥပဒေစိုးမိုးရေး မူများကို ဆန့်ကျင် ခြင်းလည်း ဖြစ်သည်။ သို့ဖြစ်၍ “အထက်လူကြီးအဖြစ်/အမိန့်ပေးမှုအရ တာဝန်ရှိခြင်း” ဥပဒေသကို လက်တွေ့ ကျင့် သုံး လျှက် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားသော နိုင်ငံတကာနှင့် ပြည်တွင်း လူ့အဖွဲ့အစည်း နှစ်ရပ်စလုံးတွင် အမှန် တရားကို ဖော်ထုတ်ရန်၊ စက်ဆုပ်ရွံရှာဖွယ် ရာဇ၀တ်မှုများအတွက် သားကောင်အဖြစ်ထိုးကျွေးခံရသူများ ၏ အခွင့်အရေး ကို ကာကွယ်ရန်နှင့် အမှန်တကယ် ဖောက်ဖျက်ကျူးလွန်သူများကို တရားဥပဒေ ရှေ့ မှောက်သို့ ပို့ဆောင် ပေးရန်၊ တာဝန် ရှိ သည်။ တချိန်တည်းမှာပင် ရေရှည်တွင် လူ့အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံ၏ လုံခြုံရေးကဏ္ဍ အလုံးစုံအား ပြုပြင်ပြောင်းလဲရေးကိုလည်း ထည့်သွင်းလုပ်ဆောင်သွားရမည်ဖြစ်သည်။
ရခိုင်ပြည်နယ် အပါအ၀င် အထူးသဖြင့် တိုင်းရင်းသား ပြည်နယ်များတွင်ဆက်တိုက် ဖြစ်ပွားနေသော ပြင်းထန် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်၏ကိုယ်စား လွှတ်တော်များ နှင့် အစိုးရအာဏာ ပိုင်များတွင် တာဝန်ရှိသည်။ အထူးသဖြင့် တိုင်းပြည်၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်သော သမ္မတဦးထင်ကျော် ဥက္ကဌ အဖြစ်ပါဝင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)မှာ တာဝန်အရှိဆုံးဖြစ်သည်။
“အထက်လူကြီးအဖြစ်/အမိန့်ပေးမှုအရ တာဝန်ရှိခြင်း” ဥပဒေသအရ လက်တွေ့တွင် အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီတွင် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် (၂၀၀၈ ဖွဲ့စည်းပုံအရ) အထက်လူကြီးဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့မှာ လက်အောက်ငယ်သားများဖြစ်ကြသည်။ တစ်ချိန်တည်းမှာပင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၎ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ၅ နှင့်ဗိုလ်မှူးချုပ် ကျော်စွာလင်း၆ (ဇယား ၁ တွင် ဖော်ပြထားသည့် အထက်မှအောက် အစီအစဉ်အတိုင်း) တို့သည် အထက်လူကြီးများဖြစ်ပြီး ဗိုလ်ချုပ် မောင်မောင်စိုး ၇ မှာ လက်အောက်ငယ်သားဖြစ်သည်။
၅ ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ (ကပ - ၁၇၄၄၄)၊ (ဒီအက်စ်အေ-၂၄)။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့်
အနောက် တောင်တိုင်း စစ်ဌာနချုပ်တို့ အောက်ရှိ တပ်မတော် စစ်ဆင်ရေးများကို ကွပ်ကဲရသည့် အမှတ် (၃) အထူးစစ်ဆင်ရေး အဖွဲ့ မှူး (ကစထ-၃) ဖြစ်ခဲ့ပြီး၂၀၁၈ ခုနှစ် ဇန္န၀ါရီလ ၂ ရက်နေ့တွင် လက်တွေ့ အားဖြင့် လုပ်ငန်းတာဝန် မရှိသည့် နေပြည်တော် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးများကို ကြီးကြပ်ရသည့် အမှတ် (၆) အထူးစစ်ဆင်ရေးအဖွဲ့မှူး (ကစထ-၆) အဖြစ် ပြောင်းရွှေ့ခြင်းခံရသည်။
၆ ဗိုလ်မှူးချုပ်ကျော်စွာလင်း (ကပ-၂၅၀၇၄) (ဒီအက်စ်အေ-၃၅)။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကက-ကြည်း)၏
စစ်ဦးဗိုလ်မှူးချုပ်တာဝန်နှင့် အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၆) တပ်မှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန္န၀ါရီလ ၂ ရက်နေ့တွင် အလယ်ပိုင်တိုင်း စစ်ဌာနချုပ်သို့ ဗိုလ်ချုပ်ရာထူးဖြင့် ရာထူးတိုး ပြောင်းရွှေ့ခံရသည်။
၇ ဗိုလ်ချုပ် မောင်မောင်စိုး။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စ၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလ
ဒုတိယ ပတ်မှစ၍ ရာထူးလက်ကိုင်မရှိသော တပ်မတော်အရံအင်အားစာရင်းသွင်းခံထားရသည်။ ၄င်းကို အမေရိကန်ပြည်ထောင်စုက ၂၀၁၇ ဒီဇင်ဘာလ အတွင်း တွင် အရေးယူပိတ်ဆို့ခံရသူ အမည်မဲစာရင်းတွင် ထည့်သွင်းခံရသည်။
အလားတူပင် ဗိုလ်ချုပ်မောင်မောင်စိုးနှင့် ဗိုလ်မှူးချုပ် ဆန်နီအုန်း ၈တို့မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် အထက်လူကြီးများဖြစ်ပြီး ဗိုလ်မှူးချုပ်ခင်မောင်စိုး၉ ၊ ဗိုလ်မှူးကြီးမောင်မောင်ဝင်း၁၀ နှင့် ရဲမှူးကြီးသူရစန်းလွင်၁၁တို့မှာ
၈ ဗိုလ်မှူးချုပ် ဆန်နီအုန်း၊ ဒုတိယတိုင်းမှူး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)။
၉ ဗိုလ်မှူးချုပ် ခင်မောင်စိုး။ တပ်မှူး (စကခ မှူး) အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ-၁၅)၊ ဘူးသီးတောင်။
အရပ်သားများအပေါ်ရက်စက် ဆိုးရွားသော ရာဇ၀တ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရသော ခြေမြန်တပ်ရင်း အမှတ် (၅၆၄)၊ (၅၅၁)၊ (၃၅၂) နှင့် (၃၄၅) တို့၏ မြေပြင် ရှင်းလင်းရေး လုပ်ငန်းများကို ကွပ်ကဲရသည့် ဘူးသီးတောင် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်။
လက်အောက်ငယ်သားများဖြစ်သကဲ့သို့ အဆင့်ဆင့် အမိန့်ပေးမှုစနစ်အရ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အောက်ရှိ စစ်တပ် တပ်ရင်းမှူးများနှင့် ရဲတပ်ရင်း တပ်ရင်းမှူးများသည်လည်း အလားတူပင် ဖြစ်ကြသည်။ (ဇယား ၂ တွင် ဖော်ပြသည့်အတိုင်း အထက်မှအောက် အစီအစဉ်အတိုင်း)
မြန်မာလက်နက်ကိုင်တပ်များအတွင်း လက်ရှိကျင့်သုံးနေသည့် အမိန့်စီးဆင်းမှုစနစ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် အခြားအရပ်ဖက်ဌာနများမှာ ပြည်ထဲရေး ၀န်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသော်လည်း နိုင်ငံတ၀ှမ်းရှိ တိုက်ခိုက်ရေး ရဲတပ်ရင်း ၁၆ ခုမှာ သက်ဆိုင်ရာ တပ်မတော် စစ်တိုင်းဌာနချုပ်များ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိသည်။၁၂
ထောက်ခံတင်ပြချက်များ
၁။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးထင်ကျော်၊ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ရခိုင်ပြည်နယ်တွင်သာမက အခြားသော တိုင်းရင်းသား ပြည်နယ်များတွင် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် အလားတူ စက်ဆုပ်ရွံရှာဖွယ် ရာဇ၀တ်မှု များအားလုံးကို ဖော်ထုတ်ပေးရန် မိမိတို့ တောင်းဆိုသည်။
၂။ အင်းဒင် ဖြစ်ရပ်နှင့် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်တွင် ကျူးလွန်ခဲ့သော အခြားစက်ဆုပ်ရွံရှာဖွယ် ရာဇ၀တ်မှုများသည် လူမျိုးတုံး သတ်ဖြတ်မှု မြောက်သည်။ မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေဖြစ်သည့် ၁၉၅၉ တပ်မတော် အက်ဥပဒေတွင် အဆိုပါပြစ်မှုများနှင့် ပတ်သက်၍ ပြဌာန်းထားခြင်း အလျှဉ်းမရှိ။ သို့ဖြစ်ရာ တပ်မတော် လုပ်ထုံးလုပ် နည်း ဥပဒေ ပုဒ်မ ၁၇၆ ကို အသုံးပြု၍၄င်း၊ သို့မဟုတ် အခြား စစ်ဖက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အသုံးပြု၍၄င်း၊ စစ်တပ် အထက် အရာရှိကြီးများသည် လက်အောက်ငယ်သားများအပေါ် ၄င်းပြစ်မှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် သော်၎င်း၊ အပြစ် ပေးအရေးယူရန်သော်၎င်း၊ အခွင့်အာဏာ လုံးဝမရှိပေ။ ထို့အပြင် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၃(ခ) နှင့် ၃၁၉ တို့အရ လက်ရှိဖွဲ့စည်းလည်ပတ်နေသည့် စစ်ခုံရုံးများတွင်လည်း အထက်တွင် ဖော်ပြထား သော စက်ဆုပ်ရွံရှာဖွယ် ရာဇ၀တ်မှုကြီးများကို စစ်ဆေးစီရင်ဆုံးဖြတ်နိုင်သည့် စီရင်ပိုင်ခွင့် မရှိကြပေ။ သို့ဖြစ်ရာ လက်ရှိ အစိုးရအနေဖြင့် ဤ ရာဇ၀တ်မှုကြီးများကို တားဆီးရန်နှင့် အပြစ်ပေးအရေးယူရန် တာဝန်များကိုဆောင်ရွက်ကြောင်း သက်သေ ပြလိုပါက ကုလ သမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ ၏ အကူအညီကို ရယူရန်လိုအပ်ပေသည်။
၁ ဗိုလ်မှူးကြီး မောင်မောင်ဝင်း (ကိုယ်ပိုင်အမှတ် ၂၇၂၀၃) (ဒီအက်စ်အေ ၃၇)။ ဒု-စကခမှူး၊ အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်
(စကခ-၁၅)၊ ဘူးသီးတောင်။ ၂၀၁၈ ခုနှစ် ဇန္န၀ါရီလ ၂ ရက်နေ့တွင် အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စစ်တွေ) တပ်မှူးအဖြစ် ဗိုလ်မှူးချုပ် ရာထူး တိုးမြှင့် ခန့်အပ်ခြင်း ခံရသည်။
၁၁ ရဲမှူးကြီး သူရ စန်းလွင်(ဒုတိယ ဗိုလ်မှူးကြီးဟောင်း)၊ ဒု ကွပ်ကဲရေးမှူး(စစ်တွေ)၊ ရဲတပ်ရင်းများဒုတိယကွပ်ကဲမှုအဖွဲ့ မှူးရုံး (စစ်တွေ)။
အရပ်သား များ အပေါ် ရက်စက်ဆိုးရွားသော ရာဇ၀တ်မှုများ ကျူးလွန်ရာတွင် ပူးတွဲပါဝင်သည်ဟု စွပ်စွဲခံရသော မြေပြင် ရှင်းလင်းမှု စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ သည့် ဘူးသီးတောင် အခြေစိုက် ရဲတိုက်ခိုက်ရေး တပ်ရင်း အမှတ် (၂) နှင့် အမှတ် (၁၃) တို့ကို အမိန့်ပေး ကြီးကြပ်ရသော ရဲတပ်ရင်းများ ဒုတိယကွပ်ကဲ မှုအဖွဲ့ မှူးရုံး (စစ်တွေ)၏ တပ်မှူး။
၁၂ ဤအထူး လေ့ကျင့်ထားသော စစ်မြေပြင်ရင်ဆိုင်တိုက်ပွဲ တိုက်ခိုက်ရေး စွမ်းရည်ရှိသည့် ရဲတပ်ရင်းများကို ယခင်က လုံထိန်းဟု
လူသိများသည့် အဓိကရုဏ်းနှိမ်နင်းရဲ တပ်ဖွဲ့ဝင်များနှင့် တပ်မတော် တပ်ရင်းများမှ အထူးရွေးချယ်ထုတ်နှုတ်ထားသူများဖြင့် စုဖွဲ့ထားသည်။ ရဲတပ်ရင်းတစ်ခုတွင် အင်အား ၅၀၀ ကျော်ပါဝင်ပြီး ဆက်သွယ်ရေးနှင့် ဆေးတပ်ဖွဲ့ နှစ်ခုပါ ပူးတွဲထောက်ပံ့ ဖွဲ့စည်းထားသည်။ ဤတပ်ရင်းများ၏ ဖွဲ့စည်းပုံမှာ တပ်မတော်၏ ခြေမြန် တပ်ရင်းများ (ခမရ) ဖွဲ့စည်းပုံအတိုင်းဖြစ်ပြီး တပ်ရင်းအခြေစိုက်သည့် သက်ဆိုင်ရာဒေသ စစ်တိုင်းမှူးများ၏ တိုက်ရိုက် အမိန့်ပေးမှူအောက်တွင် ရှိသည်။
၃။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ ၁၃ အနေနှင့်လည်း မြန်မာအစိုးရထံမှ မြန်မာစစ်တပ်ကျူးလွန်ချိုးဖောက် ထားသော စစ်ရာဇ၀တ်ပြစ်မှုများ၊၁၄ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သည့်ပြစ်မှုများ၊၁၅ လူမျိုးတုံးသတ်ဖြတ်မှုများ၁၆ နှင့် ပတ်သက် သည့် သတင်း၊ အချက်အလက်၊ အထောက်အထားများအား လူသိရှင်ကြား ထိထိရောက်ရောက် တောင်းဆိုသင့်သည်။
ဥပဒေအထောက်အကူပြုကွန်ရက် ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၁၈)ရက်။
အသေးစိတ်သိလိုလျှင်မေးမြန်းရန် ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ယက်တည်ထောင်သူ ဖုန်းနံပါတ် - + ၈၆ ၁၅၃၀ ၈၈၂ ၇၉၄၈ E.mail: legalaidnetwork@gmail.com Website: www.legalaidnetwork.org

