Sunday, July 22, 2018

သမိုင်း​ကြောင်း

,
(၁)...၁၈၈၅ခုနှစ်​နိုဝင်​ဘာမှာ ဟယ်​ရီပရင်​ဒါဂတ်​စ်​ရဲ့ ဗြိတိန်​စစ်​တပ်​က သီ​ပေါ်ကိုဖမ်းပြီးဗမာမင်းပိုင်​နယ်​​မြေအားလုံးကိုသိမ်းပိုက်​လိုက်​တယ်​။၁၈၈၆ ဇန်​န၀ါရီ၁ရက်​​နေ့မှာဗြိတိန်​အင်​ပါယာထဲသွတ်​သွင်း​ကြောင်းကမ္ဘာကိုတရားဝင်​​ကြေငြာတယ်​။ဒါ​ပေမဲ့သီ​ပေါ်ကိုဖမ်းပြီးရတနာဂီရိပို့လိုက်​တာနဲ့ ရှမ်း၊ကချင်​၊ချင်းလို့​ခေါ်တဲ့ ​တောင်​တန်း​ဒေသကို အင်္ဂလိပ်​က အလိုအ​လျှောက်​မပိုင်​ဆိုင်​သွားဘူးဆိုတာကိုသိထားရမယ်​။ဗြိတိန်​စစ်​တပ်​ဟာ ရှမ်း၊ကချင်​နဲ့ချင်း ​တောင်​တန်း​ဒေသကြီးကို နည်းနှစ်​နည်းနဲ့ သိမ်းပိုက်​ခဲ့ရပြန်​တယ်​။ပထမနည်းက စစ်​​ရေးဖြစ်​ပြီး ဒုတိယနည်းက စည်းရုံသိမ်းသွင်းတာပါ။ဒါ​ကြောင့် သီ​ပေါ်ကိုနန်းကချလိုက်​တာနဲ့ ရှမ်း၊ကချင်​၊ချင်းတိုင်းပြည်​​တွေဟာ ဗြိတိန်​လက်​​အောက်​အလိုအ​လျောက်​ ကျ​ရောက်​မသွားတာကိုကြည့်ခြင်းအားဖြင့် ရှမ်း၊ကချင်​၊ချင်းတို့ပါဝင်​တဲ့ ​တောင်​တန်း​ဒေသဟာ ဗမာမင်းပိုင်​နက်​ထဲမပါဘူးဆိုတာ​ပေါ်လွင်​ထင်​ရှား​နေပါတယ်​။

(၂).....ဗမာလူမျိုး​တွေဟာ အ​နော်​ရထာ​ခေတ်​က​နေ သီ​ပေါ်လက်​ထက်​အထိ နှစ်တစ်​​ထောင်နီးပါးသက်​ဦးဆံပိုင်​ဘုရင်​စနစ်​ကိုလက်​ခံကျင့်သုံးခဲ့တဲ့လူမျိုးဖြစ်​တယ်​။ဒါ​ပေမဲ့ ရှမ်း၊ကချင်​၊ချင်းလူမျိုး​တွေဟာ ဗမာ​တွေလို သက်​ဦးဆံပိုင်​ဘုရင်​စနစ်​ကိုလက်​ခံကျင့်သုံးတဲ့ လူမျိုး​တွေမဟုတ်​ခဲ့ကြဘူး။အဲဒါ​ကြောင့် အင်္ဂလိပ်​ဟာ သက်​ဦးဆံပိုင်​ဘုရင်​စနစ်​ကျင့်သုံးတဲ့ ဗမာ၊မွန်​၊ရခိုင်​ နဲ့ သက်​ဦးဆံပိုင်​ဘုရင်​စနစ်​မကျင့်သုံးတဲ့ ရှမ်း၊ကချင်​၊ကရင်​၊ချင်း(ဒီ​နေရာမှာကရင်​ကိုခဏဖယ်​ပါရ​စေ)တို့ကိုတစ်​စုတစ်​စည်းတည်း​ပေါင်းပြီးအုပ်​ချုပ်​ဖို့မဖြစ်​နိုင်​ဘူးလို့နားလည်​ထားတယ်​။အဲဒါ​ကြောင့် ​မြေပြန့်​​ဒေသ (Ministerial Burma) နဲ့ ​တောင်​တန်း​ဒေသ(Frontier Areas)ဆိုပြီး ယ​နေ့မြန်​မာပြည်​ကို နှစ်​ပိုင်းပိုင်းပြီး မတူညီတဲ့အုပ်​ချုပ်​​ရေးစနစ်​​တွေပြဋ္ဌာန်းပြီးအုပ်​ချုပ်​ခဲ့ရတာပါ။ချင်းပြည်​​ထောင်​ကို Chin Hills Regulation Act - 1896ကိုပြဋ္ဌာန်းအုပ်​ချုပ်​ခဲ့တယ်​။ကချင်​ပြည်​အတွက်​ Kachin Hills Regulation Act- 1895ကိုပြဋ္ဌာန်းပြီးအုပ်​ချုပ်​ခဲ့တယ်​။အလားတူ ရှမ်းပြည်​​ထောင်​​တွေကိုလည်း ၁၈၈၇၊၁၈၉၁နဲ့၁၈၉၅ခုနှစ်​တို့မှာ ရှမ်းပြည်​ဆိုင်​ရာအုပ်​ချုပ်​​ရေးဥပ​ဒေအသီးသီးကိုပြ​ဋ္ဌာန်းပြီး
အုပ်​ချုပ်​ခဲ့တာပါ။ဒီမှာသိရမှာက ဗြိတိန်​အစိုးရဟာ Frontier Areas ​တောင်​တန်း​ဒေသကြီးလို့ သတ်​မှတ်​ပြီးတဲ့အပြင်​ ​တောင်​တန်း​ဒေသတစ်​ခုထဲအတွက်​ဥပ​ဒေမသတ်​မှတ်​ဘဲ ရှမ်းအတွက်၊ ကချင်​အတွက်​၊ချင်းအတွက်​ သီးခြားစီဥပ​ဒေပြု ပြီးအုပ်​ချုပ်​ခဲ့တာကိုပါ။ရှမ်း၊ကချင်​၊ချင်း​ရော​နှောမပစ်​လိုက်​ဘူး။

(၃).....မြန်​မာ့သမိုင်းက​ရေးသလို ဗြိတိန်​မြန်​မာကိုသိမ်းလိုက်​ချိန်​ တိုင်းရင်းသားအားလုံးစုစည်းတွန်းလှန်​ခဲ့ကြပါတယ်​ဆိုတာ တကယ်​​တော့ဂျင်းထည့်တာပါ။ရှမ်း၊ကချင်​၊ချင်း​တွေ အင်္ဂလိပ်​ကို​ ​တော်​လှန်​ခဲ့ကြတာမှန်​ပါတယ်​။သီ​ပေါ်နဲ့သူ့မယားနွားလှည်း​ပေါ်ငုပ်​တုတ်​ပါသွားကြလို့ ​တော်​လှန်​တာမဟုတ်​ဘူး။ဒီအချက်​က မြန်​မာသမိုင်းက လှည့်စားထားတဲ့အချက်​ပဲ။ဗမာ​တွေလိုသီ​ပေါ်ဟာ ရှမ်း၊ကချင်​၊ချင်းတို့အတွက်​ သူတို့ ဘုရင်​မဟုတ်​ဘူး။သူတို့​တော်​လှန်​ကြတာ သူတို့အချုပ်​အခြာအာဏာဆုံးရှုံးသွားလို့​တော်​လှန်​ကြတာပါ။ဗမာကသီ​ပေါ်နဲ့အချုပ်​အခြာအာဏာဆုံးရှုံးသွားလို့​တော်​လှန်​တာဖြစ်​တယ်​။ဒါကိုမြန်​မာ့သမိုင်းက ဆွဲယူပြီးဖြတ်​ညှပ်​ကပ်​ခါ တိုင်းရင်းသားအားလုံးတစ်​ညီတစ်​ညွှတ်​တည်း နယ်​ချဲ့ရန်​ကိုစုစည်းတွန်းလှန်​ခဲ့ကြပါသည်​ ဆိုပြီးပုံမှားရိုက်​လိုက်​တာဖြစ်​တယ်​။

(၄).....ဗမာကသူ့အချုပ်​အခြာအာဏာကိုသူပြန်​ယူချင်​​နေတယ်​။အလားတူ ရှမ်း၊ကချင်​၊ချင်းတို့ကလည်း သူ့တို့အချုပ်​အခြာအာဏာအသီးသီးကိုပြန်​ရယူချင်​​နေကြတာ​ကြောင့်​ ပင်​လုံသ​ဘောတူညီမှုကြီးဖြစ်​​ပေါ်လာတာပဲ။အဲဒီ​တော့ ဗြိတိန်​ဟာ အလိုလို​နေရင်း ဘုံရန်​သူ​ဖြစ်​သွားရတာပါ။ဒါကိုမြန်​မာသမိုင်းက စုစည်း​တော်​လှန်​ စုစည်းလွတ်​လပ်​​ရေးယူဆိုပြီး ပုံမှားရိုက်​တယ်​။ဗမာက အင်္ဂလိပ်​ကိုမနိုင်​လို့သီ​ပေါ်ဖမ်းခံရတာ။အလားတူ တိုင်းရင်းသား​တွေလည်းအင်္ဂလိပ်​ကိုတကယ်​စစ်​​ရေးနဲ့​ဖြေရှင်းရင်​မနိုင်ဘူး။အဲဒါ​ကြောင့်သူတို့လည်း အချုပ်​အခြာအာဏာဆုံးရှုံးသွားရတာပါပဲ။ဗမာက ထီး​ပျောက်​နန်း​ပျောက်​ ဖိနပ်​​ပျောက်​တာကို ဘာကိစ္စရှမ်း၊ကချင်​၊ချင်းက လိုက်​​ပျောက်​ရမတုန်း။ရှမ်း၊ကချင်​၊ချင်းမှာ ထီးလည်းမရှိဘူး။နန်းလည်းမရှိဘူး။ဗမာလိုသက်​ဦးဆံပိုင်​ဘုရင်​တစ်​ဦးဦးက အင်​ပါယာတစ်​ခုလုံးကိုကိုင်​တွယ်​အုပ်​ချုပ်​တဲ့စနစ်​ကိုမရှိဘူး။အားလုံး​စော်​ဘွားကိုယ်​စီနဲ့ကိုယ့်နယ်​ကိုယ်​အုပ်​ချုပ်​​နေကြတာပါ။ဒါကိုမြန်​မာ့သမိုင်းက သီ​ပေါ်ပါလို့ တိုင်းရင်းသား​တွေဝမ်းနည်းပြီး မခံမရပ်​နိုင်​ဖြစ်​ပြီး ပြန်​တိုက်​ခဲ့ကြပါတယ်​ဆိုပြီး ဂျင်းထည့်တာ​တော့ ဘယ်​လိုမှယုတ္တိမရှိဘူး။မပြုံးဘဲဝါလုံးကွဲရယ်​ရ​စေတာပါပဲ။ဗမာလည်းသီ​ပေါ်ဆုံးရှုံးသွားသလို တိုင်းရင်းသား​တွေလည်း အချုပ်​အခြာအာဏာဆုံးရှုံးသွားတယ်​။ဒီ​တော့ အင်္ဂလိပ်​အစိုးရဟာ သူတို့အတွက်​ဘုံရန်​သူ အလိုလိုဖြစ်​သွားတယ်​။ဒါ​ပေမဲ့ ဘုံရန်​သူဖြစ်​သွားလို့ ဗမာနဲ့တိုင်းရင်းသားချစ်​ကြည်​သွားတယ်​ဆိုပြီး ​ရောချလို့မရဘူး​။ဒါမြန်​မာ့သမိုင်းကလုပ်​တဲ့ထိုးဇတ်​။ဘုံရန်​သူဖြစ်​တာကသက်​သက်​၊ဗမာ့ထီးကသက်​သက်​၊တိုင်းရင်းသားရပိုင်​ခွင့်နဲ့ပြည်​နယ်​/တိုင်းကသက်​သက်​။ဒါကို ဘုံရန်​သူဖြစ်​လို့​တော်​လှန်​လိုက်​မိတာနဲ့မြန်​မာ့သမိုင်းက ​ရောချလိုက်​တာပါ။အဲဒီအချိန်​ဘုံရန်​သူဖြစ်​​နေ​ချိန်​မှာ ဗမာ​ခေါင်း​ဆောင်​သခင်​​အောင်​ဆန်းက အတူတူယူကြဖို့ညှိလာလို့၊သခင်​​အောင်​ဆန်းရဲ့ ​ကျော်​ကြားတဲ့ရိုးသား​ဖြောင့်မတ်​မှု​တွေ​ကြောင့်သာပင်​လုံသ​ဘောတူညီမှုဖြစ်​လာခဲ့တာပါ။

(၅).....သခင်​​အောင်​ဆန်းဦး​ဆောင်​ပြီး လန်​ဒန်​ကိုအ​ရေးဆိုဖို့သွားတဲ့အဖွဲ့(Executive Council of the Government of the Ministerial of Burma)က လန်​ဒန်​မှာ Ministerial Burmaနဲ့ Frontier Areas ၂ခု​ပေါင်းပြီးလွတ်​လပ်​​ရေးယူဖို့​တောင်းဆိုတယ်​။ဒါ​ပေမဲ့သခင်​​အောင်​ဆန်းဟာသီ​ပေါ်နဲ့သီ​ပေါ် ပိုင်​ဧရိယာကိုသာ ကိုယ်​စားပြုတယ်​လို့အင်္ဂလိပ်​ကလက်​ခံထားတာ​ကြောင့် ​​အောက်​ဆန်း-အက်​တလီ စာချုပ်​ရဲ့ အပိုဒ်​၈ မှာ ​တောင်​တန်း​ဒေသနဲ့ပက်​သက်​ပြီးအာမခံချက်ဖြစ်​​စေမယ့်အချက်​​တွေထည့်​သွင်း​ရေးသားပြီးစာချုပ်​ ချုပ်​​စေခဲ့တာပါ။အဲဒီအချက်​​တွေက​တော့
၁။တောင်​တန်း​ဒေသနှင့်​မြေပြန့်​​ဒေသ​ပေါင်းစည်း​ရေးသည်​ ​တောင်​တန်း​ဒေသ(Frontier Areas)ရှိ ပြည်​သူတို့၏လွတ်​လပ်​​သော သ​ဘောတရားအရသာဖြစ်​ရမည်​။
၂။တောင်​တန်း​ဒေသရှိပြည်​သူများသည်​ အကျိုးဖြစ်​ထွန်း​ရေးအတွက်​ နှစ်​ဦးနှစ်​ဖက်​သ​ဘောတူညီချက်​အတိုင်း Gov.of Burma နှင့်ရင်းနှီးစွာဆက်​ဆံရမည်​။
၃။တောင်​တန်း​ဒေသကပြည်​သူများနှင့်​မြေပြန့်​​ဒေသကပြည်​သူများအချုပ်​အ​နှောင်​ကင်းမဲ့စွာဖြင့်လွတ်​လပ်​စွာကူးလူးဆက်​ဆံကြရမည်​။
၎။တောင်​တန်း​ဒေသ​ခေါင်း​ဆောင်​များ အင်္ဂလိပ်​တို့ထံမှ လွတ်​လပ်​​ရေးမရမီကြားကာလတွင်​ Gov.of Burma နှင့်မည်​သို့မည်​ပုံဆက်​သွယ်​ရမည်​ဆိုတဲ့အချက်​နှင့်ပက်​သက်​၍ ၎င်းတို့၏သ​ဘောထားကို​မေးမြန်းရယူရမည်​။
၅။ပင်​လုံအစည်​အ​ဝေးပြီးဆုံးသည်​နှင့် His Majesty's Government နှင့် Gov.of Burma တို့သည်​ ​တောင်​တန်း​ဒေသ(Frotier Areas)ရှိပြည်​သူများ၏လိုလားချက်​များအား မည်​သို့ဆက်​လက်​အ​ကောင်​အထည်​​ဖော်​ရမည်​ကိုညှိနှိုင်း​ဆွေး​နွေးရမည်​။
၆။စုံစမ်းစစ်​​ဆေး​ရေး​ကော်​မရှင်​တစ်​ခုကိုဖွဲ့စည်းကာ အ​ခြေခံဥပ​ဒေမူကြမ်း​ရေးဆွဲရာတွင်​ ​တောင်​တန်း​ဒေသပြည်​သူများ၏သ​ဘောထားကို ရယူရမည်​ ဆိုပြီး သ​ဘောတူခဲ့ကြတာဖြစ်​ပါတယ်​။ဒါ​ကြောင့်ဒီအချက်​​တွေကိုကြည့်ခြင်းအား
ဖြင့် သခင်​​အောင်​ဆန်းဟာ (​စေတနာ​တွေ ​မေတ္တာ​တွေ၊ဗိုလ်​ချုပ်​​စေတနာ​တွေစတဲ့ တိုင်းတာပြလို့ဆုတ်​ကိုင်​ပြလို့မရတဲ့ခံစားချက်​​တွေခဏ​ဘေးဖယ်​ထားကြမယ်​)တိုင်းရင်းသားကိုယ်​စားလှယ်​မဟုတ်​ဘူးဆိုတာ ကွက်​ကွက်​ကွင်းကွင်းမြင်​ကြမယ်​ထင်​ပါတယ်​။သူကိုယ်​စားပြုချင်​ရင်​​တောင်​ပြု လို့မရဘူးဆိုတာလည်း ခင်​ဗျားတို့သ​ဘော​ပေါက်​ကြမယ်​ထင်​ပါတယ်​။နောက်​တစ်​ချက်​ကသခင်​​အောင်​ဆန်းပင်​လုံသွားတာ မြန်​မာ့သမိုင်းက​ရေးသလိုမဟုတ်​ဘူး။အထက်​မှာတင်​ပြခဲ့တဲ့  ​လေဘာ​ခေါင်း​ဆောင်​ မစ္စတာအက်​တလီရဲ့ စာချုပ်​ပါ အပိုဒ်​၈ က ခိုင်းလို့သွားရတယ်​ဆိုတာပါပဲ။

ဆက်​ပါဦးမည်​။


https://m.facebook.com/story.php?story_fbid=144047593141389&id=100026084471117

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ သမိုင်း​ကြောင်း”

Post a Comment

Related Posts Plugin for WordPress, Blogger...