Sunday, August 5, 2018

မြန်မာ့တပ်မတော်အပေါ် စွပ်စွဲမှုများကိုချေဖျက်နိုင်ရန် သက်သေအထောက်အထားပါစာတမ်းကို သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ICC သို့ တင်သွင်း

,
၂၀၁၈ သြဂုတ် ၎
ကိုလူသစ်

ICCအဖွဲ့ဝင်နိုင်ငံများနှင့်ပြည်ပ NGOအဖွဲ့များ၏မဟုတ်မမှန်စွပ်စွဲပြစ်တင်မှုများကို ချေဖျက်နိုင်ရန်သက်သေအထောက်အထားများပါဝင်သောစာတမ်းတစ်စောင်ကို သေနင်္ဂမဟာဗျူ ဟာလေ့လာရေးအဖွဲ့(TISS)က ICCသို့စာတမ်းတစ်စောင်တင်သွင်းခဲ့ ကြောင်းသိရသည်။

TISSအနေဖြင့် တပ်မတော်အပေါ် မဟုတ်မမှန်စွပ်စွဲကြောင်း သက်သေအထောက်အထားပါစာတမ်းကို  နိုင်ငံတကာရာဇဝတ်မှုတရားရုံး (Internation Criminal Court-ICC ) သို့ ဇူလိုင် ၂၆ ရက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

''ကျွန်တော်တို့အနေနဲ့ဒီAMICUS CURIAE စာတမ်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၆ရက်နေ့ကတင်သွင်းခဲ့တာပါ။email၊ Fax ၊အမြန်ချောပို့နဲ့ပို့ခဲ့တာပါ'' ဟု  သေနင်္ဂမဟာဗျူ ဟာလေ့လာရေးအဖွဲ့(TISS)တည်ထောင်သူနှင့်အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကပြောကြားသည်။

ရန်ကုန်မြို့၊ဒဂုံမြို့နယ်ရှိ တော်ဝင်ဂါးဒင်းဟိုတယိတွင်ပြုလုပ်သည့် သေနင်္ဂမဟာဗျူ ဟာလေ့လာရေးအဖွဲ့၏
နိုင်ငံတကာရာဇဝတ်မှုတရားရုံး(Internation Criminal Court-ICC ) သို့တင်သွင်းသည့် AMICUS CURIAE စာတမ်းနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းတင်ပြပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့များ၏နယ်မြေရှင်းလင်းခြင်းလုပ်ငန်းစဉ်များတွင် တပ်ဖွဲ့ဝင်များအနေဖြင့် ဘင်္ဂါလီလူမျိုးများအပေါ်အဓမ္မပြုကျင့်မှု၊လူမျိုးတုန်းသတ်ဖြတ်ခြင်းနှင့်အကြမ်း ဖက်မှုများရှိကြောင်း နိုင်ငံတကာနှင့်ပြည်ပ NGOအဖွဲ့အစည်းများ ၏စွပ်စွဲပြစ်တင်မှုများနှင့်ပတ်သက်၍ သေနင်္ဂမဟာဗျူ ဟာလေ့လာရေးအဖွဲ့(TISS) ၄င်းအခင်းဖြစ်ပွားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ကွင်းဆင်းလေ့လာမှုများပြုလုပ်ခဲ့သည့်အပြင် ဒေသခံများနှင့်တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ပြီးနောက် ရက်သတ္တပတ် ၆ ပတ်ခန့်အချိန်ယူရေးသားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာရာဇဝတ်မှုတရားရုံး(Internation Criminal Court-ICC ) သို့ အထောက်အထားများပါဝင်သည့် AMICUS CURIAE စာတမ်းကိုတင်သွင်းပြီးဖြစ်သော်လည်း တင်သွင်းမှုကို လက်ခံခြင်းလက်မခံခြင်းမှာမူ ICC နှင့်ချိန်ဘာ များ၏ဆုံးဖြတ်ချက်အပေါ်တွင်သာမူတည်ကြောင်း ဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။

''ဒီစာတမ်းက ကျွန်တော်တို့နိုင်ငံရဲ့ဖြစ်စဉ်အမှန်တွေကို နိုင်ငံတကာကသိဖို့လိုအပ်ပါတယ်။ICC ဘက်မှာက တစ်ဖက်သက် စွပ်စွဲမှုတွေများပါတယ်။ဒါကြောင့် ကျွန်တော်တို့က ဒီဘက်ကနေအထောက်အထားတွေနဲ့တင်သွင်းခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ တင်သွင်းချက်ကိုလက်ခံခြင်း၊လက်မခံခြင်းဆိုတာကတော့ ICCနဲ့ချိန်ဘာတွေရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပါတယ်''ဟု ဒေါက်တာနိုင်ဆွေးဦးကပြောကြားသည်။

သို့သော် သေနင်္ဂမဟာဗျူ ဟာလေ့လာရေးအဖွဲ့၏
နိုင်ငံတကာရာဇဝတ်မှုတရားရုံး(Internation Criminal Court-ICC ) သို့တင်သွင်းသည့် AMICUS CURIAE စာတမ်းနှင့်ပတ်သက်၍ ICC၏ထည့်သွင်းစဉ်းစားမှုပြု ၊မပြုကိုမူ ICCမှနောက်ဆုံးတင်သွင်းရန်သတ်မှထားသည့် ဇူလိုင် ၂၇ရက်နောက်ပိုင်း ၁၀ရက်အတွင်းသိရှိရမည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာရာဇဝတ်မှုတရားရုံး (Internation Criminal Court-ICC )က အရေးယူရန် ပြီးခဲ့သည့် ဇွန် ၂၁က မြန်မာအစိုးရထံအကြံပြုချက်တောင်းခံထားသော်လည်း ၄င်းအကြံပြုရန်တောင်းခံထားမှုကို မြန်မာအစိုးရအနေဖြင့်အကြောင်းပြန်ကြားခြင်းရှိ၊မရှိအား တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။

ဓာတ်ပုံ - ဝေယံ




https://m.facebook.com/story.php?story_fbid=274893786574686&id=151602552237144

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ မြန်မာ့တပ်မတော်အပေါ် စွပ်စွဲမှုများကိုချေဖျက်နိုင်ရန် သက်သေအထောက်အထားပါစာတမ်းကို သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ICC သို့ တင်သွင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...