Wednesday, February 28, 2018

ဦးဝီရသူကို အရေးယူပေးရန် နှိုးဆော်သည့် ဆရာတော်အား အရေးယူရန် တိုင်ကြားမည်

,
အငြိုးတွေ ကြီးလိုက်တာ ...
သတင်းစာရှင်းလင်းပွဲ လုပ်တဲ့ MJN ရုံးလဲ ဖယ်ခိုင်းပြီးပြီ
ဒါတောင် မကျေနပ်သေးဘူး၊ သတင်းစာရှင်းလင်းပွဲလုပ်မယ့် ဆရာတော် မင်းသုညကိုလည်း အရေးယူခိုင်းဦးမယ့်အပြင် ကျောင်းပါဖျက်ရအောင် လုပ်ကြဦးမယ်တဲ့
နောက်ကွယ်က ဘယ်လောက်များ လက်တန်ရှည်ကြလဲ ...

အမှန်တရားအတွက် ခုလို ရှေ့ထွက်လာတဲ့ သူတွေကို ဦးချိုးပြနေတာ ပြည်သူတွေကို အကြောက်တရားနဲ့
ခြိမ်းခြောက်လိုက်တာပဲ၊
ပြည်သူတင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာမှ ဒီလို
အဓမ္မဝါဒီတွေကို အပြုတ်မရှင်းနိုင်ရင် ခံပေတော့
နောင်မျိုးဆက်တစ်သက် ...
ကလေကချေ လူယုတ်မာတွေလက်ထဲ
ပြည်သူတွေ စည်းလုံးညီညွတ်စွာနဲ့ ဓမ္မနဲ့ အဓမ္မခွဲခြားချိန်တန်ပြီ ...
-
-
ဦးဝီရသူကို အရေးယူပေးရန် နှိုးဆော်သည့် ဆရာတော်အား အရေးယူရန် တိုင်ကြားမည်
======================

ဦးဝီသူကို အရေးယူပေးရေး နှိုးဆော်သည့် သတင်းစာရှင်းလင်းပွဲပြုလုပ်သူ ဆရာတော် ဘဒ္ဒန္တ အရှင်ဣဿရိယ (မင်းသုည (ဗုဒ္ဓတက္ကသိုလ်))အား သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်မှတစ်ဆင့် အရေးယူရန် တိုင်ကြားမည်ဖြစ်ကြောင်း ကရင်အမျိုးသားရေး ရဟန်းတော်များအဖွဲ့ထံမှ သိရသည်။

“သူ့နဂိုရည်ရွယ်တဲ့ နေရာမှာ မလုပ်ဖြစ်ဘူး၊ နေရာပြောင်းသွားတယ်၊ သံဃာစည်းအတွင်း ဖြေရှင်းရမယ့် ပြဿနာကို သတင်းစာရှင်းပွဲ လုပ်တယ်၊ ဒါက သံဃာအဖွဲ့အစည်း အဆင့်ဆင့် တင်ပြဖြေရှင်းရမယ့် ပြဿနာပါ၊ နောက်ပြီး တရားမဝင် နေရာမှာ ကျောင်းတည်ထောင်ထားတာကို ကရင်ပြည်နယ် သံဃာမဟာနာယကကိုရော၊ မဟန (ဗဟို) ကိုရော တင်ပြအရေးယူပြီး ကျောင်းကို ပိတ်သိမ်းသွားတဲ့အထိ ဆောင်ရွက်သွားမယ်”

ဟု မြဝတီမြို့နယ် သံဃာတော်ဂိုဏ်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးသောဘိတ (ရွှေကျွန်းဆရာတော်)က မိန့်ကြားသည်။

ထိုသို့အရေးယူရာတွင် ဆရာတော် မင်းသုည သီတင်းသုံးရာကျောင်းမှာ တရားဝင် သာသနာ့မြေအတွင်း ဆောက်ထားခြင်းမဟုတ်ဘဲ ရော်ဘာစိုက်တောင်သူတစ်ဦး၏ ရော်ဘာခြံအတွင်း တည်ထောင်ထားခြင်း ဖြစ်သည့်အတွက် ၎င်းကျောင်းကိုပါ ပယ်ဖျက်ရုပ်သိမ်းသည်အထိ တောင်းဆိုသွားမည်ဖြစ်ကြောင်း ရွှေကျွန်းဆရာတော်က ဆိုသည်။

ဆရာတော် မင်းသုညမှ ဦးဝီရသူအား အရေးယူရန် သံဃာတော်များမှ နှိုးဆော်တိုက်တွန်းခြင်း သတင်းစာ ရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့ ၃၄ လမ်းရှိ မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) ရုံးခန်းတွင်ကျင်းပရန် စီစဉ်ခဲ့သော်လည်း သံဃာများနှင့် လူပုဂ္ဂိုလ် အများအပြား တက်ရောက်လာသည့်အတွက် လျှို့ဝှက်နေရာသို့ ပြောင်း၍ ကျင်းပခဲ့ရသည်။

“ဦးပဉ္စင်းနေတဲ့ကျောင်းမှာတော့ ရဟန်းတစ်ပါးနဲ့ ကျောင်းမုခ်ဦးလုပ်နေတဲ့ ပန်းရန်အဖွဲ့ လုပ်သားတွေတော့ ကျန်နေတယ်။ အခြေအနေ ထူးရင်တော့ သူတို့ကို ဦးပဉ္စင်းဆီ ဆက်သွယ်ဖို့တော့ ပြောထားတယ်။ အစိုးရတာဝန်ရှိတဲ့သူတွေကိုတော့ တိုင်တန်းတာမျိုးတော့ ဦးပဉ္စင်း မလုပ်ရသေးပါဘူး”

ဟု မင်းသုည (ဦးဣဿရိယ)က မိန့်ဆိုသည်။

ထိုသို့ ကျောင်းဆောက်လုပ်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ဆရာတော် မင်းသုညက မှတ်ချက်ပေးသော်လည်း ၎င်းကို အရေးယူ လုပ်ဆောင်မည့် အရေးနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ ပြန်လည်ပေးခြင်းမရှိပေ။

ထိုသို့သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့်အတွက် MJN ရုံးကို ငှားရမ်းထားသူကို အခန်းပြန်အပ်ရန် ပြောဆိုခဲ့သော်လည်း MJN တာဝန်ရှိသူများက ထိုသို့ အခန်းပြန်လည်အပ်နှံခိုင်းမည်ဆိုပါက ၁ လခန့် ကြိုတင်အသိပေးရန် လိုကြောင်း MJN တာဝန်ရှိသူများက ဆိုသည်။
Crd
Source: The Voice

ZN.H

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဦးဝီရသူကို အရေးယူပေးရန် နှိုးဆော်သည့် ဆရာတော်အား အရေးယူရန် တိုင်ကြားမည်”

Post a Comment

Related Posts Plugin for WordPress, Blogger...