Thursday, February 8, 2018

အနာဂတ္ျမန္မာႏိုင္ငံနဲ႕ကိုက္ညီတဲ့ အေျခခံဥပေဒေပၚေပၚဖို႔သမၼတတိုက္တြန္း

,
ေဖေဖာ္ဝါရီ - ၇ ၊၂၀၁၈

နိုင္ငံေရးေဆြးေႏြးပြဲရလဒ္ေတြနဲ႔အညီ ဖက္ဒရယ္ျပည္ေထာင္စု အနာဂတ္ျမန္မာနိုင္ငံနဲ႔ လိုက္ဖက္တဲ႔ ဖြဲ႔စည္းပံု အေျခခံဥပေဒေပၚေပါက္ေရး ဝိုင္းႀကိဳးစားေပးၾကဖို႔ နိုင္ငံေတာ္သမၼတဦးထင္ေက်ာ္က (၇၁)ႏွစ္ေျမာက္ရွမ္းျပည္နယ္ေန႔ အတြက္ ေပးပို႕တဲ့ သဝဏ္လႊာမွာ တိုက္တြန္းခဲ႔ပါတယ္။

ရွမ္းျပည္နယ္ေန႔လို႔သာ ဆိုေပမယ္႔ သမိုင္းေၾကာင္းအရ တိုင္းရင္းသားအားလံုး၊ျမန္မာတစ္မ်ိဳးသားလံုးနဲ႔ သက္ဆိုင္တဲ႔ ေန႔ျဖစ္ေၾကာင္း သမၼတဦးထင္ေက်ာ္က ဆိုခဲ႔ၿပီး ဖြဲ႕စည္းပံုအေျခခံဥပေဒသစ္အတြက္ ဝိုင္း ႀကိဳးစားဖို႔ ေၿပာခဲ႔တာပါ။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ လုပ္ေဆာင္ေနမႈေတြကိုလဲ သဝဏ္လႊာမွာ ေဖာ္ျပခဲ႔ၿပီး ဖက္ဒရယ္အေျခခံမူ(၃၇)ခ်က္ကို ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ရဲ႕ အစိတ္အပိုင္း(၁)အၿဖစ္ သေဘာတူစာခ်ဳပ္နိုင္ခဲ႔ေၾကာင္း ေဖာ္ၿပထားပါတယ္။

ရွမ္းအမ်ိဳးသားေခါင္းေဆာင္ တစ္ဦးျဖစ္တဲ႔ ဦးခြန္ထြန္းဦးကေတာ႔ ရွမ္းျပည္နယ္ကိုယ္ပိုင္ျပဌာန္းခြင္႔ အျပည္႕႔အဝရေရးအတြက္ ႀကဳိးစားၾကဖို႔ တိုက္တြန္းထားပါတယ္။

ရုပ္သံသတင္းေထာက္- ျမတ္သီဟေမာင္

(Unicode)

အနာဂတ်မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ အခြေခံဥပဒေပေါ်ပေါ်ဖို့ သမ္မတတိုက်တွန်း

ဖေဖော်ဝါရီ - ၇ ၊၂၀၁၈

နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီ ဖက်ဒရယ်ပြည်ထောင်စု အနာဂတ်မြန်မာနိုင်ငံနဲ့ လိုက်ဖက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေး ဝိုင်းကြိုးစားပေးကြဖို့ နိုင်ငံတော်သမ္မတဦးထင်ကျော်က (၇၁)နှစ်မြောက်ရှမ်းပြည်နယ်နေ့ အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းခဲ့ပါတယ်။

ရှမ်းပြည်နယ်နေ့လို့သာ ဆိုပေမယ့် သမိုင်းကြောင်းအရ တိုင်းရင်းသားအားလုံး၊မြန်မာတစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ နေ့ဖြစ်ကြောင်း သမ္မတဦးထင်ကျော်က ဆိုခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် ဝိုင်း ကြိုးစားဖို့ ပြောခဲ့တာပါ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လုပ်ဆောင်နေမှုတွေကိုလဲ သဝဏ်လွှာမှာ ဖော်ပြခဲ့ပြီး ဖက်ဒရယ်အခြေခံမူ(၃၇)ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း(၁)အဖြစ် သဘောတူစာချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ရှမ်းအမျိုးသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးခွန်ထွန်းဦးကတော့ ရှမ်းပြည်နယ်ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့့်အဝရရေးအတွက် ကြိုးစားကြဖို့ တိုက်တွန်းထားပါတယ်။

ရုပ်သံသတင်းထောက်- မြတ်သီဟမောင်

https://m.facebook.com/story.php?story_fbid=1840914249313602&id=103865773008399

0 ေယာက္မွတ္ခ်က္ျပဳခဲ့သည္ to “ အနာဂတ္ျမန္မာႏိုင္ငံနဲ႕ကိုက္ညီတဲ့ အေျခခံဥပေဒေပၚေပၚဖို႔သမၼတတိုက္တြန္း”

Post a Comment

Related Posts Plugin for WordPress, Blogger...