Sunday, May 13, 2018

ကျုပ်​တို့ပြည်​သူလူထုမှ ပြင်းပြင်းထန်​ထန်​ ​တောင်းဆိုပါတယ်​ ... (ခရီးသည်)

,
အင်အား ၁၀၀ ​လောက်​ရှိတဲ့ TNLA ( သူတို့အ​ပြော )​တွေ မှုဆယ်​မြို့ထဲဝင်​လာတယ်​ ။ ရဲစခန်းဝင်​စီးတယ်​ ။
အရပ်​ဘက်​​နေရာ​တွေပစ်​ခက်​သွားတယ်​ ။ ရဲအရာရှိတစ်​ဦးနဲ့ အရပ်​သူအရပ်​သား ၁၉ ဦး​သေတယ်​ ။ ဒဏ်
ရာအများအပြားရကြတယ်​ ။

အကြိုက်​ပစ်​ပြီး​တော့ ပြန်​ဆုပ်​ခွာသွားတဲ့ လက်​နတ်​ကိုင်​​တွေကို တပ်​မ ၈၈ ကအ​နောက်​မှ ထက်​ချပ်​မခွာ
လိုက်​ပြီး ( ထက်​ချက်​မခွာလိုက်​ပြီး ) နယ်​​မြေရှင်းလင်းတယ်​ တဲ့ ။ ဒါကဖြစ်​စဉ်​ ​ပေါ့ ...

ကျ​နော်​​ပြောချင်​တာက ...အင်​အား ၁၀၀ ​လောက်​ရှိတဲ့​သောင်းကျန်းသူ ၁၀၀မှုဆယ်​မြို့​ပေါ်အထိ​ရောက်​လာရ​တဲ့အထိ တပ်​မ​တော်​က ဘာ​ကြောင့်​မသိတာလဲ ။ စစ်​ဘက်​​ထောက်​လှမ်း​ရေး( စအဖ ) ဆိုတာ​တွေက​ရော ဘာလုပ်​​နေကြလဲ ။ အဲ့
ဒီမှာတာဝန်​ထမ်း​နေတဲ့ ပထရ လက်​​အောက်​မှာရှိ​သောအဖွဲ့အစည်းအသီးသီးက​ရော ဒီလူ ၁၀၀ ​လောက်ရှိတဲ့
သောင်းကျန်းသူအင်​အားစုသတင်းကို လုံးဝမရကြဘူး လား ။ ​ပြောချင်​တာက နိုင်​ငံ​တော်​ကာကွယ်​​ရေး နဲ့
ပြည်​သူလူထုလုံခြုံ​ရေးအတွက်​တာဝန်​ရှိပါတယ်​လို့ဆိုသူ​တွေက ဒီလက်​နတ်​နဲ့လာတဲ့လူအ​ယောက်​ ၁၀၀
လောက်​ရဲ့သတင်းကို မရကြဘူးလား လို့မေးချင်​တာပါ ....

ဖြစ်​ပြီး​တော့မှ အ​နောက်​က​နေ ထပ်​ချပ်​မကွာလိုက်​လံရှင်းလင်းဆို​တော့ ၊ ​ပေါ့​ပေါ့​လေး​​ပြောသွားသလိုပဲ ။
ဟိုမှာမဆိုင်​တဲ့သူ​တွေ ​သေကုန်​ပြီ ...ဒါကတစ်​ခု ...

နောက်​တစ်​ခု​ပြောချင်​တာက ....ဖာ​ဂေါင်း ဖဲသမား လူလိမ်​ သူခိုး ကသူ့​ဝေါ​ပေါ်မှာခပ်​တည်​တည်​​ခေါင်းစဉ်​တပ်​တယ်
" အစိုးရ ဘာလုပ်​​နေလဲ " တဲ့ ။ ​နေပါအုန်း မသိလို့​မေးတာပါ ၊ ဒီလိုကိစ္စ​တွေကို အစိုးရဆီ​ခေါင်းစဉ်​လာတပ်​ရ​အောင်​ ...
ဘာလဲ အခုကျ​တော့ နာဂစ်​​ခြေဥကြီးကို ​မေ့သွားပြီးလား ။

ဒီလိုမှမဟုတ်​ နိုင်​ငံ​တော်​အတိုင်​ပင်​ခံ DASSK နဲ့ သမ္မတဦးဝင်းမြင့်​က ​သေနတ်​ထမ်းပြီး မှုဆယ်​မှာလုံခြုံ​ရေးသွားယူ​ပေးရမှာ လား ။

ဒါနဲ့ခင်​ဗျားတို့​ပြော​တော့ ​ခင်​ဗျားတို့အဘဆရာကြီးရဲ့နာဂစ်​​ခြေဥကြီးကို အသက်​နဲ့လဲ င်္ပြးကာကွယ်​​စောင့်
ရှောက်​ကြမယ်​ဆို ၊ အခုလို လက်​နတ်​ကိုင်​​တွေ မြို့ထဲအလုံးအရင်းနဲ့ဝင်​လာတဲ့ကိစ္စကြီးက ခင်​ဗျားတို့ကာ
ကွယ်​​စောင့်​​ရှောက်​​နေပါတယ်​ဆိုတဲ့​ခြေဥမှာပြဌန်းချက်​အရ ဘယ်​သူ့ဆီမှာတာဝန်​အပြည့်​အ၀ရှိလဲ ။ ဘယ်​သူတွေရဲ့အားနဲချက်​​တွေလဲ ....

နာဂစ်​​ခြေဥ အခန်း ၇ မှာပြဌန်းထား​တဲ့ တပ်​မ​တော်​နဲပက်​သက်​​သောအခန်း​တွေမှာ ဘယ်​လိုအဓိပ္ပာယ်​ဖွင့်
ဆိုထားလဲ ။ နိုင်​ငံ​တော်​အားပြည်​တွင်းပြည်​ပ အန္တရယ်​များမှကာကွယ်​ရန်​ တပ်​မ​တော်​က ဦး​ဆောင်​ရမယ်​တဲ့ ။

ကဲ ...အခု ​သောင်းကျန်းသူလူအ​ယောက်​၁၀၀ ​လောက်​က သူတို့လက်​နတ်​​တွေနဲ့အတူ မှုဆယ်​မြို့ထဲအထိ ​ရောက်​လာပြီ ။
ဘယ်​သူတာဝန်​ယူမလဲ ။ ဘယ်​သူတာဝန်​ခံမလဲ ။ ဘယ်​သူ​တွေရဲ့အားနဲချက်​​ကြောင့်​ခုလိုဖြစ်​ရ
တာလဲ ၊ ဒီ​လောက်​ရှင်း​နေတဲ့ကိစ္စကို အစိုးရ ဘာလုပ်​​နေလဲ အစိုးရဘာလုပ်​​နေလဲ ဆို​တော့ ...

တောက်​ ...ဘာ​ပြောလို့ ​ပြောရမှန်း​တောင်​မသိ​တော့ဘူး ။ပြောလည်း​သောက်​ရှက်​လုံးလုံးရှိသူ​တွေမဟုတ်​​တော့
ဘယ်​​လောက်​​ပြော​ပြော ​ပေခံကြမှာဘဲ ။ ​ပြောတဲ့လူသာ ​မောကျန်​ခဲ့တာသာ အဖက်​တင်​မယ်​ ...

ဒီလိုလူ​တွေကိုအ​ပြောနဲ့မရ​တော့ဘူးဆိုတာအစိုးရအ​နေနဲ့ သိသင့်​​နေပြီလို့ထင်​ပါတယ်​ ...

လော​လောဆယ်​ မှုဆယ်​မြို့အဖြစ်​အပျက်​မှာကာကွယ်​​ရေးမှာတာဝန်​ရှိသူ​များမှ ယခုကိစ္စကိုတာဝန်​ယူမှု့ တာဝန်​ခံမှု့လုပ်​​ပေးကြပါ ...

တပ်​မ​တော်​ထိပ်​ပိုင်း​ခေါင်း​ဆောင်​များမှလဲဒီလိုလုံခြုံ​ရေးကျိုး​ပေါက်​လာတာကို ထိ​ရောက်​စွာအ​ရေးယူ​ဆောင်​ရွက်​​ပေးကြပါလို့
ကျုပ်​တို့ပြည်​သူလူထုမှ ပြင်းပြင်းထန်​ထန်​ ​တောင်းဆိုပါတယ်​ ... ။

Sua Sponte .
Crd

®️ခရီးသည်


https://m.facebook.com/story.php?story_fbid=1670048253109119&id=100003118823595

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ကျုပ်​တို့ပြည်​သူလူထုမှ ပြင်းပြင်းထန်​ထန်​ ​တောင်းဆိုပါတယ်​ ... (ခရီးသည်)”

Post a Comment

Related Posts Plugin for WordPress, Blogger...