Tuesday, June 12, 2018

နိုင်ငံတော်၏ အချုပ်အခြာအာဏာ ဆုံးရှုံးသွားနိုင်

,
နိုင်ငံခြားနှင့် နိုင်ငံခြားသားကို သာ အထင်ကြီးသည့်ရောဂါ စွဲကပ်လာခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ဆုံးရှုံးသွားနိုင်
-----------------------------------------------------------

နိုင်ငံခြားနှင့် နိုင်ငံခြားသားကို သာ အထင်ကြီးသည့်ရောဂါစွဲကပ်လာခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ဆုံးရှုံးသွားနိုင်ကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးကြီးမြင့်ချို က ဇွန်လ ၁၁ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်
ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုင်းပန်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၊ တင်သွင်းသည့် “နိုင်ငံတော် အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက် လွတ်လပ်သော ကော်မရှင်တစ်ခုကို နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီးတစ်ဦး အပါအဝင် အဖွဲ့ဝင်(၃) ဦးဖြင့် ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ UNSC ကိုယ်စားလှယ်အဖွဲ့၏ အကြံပြုချက်တွင် ပြည်ပအဖွဲ့ဖြင့် စစ်ဆေးခြင်းနှင့် ပြည်တွင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း နည်းလမ်းနှစ်သွယ်ပါရှိရာ လွတ်လပ်သော နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံသားပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစားယုံကြည်သောအားဖြင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းဆောင်ရွက်ရေးကို ပြန်လည်စဉ်းစား ဆုံးဖြတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အရေးကြီးအဆိုကိုထောက်ခံဆွေးနွေးရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“နိုင်ငံခြားနဲ့ နိုင်ငံခြားသားကို သာအထင်ကြီးတဲ့ရောဂါစွဲကပ်လာခြင်းဖြင့် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဆုံးရှုံးသွားနိုင်ပါတယ် ပြည်ပနိုင်ငံများနဲ့ ပြည်ပအဖွဲ့အစည်းများက မိမိတို့နိုင်ငံ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ပြီး ၎င်းတို့အလိုဆန္ဒအတိုင်းဖြစ်လာအောင် ဆောင်ရွက် နေခြင်းဟာ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးနှောင့်ယှက်ခြိမ်းခြောက်လာခြင်းပဲဖြစ်ပါတယ်”ဟု ဗိုလ်မှုးကြီးမြင့်ချိုကပြောကြားသည်။

ထို့အတူ နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများက ၎င်းတို့အလိုကျဖြစ်အောင် ၀င်ရောက်စွက်ဖက် လွှမ်းမိုးချုပ်ကိုင်လာမည်ကို ခုခံကာကွယ်တားဆီးသွားရမည်သာဖြစ်ကြောင်း၊ လည်း ၎င်းကဆိုသည်။
“ဒီလိုခုခံကာကွယ်တားဆီးရမယ့်အစားမိမိတို့နိုင်ငံပြည်တွင်းရေးမှာ ပြည်ပနိုင်ငံခြားသားကို လက်ခံခွင့်ပြု ပါဝင်စေခြင်းဟာ မိမိနိုင်ငံပြည်တွင်း ရေးကိစ္စမှာ ပြည်ပက ပါဝင်စွက်ဖက်ချုပ်ကိုင်မှုကို မိမိတို့ကိုယ်တိုင် လက်ကမ်းဖိတ်ခေါ်ကြိုဆိုတဲ့သဘောသက်ရောက်နေပါတယ်”ဟု ဗိုလ်မှုးကြီးမြင့်ချိုက ပြောသည်။

မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကိစ္စကို စုံစမ်းစစ်ဆေးရန် မည်သည့် ပြည်ပနိုင်ငံခြားသားကိုမျှပါဝင် ဖွဲ့စည်းရန် မလိုအပ်ကြောင်းနှင့် ဦးစိုင်းကျော်မိုးအဆိုကို အပြည့်အ၀ ထောက်ခံကြောင်း ဗိုလ်မှုးကြီးမြင့်ချိုက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အရေးကြီးအဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုများပြုလုပ်ခဲ့ရာ ထောက်ခံဆန္ဒမဲ ၁၃၈မဲ ၊ကန့်ကွက်ဆန္ဒမဲ ၂၅၁မဲ ၊ကြားနေမဲ ၃ မဲ ရရှိခဲ့သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဌ က အရေးကြီးအဆိုကို အတည်မပြုကြောင်းကြေညာခဲ့သည်။

The Ladies News


https://m.facebook.com/story.php?story_fbid=668415010178274&id=557502301269546

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ဆုံးရှုံးသွားနိုင်”

Post a Comment

Related Posts Plugin for WordPress, Blogger...