Sunday, February 4, 2018

နိုင်ငံ့ခေါင်းဆောင် လူထုခေါင်းဆောင်ရဲ့နေအိမ်ကိုဓါတ်ဆီဗုံးနဲ့ပစ်ပြီးမီးရှို့ခဲ့တဲ့ဝင်းနိုင် တကယ်မရူးပါ

,
နိုင်ငံခေါင်းဆောင် လူထုခေါင်းဆောင်ရဲ့ နေအိမ်ကို ဓါတ်ဆီဗုံးနဲ့ပစ်
ပြီး မီးရှို့ခဲ့တဲ့ ဝင်းနိုင်ကို ပြည့်စုံလုံလောက်တဲ့ စုံထောက်စစ်ဆေးမှု
တွေမလုပ်ဘဲ စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးအဖြစ်ပုံပေါ်စေ
မယ့် ထုတ်ပြန်ချက်တွေကို ရန်ကုန်တိုင်းရဲကထုတ်ပြန်ခဲ့တာဟာ
မှုခင်းဖြစ်ရပ်ကို ကျုံ့သွားစေပြီး အမှုလမ်းကြောင်းလွဲချော်သွားစေ
တယ်လို့ မြင်ပါတယ်။

ဝင်းနိုင်မရူးပါ။
Global Hawk Security Services Co.Ltd ကိုအလုပ်လျှောက်တဲ့
လျှောက်လွှာ။လူတွေ့စစ်ဆေးစဉ်ဖြေဆိုချက်များ။ပူးတွဲတင်ပြထား
တဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက် ဒါတွေကိုကြည့်ရင်
ဘယ်အရူးက ဒီလိုလုပ်နိုင်မလဲဆိုတာ ရှင်းနေပါတယ်။

ဓါတ်ပုံကိုကြည့်ပါ။ဒါ အရူးတစ်ယောက်ရဲ့ဓါတ်ပုံလို့ဘယ်သူပြော
မလဲ။လွန်ခဲ့တဲ့ ၂ လ အလုပ်လျှောက်တဲ့နေ့ကရိုက်တဲ့ဓါတ်ပုံပါ။
ကြည်လင်နေတာပါပဲ။

သူ့ကုမ္ပဏီအကြီးအကဲတွေ သူ့ကြီးကြပ်ရေးမှူး သူ့လုပ်ဖော်ကိုင်ဖက်
တွေ သူ့အလုပ်ခွင်မှတ်တမ်းတွေအရ အစမ်းခန့်ကာလအတွင်း သူ့
အလုပ်ကိုသူ ကောင်းမွန်စွာထမ်းဆောင်ခဲ့တယ်။အရက်သေစာ
သောက်စားမူးယစ်မှုလည်းမရှိခဲ့ဘူးလို့ သိရပါတယ်။မီးသတ်တပ်ဖွဲ့
ဝင်ဖြစ်သလို အရင်ကလည်း လုံခြုံရေးကုမ္ပဏီတွေမှာ လုံခြုံရေး
ဝန်ထမ်းအဖြစ်အလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဝင်းနိုင်မရူးပါ။

ဝင်းနိုင်က ဘာကြောင့် ဒီလောက်ကြီးလေးတဲ့ ရာဇဝတ်မှုကြီးကို
ကျူးလွန်ခဲ့သလဲ။သူနဲ့အတူ ဘယ်သူတွေပါသေးသလဲ။ဘယ်သူက
ခိုင်းတာလဲ။ဘာရည်ရွယ်ချက်လဲ။ဒီလိုလုပ်ဖို့ ဘာတွေရခဲ့သလဲ။

ဒီအမှုရဲ့ ရည်ရွယ်ရင်းစိတ်(Motive)က ကြီးမားကျယ်ပြန့်ပါတယ်။
တစ်နိုင်ငံလုံး တစ်မျိုးသားလုံးကို လက်ရဲဇက်ရဲခြိမ်းခြောက်လိုက်
တာလို့ မြင်ပါတယ်။

ဝင်းနိုင် က အမည်ခံတရားခံပါ။သူ့နောက်မှာကြိုးကိုင်ရှိပါဦးမယ်။
အလေးအနက်ထားပြီးဖော်ထုတ်ကြစေချင်ပါသဗျ။

ဝင်းနိုင်မရူးတာတော့သေချာပါတယ်။
အဲ ရွာသာကြီးက အရူးလက်မှတ်တရားဝင်ထုတ်ပေးမလားဆိုတာ
တော့ စောင့်ကြည့်ရမှာပါပဲ။     ။
Crd,,
Nyi nyi

ZN.H

https://m.facebook.com/story.php?story_fbid=388298878282286&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “နိုင်ငံ့ခေါင်းဆောင် လူထုခေါင်းဆောင်ရဲ့နေအိမ်ကိုဓါတ်ဆီဗုံးနဲ့ပစ်ပြီးမီးရှို့ခဲ့တဲ့ဝင်းနိုင် တကယ်မရူးပါ”

Post a Comment

Related Posts Plugin for WordPress, Blogger...