Saturday, March 10, 2018

သမီးတော်တွေကို ထိရင် မခံတဲ့ ဖခမည်းတော် (သမီးတော် ရာဇ၀င် -၁၉)

,
သမီးတော်တွေ တိုင်းခန်းလှည့်ရင် သူတို့လုံခြုံရေးအတွက် သမီးတော်တစ်
ယောက်ကိုလုံခြုံရေးတစ်ဖွဲ့ ပေးရလေ့ရှိတယ်။ ဘာလို့လဲဆိုရင် သမီးတော်
တွေက စိတ်သဘောထား တိုက်ဆိုင်ခဲတယ် ။ တစ်ယောက်က အရှေ့ဆို
ရင် တစ်ယောက်က အနောက်၊တစ်ယောက်က တောင်ဆိုရင် တစ်ယောက်
က မြောက်ပဲ။ပြီးတော့ သူတို့အတွက်ခေါ်ရတဲ့လုံခြုံရေး စကားဝှက်ကလည်း
လမင်း(၁)၊ လမင်း(၂)၊ လမင်း(၃)နဲ့ လမင်း(၄)တဲ့ ။ လှကြတာကိုးဗျ။

အများသိပြီးဖြစ်တဲ့အတိုင်း မန္တလေး စစ်တိုင်းမှူးဟာ သမီးတော်တွေ ဒဏ်
ကို အခံရဆုံးထဲမှာ ပါတယ် ။  ဒီတစ်ခေါက်လည်း သမီးတော်နှစ်ပါးထဲ
မန္တလေးကို အလည်ရောက်လို့ လာပြန်တယ် ။ လမင်း(၁)နဲ့ လမင်း(၄)ပေါ့ ။
ဒီတစ်ခါဖြင့် ထူးထူးခြားခြား သဘောထား တိုက်ဆိုင်ပြီး အောင်သမာဓိရွှေ
ဆိုင်ကို သွားချင်ပါသတဲ့ ။ လုံခြုံရေးတွေကတော့ နှစ်ယောက်အတူ သွား
မယ်ဆိုလို့ သက်သာရာရပေမယ့် သွားမယ့်နေရာလည်း ကြားရော တိုင်းမှူး
လင်မယား စိတ်ညစ်သွားပါတော့တယ်။ ဟုတ်တယ်လေ ။ အရင် အတွေ့
အကြုံတွေအရ ရွှေဆိုင်သွားမယ်ဆိုရင် သိန်းထောင်ပေါင်းများစွာ ၀ယ်ကြ
တော့မယ်ဆိုတာ သိနေတာကိုး။

ဆိုင်ရောက်တော့ တစ်ခါမှ မတည့်တဲ့ ညီအစ်မ နှစ်ယောက်က တည့်ပြီး မမ
က ဒါလေးယူ၊ ညီမလေးက ဒါနဲ့လိုက်တယ်။ ဒီဘယက်ကြီးကတော့ မမနဲ့
လှမှလှ၊ဒီရွှေဘီးလေးကတော့ ညီမလေးခေါင်းမှာ စိုက်ထားရင် အရမ်းလှနဲ့
တစ်ဆိုင်လုံးသိမ်းလိုက်ကြတာ ရွှေခြေကျင်းကြီးတွေလည်း ယူသွားတဲ့အထဲ
မှာ ပါပေသပေါ့ ။ နောက်ဆုံး တိုင်းမှူးလက်ထဲ ရောက်လာတဲ့ စာရင်းက
သိန်း ၅၀၀၀ကို အစွန်းက ထွက်နေသေးတယ် ။ မန္တလေးတိုင်းမှူးလည်း
သမီးတော်တွေ နှိပ်စက်လို့ ဖြူကာပြာကာ ကျနေပြီဆိုတော့ ဒီတစ်ခေါက်မှာ
တိုင်းမှူးလုပ်တဲ့သူက အဲဒီငွေကို ချေလိုက်ပေမယ့် အဲ့လောက် ဈေးဝယ်
သွားကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးဆီကို သတင်းပို့လိုက်ပါ
တော့တယ် ။ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး သိသွားတော့သဘောရိုးနဲ့
ပဲလား ။ အရင် ထောက်လှမ်းရေးတွေ ဖြိုခွင်းတော့ သူ့အကြောင်းဖိုင်ကို
ပို့လိုက်လို့ ပီအက်စ်အို သူ့ကိုယ်သူ သတ်သေတာကို လက်စားချေချင်သ
လားတော့ မသိဘူး ။သမီးတော်နှစ်ပါး ဈေးဝယ်တာ ကျပ်သိန်း ၅၀၀၀ကျော်
ကျပါတယ်ဆိုတဲ့ စကားကိုအာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ သွား
ပြောလိုက်ပါတယ်။

အာဏာရှင်ကြီး စိတ်ဆိုးချက်ကတော့ ဗျာ …… သူ့သမီးတွေကို ဆုံးမရမယ့်
အစားမောင်အေးက ငါ့သမီးတွေကို အရှက်ခွဲတယ် ဖြစ်ပါလေရော ။ ဒေါ
သူပုန်တွေ ထတာပေါ့ ။ ဒါပေမဲ့ အဲဒီ့ကျသင့်ငွေကိုတော့ မပေးရေးချ မပေး
ဘူးနော် ။ အဲဒီအစား မန္တလေး တိုင်းမှူးကိုရော ၊ ဗိုလ်ချုပ်မောင်အေးကိုပါ
အငြိုးထားတော့တယ် ။ ဗိုလ်ချုပ်မောင်အေးကလည်း မန္တလေးမှာ ဒီတိုင်းမှူး
ကိုဆက်ထားရင် ပြုတ်တော့မယ်ဆိုတာသိလို့ ကပျာကရာ ကာကွယ်ရေး
ဦးစီးချုပ်ရုံး(ကြည်း) အထူး စစ်ဆင်ရေး အဖွဲ့မှူးဆိုပြီး ရာထူးတိုးပေးလိုက်
တယ် ။ဒါပေမဲ့ အာဏာရှင်ကြီးလက်ထက် အလွန် အခု ကာချုပ်လက်ထက်
မှာတော့ ပြုတ်သွားတာပဲ။ ဗိုလ်ချုပ်မောင်အေးကိုလည်း အငြိုးထားပြီး သူ့
သမီးရဲ့  Queen Star  ကုမ္ပဏီက သွင်းလာတဲ့ ကွန်ပျူတာနဲ့ ဆက်စပ်
ပစ္စည်းတွေကို အကောက်ခွန်ကို အမိန့်ပေးပြီး ဖမ်းခိုင်းတော့တယ် ။နောက်
ဆုံး ဗိုလ်ချုပ်မောင်အေးသမီးက သူ့ရဲ့ ကုမ္ပဏီကိုပါ ဖျက်လိုက်ရတဲ့အထိ
ပညာပေးခဲ့တယ်။

အာဏာရှင်ကြီးက သူ့အလွန် နောက်လက်ထက်မှာ ဒီလူဒီလူတွေ ဖြုတ်ဆို
ပြီး ၀န်ကြီးက လေးပါး ၊ စစ်တပ်မှာ ဗိုလ်ချုပ်နဲ့ အထက်က ငါးဦးကို နောက်
တက်လာမယ့် သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီကို လက်ဆင့်
ကမ်းခဲ့တယ်။ဘာနဲ့တူသလဲဆိုတော့ ဗကပတွေလိုပဲ။ သခင် သန်းထွန်းက
မသေခင်မှာ ပီကင်းပြန် ဗိုလ်တင်ရှိန်ကိုဖြုတ်ထုတ်သတ် လုပ်ခိုင်းခဲ့တာကို
သူသေပြီးမှ နောက်တက်လာမယ့် သခင်ဇင်တို့၊သခင်ချစ်တို့က ဗိုလ်တင်ရှိန်
ကို သတ်ဖို့ ဗကပ(ဗဟို)ကို လာခိုင်းသလိုပါပဲ ။ စစ်တပ်ကတော့ ဒုတိယ
ဗိုလ်ချုပ်ကြီး တင်ငွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဖြိုးနဲ့ ရန်ကုန်တိုင်းမှူး ဗိုလ်
ချုပ်ထွန်းသန်းတို့ကို မြေကိစ္စ အကြောင်းပြ ပြုတ်ခဲ့ပေမယ့် သမ္မတကြီးက
အာဏာရှင် ဖြုတ်ခိုင်းတဲ့ ၀န်ကြီးလေးပါးကို မဖြုတ်ဘဲ ထားလိုက်တယ် ။
ဒါကြောင့်တပ်မတော်ဘက်ကပဲ ကျွံထွက်ပြီး အာဏာရှင် ဖြုတ်ခိုင်းတဲ့ သူ
တွေက သုံးယောက်ဖြုတ်မိရက်သားဖြစ်လို့ ကျန်တဲ့နှစ်ယောက်ကို ဆက်
မဖြုတ်ဘဲ ထားလိုက်ရတယ်လို့စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ဆီကနေ
ကြားရတယ် ။အဲဒီကျန်တဲ့ နှစ်ယောက်ကို ဆက်မဖြုတ်ပဲ ထားလိုက်ရတယ်
လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ဆီကနေကြားရတယ် ။ အဲဒီကျန်တဲ့
နှစ်ယောက်ထဲက တစ်ယောက်ကတော့ အခုသံအမတ်ကြီး ဖြစ်သွားပြီလို့
သိရတယ်။တစ်ယောက်ကတော့ လက်ရှိကာချုပ်နဲ့ စစ်တက္ကသိုလ်မှာ အတူ
နေခဲ့ဖူးလို့ အဲဒီ့ သံယောဇဉ်လေးနဲ့ ကျန်ခဲ့တာလို့လည်း ကြားရတယ်။

ဒါ့ကြောင့် ပြည်သူတွေဆီကို အာဏာရှင်ကြီးက စာပဲ ဖတ်နေတာပါ ။ တိုင်း
ရေးပြည်ရာမှာ ၀င်မပါဘူးလို့ အသံတွေ ထုတ်ပေးနေပေမယ့် တကယ်တမ်း
မှာတော့ ဒီလူကြီးက သူ့အိုဇာတာကောင်းဖို့ ဘ၀ရဲ့နေ၀င်ချိန်အထိနိုင်ငံရေး
ကို ကစားနေတုန်းပါပဲ။သမ္မတ မလုပ်ချင်တဲ့သူကို သမ္မတ ခန့်ခဲ့တာ။သမ္မတ
လုပ်ချင်တဲ့သူကို လွှတ်တော် ဥက္ကဋ္ဌပဲခန့်ခဲ့တာတွေဟာ အာဏာရှင်ကြီးရဲ့
လုပ်နေကျ အစီအစဉ်တွေပဲ ဖြစ်တယ်။အဓိကကတော့ သူ့ကို လူတွေ မေ့
သွားပြီး လက်ရှိ လူချင်း ပြဿနာတွေ တက်လိုက် ရန်တွေဖြစ်လို့ အငြင်း
အခုံတွေ ဖြစ်လိုက်နဲ့ ပြည်သူတွေကို လှည့်စားဖို့ပဲဖြစ်တယ်။

တစ်ခါကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခရီးထွက်နေတုန်း ဒုတိယ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို သူ့အိမ်ခေါ်ပြီး ၄ နာရီလောက် စကား
တွေ ပြောခဲ့လို့ ကာချုပ်ခရီးက ပြန်လာတော့ ဒုကာချုပ်ကို သူမသိဘဲ သွား
ရမလားဆိုပြီး စိတ်ဆိုးဖူးတယ်။ တစ်ခါတလေကျတော့ လက်စောင်းထက်
စဉ်းစားမိတယ်။ ဒီလူကြီးကသူ့အာဏာကို အသေအချာ တည်ဆောက်ထား
လို့ တစ်ရက်မှာ ယူနီဖောင်းကောက်ဝတ်ပြီး စစ်ရုံးကိုလာ ၊ ငါပဲ တိုင်းပြည်
ပြန်အုပ်ချုပ်ဦးမယ် ။ ရော့ …… စစ်တပ်ကအာဏာသိမ်းတယ်လို့ ကြေညာ
လိုက်စမ်းဆိုရင် ဘယ်သူက ငြင်းရဲမှာလဲလို့ ။ အဲဒီ့အချိန်ရောက်ရင်တော့
လက်စောင်းထက်တို့လည်း နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး
ပြေးရမှာ အမှန်ပေါ့ဗျာ ။

လက်စောင်းထက်

Tomorrow မှ ကူးယူ ဖော်ပြပါသည် ။

ပြန်လည် မျှဝေပေးပါသည် ။

ငွေစိုး

https://m.facebook.com/story.php?story_fbid=2061521170797985&id=100008203668808

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ သမီးတော်တွေကို ထိရင် မခံတဲ့ ဖခမည်းတော် (သမီးတော် ရာဇ၀င် -၁၉)”

Post a Comment

Related Posts Plugin for WordPress, Blogger...