Wednesday, January 16, 2019

ဥပဒေ ဆိုင်ရာ အချက်အလက်တွေ တစ်နေရာထဲမှာ ရရှိနိုင်မယ့် website မိတ်ဆက်

,
နေပြည်​​တော်​၊​ မေလ (၂၄) ရက်

ပြည်​​ထောင်​စု​ ရှေ့​နေချုပ်​ရုံးရဲ့ မြန်​မာ ဥပ​ဒေ သတင်း အချက်​အလက်​ စနစ်​ (Myanmar Law Information System-MLIS) Website ကို သည်​က​နေ့မှာ ပြည်​သူ​တွေထံ စတင်​ မိတ်​ဆက်​လိုက်​ပြီ ဖြစ်​ပါတယ်​။

MLIS ရဲ့ Website က​တော့ www.mlis.gov.mm ဖြစ်ပါတယ်​။ သည်​ Website ​မှာဆိုရင်​ Burma Code 1 to 13 အတွဲများပါ ဥပ​ဒေများ၊ ၁၉၅၅ ခုနှစ်​မှ သည်နေ့ အထိ ထုတ်​ပြန်​ခဲ့တဲ့ ဥပ​ဒေများ၊ နည်းဥပ​ဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ အမိန့်​များ၊ ညွှန့်​ကြားချက်​များ၊ လုပ်​ထုံး လုပ်​နည်းများ အပါအဝင်​ တစ်​ဆင့်​ခံ ဥပ​ဒေ​တွေကို ပြည့်​စုံ​အောင်​ ရှာ​ဖွေ စု​ဆောင်း​ပြီး ​ဖော်​ပြ ထားတာ ဖြစ်​တယ်​လို့ သိရပါတယ်​။

ဥပ​ဒေ သတင်း အချက်​အလက်​​တွေမှာ တည်​ဆဲ ဥပ​ဒေ​တွေ သာမက ဥပ​ဒေ​ကြောင်းကို သိရှိနိုင်​ဖို့အတွက်​ ရုပ်​သိမ်းပြီး ဥပ​ဒေ​တွေကိုလည်း ​ဖော်​ပြထားမှာ ဖြစ်​ပါတယ်​။ သက်​ဆိုင်​ရာ ဝန်​ကြီးဌာန၊ အဖွဲ့အစည်း အလိုက်​သာမက အုပ်​ချုပ်​​ရေး၊ စီးပွား​ရေး စတဲ့ ကဏ္ဍအလိုက်​ ခွဲခြား ​ဖော်ပြထားပါတယ်​။ ဥပ​ဒေ တစ်​ခုချင်း မှာလည်း မူလ ပြဌာန်းချက်​၊ ပြင်​ဆင်​ချက်​၊ ပြင်​ဆင်​တဲ့ အကြိမ်​ အရေအတွက်​၊ ပြင်​ဆင်​တဲ့ ခုနှစ်​နဲ့ အ​ကြောင်းအရာ စတာ​တွေကိုလည်း အလွယ်​တကူ ရှာ​ဖွေကြည့့်​ရှုနိုင်​ဖို့ ​ဆောင်ရွက်​ထားတယ်​ လို့လည်း သိရပါတယ်​။

'ဒီစနစ်​ဟာ မြန်​မာနိုင်​ငံရဲ့ ဥပ​ဒေ သတင်း အချက်​အလက်​​တွေကို ပြည့်​ပြည့်​စုံစုံ​ ဖော်​ပြထားတာ​ကြောင့်​ ဥပ​ဒေ သုတေသီ​တွေ ဥပ​ဒေ​ ကျောင်းသား​ ကျောင်းသူ​တွေ ဥပ​ဒေ​ရေးဆွဲသူ​တွေ ဥပ​ဒေပြုသူ​တွေ နဲ့ ဥပ​ဒေ​ လေ့လာသူ​တွေ အတွက်​ Law library တစ်​ခုလို များစွာ အ​ထောက်​အကူပြုမှာ ဖြစ်​ပါတယ်​' လို့ ပြည်​​ထောင်​စု​ ရှေ့​နေချုပ်​ရုံးမှ ပြည်​​ထောင်​စု​ ရှေ့​နေချုပ်​ ဦးထွန်းထွန်းဦးက​ပြောပါတယ်​။

MILS Website ဟာ စီးပွား​ရေး လုပ်​ငန်း လုပ်​ကိုင်​​သူ​တွေ နိုင်​ငံခြား ရင်းနှီးမြှပ်​နှံ သူ​တွေ အ​နေနဲ့လည်း လုပ်​ငန်းနဲ့ သက်​ဆိုင်​တဲ့ ဥပ​ဒေ သတင်း အချက်​အလက်​​တွေကို အလွယ်​တကူ​ လေ့လာနိုင်​မှာ ဖြစ်​ပါတယ်​။ ဥပ​ဒေ​တွေ ကိုလည်း မြန်​မာ - အင်္ဂလိပ်​ နှစ်​ဘာသာနဲ့ တင်​ပြထားပြီး ပြည်​သူ​တွေအ ​နေနဲ့  ​ဥပ​ဒေ အ​ကြောင်းအရာ ​တွေနဲ့ ပတ်သက်​ပြီး ​မေးမြန်းနိုင်​ဖို့ အတွက်​လည်း အ​မေး အ​ဖြေ ကဏ္ဍကို ထည့်​သွင်းထားတယ်​ လို့ သိရပါတယ်​။

MLIS Website ကို တည်​​ထောင်​နိုင်​ဖို့ ကိုရီးယား သမ္မတနိုင်​ငံ အစိုးရ ဥပ​ဒေပြု ဝန်​ကြီးဌာန၊ ကိုရီးယား အပြည်​ပြည်​ ဆိုင်​ရာ ပူး​ပေါင်း ​ဆောင်​ရွက်​​ရေး​အေဂျီစီ (KOICA) နဲ့ ပြည်​​ထောင်​စု​ ရှေ့​နေချုပ်​ရုံး တို့ဟာ ၂၀၁၅ ခုနှစ်​ ​အောက်​တိုဘာလမှာ ​ဆွေး​နွေးမှုမှတ်​တမ်း(Record Discussion)ကို လက်​မှတ်​​ ရေးထိုးခဲ့ကြတာ ဖြစ်​ပါတယ်​။ ကိုရီယားနိုင်​ငံရှိ ဥပ​ဒေပြု ဝန်​ကြီးဌာနနဲ့ KOICA တို့က​တော့ သည်​စနစ်​ အတွက်​ နည်းပညာနဲ့ ​ငွေ​ကြေး​တွေကို ​ထောက်​ပံ့​ ပေးခဲ့ကြတယ်​ လို့ သိရပါတယ်​။

Aurhor / Photo - မာရီခိုင်
ကုမုဒြာ
www.mlis.gov.mm


https://m.facebook.com/story.php?story_fbid=852405138294794&id=327002204168426

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဥပဒေ ဆိုင်ရာ အချက်အလက်တွေ တစ်နေရာထဲမှာ ရရှိနိုင်မယ့် website မိတ်ဆက်”

Post a Comment

Related Posts Plugin for WordPress, Blogger...