Monday, March 19, 2018

The Voice သတင်းထောက် ကိုတင်လင်းကို တိုက်တဲ့တရားခံကို ရဲကမိပေမယ့် ဖမ်းလို့မရဟုဆို

,
နေပြည်တော်ဘူတာကြီးအနား မတ်လ ၁၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် The Voice အကြီးတန်းသတင်းထောက် ကိုတင်လင်း ကြွေလွင့်ခဲ့ရတယ်။ ကားမောင်းသူက စစ်ဆေးဆရာဝန် နှလုံးအထူးကု ဆရာဝန် ဗိုလ်မှူးကောင်းထူးလွင်။ ဆရာဝန်ပေမယ့် သူ့ကားနဲ့တိုက်တဲ့လူနာ ကို ဆင်းမကြည့်ဘူး။ မောင်းပြေးတယ်။ ကားဘီးပေါက်လို့ မောင်းမရတော့ ကိုယ်လွတ်ရုန်းပြေးတယ်။ ဆင်းကြည့်ပြီး လူနာကို ဆေးရုံပို့ခဲ့ရင်တောင် မတော်တဆမှုဆိုပြီး ဖြည်ဆည်လို့ရပေမယ့် မောင်းပြေး ထွက်ပြေးတယ်ဆိုတာက လူ့ကျင့်ဝတ်နဲ့မညီသလို ဆရာဝန် စိတ်ဓာတ်လည်း မဟုတ်ဘူး။ ထိထိရောက်ရောက် အရေးယူသင့်တယ်

ကားနဲ့တိုက်တာ ဗိုလ်မှူးမို့လို့ မဖမ်းတော့ဘူးလား၊ ကိုတင်လင်းအတွက် တရားမျှတမှု ဘယ်မှာလဲ

သတင်းထောက်ကိုတင်လင်း ကားတိုက်ခံရပြီး ကွယ်လွန်မှု အတွက် တရားမျှတမှု လိုချင်ပါတယ်။ အမှုစစ်ရဲကိုယ်တိုင်က ဗိုလ်မှူးကောင်းထူးလွင် မောင်းတာလို့ဖြေထားပြီးပြီ။ ဒါပေမယ့် စစ်ဘက်အရာရှိမို့ ဖမ်းလို့မရဘဲ တပ်ထိန်းကိုအကြောင်းကြား ထားတယ်ပဲပြောတယ်။ အမှုကို တည်ဆောက် နေတယ်ပဲဖြေတယ်။ ဗိုလ်မှူးကောင်းထူးလွင် အကောင့်က https://m.facebook.com/profile.php?id=100010218944147&_rdr မနက်ကတင် ဝင်ကြည့်လို့ရပြီး နေ့လယ်မှာ အကောင့်ကို ဖျက်လိုက်တယ်။ ဒါက သူအပြင်မှာပဲ အေးအေးလူလူ ရှိနေလို့ အကောင့်ဖျက်နိုင်တယ်ဆိုတာ ထင်ရှားတယ်။ လူစားထိုးမလို့လား၊ ဘယ်လိုအရေးယူမှာလဲ။ သေသွားတဲ့ ကိုတင်လင်းအတွက် တရားမျှတမှုလိုချင်ပါတယ်။ အရပ်ဘက်တရားရုံးတွေမှာ တပ်မတော်အရာရှိ မို့လို့ အရေးယူလို့မရရင် စစ်ဘက်တရားရုံးတွေက  ပွင့်လင်းမြင်သာမှုရှိရှိအရေးယူပါ။ သေတဲ့သူအတွက် မျှတမှု လိုချင်တယ်

Hline Thint Zin Wai

ZN.H

https://m.facebook.com/story.php?story_fbid=159175071375423&id=100018487922675

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ The Voice သတင်းထောက် ကိုတင်လင်းကို တိုက်တဲ့တရားခံကို ရဲကမိပေမယ့် ဖမ်းလို့မရဟုဆို”

Post a Comment

Related Posts Plugin for WordPress, Blogger...