Tuesday, January 9, 2018

တပ်မတော်နဲ့ အစိုးရက ကိုယ်ကိုယ်တိုင် လက်မှတ်ထိုး ကတိက၀တ်ပြုထားတဲ့ NCA ကို အလေးအနက်ထား အကောင်အထည် ဖော်ပေးရင် အဆင်ပြေနိုင်မယ်

,
ငြိမ်းချမ်းရေးခရီး အခြေအနေနှင့် လက်ရှိ ဖြစ်နေသော အကျပ်အတည်းအပေါ်  ISP Myanmar မှ သင်တန်းရေးရာ လက်ထောက်ဒါရိုက်တာ ဒေါက်တာဆုမွန်သဇင်အောင်အား DVB သတင်းဌာနက မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ မေးမြန်းခန်းကို ဒီဇင်ဘာ ၂၈ ရက်က ရိုက်ကူးခဲ့ပြီး ဇန်န၀ါရီ ၄ ရက်တွင် ထုတ်လွှင့်ခဲ့ပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အပိုင်းနှစ်ပိုင်း ရှိပြီး ပထမတပိုင်းမှာ ပဋိပက္ခလျော့ချရေး ဖြစ်ကာ ဒုတိယပိုင်းသည် Peace Building  တည် ဆောက်ရေးဖြစ်ကြောင်း ဒေါက်တာ ဆုမွန်သဇင်အောင်က ဆိုပါသည်။

"ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေက အဖြေကို ကြည့်ရရင် ဘာကို သွားတွေ့ရလဲဆိုတော့ တိုင်းရင်းသားတွေဘက်က အခြား တောင်းဆိုတာတွေ ရှိနိုင်တယ်။ ရှိကောင်း ရှိနိုင်တယ်။ ဒါတွေကို မလိုက်လျောနိုင်ဘူး ဆိုရင်တောင် တပ်မတော်ရော၊ အစိုးရတို့ကရော ကိုယ်ကိုယ် တိုင် လက်မှတ်ထိုး ကတိက၀တ် ပြုထားတဲ့ NCA ကို အလေးအနက်ထား အကောင်အထည် ဖော်ပေးနိုင်ရင် အဆင်ပြေနိုင်မယ် လို့ မျှော်လင့်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး ကျင်းပတဲ့အခါမှာလည်း ဆွေးနွေးပွဲ ကျင်းပပုံ ကျင်းပနည်းနဲ့ ပတ်သက်ပြီး နိုင်ငံရေး မူဘောင်အတိုင်း လုပ်တာ မဟုတ်ဘူးဆိုတဲ့ အငြင်းပွားမှုတွေလည်း ရှိတယ်။ နောက်ပြီးတော့ NCA ကို အကောင်အထည် ဖော်တဲ့ လုပ်ငန်းစဉ် တလျှောက်မှာ ဆိုလို့ရှိရင် ကြားကာလ အစီအစဉ်တွေကို အကောင်အထည် မဖော်နိုင်ဘူး ဆိုပြီးတော့လည်း တိုင်းရင်းသားတချို့က ပြောဆိုခဲ့ကြတာ ရှိတယ်။ အထူးသဖြင့် ကရင်ပေါ့။ အဲဒီတော့ အနိမ့်ဆုံး အနေနဲ့  NCA အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ်ကို သဘောထားကြီးကြီးနဲ့ ပြည့်ပြည့်၀၀ အကောင်အထည် ဖော်ပေးနိုင်တယ် ဆိုရင်တော့ ဒါဟာ ကောင်းမွန်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မဟုတ်ဘူးဆိုရင် NCA ဟာ တကျောင်း တဂါထာ တရွာ တပုဒ်ဆန်း ဆိုသလို ဖြစ်ပြီးတော့ NCA ပြင်ပ လမ်းကြောင်းက ပိုပြီးတော့ အားကောင်းသွားနိုင်တာပေါ့။ ဒီလိုမျိုး NCA ကသာ ယုံကြည်ထိုက်တဲ့ ဖြစ်စဉ်သာ ဖြစ်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေဘက်ကလည်း အနည်းနဲ့အများ တစုံတရာ လက်ခံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဒေါက်တာ ဆုမွန်သဇင်အောင်က ပြောကြားသည်။

အဆိုပါ အင်တာဗျူး အပြည့်အစုံကို အောက်ပါလင့်ရှိ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

DVB TV News
Su Mon Thazin Aung

https://m.facebook.com/story.php?story_fbid=1771531756484382&id=1584183878552505

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ တပ်မတော်နဲ့ အစိုးရက ကိုယ်ကိုယ်တိုင် လက်မှတ်ထိုး ကတိက၀တ်ပြုထားတဲ့ NCA ကို အလေးအနက်ထား အကောင်အထည် ဖော်ပေးရင် အဆင်ပြေနိုင်မယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...