Thursday, December 27, 2018

တရားသဖြင့်ဆောင်ရွက်ပေးပါရန်တင်ပြခြင်း

,
သို့
ဦးဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်
                                                               နေ့စွဲ: ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလ၊၂၇ ရက်

အကြောင်းအရာ။                       ။တရားသဖြင့်ဆောင်ရွက်ပေးပါရန်တင်ပြခြင်း။

ကျွန်တော်ဦးဌေးအောင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းကို နှစ်ပေါင်း
၃၀ လုပ်ကိုင်နေသူဖြစ်ပါသည်။ဟိုတယ်လုပ်ငန်းအောင်မြင်သူအဖြစ် အခွန်အရပ်
ရပ်ပေးဆောင်ခြင်းဖြင့် သက်သေပြခဲ့ပါသည်။နိုင်ငံတော်ပိုင်ဟိုတယ်များ ငှားရမ်း
ပြီး ဝင်ငွေဆယ်ဆတိုးအောင် လုပ်ကိုင်ပြနိုင်ခဲ့သူလည်းဖြစ်ပါသည်။

ယခုပြည်သူ့အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှစတင်ကာ စီးပွါးရေးကပ်ဆိုက်လာခဲ့
ပြီးအစိုးရ၏စီမံခန့်ခွဲမှုညံဖျင်းလှသဖြင့် အဆိုးဆုံးကာလကို တွေ့မြင်နေကြရပြီဖြစ်ပါ
သည်။စီမံဘဏ္ဍာဝန်ကြီးတစ်ဦး အဂတိမကင်းမှုကြောင့် ဖယ်ရှားခဲ့ရပြီး ကျွန်တော်
မှ စုံစမ်းထောက်လှမ်းဖေါ်ထုပ်ပေးခဲ့မှုကြောင့် ဟိုတယ်ခရီးဝန်ကြီး၏အဂတိလိုက်
စားမှုကြီး ဘူးပေါ်သလိုဖေါ်ထုပ်နိုင်ခဲ့ပါသည်။အရေးမယူနိုင်ခြင်းကိုစောဒကမတက်
လိုသောလည်း နိုင်ငံတော်အစိုးရနှင့်အဂတိတိုက်ဖျက်ရေးကော်မရှင်တို့အနေဖြင့်
ပြည်သူများ၏ယုံကြည်ကိုးစားမှု ယိုယွင်းပျက်စီးသွားခဲ့ရပြီးဖြစ်ပါသည်။

အထူးတင်ပြလိုသည်မှာ ကျွန်တော်မှတရားဝင်ငှားရမ်းလုပ်ကိုင်နေသော နိုင်ငံတော်ပိုင်
နန်မြိုင်ဟိုတယ်ကို ဟိုတယ်ခရီးဝန်ကြီးဦးအုန်းမောင်မှ မတရားသဖြင့် ၁၉၅၅ ခုနှစ်အစိုး
ရအိမ်ဥပစာမှ ကျူးကျော်နေထိုင်သူဟုဆိုကာ အင်အားသုံးဖယ်ရှားခြင်းပြုခဲ့ပါသည်။
ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာစီစစ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းမှ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံလိပ်မူ၍ စာချုပ်စာတန်း
ဖြင့်ငှားရမ်းလုပ်ကိုင်နေသူကျွန်တော့်ကို ကျူးကျော်နေထိုင်သူဟုသတ်မှတ်ပြီး ၁၉၅၅
ခုနှစ်အစိုးရအိမ်ဥပစာမှဖယ်ရှားခြင်းမပြုရန်နှင့် ဝန်ကြီးဌာနမှ ငှားရမ်းခပြန်လည်ညှိနှိုင်း
ပေးခြင်းဖြင့် ငှားရမ်းသူလုပ်ငန်းလုပ်ကိုင်နိုင်စေရန် ဆောင်ရွက်ပေးသင့်ကြောင်းစာရေး
သားပေးပို့ခဲ့ပြီး မိတ္တူကို ဟိုတယ်ခရီးဝန်ကြီး၊တရားသူကြီးချုပ်၊ရှေ့နေချုပ်အပါအဝင်
အာဏာပိုင်များကိုပေးပို့ခဲ့ပါသည်။

အနှစ်ချုပ်တင်ပြလိုသည်မှာ ကျွန်တော်ကဲ့သို့စာချုပ်စာတန်းဖြင့် ငှားရမ်းလုပ်ကိုင်သူမည်
သူတစ်ဦးတစ်ယောက်ကိုမှ ကျူးကျော်သူဟုမသတ်မှတ်ခဲ့ပါ။ငှားရမ်းခကြွေးကျန်ဖြစ်နေ
သူဒုနဲ့ဒေးရှိပါသည်။ငှားရမ်းခပြန်လည်ညှိနိုင်းသတ်မှတ်ပေးခဲ့သည်များလည်းရှိပါသည်။
ကျွန်တော်တစ်ဦးတည်းကိုမှယခုလို မတရားပြုခြင်းခံရသည်မှာ ခံပြင်းလှပါသည်။
အလျှင်းသင့်၍တင်ပြလိုပါသည်မှာ ကျွန်တော်သည်ဝန်ကြီးဦးအုန်းမောင်၏ဆွေမျိုးသား
ချင်းများကိုစောင့်ရှောက်ပေးနေသူဖြစ်ပါသည်။ကျေးဇူးရှိသူတစ်ဦးအပေါ်ကျေးစွတ်သူ
သည် နိုင်ငံတော်နှင့်အစိုးရ ပြည်သူများအပေါ်ကျေးစွတ်နေမည်သာဖြစ်ပါသည်။

နိုင်ငံတော်သမ္မတကြီးအနေဖြင့် ကျွန်တော့်အပေါ်မတရားပြုသူ အဂတိမကင်းသူ
ဝန်ကြီးဦးအုန်းမောင်ကို အရေးယူဖယ်ရှားပေးပါရန်နှင့်နန်းမြိုင်ဟိုတယ်ကို သမ္မတရုံးမှ
အမိန့်ထုပ်ထားကြောင်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ငှားရမ်းခြင်းမပြုရန်ဟုကြားသိ
ရပါသည်။ကျွန်တော့်အနေဖြင့်စာချုပ်စာတန်းဖြင့် ငှားရမ်းထာသော နန်းမြိုင်ဟိုတယ်ကို
အများနည်းတူ ငှားရမ်းခနှန်းညှိနိုင်မှုကိုအတည်ပြု ဆက်လက်လုပ်ပိုင်ခွင့်ပြုပေးပါရန်
 တင်ပြတောင်းဆိုအပ်ပါသည်။

လေးစားစွာဖြင့်

ဌေးအောင်



https://m.facebook.com/story.php?story_fbid=2510868475652394&id=1456540161085236

0 ယောက်မှတ်ချက်ပြုခဲ့သည် to “တရားသဖြင့်ဆောင်ရွက်ပေးပါရန်တင်ပြခြင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...