Saturday, March 17, 2018

ဦးဝင်းထိန်ကို နုတ်ထွက်စေသည့် အကြောင်းတရားများ

,
၁၇ မတ်၊ ၂၀၁၈

မနေ့က ၁၆ မတ်၊ ၂၀၁၈ ရက်နေ့တွင် အာဏာရပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန် နုတ်ထွက်စာ တင်ခဲ့သည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း၊ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က သတင်းမီဒီယာများကို ပြောကြားခဲ့ပါတယ်။

ဦးဝင်းထိန်သည် ပါတီမှ တာဝန်ေ်ပးအပ်ခြင်းမရှိဘဲ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိတွေ့ရင်းနှီးခွင့်ရရှိနေခြင်းကို အသုံးချပြီး လွှတ်တော်အမတ်များအပေါ် မလျှော်သြဇာ ကျင့်သုံးခဲ့ခြင်း၊ လူထုအတွက် အားကိုးအားထားပြု နိုင်သည့်
အစိုးရအဖွဲ့ဝင်များကို အဓမ္မနုတ်ထွက်စေခြင်း နှင့် ၄င်းဧ။် သြဇာ နာခံသူများကို အစိုးရအဖွဲ့အတွင်း ရာထူးအာဏာရအောင် လုပ်ဆောင်ပေခြင်း၊ ပါတီဝင်များကိုစည်းမျဉ်းစည်းကမ်းနှင့်အညီမဟုတ်ဘဲ ပါတီမှ ထုတ်ပယ်ပစ်ခြင်း၊ ၄င်းထံသို့ ချဉ်းကပ်လာခဲ့သည့် စီးပွားရေးသမားများထံမှ လာဘ်လာဘများ တောင်းခံခဲ့ခြင်း တို့ ကြောင့် ပါတီအတွင်း လူကြိုက်နည်းလာခဲ့ပြီး အခုလို နုတ်ထွက်စာတင် ခဲ့ရသည့်အခြေအနေသို့ရောက်ရှိလာရခြင်းဖြစ်သည်။

ဦးဝင်းထိန်သည် မလျှော်သြဇာကို အသုံးချပြီး ၊ အစိုးရအဖွဲ့အတွင်းသို့ ၎င်းအား ထောက်ခံသည့် သူများအား ထည့်သွင်းခဲ့ခြင်းနှင့်ပတ်သက်သည့် လုပ် ဆောင်မှုများထဲက သက်သေတစ်ခုအဖြစ် တင်ပြရန် အကောင်းဆုံး အဖြစ်အပျက်တစ်ခုမှာ နေပြည်တော် ကောင်စီဝင် ရာထူးတစ်နေ၇ာအား ၄င်းနှင့်ရင်းနှီးပြီး၊ ၄င်းအလိုကျ လိုက်လံလုပ်ဆောင်ပေးစေရန် ရည်ရွယ်လျက်       နေပြည်တော်စည်ပင်ရိပ်သာတွင် ဖွင့်လှစ်ထားသည့် " ယူနီစံ" ထမင်းဆိုင်မိသားစုမှ သမီးဖြစ်သူအား ပေးအပ်ခဲ့ပါသည်။ " ယူနီစံ" ထမင်းဆိုင် မိသားစု ၀င်သည်၊ မည်သည့် နိုင်ငံရေးလှုပ်ရှားမှုတွင်မှ မပါဝင်သည့်အပြင်။ နေပြည်တော်ကောင်စီဝင် ရာထူးရနိုင်သည့် အရည်အချင်းလည်း မရှိခြင်းကြောင့် ပါတီအတွက် အရုပ်ဆိုး အကျည်းတန်သည်ဟု ဆိုကာ ပါတီ ၀င်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက အကြီးအကျယ် ကန့်ကွက်ခဲ့ ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည် သဘောတူသည်ဟုသည့် စကားရပ်များကို ဦးဝင်းထိန်က အသုံးပြုပြီး၊ ပါတီဝင်များနှင့် ကိုယ်စားလှယ်များအပေါ် အနိုင် ယူနိုင်ခဲ့ပါသည်။

အစိုးရအဖွဲ့ဝင်များကို အဓမ္မ နုတ်ထွက်ရန် ခိုင်းစေခြင်း ကိစ္စရပ်များ နှင့် ပတ်သက်ပြီး အကောင်းဆုံးသာဓကမှာ စိုက်၊မွေး ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း ကိစ္စပင်ဖြစ်သည်။ စိုက်၊မွေး ၀န်ကြီး ဒေါက်တာ အောင်သူသည် ဒေါ်စုစုလွင် နှင့် ဦးဝင်းထိန်တို့အား ချဉ်းကပ်ပြီး စိုက်၊မွေး ဒုဝန်ကြီး ဒေါက်တာ ထွန်းဝင်း မှာ သမ္မတဟောင်း ဦးသိန်းစိန်ဧ။် လူဖြစ်ကြောင်း၊ အမိန့်မနာခံကြောင်း တိုင်ကြားခဲ့ သဖြင့်၊ ဦးဝင်းထိန် နှင့် ဒေါ်စုစုလွင်တို့ က စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ဘဲ၊ ဒေါက်တာ ထွန်းဝင်းအား ရာထူးမှ နုတ်ထွက်စေခဲ့ခြင်းဖြစ်သည်။ အဆိုပါလုပ်ရပ်အား သဘောမကျခဲ့သည့် ပါတီဝင်များ၊ ကိုယ်စားလှယ်များကိုလည်း ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် ခိုင်းလို့
ဆိုသည့် စကားသံ ဖြင့် ရေငုံ နုတ်ပိတ်စေခဲ့ပါသည်။

ဦးဝင်းထိန်သည် အစိုး၇အဖွဲ့ဝင်များပေါ်သာ မက၊ လွှတ်တော်ကိုယ်စားလှယ်များအပေါ်ကိုပါ မလျှော်သြဇာ သုံးစွဲခဲ့သည် ဥပမာ များ များစွာ ၇ှိသည့် အနက် ထင်ရှားသော အဖြစ်အပျက်တစ်ခုမှာ " မင်္ဂလာဒုံ မဲဆန္ဒနယ်" မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဧ။် အဖြစ်အပျက်ပင်ဖြစ်သည်။ ၄င်း လွှတ်တော်ကိုယ်စားလှယ်သည် ပြည်သူ့လွှတ်တော်ဧ။် " စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး " ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါသည်။

မင်္ဂလာဒုံမဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည်၊ ၂၀၁၆ ခုနှစ်အတွင်းက ပဲခူးမြစ်ကူးတံတားဖြစ်သည့် ရန်ကုန်၊ သန်လျှင် တံတားအဆင့်မြှင့်တင်ရေး နှင့် တွံတေးတူးမြောင်းပြုပြင်ထိန်းသိမ်းရေးအတွက် ကုန်ကျစားရိတ်များကို နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် JICA ထံမှ ချေးငွေရယူ သည့် ကိစ္စနှင့် ပတ်သက်ပြိး ၊ " ချေးငွေကို ပြန်ဆပ်သည့် အခါတွင် ပြညထောင်စု အတွင်းရှိ တိုင်းရင်းသားများ အားလုံးက ပြန်ဆပ်ရမည် ဖြစ်ပြီး ၊ ချေးငွေကို အသုံးပြုရာတွင် ရန်ကုန်တိုင်းအတွင်း သာ အသုံးပြု ရန် ရည်ရွယ်ခြင်းသည် မျတမှု မရှိကြောင်း ဝေဖန် ထောက်ပြခဲ့ပါသည်။

ဦးဝင်းထိန်က အဆိုပါ မင်္ဂလာဒုံမဲ ဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အား ခေါ်ယူဆူပူကြိမ်းမောင်းခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် က ခိုင်းစေသည်ဟု ဆိုကာ မင်္ဂလာဒုံ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အား၊ ပြစ်ဒဏ်အဖြစ် ပြည်သူ့လွှတ်တော်ဧ။် " စီးပွားရေးနှင့် ဘဏ္ဍာ ဖွံ့ ဖြိုးရေး ကော်မတီ " မှ နုတ်ထွက်စေခဲ့ပါသည်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဧ။် ဆွေးနွေးချက်များသည် ပါတီဧ။် မူဝါဒ များနှင့် သွေဖယ်နေပါက ပါတီခေါင်းဆောင် များက ခေါ်ယူ သတိပေး ဆွေးနွေးရသည်မှာ ဓမ္မတာ ဖြစ်သော်လည်း ။ ကော်မတီ တရပ်ရပ်အတွင်းက ထုတ်ပယ် သည့် ပြစ်ဒဏ်ပေးမည်ဆိုလျှင် ၊ လွှတ်တော်ဥက္ကဌ နှင့် ဗဟို အလုပ်မှုဆောင်အဖွဲ့တို့ဧ။်ဆုံးဖြတ်ချက်ဖြင့်သာ ထုတ်ပယ်ရမည်ဖြစ်သည်။

ပါတီတွင်းံမလျှော်သြဇာ သုံးစွဲသည့် ကိစ္စရပ်များမှာ လူမှုကွန်ယက်တွင် ပျံ့တ နှံ့လျက်ရှိသဖြင့် ပါတီဝင် အများစု နှင့် လွှတ်တော်ကိုယ်စားလှယ် များမှာ မချင့်မရဲ ဖြစ်ခဲ့ကြရသည်။

ဦးဝင်းထိန်ဧ။် လုပ်ရပ်များနှင့် ပတ်သက်ပြီး လူသိများသည့်အခြား ကိစ္စရပ် တစ်ခုမှာ လာဘ်လာဘ တောင်းခံသည့် ကိစ္စဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ စိုး လျှပ်စစ်( ပျဉ်းမနား) နှင့် ကိုရို အောင်ထွေးတို့ဧ။် မြောက်ဒဂုံရှိ လယ်ယာမြေများအပေါ် အငြင်းပွားသည့် ကိစ္စပင် ဖြစ်ပါသည်။

ကျေးဇူးပြုပြီး Democracy Watch page ကို လိုက်ပေးကြပါရန်
Credit-Daw Win


https://m.facebook.com/story.php?story_fbid=629034687428468&id=100009658269837

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ ဦးဝင်းထိန်ကို နုတ်ထွက်စေသည့် အကြောင်းတရားများ”

Post a Comment

Related Posts Plugin for WordPress, Blogger...