Friday, July 27, 2018

မြင့်ဆွေဆိုသည်မှာ အောင်ဝင်းဇော်ဟု ပေါ်ပေါက်သွား

,
တယ်လီဖုန်းမှတ်တမ်းများနှင့် စီစီတီဗွီမှတ်တမ်းများအရ မြင့်ဆွေဆိုသည်မှာ အောင်ဝင်းဇော်ဟု ပေါ်ပေါက်သွား

By The Standard Time Daily -
ရန်ကုန်၊ ဇူလိုင်-၂၆

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ် ခံရမှုနှင့်ပတ်သက်၍ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ တရားရင်ဆိုင်နေရသူ အောင်ဝင်းဇော် ကို (၆၃) ကြိမ်မြောက်ရုံးချိန်းတွင် တတိယအကြိမ် မြောက်အဖြစ် နှစ်ဖက်ရှေ့နေများ ပြန်လှန်စစ်မေးခဲ့ရာ တယ်လီဖုန်းမှတ်တမ်းများနှင့် CCTV မှတ်တမ်းများအရ မြင့်ဆွေဆိုသည်မှာ အောင်ဝင်းဇော် ဟု ပေါ်ပေါက်သွားကြောင်း တရားလိုဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က သတင်းထောက် များကို ပြောဆိုသည်။

ရုံးချိန်းအပြီးတွင် တရားလိုဘက်မှ ရှေ့နေ ဦးနေလက အောင်ဝင်းဇော်ကို စစ်မေးခဲ့မှုများနှင့် ပတ်သက်၍ ဦးရောဘတ်စန်းအောင်ကို သတင်း ထောက်များက မေးမြန်းရာ “ကြည်လင်းနဲ့ သူနဲ့ (အောင်ဝင်းဇော်) ကွင်းဆက်ရှိနေတယ်။ မြင့်ဆွေဆိုတာလည်း အခြားမဟုတ်ဘူး။ အောင်ဝင်းဇော်ပဲ။ ရှာလို့မရနိုင်တဲ့ သူကို လက်ညှိုးထိုးပြီး ဟိုမှာ သေသွားပြီ။ ဒီမှာသေသွားပြီ။ တကယ်တမ်းသူတို့က နာမည်ဝှက်တွေနဲ့ ကစားနေကြတာ။ နာမည်ဝှက်တွေနဲ့ အလုပ်လုပ်ကြတာ။ ဥပဒေအပြင်က လုပ်တဲ့ လုပ်ငန်းတွေမှာ ဒီလိုစကားဝှက်တွေနဲ့ပဲ လုပ်တာ။ လူဆိုရင်လည်း စကားဝှက်တွေ သုံးတာပဲ။ တယ်လီဖုန်းမှတ်တမ်းတွေကြောင့် ပေါ်သွားတာ။ နောက်ပြီးတော့CCTV မှတ်တမ်းတွေကြောင့် ပိုပေါ်သွားတာ။ အစက CCTV မှတ်တမ်းက ခြောက်လလောက်ဖြစ်နေတော့ တော်တော်လေး မေ့နေကြတာ။ တရားခံဘက်က ရှေ့နေကြီးဦးအောင်ခိုင် ကျေးဇူး ကြောင့် ကျွန်တော်တို့က ပြန်ပြီးတော့ မှတ်မိသွားတာ” ဟု ၎င်းက ရှင်းပြခဲ့သည်။
crd

#ခရီးသည်

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြင့်ဆွေဆိုသည်မှာ အောင်ဝင်းဇော်ဟု ပေါ်ပေါက်သွား”

Post a Comment

Related Posts Plugin for WordPress, Blogger...