Wednesday, January 2, 2019

History of Modern Burma.....12

,
၂၀၁၄ခုနှစ်​ မတ်​နဲ့ဧပြီလဆန်းမှာ တစ်​နိုင်​ငံလုံးအတိုင်း
အတာနဲ့သန်း​ခေါင်​စရင်း​ကောက်​ယူပြီးစီးခဲ့တယ်​။
အဲဒီသန်း​ခေါင်​စရင်းအရလူဦး​ရေ၅၁.၄သန်းရှိတယ်
လို့သိရတယ်​။ဒီသန်း​ခေါင်​စရင်း​ကောက်​ယူဖို့နိုင်​ငံတကာ
အလှူရှင်​​တွေက အ​မေရိကန်​​ဒေါ်လာ၇၅သန်း ​ထောက်​ပံ့ကူညီ​ပေးခဲ့ပြီး ကုလသမဂ္ဂလူဦး​ရေဆိုင်​ရာရံပုံ​ငွေ
အဖွဲ့(UNFPA)ရဲ့ အကူအညီနဲ့​အ​ကောင်​အထည်
ဖော်​​ဆောင်​ရွက်​ခဲ့တာဖြစ်​တယ်​။အမျိုးသားအစိုးရ
အဆက်​ဆက်​ရဲ့ လက်​ထက်​​တွေဟာ ကုလသမဂ္ဂ
အကူအညီနဲ့အ​ထောက်​အပံ့မယူခဲ့ဘူးတဲ့သာဓက
မရှိ​သေးဘူး။နေ၀င်းအစိုးရလက်​ထက်​မှာလည်း
ကမ္ဘာ့ဘဏ်​အကူအညီ​တွေယူခဲ့ရ​ပါ​သေးတယ်​။
ကုလသမဂ္ဂနဲ့လွတ်​တယ်​ဆိုတာမရှိဘူး။အဲဒီ
သန်း​ခေါင်​စရင်း​ကောက်​ယူပုံနဲ့ပက်​သက်​ပြီး
James Ferguson က သူ့ရဲ့ ​လေ့လာ​တွေ့ရှိချက်
အရ
......မြန်​မာနိုင်​ငံမှာသန်း​ခေါင်​စရင်း​ကောက်​ယူကြ
ခြင်းသည်​ ​ခေတ်​သစ်​ကိုလိုနီပြုသူ​တွေကဆက်​လက်
ကိုလိုနီပြုနိုင်​​ရေးအတွက်​ ကျမ်းရိုးနည်းနှင့်လူမျိုး​တွေ
ကိုထိန်းချုပ်​ခြင်း၊အမျိုးအစားခွဲခြားသတ်​မှတ်​ခြင်း
သာဖြစ်​တယ်​.....လို့ဆိုတယ်​။

အခု​ကောက်​ယူသွားတဲ့သန်း​ခေါင်​စရင်း​ဟာ ၁၉၈၃
သန်း​ခေါင်​စရင်း​ကောက်​ယူမှုရဲ့ အဆက်​လို့​ပြောရင်
လည်းမမှားဘူး။ဘာ​ကြောင့်လဲဆို​တော့ လူမျိုးစု၁၃၅
မျိုးဆိုတာ ၁၉၈၂ဥပ​ဒေမပြဋ္ဌာန်းခင်​ ၁၉၇၄အ​ခြေခံ
ဥပ​ဒေထုတ်​ပြန်​ချိန်​သတ်​မှတ်​ခဲ့တဲ့၁၄၄မျိုးစရင်းကို
လိုသလိုပြုပြင်​ပြီး သတ်​မှတ်​ခဲ့တာ​ကြောင့်ပဲ။အဲဒီ၁၃၅
အထိုင်​ကိုပဲပြန်​ယူပြီး ၂၀၁၄သန်း​ခေါင်​စရင်း​ကောက်
တာဖြစ်​တယ်​။ဒါ​ကြောင့်နိုင်​ငံတကာပညာရှင်​​တွေက
မကြိုက်​ကြဘဲ မြန်​မာစစ်​အစိုးရရဲ့ ဗမာကြီးစိုး​ရေး
ပေါ်လစီဟာ၁၃၅ခွဲခြားမှုကသက်​​သေပဲလို့​ထောက်​ပြ
ကြတယ်​။ဗြိတိန်​ကိုလိုနီ​ခေတ်​ရဲ့ ​နောက်​ဆုံး
သန်း​ခေါင်​စရင်း​ကောက်​ယူမှုဖြစ်​တဲ့၁၉၃၁ အိန္ဒိယ
သန်း​ခေါင်​စရင်းမှာတရုတ်​နွယ်​ဖွားနဲ့အိန္ဒိယနွယ်​ဖွား
အပါအ၀င်​လူမျိုး၂၀ထက်​မပိုခဲ့ဘူး။အဲဒီအခုသူတို့
လုပ်​ထားတဲ့၁၃၅စရင်းဟာလည်းတရားဝင်​ပြည့်ပြည့်
စုံစုံထုတ်​ပြန်​ထားတာမဟုတ်​ဘူး။ဒါ​ကြောင့်လက်​​တွေ့
လူမျိုးစု၂၀​ကျော်​မှာပဲရှိတဲ့နိုင်​ငံမှာ ၁၃၅မျိုးရှိတယ်
လို့ဖန်​တီးယူသွားတဲ့အလုပ်​ဟာ ​တော်​​တော်​တာဝန်​ကြီး
တဲ့အလုပ်​တစ်​ခုဖြစ်​မှာ​သေချာတယ်​။စရင်းအရ
ကချင်​မှာလူမျိုးစု၁၂စု၊ကယားမှာ၉စု၊ကရင်​မှာ၁၁စု၊
ချင်းမှာ၅၃စု၊ဗမာ၉စု၊မွန်​မှာ၁စု၊ရခိုင်​၇စုနဲ့ရှမ်း၃၃စု
ဖြစ်​တယ်​။(Government of the union of myanmar.n.d)အဲဒီစရင်းကို​သေချာကြည့်​ရင်
တိုင်း​လောင်​နဲ့ရှမ်းကြီးကိုနှစ်​ခါ​ဖော်​ပြထားတာ​တွေ့
ရမယ်​။တစ်​​နေရာမှာတိုင်း​လောင်​ကို​ဖော်​ပြပြီး တစ်​ခြား
နေရာတစ်​ခုမှာရှမ်းဘာသာစကားအရတိုင်း​လောင်​နဲ့
တစ်​ထပ်​တည်းအဓိပ္ပါယ်​တူတဲ့ရှမ်းကြီးလို့​ဖော်​ပြထားပြန်
တယ်​။ကချင်​မှာခါးခူ ဆိုတာမြစ်​ရဲ့ အညှာမှာ​နေထိုင်
သူ​တွေကို​ခေါ်တာဖြစ်​တယ်​။တနည်းအားဖြင့်​ ​မေခ
မလိခရဲ့ အထက်​မှာ​နေသူ​တွေဖြစ်​တယ်​။ချင်းမှာ
၅၃ရှိတယ်​ဆိုပြီး ​ပြောဆိုတဲ့ဘာသာစကားကွဲပြားတာ
ကိုမူတည်​ပြီးစရင်းပြု စုထားတာဖြစ်​တယ်​။အခြား
လူမျိုးစုစရင်း​တွေဟာလည်း အလားတူစိတ်​ကူးကို
အ​ကောင်​အထည်​​ဖော်​ထားသလိုပဲ။

ဒီလိုဘာ​ကြောင့်လုပ်​တာလဲ​မေးရင်​ လူမျိုး​တွေကိုဖြန့်
ခွဲ​လျှော့နည်း​စေပြီး ဗမာကိုလူများစုအဖြစ်​တွန်းတင်​ချင်​လို့လား ဒါမှမဟုတ်​ ၁+၃+၅=၉ ကိုးဆိုတဲ့တပ်​ရဲ့ 
ကံ​ကောင်းတဲ့နံပါတ်​ ကိုဂဏန်း​ကြောင့်လားဆိုတာ
သူတို့ပဲသိလိမ့်မယ်​။၁၉၈၈ ၉လပိုင်း ၁+၈ =၉ ရက်
နေ့မှာအာဏာသိမ်းတယ်​။ဒေါ်စုကို​နေအိမ်​အကျယ်
ချုပ်​ချတာ ၁၉၈၉ ၁+၉+၈+၉=၉ ၇လပိုင်း ၁+၈=၉
ရက်​​နေ့ဖြစ်​တယ်​။၁၉၉၀အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲ
ကျင်းပတာ ​မေလ ၂+၇ ရက်​​နေ့ဖြစ်​တယ်​။
၄၅ကျပ်​တန်​ ၉၀တန်​​ငွေစက္ကူ  ​တွေကိုးန၀င်း
ကြေရိုက်​ထုတ်​ခဲ့ဖူးတယ်​။အဲဒီလို ​ဂေါက်​အ​တွေး
အ​ခေါ်နဲ့၂၁ရာစုမှာတိုင်းပြည်​တစ်​ခုတည်​​ထောင်​လို့
မရဘူး။မြန်​မာ့အ​ရေးကျွမ်းကျင်​သူ ဘာ​တေးလင့်တနာ
က
.......မြန်​မာနိုင်​ငံရဲ့ လူမျိုးစုပြဿနာကို​သေ​သေချာချာ
လေး​လေးနက်​နက်​​လေ့လာမယ်​ဆိုရင်​တရားဝင်​ထုတ်​ပြန်
ထားတဲ့လူမျိုး၁၃၅မျိုးဆိုတာကိုသုံးလို့မရနိုင်​ဘူး။
ပိုပြီးလက်​​တွေ့ကျတဲ့ချဉ်းကပ်​မှု​တွေလိုပါတယ်​.....
လို့ဆိုတယ်​။

Rangoon က​နေ Yangon ကို​ပြောင်းတယ်​။
ဆီ​ပေါ(Hsipaw)က​နေ သီ​ပေါ(Thibaw)ကို​ပြောင်း
တယ်​။စဲန်​၀ီ(Hseinwi)က​နေ သိန္ဒီ(Theinli)
သို့မဟုတ်​ သိန်​လီ(Thinli)ကို​ပြောင်းတယ်​။
ကဲန်းတုံ(Kengtung)က​နေ ကျိုင်​တုံ(Kyington)
ကို​ပြောင်းတယ်​။မွန်းဆူ(Mong Hsu)က​နေ
မိုင်းရှူး(Maing Shu)လို့​ပြောင်းတယ်​။လိုင်​ခါး
(Lai Hka)က​နေ လဲချား(Laycha)လို့​ပြောင်းပြန်
တယ်​။ပန်​တာရာ(Pangtara)က​နေ
ပင်းတယ(Pindaya)၊​လော့​ဆော့(Lawswak)
က​နေ ရပ်​​စောက်​(Yat Sauk)လို့ ​ပြောင်းတယ်​။
မူလရှမ်းနာမည်​​တွေမှာအဓိပ္ပါယ်​အမျိုးမျိုးရှိ​ပေမယ့်
မူလအမည်​​တွေကိုဗမာမှုပြု (Barmanization)
လိုက်​​တော့ ဘာအဓိပ္ပါယ်​မှမရှိ​တော့ဘူး။ဒတ်​ခ်ျ​လူမျိုး
မြန်​မာ့​ရေးရာကျွမ်းကျင်​သူ Gustaaj Houtman
က ဒီဖြစ်​စဉ်​ကို Myanmafication မြန်​မာမှုပြုခြင်း
လို့​ခေါ်​ဆိုသတ်​မှတ်​ခဲ့တယ်​။တစ်​တိုင်းပြည်​လုံးကလူမျိုး
စု​တွေရဲ့ လူမျိုးလက္ခဏာ​တွေကိုဖျက်​သိမ်းပြီးတစ်​တိုင်း
ပြည်​လုံးကိုဗမာမှုပြုဖို့အစီအစဉ်​တကျကြိုးစား​ဆောင်
ရွက်​တာ​ရောမဖြစ်​နိုင်​ဘူးလား။

ကိုလိုနီ​ခေတ်​လွန်​မြန်​မာနိုင်​ငံတည်​​ထောင်​တဲ့​နေရာမှာ
ဗမာ​ခေါင်း​ဆောင်​​တွေဟာ အိန္ဒိယနည်းတူမြန်​မာပြည်​ကို
လူမျိုးစုဖက်​ဒရယ်​နိုင်​ငံတည်​​ထောင်​နိုင်​မယ့်အခွင့်
အ​ရေး​တွေရခဲ့ကြတယ်​။၁၉၄၇ ဇန်​န၀ါရီလ၁၇
ရက်​​နေ့မှာ မြန်​မာ​ခေါင်း​ဆောင်​ဦး​အောင်​ဆန်းနဲ့
ဗြိတိန်​၀န်​ကြီးချုပ်​ကလီးမင့်အက်​တလီတို့ချုပ်​ဆိုခဲ့တဲ့
မြန်​မာနိုင်​ငံလွတ်​လပ်​​ရေးဆိုင်​ရာသ​ဘောတူစာချုပ်
အပိုဒ်​၈မှာ လူများစုလူမျိုးဗမာကိုကိုယ်​စားပြုမယ့်
ခေါင်း​ဆောင်​များနဲ့လူနည်းစုလူမျိုး​တွေကိုကိုယ်​စား
ပြုမယ့် ​ခေါင်း​ဆောင်​တို့ လွတ်​လပ်​ပြီးမြန်​မာနိုင်​ငံ​တော်
တည်​​ထောင်​မယ့်ပုံစံတစ်​ခုကို သ​ဘောတူညီဖို့လို
အပ်​လာခဲ့တယ်​။သို့​သော်​ အဲဒီ​ခေတ်​က ဗမာ​ခေါင်း
ဆောင်​​တွေဟာ ပြည်​​ထောင်​စုနိုင်​ငံထက်​ တစ်​ပြည်
ထောင်​ဗမာအမျိုးသားနိုင်​ငံတည်​​ထောင်​​ရေးကိုပိုပြီး
အားသန်​ခဲ့ကြတယ်​။အဲဒီ​နောက်​ ၄၇အ​ခြေခံဥပ​ဒေ
ကိုလည်း တစ်​ပြည်​​ထောင်​ဗမာအမျိုးသားနိုင်​ငံပုံစံနဲ့
ပဲ​ရေးဆွဲခဲ့ကြတယ်​။ပင်​လုံစာချုပ်​ကိုအ​ခြေခံ​ရေးဆွဲ
တယ်​လို့ဆိုတဲ့ ၁၉၄၇အ​ခြေခံဥပ​ဒေဟာ ဖက်​ဒရယ်
ဝါဒအယူအဆ​တွေနဲ့သိသာစွာကွဲလွဲ​နေတယ်​။အဲဒီ
ပင်​လုံစာချုပ်​မှာ​လေ့လာသူအဖြစ်​တက်​​ရောက်​ခဲ့တဲ့
ကရင်​၊ဗမာမင်းကိုစစ်​ရှုံးပြီး ဒူး​ထောက်​ခဲ့ရတဲ့ မွန်​၊
ရခိုင်​နဲ့အခြားလူမျိုး​တွေကို ၄၇အ​ခြေခံဥပ​ဒေမှာ
ထည့်သွင်းမစဉ်းစား​တော့ဘူး။ဒါအပြင်​ အခြားနိုင်​ငံ
တည်​​ထောင်​​ရေးဆိုင်​ရာအ​ရေးကြီးတဲ့ကိစ္စ​တွေကိုလည်း
အတိကျသတ်​မှတ်​မထားတဲ့ ​နောင်​ကာလများတွင်​ 
ဆွေး​နွေးရန်​ ဆိုပြီး ​ရွှေ့ဆိုင်းပစ်​ခဲ့ကြတယ်​။
လွတ်​လပ်​​ရေးယူဖို့သာအဓိကထား​နေတာ​ပေါ်လွင်
နေပါတယ်​။ဗမာ​တွေလက်​ထဲအာဏာရလာဖို့သာ
အဓိကဖြစ်​တယ်​လို့ခံယူထားကြတယ်​။ဒါ​ကြောင့်အဲဒီ၄၇ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို​ရေးဆွဲရာမှာပါဝင်​ခဲ့
သူတစ်​ဦးဖြစ်​တဲ့ ဦးချန်​ထွန်းကိုယ်​တိုင်​ မြန်​မာနိုင်​ငံရဲ့ 
ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဟာသ​ဘောတရားအရ
ပြည်​​ထောင်​စုစနစ်​ဖြစ်​​ပေမယ့် လက်​​တွေ့မှာ
တစ်​ပြည်​​ထောင်​စနစ်​သာဖြစ်​တယ်​လို့ ​နောက်​ပိုင်းမှာ
ပေါ်တင်​ထုတ်​​ပြောလာခဲ့တယ်​။

ပါလီမန်​ဒီမိုက​ရေစီနိဂုံးချုပ်​သွားတဲ့​နောက်​ပိုင်းအစိုးရ
ဖြစ်​လာတဲ့ ​တော်​လှန်​​ရေး​ကောင်​စီ၊မဆလ၊န၀တ၊နအဖ 
ခေတ်​အဆက်​ဆက်​မှာလည်း တစ်​ပြည်​​ထောင်ဗမာအမျိုးသားနိုင်​ငံတည်​​ထောင်​​ရေးကိုသာနည်းမျိုးစုံနဲ့ကြိုးပမ်း
ခဲ့တာ​တွေ့ရတယ်​။ကျန်​တဲ့လူမျိုးစု​တွေရဲ့ စာ​ပေယဉ်
ကျေးမှုအားလုံးကိုပိတ်​ပင်​လိုက်​ပြီး လူများစုဗမာကို
ရှေ့ တန်းတင်​ခဲ့တယ်​။ဘယ်​လိုပဲ ဖက်​ဒရယ်​နိုင်​ငံကို
တည်​​ဆောက်​​နေပါတယ်​​ပြော​ပြော လက်​​တွေ့မှာ
လူမှုယဉ်​​ကျေးမှုချင်းကွဲပြား​နေတဲ့လူမျိုးစု​တွေကို
ဝါးမြိုဖျက်​သိမ်း​ရေးကိုဦးတည်​တဲ့လူမျိုးစု​ရော​နှော
ပျောက်​ကွယ်​သွား​ရေးဖက်​ဒရယ်​ပုံစံဖြစ်​​နေပါတယ်​။
မြန်​မာနိုင်​ငံပြည်​​ထောင်​စု​ရွှေး​ကောက်​ပွဲ​ကော်​မရှင်
ကဦးစီးထုတ်​​ဝေတဲ့ပြည်​​ထောင်​စု​ရွှေး​ကောက်​ပွဲ​ကော်
မရှင်​မဟာဗျူဟာစီမံကိန်း၂၀၁၄-၂၀၁၈(မြန်​မာဘာသာ)
စာမျက်​နှာ၂မှာ မြန်​မာနိုင်​ငံ၏ဖွဲ့စည်းပုံစနစ်​ကို
....ပြည်​​ထောင်​စုသမ္မတမြန်​မာနိုင်​ငံသည်​ လွှတ်​​တော်
စနစ်​ကျင့်သုံး​သောနိုင်​ငံဖြစ်​သည်​။.....လို့​ဖော်​ပြထား
တယ်​။
အဲဒီစီမံကိန်း၂၀၁၄-၂၀၁၈(အင်္ဂလိပ်​ဘာသာ)စာမျက်​နှာ
၂မှာ​တော့ Myanmar is a unitary
presidential republic with union system
လို့​ဖော်​ပြထားတာအံ့သြဖွယ်​​တွေ့ရတယ်​။
....မြန်​မာနိုင်​ငံသည်​ ပြည်​​ထောင်​စုစနစ်​ကျင့်သုံးသည့်
တစ်​ပြည်​​ထောင်​သမ္မတနိုင်​ငံလို့ အင်္ဂလိပ်​ဘာသာမှာ
အတိအလင်း​ဖော်​ပြထားတယ်​။နိုင်​ငံ့လူဦး​ရေ၈၅%ဟာ
ဗမာလူမျိုးဖြစ်​တယ်​ဆိုပြီးမကြာခဏအကြီးအကဲ
ဆိုသူ​တွေ​ရဲ့ ​ပြောကြားချက်​​တွေဟာ လူများစုဗဟိုပြု
တစ်​ပြည်​​ထောင်​ဗမာအမျိုးသားနိုင်​ငံရည်​မှန်းချက်
ကိုမီး​မောင်းထိုးပြ​နေပါတယ်​။

တကယ်​​တော့မြန်​မာလိုနိုင်​ငံရဲ့ နိုင်​ငံ​ရေးစနစ်​မှာ
ဖက်​ဒရယ်​လိုတယ်​။လူမှု​ရေးစနစ်​မှာ ယဉ်​​ကျေးမှု
စုံရှင်​သန်​ခွင့်​ပေးဖို့လိုတယ်​။စီးပွား​ရေးမှာ နိုင်​ငံတွင်း
လူမျိုးဘာသာအားလုံးနဲ့လက်​တွဲလုပ်​ရမှာဖြစ်​သလို
နိုင်​ငံတကာ​ဈေးကွက်​အထိ တိုးချဲ့လုပ်​ကိုင်​နိုင်​ဖို့လိုတယ်​။ပညာ​ရေးမှာ ဖက်​ဒရယ်​ဆန်​တဲ့ပညာ​ရေးဖြစ်​ဖို့လိုတယ်​။
မွန်​​တွေဆီသွားပြီး စစ်​​ဘုရင်​စစ်​​သွေးကြွ ဘုရင့်​နောင်
အ​လောင်းဘုရားအ​ကြောင်းသွားသင်​​နေတာရပ်​ဖို့
လိုတယ်​။သမိန်​ဗရမ်း၊ဗညားနွဲ့၊ဗျည်းနွဲ့၊ရာဇဓိရာဇ်
အ​ကြောင်း​လောက်​ ဘုရင့်​နောင်​ကို မွန်​​တွေစိတ်​မ၀င်
စားဘူးဆိုတာသိဖို့လိုတယ်​။ဟုတ်​သည်​မဟုတ်​သည်
အပထား ဒီနိုင်​ငံက လူမျိုးစုအားလုံး ခပ်​တုံးတုံး​တွေ
ချည်းပဲဆိုတာက​တော့အ​ထောက်​ထားခိုင်​လုံတယ်​။

ဘာသာဝင်​​တွေအားလုံးလည်းခပ်​တုံးတုံး​တွေချည်းပဲ။
အဲဒီလိုခပ်​တုံးတုံး​တွေဖြစ်​​အောင်​လည်း အစိုးရ​တွေ
လုပ်​ပစ်​ခဲ့ကြတာဆို​တော့ အစိုးရနဲ့ပြည်​သူလိုက်​ဖက်
နေတာ​ပေါ့။ဘာသာ​ရေးမှာ မိမိဘာသာသာသနာကို
ပဲတွန်းတင်​​နေလို့မရဘူး။မျှမျှတတဆက်​ဆံဖို့လို
တယ်​။ရှိသမျှအားလုံး ဗုဒ္ဓ​ခေါင်းစဉ်​တပ်​​မောင်​ပိုင်​စီး
ပြီး တို့​မြေဆိုပြီး သိမ်းထားလို့မရဘူး။ကိုလိုနီလက်
ကျန်​လူမျိုး​ရေးအမြင်​၊ဘာသာ​ရေးအမြင်​​တွေနဲ့
နိုင်​ငံထူ​ထောင်​လို့မရဘူးဆိုတာ သိဖို့​ကောင်းပြီ။
တစ်​ခါလာလည်းမွဲပြာပုဆိုး အမျိုး ဘာသာ သာသနာ
တစ်​ခါလာလည်းမွဲပြာပုဆိုး အမျိုး ဘာသာ သာသနာ။
မြန်​မာနိုင်​ငံနဲ့လူမျိုး​တွေကိုဖျက်​စီးလိုက်​တဲ့ အဲဒီ
ပ​ဒေသရာဇ်​​မျှော်​အ​တွေးအ​ခေါ် အမျိုး ဘာသာ
သာသနာဆိုတဲ့ အမျိုးသား​ရေးအမြင်​​တွေပဲ။
ဗမာတစ်​မျိုးရဲ့ အမျိုးသား​ရေးအမြင်​ဖြစ်​တဲ့ မ-ဘ-သ
ဟာ မြန်​မာနိုင်​ငံကိုဖျက်​စီးမယ့်အဖျက်​ပိုးပဲ။

ဥပမာ ပါလီမန်​ဒီမိုက​ရေစီ​နောက်​ပြန်​ဆုတ်​​စေတဲ့
အဓိကအ​ကြောင်းအရင်းမှာလည်းသူပါတယ်​။
ဆိုရှယ်​လစ်​စနစ်​မ​အောင်​မြင်​ရတဲ့အဓိကအ​ကြောင်း
ထဲမှာလည်းသူပါတယ်​။ယ​နေ့ ​ခေတ်​သစ်​ ဒီမိုက​ရေစီ
နိုင်​ငံမဖြစ်​ထွန်းရခြင်းအဓိကအ​ကြောင်း​တွေထဲမှာ
လည်း သူပဲထိပ်​ဆုံးကပါ​နေတာ​တွေ့ရတယ်​။
အစဉ်​အလာနဲ့​ခေတ်​ရဲ့ အားပြိုင်​မှုကြားထဲပိတ်​မိပြီး
ရှေ့ လည်းမ​ရောက်​​တော့ဘဲကန့်​လန့်​ကြီးသွား​နေရတယ်​။
မြန်​မာအမျိုးသား​ရေးဝါဒဟာ ဘယ်​ရှု​ထောင့်ကပဲ
ကြည့်ကြည့် မြန်​မာလိုနိုင်​ငံမျိုးမှာ လုံးဝမရှိသင့်တဲ့
ဝါဒတစ်​ခုပဲ။ဒီဝါဒကိုပဲဖွတ်​ကျားအစိုးရ​တွေက
နိုင်​ငံ​တော်​​ရှေ့ ဆက်​သွားမည့်စီမံကိန်းလို့ယူဆပြီး
အုပ်​ချုပ်​​ရေးကို​မောင်းခဲ့တာပါ။အားလုံးသိတဲ့အတိုင်း
ပဲ မိုး​ပေါ်က​နေ ကျလာတာ အခုဆိုရင်​ဆင်းစရာ
ချောက်​​တောင်​မရှိ​တော့ဘူး။

တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုရဲ့ ယေဘုယျ
ဆန္ဒသဘောထားနဲ့ ပကတိ အခြေအနေရဲ့ တောင်းဆိုမှုကို
မျက်ခြည်ပြတ် နေတဲ့ အကြီးအကဲဆိုသူကို ဗဟိုပြုပြီး
တစ်ကိုယ် လုံးမှာ အထင်ရှားဆုံးက ပါးစပ်ပဲ မြင်ရတဲ့
စားဖားတစ်စုနဲ့ ၀န်းရံထားတဲ့ ခေါင်းဆောင်မှုပြုတဲ့
အဖွဲ့အစည်းမျိုးတွေဟာ နှစ်ဆယ်ရာစု ထက်ဝက်
ကျော်မှ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ထပ်တလဲလဲ
ပေါ်ပေါက်လာနေတယ်​ မထင်နဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း
တစ်ရာ့သုံးဆယ်ကျော် ၁၉ ရာစု နှောင်းပိုင်းကဖြစ်စေ
(သီပေါမင်း)၊  လွန်ခဲ့တဲ့နှစ်ပေါင်း ၂၇၀ ခန့် ၁၈ ရာစု
အလယ် ပိုင်းကဖြစ်စေ (မဟာဓမ္မရာဇာဓိပတိ)၊
နှစ်ပေါင်း ၃၆၀ ၀န်းကျင် ၁၇ ရာစု တစ်ဝက်ကျော်က
ဖြစ်စေ (ပင်းတလဲမင်း)၊ နှစ်ပေါင်း ၄၂၀ ကျော် ၁၆ ရာစု
ကုန်ခါနီးမှာဖြစ်စေ (နန္ဒဘုရင်)၊ နှစ်ပေါင်း ငါးရာခန့်
ကွာတဲ့  ၁၆ ရာစု အစပိုင်း ကဖြစ်စေ (ရွှေနန်းကြော့ရှင်)၊
နှစ်ပေါင်း ၇၅၀ လောက်ဝေးတဲ့ ၁၃ ရာစု ဒုတိယပိုင်း
မှာဖြစ်စေ (နရသီဟပတေ့) အမှန်တကယ် ရှိခဲ့၊
ဖြစ်ခဲ့ ဖူးတဲ့ မြန်မာ့သမိုင်း စာမျက်နှာတွေကို ဆွဲထုတ်
ပြီး နောက်ပြန် Rewind ရစ်ကြည့်လိုက်လျှင်
ခေတ်အလိုက် အ၀တ်အစား အပြင်အဆင်နဲ့ စကား
အသုံးအနှုန်းတွေ ကွာသွားမှာဖြစ်ပေမယ့် နေပြည်
တော် အသီးသီးရဲ့ ရွှေနန်းပြာသာဒ်ကြီး တွေအောက်
က ညီလာခံသဘင်မှာ စုဖွဲ့ထိုင် နေကြတာကတော့
ဒီလူတွေပဲ ထပ်တလဲလဲ ဖြစ်နေတာ တွေ့ကြရ
ပါလိမ့်မယ်​။

ခေါင်းဆောင်မှု အခန်းကဏ္ဍ မှာနုံချာလွန်းလို့
အတိတ်​အ​ခြေ​နေ၊ မျက်မှောက် အခြေအနေနဲ့
နှိုင်းယှဉ်​စဉ်းစားမိတာပါ။   ဘာလို့ဆို​တော့သမိုင်းဆိုတဲ့
ဘာသာရပ် ကိုယ်နှိုက်ကလည်း နိုင်ငံရေးပဲ ဖြစ်နေတဲ့
အတွက် နိုင်ငံရေးနဲ့ ခပ်ဝေးဝေးကနေ ကွင်းရှောင်ပြီး
လေ့လာဖို့ မဖြစ်နိုင်ဘူး။

ဒါ​ကြောင့်​ ​ရှေး​ဟောင်းသမိုင်း၊​ခေတ်​လည်​သမိုင်းနဲ့
ခေတ်​သစ်​​မော်​ဒန်​သမိုင်း​တွေကိုစုစည်းပြီးစစ်​​ဆေး
ကြည့်ရင်​မြန်​မာ့သမိုင်းမှာ ​ပေါ်ခဲ့ဖူးတဲ့ အစိုးရများဟာ
အ​ထောက်​ထား​တွေအရ ၇၅ဆက်​စလုံး(အ​နော်​ရထာ
မှသည်​ ​ဒေါ်စုအထိ)အံ့သြ​လောက်​စရာ တစ်​​ယောက်
မှ Father of State မဟုတ်​​နေတာပါပဲ။မြန်​မာ
တွေအတွက်​ ၀မ်းနည်းစရာဆိုတာဒါပဲ။
ဒီလို​ပြောရင်​တစ်​ချို့ကမင်းဟာအရမ်းလွန်​လွန်​ကျူး
ကျူး​ဝေဖန်​တာပဲ။မြန်​မာပ​ဒေသရာဇ်​​တွေကိုအရမ်းမုန်း
နေလား ဘာညာနဲ့ဆိုကြမယ်​။သချင်္ိုင်း​မြေပြန်​တူး
ဖို့​နေ​နေသာသာ ပြစရာသချင်္ိုင်း​တောင်​မရှိရှာတဲ့
မြန်​မာ​ခေတ်​​ဟောင်း​ခေတ်​သစ်​ပ​ဒေသရာဇ်​ ​​တွေကို
စိတ်​ပင်​ပမ်းခံမုန်းပြီးမဟုတ်​တာကိုဟုတ်​တယ်​​ပြော
ဖို့ ဆိုတာ ဖြစ်​နိုင်​မလား။လူပီသတဲ့လူ့ဂုဏ်​သိက္ခာ
ရှိတယ်​ဆိုတဲ့လူ​တွေဒီအလုပ်​မျိုးမလုပ်​ဘူး။ကိုယ်
ပြော​နေတာ မြန်​မာပ​ဒေသရာဇ်​အ​ကြောင်းလား
မြန်​မာအမျိုးသားအစိုးရအ​ကြောင်းလားဆိုတာ
မကွဲပြားရင်​​တော့ ဒီအ​တွေးမျိုး​တွေးမိနိုင်​တယ်​။
သမိုင်းတင်​ပြီးနှစ်​​ပေါင်း၃​ထောင်​​ကျော်​မှာ နှစ်​​ပေါင်း
၂၈၀၀​လောက်​က နယ်​ချဲ့​ခေတ်​ပါ။နယ်​ချဲ့​ခေတ်​မှာ
နယ်​ချဲ့ကြတာမဆန်းပါ။အားကြီးသူအနိုင်​ရစတမ်း
ဆိုတာ ​ခေတ်​​တွေသာ​ပြောင်းသွားမယ်​ ပုံသဏ္ဍန်
အမျိုးမျိုးနဲ့ဆက်​ရှိ​နေဦးမှာက​တော့​သေချာတယ်​။
Father of State ဆိုတာ နယ်​ချဲ့ပြီးတဲ့တိုင်း၊
နိုင်​ငံ၊မြို့ပြ​တွေကို စည်​ပင်​​အောင်​၊သာယာဝ​ပြော
အောင်​၊ငြိမ်းချမ်း​အောင်​ တည်​​ဆောက်​တဲ့အလုပ်
လုပ်​သူကို​ခေါ်တာပါ။နယ်​ချဲ့ဘုရင်​​တွေကိုFather
Of Stateလို့မ​ခေါ်ဘူး။ဒါကိုကွဲပြားစွာနားမလည်
တော့ နယ်​ချဲ့စစ်​ဘုရင်​​တွေကို တိုင်းပြည်​​ထောင်
မင်းလို့ ယူဆ​နေကြတာပါ။

ဧကရာဇ်​ဘုရင်​ကြီးက ဆည်​​ဆောက်​သလို ​ဦးနု​၊​နေ၀င်း
တို့လည်းဆည်​​ဆောက်​ပါတယ်​။ဧကရာဇ်​ဘုရင်​ကြီး
က မွန်​ လူမျိုး၊ရှမ်း လူမျိုး အကြီးအကဲ​တွေကို
ရာထူးအကြီးကြီး​ပေးပြီးချီးမြင့်​မြောက်​စားသလို
ဦးနု ဦး​နေ၀င်း ​ဒေါ်စုတို့လည်း ဒီပုံပဲလုပ်​တာပဲ​လေ။
ဧကရာဇ်​ဘုရင်​ကြီးက​စေတီအကြီးကြီးတည်​သလို
ဦးနု ​ဦး​နေ၀င်း တို့အားလုံးလည်းတည်​တာပါပဲ။
ဒါမျိုးက ​ရှေးသ​ရောအခါ ရာဇ၀င်​ထဲက သုံးသပ်
ချက်​မျိုးဖြစ်​​နေ​ပေမယ့် ယ​နေ့၂၁ရာစုမှာ ဒီအမြင်
ကြီးထုတ်​လာပြီး တပြပြလုပ်​​နေတာ ​ပြောသူမရှက်
မြင်​သူရှက်​ဖြစ်​မိတယ်​။

မြန်​မာပြည်​သား​တွေက ​အေဒီ၁၁ရာစုတုန်းက
ကျန်​စစ်​သားမင်းနန်းတည်​​ကျောက်​စာမှာပါတဲ့
ယာလက်​​တော်​နဲ့ဆန်​​ရေစပါး ၀ဲလက်​​တော်​နဲ့
အ၀တ်​ပုဆိုးအဆင်​တန်​ဆာချီးမြင့်​တော်​မူတယ်​ဆိုတဲ့
အစိုးရ​ပေးကမ်းမှုကိုအဟုတ်​ကြီးထင်​စိတ်​ကူး
ယဉ်​​နေကြတာမို့မသိတာပါ။ကျောက်​စာမှာပါလို့
သမိုင်းတစ်​ခုဟာ Primary Source ဖြစ်​သွား
ပေမယ့် တကယ်​အဲဒီ​ခေတ်​တုန်းကအဲဒီအတိုင်း
လုပ်​ခဲ့ပါသလား​မေးရင်​​တော့သမိုင်းပညာရှင်​လည်း
ဖြေဖို့ခက်​မယ်​။ဘာလို့ဆို့​တော့ ​ကျောက်​စာမှာပါတိုင်း
အမှန်​လို့တရား​သေယူရင်​ သတင်းစာမှာပါတာလည်း
ခင်​ဗျား ကျ​နော်​အမှန်​ယူသင့်ပါတယ်​။ကျောက်​စာ
ထက်​ခိုင်​မာတာ၂၁ရာစုမှာနိုင်​ငံပိုင်​သတင်းစာပဲ​။
အဲ​တော့ ဇာဂနာတစ်​ချိန်​က​ပြောခဲ့ဖူးတဲ့စကားအတိုင်း
ဆိုရရင်​ ဓာတ်​တိုင်​ကိုင်​တာ ဓာတ်​မလိုက်​ဘဲ သတင်းစာ
ကိုင်​တာ ဓာတ်​လိုက်​​တယ်​ဆိုတာပါပဲ။အစိုးရ၊ဘုရင်
ပ​ဒေသရာဇ်​၊အာဏာရှင်​က သူ့ချီးမွှန်းခန်း​တွေကို
ကျောက်​စာထွင်း၊မှတ်​တမ်းတင်​၊ပြီး မဏ္ဍုပ်​တိုင်​တက်
ပြ​နေတာကို ​ခေတ်​စနစ်​၊အစိုးရစရိုက်​နဲ့ယှဉ်​တွဲမမြင်
လို့က​တော့ ဂျင်းဝင်​လို့ဝင်​မှန်း​တောင်​သိမှာမဟုတ်​ဘူး။

Modern History ကို အ​နော်​ရထာက​နေ ​ဒေါ်စု
အထိ ဖွတ်​ကျား​တွေသာဖြစ်​တယ်​ဆိုပြီး စတင်​ခဲ့တာ
ဖြစ်​လို့ အခုတင်​ပြခဲ့တဲ့ အပိုင်း၁၂ပိုင်းဟာ ဖွတ်​ကျား
ဖြစ်​​ကြောင်း အ​ထောက်​ထား​တွေပဲ။

တစ်​နည်းအားဖြင့် မြန်​မာအစိုးရဆိုသူ​တွေ အစွမ်း
အစ မရှိ​ကြောင်း၊အုပ်​ချုပ်​မှုအတတ်​ပညာ မတတ်
ကြောင်း ပြဆို​နေတာပါပဲ။

တစ်​နည်းအားဖြင့် မြန်​မာအစိုးရ​တွေသာ မြန်​မာနိုင်​ငံ
နဲ့လူမျိုးကိုဖျက်​စီးခဲ့သူ​တွေဖြစ်​​ကြောင်း

တစ်​နည်းအားဖြင့် မြန်​မာအမျိုးသားအစိုးရ
တွေဟာ လူများစုအားပြု အာဏာရှင်​​တွေဖြစ်​​ကြောင်း

တစ်​နည်းအားဖြင့် မြန်​မာအစိုးရ​၇၅ဆက်​မှာ
ဘယ်​သူမှ Father of State ကြီးမဖြစ်​ခဲ့​ကြောင်း
စတာ​တွေပါပဲ။

အဲဒါဆို ​နေဇင်​လတ်​ လူထုဥာဏ်​ရည်​နိမ့်ပါးတာကို
မင်းထည့်မ​ပြော​တော့ဘူးလားဆိုရင်​ ခင်​ဗျား
ကျ​နော်​​တောင်​လူထုဥာဏ်​ရည်​နိမ့်ပါး​နေတာကို
သိ​နေပြီး အဲဒီကယ်​တင်​ရှင်​လို့သူတို့ကိုယ်​သူတို့
မဏ္ဍုပ်​တိုင်​တက်​ပြ​နေကြတဲ့အစိုးရသခင်​ကိုဝ်​​တော်
ချော​တွေမသိကြဘူးလား?
ဘယ်​အစိုးရသခင်​ကိုဝ်​​တော်​​ချောကများ လူထုကို
လှည့်​ပြောင်း​ပေးဖို့ကြိုးစားခဲ့ စဉ်းစားခဲ့ဖူးသလဲ?
ကမ္ဘာ့ သမိုင်းတစ်​​လျှောက်​လုံးမှာ အုပ်​ချုပ်​ခံဖြစ်​တဲ့
လူထုလူများစုဟာ နိမ့်ပါးတတ်​စမြဲပါ။အဲဒီလူထုကို
သူတို့အမျိုးသား​ခေါင်း​ဆောင်​​တွေက ပဲ့ပြင်​လမ်းညွှန်
ပေးခဲ့ကြလို့ တိုးတက်​ခဲ့ကြတာပါ။ကမ္ဘာမှာ ဘယ်​လူမျိုး
မှ ​မွေးလာကတည်းကမြင့်မြတ်​တိုးတက်​မလာဘူး။
ကြိုးစားရုန်းကန်​ပြီးသင်​ခန်းစာ​တွေယူပြီး​ပြောင်းလဲ
ခဲ့ကြတာ​ကြောင့်ပဲ။အဲဒီလိုဖြစ်​​အောင်​ဘယ်​မြန်​မာ
အမျိုးသားအစိုးရကြိုးစားခဲ့ပါသလဲ?
တိုင်းနိုင်​ငံသားချင်းအတူတူ ညီညွှတ်​​အောင်​မပဲ့ပြင်​ဘဲ
အိမ်​ကြက်​ချင်းအိုးမဲသုတ်​ခိုင်း​နေတာ ဘယ်​နိုင်​ငံကအစိုး
ရလဲ?

နိုင်​ငံ​ရေးဆိုတာ ရှင်​သန်​​နေဆဲသမိုင်းပဲ။

နေဇင်​လတ်
၂.၁.၂၀၁၉


https://www.facebook.com/100022300364681/posts/382025145884161/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “History of Modern Burma.....12”

Post a Comment

Related Posts Plugin for WordPress, Blogger...