Wednesday, July 4, 2018

ဗိုလ်ချူပ်အောင်ဆန်းက လူသတ်သမားတော့မဟုတ်ဘူး လူတော့သတ်ခဲ့ဖူးတယ်

,
ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၄၂ ခုနှစ်က သထုံခရိုင် ပေါင်မြို့ နယ် သဲဖြူကုန်းကျေးရွာက သူကြီးကို (အဂ်လိပ်ဘက်ကကြည့်ရင်အရပ်သားပေါ့) မုတ္တမ မြို့ ဘောလုံးကွင်းမှာ လှံစွပ်နဲ့ ထိုးသတ်၍ လူသတ်မှုနဲ့ အရေးယူဖို့ အဂ်လိပ်ကကြိုးစားခဲ့ တယ် . ဗိုလ်ချုပ်က အဲ့ဒီ လူကိုဘာကြောင့် သတ်သလဲ ဘယ်သူသိလဲ ဖြေပေးကြပါဦးဆိုတဲ့ မေးခွန်းလေးပါ။
မသိတဲ့သူလည်း သိရအောင် သိထားသမျှ Share လိုက်ပါတယ်။
.
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ BIA တပ်တွေ မွန်ပြည်နယ်ထဲဝင်လာတဲ့အချိန်မှာ သထုံခရိုင် ပေါင်မြို့ နယ် သဲဖြူကုန်းကျေးရွာသူကြီး တောထဲမှာ ဆက်သွယ်ရေးစက် တစ်လုံးနဲ့ အင်္ဂလိပ်ကို သတင်းပို့နေတာ တွေ့လို့ ရွာသားတွေက ဖမ်းပြီး ဘီအိုင်အေ တပ်ကို အပ်ပါတယ်။ အဲဒီသူကြီးက အင်္ဂလိပ်ခန့်ခဲ့တဲ့ ကုလားသူကြီးပါ။
.
ဘီအိုင်အေက စစ်ခုံရုံးထိုင်စစ်ဆေးပြီး သေဒဏ်ပေးပါတယ်။ စစ်ဦး ဘီလူးဆိုတဲ့အတိုင်း
ဘီအိုင်အေ ဝင်ဝင်ချင်း လူထုအာရုံစိုက်မှုကလည်း ကောင်းနေချိန်ဆိုပါတော့။ ဘီအိုင်အေစစ်ခုံရုံးက သေဒဏ်ပေးလိုက်တဲ့ ကုလားသူကြီးကို မုတ္တမ ဘော်လုံးကွင်းထဲ မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဓားနဲ့ခုတ်သတ်ခဲ့ပါတယ်။ မသေမရှင်ဖြစ်နေလို့ အနား
က ရဲဘော်တစ်ယောက်က စတင်းဂန်းနဲ့ ထပ်ဆွဲလိုက်တယ်လို့ ဖတ်ရပါတယ်။ ဗိုလ်ချုပ်
တစ်ယောက်တည်း သူ့သဘောနဲ့သူလုပ်တာ မဟုတ်ပါ။ စစ်ခုံရုံး ဆုံးဖြတ်ချက်နဲ့ ကွပ်မျက်
ခဲ့တာ ဖြစ်ပါတယ်။
.
အင်္ဂလိပ်ပြန်ဝင်လာတော့ ဗိုလ်ချုပ်ကို နိုင်ငံရေးအရလုပ်ကြံချင်တဲ့ သခင်ထွန်းအုပ် (ကိုဇာ
ဂနာကိုတော့ အားနာပါတယ်၊ ဒါပေမဲ့ သမိုင်းမို့ပါ။ သခင်ထွန်းအုပ်ဟာဆရာနန်းညွန့်ဆွေ ရဲ့ ဦးလေးဆိုတော့ ကိုဇာဂနာရဲ့ ဘကြီးတော်ပါတယ်။) ဟာ "ဗိုလ်ချုပ်အောင်ဆန်း မုတ္တမမှာ လူသတ်မှု ကျူးလွန်ခဲ့ကြောင်း၊ တကယ်လို့ တရားဥပဒေအတိုင်း အရေးယူရင် သူ သက်သေလိုက်ပေးမယ်ဆိုတဲ့အကြောင်း ဘုရင်ခံကို ပြောပါတယ်။ ဘုရင်ခံက ဗိုလ်ချုပ်အောင်ဆန်းကို ခေါ်ပြီးမေးပါတယ်။ ဗိုလ်ချုပ်ကလည်း မငြင်းပါဘူး။ သူသတ်တာ
ဟုတ်တယ်။ ဒါပေမဲ့ သူ့သဘောနဲ့သူလုပ်တာ မဟုတ်ဘူး၊ စစ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ သတ်ခဲ့တာဖြစ်တယ်လို့ ဘုရင်ခံကို ပြန်ရှင်းပြလိုက်ပါတယ်။
.
ဘုရင်ခံက လန်ဒန်ကိုသတင်းပို့လိုက်တယ်။ လန်ဒန်က "အောင်ဆန်းကို ဖမ်းလိုက်ရင်
ဘာဖြစ်နိုင်မယ် ထင်လဲ" လို့ ပြန်မေးတယ်။ ဘုရင်ခံက "သူပုန်ထကောင်း ထနိုင်တယ်" လို့ ပြန်ဖြေလိုက်တယ်။ ဒီတော့ လန်ဒန်ကလည်း ဘာမှ ထပ်ပြီး မညွှန်ကြားတော့ဘူးလို့
ဆိုပါတယ်။
.
သင်ခန်းစာကတော့ ဗိုလ်ချုပ်အောင်ဆန်းကို မနာလိုလို့ လူသတ်မှုနဲ့ အပြစ်ကျအောင်
ချောက်တွန်းခဲ့တဲ့ သခင်ထွန်းအုပ်ဟာ အဲဒီအချိန်ကစပြီး မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်
ကို လုံးဝ ပြန်တက်လို့ မရတော့ဘူးဆိုတာပါပဲ။ သခင်ထွန်းအုပ်ဟာ ရဲဘော်သုံးကျိပ်ဝင်
တစ်ဦးဖြစ်ပြီး ဂျပန်ရောက်တဲ့အချိန်မှာ "ကျွန်တော်က စစ်တိုက်ရတာ ဝါသနာမပါဘူး၊ စိတ်လည်း မဝင်စားဘူး။ ကျွန်တော်ဝါသနာပါတာက အုပ်ချုပ်ရေးပညာပါ။ ဒါ့ကြောင့်
ကျွန်တော့်ကို အုပ်ချုပ်ရေးပညာကိုသာ သင်ပေးပါ" လို့ တောင်းဆိုပြီး စစ်ပညာ မသင်
ခဲ့တဲ့သူဖြစ်ပါတယ်။
.
လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က သခင်အောင်ဖေရဲ့ မိုးဂျာနယ်မှာ ဖတ်ခဲ့ဖူးတာပါ။
.
Credit. ရဲကျော်သူရ
.X


https://m.facebook.com/story.php?story_fbid=246564795933037&id=100017385546271

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဗိုလ်ချူပ်အောင်ဆန်းက လူသတ်သမားတော့မဟုတ်ဘူး လူတော့သတ်ခဲ့ဖူးတယ်”

Post a Comment

Related Posts Plugin for WordPress, Blogger...