Friday, May 10, 2019

ထောင်ကိုမကြောက်ဟုVK တွင် ဗီဒီယိုဖိုင်ဖြင့် ဆရာတော်ဦးဝီရသူ ပြောကြား

,
ရုရှားလူမှု့ ကွန်ယက် VK ရှိ Ven-Vicittar Bhivamsa စာမျက်ပေါ်တွင် ဆရာတော်ဦးဝီရသူက တစ်မိနစ်ခွဲကြာ ရုပ်သံဖိုင်တစ်ခုကိုတင်ခဲ့ပြီး အဆိုပါရုပ်သံဖိုင်တွင် ဦးဝီရသူက ဖယောင်တိုင်မီးကိုကိုင်ကာ ထောင်ကိုမကြောက်၊အမှာင်ကိုသာ ကြောက်သူဖြစ်ကြောင်းနှင့် နောင်တစ်ချိန်တွင် သမိုင်းတွင် ကျန်ခဲ့မည်ဟု ပြောကြားထားသည်။

ဦးဝီရသူအားတရားစွဲရန် အမှုတည်ဆောက်နေသည်ဟု
သာသနာရေးဦးစီးဌာနက သတင်းမီဒီယာများကို ပြောကြားထားပြီးသည့်နောက်တွင် အဆိုပါ ရုပ်သံဖိုင်ကို ရုရှားလူမှု့ ကွန်ယက် VK တွင် တင်ခဲ့ခြင်းလည်းဖြစ်သည်။

မေလ ၉ရက်စွဲဖြင့်  VK တွင် တင်ခဲ့သည့်အဆိုပါ ရုပ်သံဖိုင် တွင် ဦးဝီရသူက " ဦးဇင်း ဦးဝီရသူ၊ ဒီကနေ့လုပ်နေတာတွေ အကုန်လုံးဟာ ငွေရေးကြေးရေးမပါ,ပါဘူး။ အပေးအယူလုံးဝမရှိပါဘူး။ ယုံကြည်ချက်သက်သက်နဲ့ အလုပ်လုပ်နေတာ။ ၀ီရသူဆိုတာ ထောင်ကိုမကြောက်၊အမှောင်ကိုသာ
ကြောက်တဲ့လူစားမျိုးဆိုတာ နောင်တစ်ချိန်မှာ သမိုင်းတွင် ကျန်ခဲ့ပါလိမ့်မယ်" ဟု ပြောကြားသည်။

အမျိုးသားရေးကိုလုပ်ဆောင်ရာတွင် မည်သူ့ ကိုမှ အကောက်မကြံကြောင်း၊ဒုစရိုက်နှင့်အကုသိုလ်ကိုအင်မတန်ကြောက်ကြောင်း၊ ထို့အတွက်ကြောင့် ဒီကနေ့ ထောင်ကိုမကြောငက်တမ်း၊လက်ထိပ်ကိုမကြောက်တမ်း တရားများဟောနေခြင်းမှာ အမျိုးသားရေးယုံကြည်ချက်သက်သက်သာဖြစ်သည် ဟုပြောကြားသည်။

"'ဒီကနေ့ အမျိုးသားရေးလုပ်နေတာ ဘယ်သူ့ ဘယ်သူကိုမှ အကောက်မကြံဘူးသေးပါဘူး။ ဒုစရိုက်ကိုအင်မတန်ကြောက်ပါတယ်။ အကုသိုလ်ကိုအင်မတန်ကြောက်ပါတယ်။ ဒါပေမယ့် ဒီကနေ့ထောင်ကိုမကြောက်တမ်း၊လက်ထိပ်ကိုမကြောက်တမ်းတရားတွေဟောနေတယ်ဆိုတာအမျိုးသားရေးယုံကြည်ချက်သက်သက်ပါပဲ" ဟု  ဦးဝီရသူက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ရက်နေ့ က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ပြုလုပ်ခဲ့သည့် ၅၉ (စ) မပြင်ဆင်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ပေးရေးဟောပြောပွဲတွင် ဆရာတော်ဦးဝီရသူက  အစိုးရနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြင်းပြင်းထန် ဝေဖန်ပြောကြားခဲ့သည်။

ဆရာတော်ဦးဝီရသူက "အရင်လူတွေခိုးတာက အိမ်ဝိုင်းထဲမှာရှိတဲ့ မြေကြီးပေါ်မှာ ပေါက်နေတဲ့ သယံဇာတသစ်ပင်လေးတွေခိုးတာ။အခုလူတွေကပြည်သူ့အိပ်ကပ်ထဲက နှိုက်ပြီးခိုးတာ။ လိုက်ကြည့်လိုက်။ ပြည်သူတွေချွေးနည်းစာနဲ့ ရှာဖွေထားတာတွေကိုအခွန်ကောက်။ အဲဒီအခွန်တွေကိုဘက်ဂျက် တွေတိုးတောင်း။အကုန်သူခိုးတွေချည်းပဲ။ရိုးရိုးခိုးတာမဟုတ် ဘူး။ နှိုက်ခိုးတာ" ဟူ၍ လည်းကောင်း

" မိတ်ကပ်လေးလိမ်းဖို့လောက်တတ်။ ဖက်ရှင်လေးဝတ်ဖို့လောက်တတ်။ ဒေါက်မြင့်လေးနဲ့ ကော့ပက်ကော့ပက်နဲ့ လျှောက်သွားဖို့လောက်ပဲတတ်။ ဒီကြားထဲ နိုင်ငံခြားသားနဲ့တွေ့ရင် ဖင်ကရမ်းချင်သေးတယ်။ ဒီလောက် သရမ်းနေတဲ့ ဟာကြီးကို သမ္မတတင်ချင်သေးတယ်။ သေရာပေါ့ဗျာ။
ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ သေချာပေါက်" ဟု
ပြင်းပြင်းထန်ထန်ဝေဖန်ပြောကြားခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဦးဝီရသူသည် ဘာ သာတစ်ခုနှင့်တစ်ခုကြားတွင် အမုန်းတရားပွားများပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများ၊တရား ဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေသည့် ဟောပြောမှုများနှင့်နိုင်ငံရေးပါတီများအကြားတွင်ဘက်လိုက်ဝေဖန်ဟော ပြောမှုများကို ပြုလုပ်သည့်အတွက် ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ ၂၀၁၈ ခုနှစ် မတ်လ ၉ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း တရားဟောခွင့်ကို တစ်နှစ်ပိတ်ပင်ခဲ့သည်။

မေလ ၅ရက်နေ့က ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင်ပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉ ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ပေးရေးဆန္ဒထုတ်ဖေါ်ပွဲတွင်လည်း ဦးဝီရသူက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ဘုရားလိုကိုးကွယ်သင့်သည်ဟု ပြောကြားခဲ့သည်။

အောင်ရဲနောင်
The Ladies News

https://www.facebook.com/178829095625401/posts/1183540878487546/

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ထောင်ကိုမကြောက်ဟုVK တွင် ဗီဒီယိုဖိုင်ဖြင့် ဆရာတော်ဦးဝီရသူ ပြောကြား ”

Post a Comment

Related Posts Plugin for WordPress, Blogger...