Saturday, July 21, 2018

သမင်လည်ပြန် ကြည့်မိခြင်း

,
၁၉၆၂ ကနေ ၁၉၈၈ ထိ တော်လှန်ရေးကောင်စီ၊မဆလ ပါတီတို့ဟာ စစ်တပ်က ပေါက်ဖွားလာတဲ့ အစိုးရတွေပါ။

၁။တိုင်းပြည်ရဲ့လူတော်တွေကို တဖြေးဖြေး ထုတ်ဖယ်ရှင်းလင်းသွားသလို လူကောင်းတွေ
ကိုလည်း ချိုးနှိမ်ထားပါတယ်။

၂။ပညာရေးမှာ ပညာရှင်တွေကိုဘေးဖယ်ပြီး
သူတို့စိတ်တိုင်းကျစီမံခဲ့ပါတယ်။

၃။စီးပွားရေးမှာ လုပ်တွေ့မပါတဲ့ စိတ်ကူးယဉ်
ဝါဒတွေကို မျက်စိမှိတ်ဖော်ဆောင်ခဲ့ပါတယ်။

၎။တိုင်းရင်းသား၊ဘာသာခြားတွေကို နေရာမပေး၊ရာထူးကြီးတွေ မပေးတော့ပဲ
ခွေထားပါတယ်။

၅။စီမံကိန်းတွေ၊ရာထားချက်တွေ အားလုံး
ပြည့်ဝပါတယ်၊ပြီးမြောက်ပါတယ်၊အောင်မြင်
ပါတယ်လို့ အဆင့်ဆင့် လိမ်ညာသွားခဲ့ပါတယ်။

၆။နောက်ဆုံး LDC နိုင်ငံဘွဲ့ကို ခံယူခဲ့ပါတယ်။

၇။ဝန်ထမ်းအများစုလည်း မလုပ်၊မရှုပ်၊မပြုတ်
အနေအထားမျိုးနဲ့တာဝန်ကျေလုပ်လာသလို
ပြည်သူအများစုလည်း ရသလောက်နဲ့တင်းတိမ်ပြီး နေတတ်သလိုနေ
လာကြပါတယ်။

၁၉၈၈ ကနေ ၂၀၁၀ ထိ နဝတ/နအဖ စစ်အစိုးရတွေပါပဲ။

၁။စစ်အစိုးရနဲ့အလွမ်းမသင့်တဲ့၊အကြိုက်မ
လိုက်တဲ့ ဘယ်လူတော်လူကောင်းမှ လက်မခံပါဘူး။စစ်အစိုးရကို ဆန့်ကျင်တဲ့အမြင်ရှိတဲ့ လူတော်လူကောင်းမှန်
သမျှ ထောင်နန်းစံရပါတယ်။

၂။ပညာရေးမှာ ဖောင်းတော်ညိမ့်ဘွဲ့ကြီးရှင်
တွေအားကိုးနဲ့ ကြက်တူရွေးကောလိပ်၊တက္က
သိုလ်တွေ အများအပြားဖွင့်ကာ ဘွဲ့ရပညာမတတ်တွေဖောင်းပွလာပါတယ်။

၃။စီးပွားရေးမှာ ခရိုနီတွေမွေးထုတ်ပေးပြီး ပု
လင်းတူဘူးစို့တွေအဖြစ် နိုင်ငံ့သယံဇာတတွေ
ကို စိတ်တိုင်းကျ ထုတ်ယူသွားကြပါတယ်။

၎။ဗမာလူမျိုးကြီးဝါဒအခြေခံနဲ့သားတူညီများ
ကောင်းစားရေးမူကို အသုံးပြုပြီး လက်သင့်ရာ
စားတော်ခေါ်ခဲ့ပါတယ်။

၅။စီမံကိန်းတွေ၊ရာထားချက်တွေလည်း အောင်မြင်ပြီးမြောက်အကောင်အထည်ဖော်
နိုင်တယ်ပြောပြီး နိုင်ငံ့ဘဏ္ဏာတွေကို ဝေစား
မျှစားတွေလုပ်ခဲ့ပါတယ်။

၆။နောက်ဆုံး နိုင်ငံခြားကြွေးမြှီ ၁၁ဘီလျံကျော်
တင်ရှိခဲ့ပါတယ်။

၇။ဝန်ထမ်းအများစုလည်း အကျင့်ပျက်ခြစား
ပြီး သိက္ခာမဲ့တဲ့ အတန်းအစားမျိုးဖြစ်ခဲ့သလို
ပြည်သူအများစုလည်း စည်းကမ်းပျက်၊စာရိတ္တ
ယိုယွင်းပြီး ရတဲ့နည်းနဲ့ငွေရှာတဲ့အဆင့်ရောက်
သွားပါတယ်။

၂၀၁၁ ကနေ ၂၀၁၅ ထိ
စစ်အာဏာရှင်ဟောင်းတွေထူထောင်တဲ့ ကြံ့ဖွံ့ပါတီဦးဆောင်သော အရပ်သားအစိုးရပါ။

၁။ယခင်စစ်အာဏာရှင်ဟောင်းတွေ သဘော
ကျနှစ်သက်တဲ့ သူတို့ယုံကြည်စိတ်ချရသော
လူတော်လူကောင်းဆိုသူများကို နေရာပေး
ရွေးချယ်ခန့်ထားပါတယ်။

၂။ပညာရေးမှာ အခြေခံမှအစ အဆင့်မြင့်အထိ
ခိုင်မာတိကျတဲ့၊ပညာရှင်များပုံဖော်ချင်တဲ့ ရပ်
ဝန်းမျိုးမဖော်ဆောင်နိုင်သေးပဲ အလျင်းသင့်
သလိုသာ လုပ်ဆောင်ပါတယ်။

၃။စီးပွားရေးမှာကုန်ထုတ်လုပ်ရေးကို စိတ်ဝင်
တစားလုပ်ကိုင်သော ခရိုနီတွေမရှိပဲ အစိုးရစီမံ
ကိန်းများကိုသာ ကန်ထရိုက်ရရေးလုံးပန်းနေ
ကြပါတယ်။

၎။အမျိုး ဘာသာ သာသနာဆိုသော အတွေး
အမြင်ဖြင့် သွေးထိုးလှုံ့ဆော်သောအမူအကျင့်
များက ပြည်သူအများကို စိတ်ဝမ်းကွဲစေလို
စည်းလုံးမှုကိုလည်း ပျက်ပြားလာစေပါတယ်။

၅။နောက်ကြောင်းပြန်အရေးမယူရမူဖြင့် စီမံ
ကိန်းများကို တက်သုတ်ရိုက်အကောင်အထည်ဖော်ခဲ့သလို
သယံဇာတမျိုးစုံကို လုပ်ကိုင်ခွင့်တွေအမြောက်
အများခွင့်ပြုခဲ့ပေသည်။

၆။နိုင်ငံဒြာကြွေးမြှီ ၁၁ဘီလျံ လျှော်ပြီးသော်
လည်း နောက်ထပ် ၁၃ ဘီလျှံကျော်ထပ်မံတင်
ခဲ့ပါသည်။

ရ။ဝန်ထမ်းအများစုမှာ လက်ရှိနေရာမြဲရေး၊ရာ
ထူးတက်ရေးတွေနဲ့အချိန်ကုန်ကာ ရသမျှလည်း သပိတ်ဝင်၊အိတ်ဝင် နိုင်အောင်ကြုံးနေသလားအောက်မေ့
ရသကဲ့သို့ ပြည်သူအများစုမှာလည်း အနာဂတ်
မပီပြင်နှင့် တော်သလိုလုပ်နေရတဲ့အခြေအနေ
ပါ။

၂၀၁၅ ကနေ ယနေ့အထိတော့ စစ်တပ်တစ်
စိတ်တစ်ဒေသပါဝင်သော်လည်း
ပြည်သူတင်မြောက်သော ပြည်သူ့အစိုးရပါ။

ဘယ်လိုပုံစံမျိုးလုပ်ဆောင်၍ ဘယ်အဆင့်
ရောက်မည်ကို ဆက်လက်စောင့်ကြည့်ရပေ
ဦးမည်။



https://m.facebook.com/story.php?story_fbid=1068979103236463&id=100003731511447

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ သမင်လည်ပြန် ကြည့်မိခြင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...