Tuesday, February 6, 2018

အကြမ်းဖက်သမား

,
ငါတို့ နိုင်ငံမှာ အကြမ်းဖက်သမားတွေက
အကြမ်းဖက်သမားလို့  ထင်ချင်စရာ မရှိအောင်
သားနား တောက်ပြောင်…
အယောင်ဆောင်ဘာသာရေးကို မြှင့်တင်တယ်
နိုင်ငံပိုင် သတင်းစာထဲမှာတော့ ရုပ်လှမြတ်မရွေး ချစ်ခင်မယ်…

ငါတို့ နိုင်ငံမှာ အကြမ်းဖက်သမားတွေဟာ
TV အစီအစဉ်တွေမှာ ရိုးရာဝက်စုံ တကားကားနဲ့
ဈေးကြီးပေး ဆောက်လုပ်ထားတဲ့ အိမ်တွေထဲမှာ
နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်းအကောင်းစားနဲ့
ငါတို့ နိုင်ငံရဲ့ အကြမ်းဖက်သမားတွေက
နိုင်ငံရေးပါတီတောင် ထူထောင်ထားကြ…

ငါတို့ နိုင်ငံမှာ အကြမ်းဖက်သမားတွေဟာ
ဆန်စပါး နဲ့ ကျွန်းသစ်
အပျော်မယား နဲ့ သယံဇာတ
ပြည်ပကို တင်ပို့ကြတယ်…

ငါတို့ နိုင်ငံမှာ အကြမ်းဖက်သမားတွေက
လွဲနေတဲ့ ဥပဒေကို မပြင်ဘူး
ငြိမ်းချမ်းရေးကိုလည်း ဆန့်ကျင်မယ်…

ငါတို့ နိုင်ငံမှာ အကြမ်းဖက်သမားတွေက
တရုတ်ကို ကြောက်ရသလို
ကုလသမဂ္ဂမှာလည်း အောက်ကျနောက်ကျ…

ငါတို့ နိုင်ငံမှာ အကြမ်းဖက်သမားတွေက
မြေးတွေကို ပြိုင်ကားမောင်းခိုင်းပြီး
မြစ်ချောင်းတွေကို ရောင်းစား
ကလေးသူငယ် နဲ့ သက်ကြီးရွယ်အိုများစွာကို သူတောင်းစားဖြစ်အောင်
စွမ်းဆောင်ခဲ့ကြ…

ငါတို့ နိုင်ငံမှာ အကြမ်းဖက်သမားတွေက
ခိုး လို့ ကောင်းအောင်
တံတား အစင်းပေါင်းများစွာ ထူထောင်ပြီး
ပဋိပက္ခမျိုးစုံကို မီးလောင်တိုက်သွင်းတယ်…

ငါတို့ နိုင်ငံရဲ့ အကြမ်းဖက်သမားတွေဟာ
ဘုရားသွား ကျောင်းတတ်
ငြိမ်သက်စွာ စာဖတ်နေပါသတဲ့…

ငါတို့ နိုင်ငံမှာ အကြမ်းဖက်သမားတွေဟာ
ဘယ်သူ့ကိုမှ ပေါ်ပေါ်တင်တင် လည်လှီးမသတ်ပေမယ့်
တော နဲ့ တောင်ကို
တိတ်တဆိတ် လှီးဖြတ်တယ်…
နေ့ညမပြတ်…

ငါတို့ နိုင်ငံမှာ အကြမ်းဖက်သမားတွေက
ဝက်ရုံနက် မခြုံ ၊Ak 47 သေနတ်မကိုင်ပေမယ့်
ပြည်သူတစ်ချို့ကို အယုံသွင်းပြီး
စုံလုံးကန်းလူမျိုးရေးကို ချနင်း
ရာသီမရွေး စစ်ခင်းကြတယ်  ။

#အိုက်ခဲ

https://m.facebook.com/story.php?story_fbid=404406576674282&id=100013148281446

0 ယောက်မှတ်ချက်ပြုခဲ့သည် to “အကြမ်းဖက်သမား”

Post a Comment

Related Posts Plugin for WordPress, Blogger...