Saturday, February 3, 2018

ဘယ်သူ့လက်ချက်လဲ-Because of someone

,
ထိုင်းနိုင်ငံမှာလည်းထိုင်းတောင်ပိုင်းက ခွဲထွက်အစွန်းရောက်အကြမ်းဖက်မွတ်စလင်တွေကြို ပင်းပြင်းထန်ထန်နှိမ်နင်းနေ
ကြတယ်..သံသယရှိတဲ့ကောင်တွေကိုဖမ်းမိရင်လည်မျိုတက်နင်းကြတယ်..

ဒါပေမဲ့ဘယ်ကုလသမဂ္ဂကမှထိုင်းနိုင်ငံကို R2Pလုပ်မယ်လို့မခြိမ်းခြောက်သလို ဘယ်နိုင်ငံတကာကမှလည်းထိုင်းနိုင်ငံကို
လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့မစွပ်စွဲကြဘူး... . .   . ဘာကြောင့်လဲ????

အဖြေကရှင်းပါတယ်..ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဆက်ဆက်တို့ဟာထိုင်းလူမျိုးနဲ့ဗုဒ္ဓဘာသာကိုပဲ
ကာကွယ်မဲ့သူတွေမဟုတ်ပဲ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံသားအားလုံးနဲ့ ဘာသာအသီးသီးကို
လေးစားတန်ဖိုးထားသူတွေဆိုတာ တစ်ကမ္ဘာလုံးကယုံကြည်ကြလို့ပါပဲ..

ထိုင်းနိုင်ငံကလည်းမြန်မာနိုင်ငံလို ဗုဒ္ဓဘာသာအများစုရှိတဲ့တိုင်းပြည်ပါပဲ.. ဒါပေမဲ့ထိုင်းဝန်ကြီးချုပ်အဆက်ဆက်နဲ့
ထိုင်းဦးစီးချုပ်အဆက်ဆက်ဟာ ဘယ်တော့မှအမျိုးဘာသာစကားမပြောပါဘူး.. ဘုရားကိုလည်းရွှေသင်္ကန်းကပ်သလို
ဗလီကိုလည်းတက်ရောက်တန်ဖိုးထားပါတယ်..ခရစ်ယာန်Churchကိုလည်း တက်ရောက်တန်ဖိုးထားပါတယ်..

ထိုင်းကာကွယ်ရေးဦးစီးချုပ်အဆင့်ကနေ အောက်ခြေကရဲဘော်လေးအထိ ထိုင်းစစ်သားတွေအားလုံးဟာစစ်သားပီသစွာ
လူမျိုးဘာသာမခွဲခြားတက်ကြဘူး..သူတို့နိုင်ငံသားအားလုံးဟာဖြူ ဖြူ မဲမဲမြန်မာနိုင်ငံမှာမွေးပြီး ထိုင်းနိုင်ငံသားဖြစ်နေသူကိုပဲဖြစ်ဖြစ်..
ထိုင်လူမျိုးအစစ်ကိုပဲဖြစ်ဖြစ်..မုတ်ဆိတ်ရှိရှိလျှောင်ထုံးရှိရှိ ဘယ်ဘာသာကိုပဲကိုးကွယ်ကိုးကွယ်သူတို့တန်ဖိုးထားကြတယ်..

အဲ့ဒါကစစ်သားတစ်ယောက်ရဲ့ဂုဏ်ရည်ပါပဲ..စစ်သားဆိုတာဘုရားဂေါပကမဟုတ်ဘူး ဓမ္မစရိယာမဟုတ်ဘူး..
ဘုရားဂေါပကဆိုတာက သူ့ဘုရားကိုပဲသူစောင့်ရှောက်ရတာ..စစ်သားကနိုင်ငံတော်နဲ့နိုင်ငံသားအားလုံးကို
ကာကွယ်စောင့်ရှောက်ရတာ..ပြည်သူတစ်ယောက်အနေနဲ့ သူ့ဟာသူအလ္လာပဲကိုးကွယ်ကိုးကွယ်
ဖိုးတခေတ်ကိုပဲလာပြီးကိုးကွယ်ကိုးကွယ် တစ်ရက်ကိုဘာသာတစ်မျိုးပြောင်းပြီးပဲကိုးကွယ်ကိုးကွယ်
စစ်သားတွေကတော့အဲ့ဒီပြည်သူကိုမခွဲခြားဘဲ တန်ဖိုးထားကာကွယ်စောင့်ရှောက်ကြရတာပဲ.. အဲ့ဒါကိုစစ်သားလို့ခေါ်တာပါပဲ..

ဒီလိုစစ်သားပီသတဲ့စိတ်ဓာတ်တွေရှိနေမှန်း ယုံကြည်ကြတဲ့အတွက်အစွန်းရောက်မွတ်စလင်ကို
လည်မျိုတက်နင်းနေတာတွေမြင်နေရလည်း ထိုင်းစစ်သားတွေကိုတစ်ကမ္ဘာလုံးကအပြစ်မတင်ပဲ လိုအပ်လို့လုပ်တယ်ဆိုတာကို
ယုံကြည်ကြတာပါပဲ..

ကျနော်တို့နိုင်ငံပဲအယုံကြည်မဲ့ခံနေရတာပါပဲ.. မျက်စိဒေါက်ထောက်အကြည့်ခံရတယ်.. အစွပ်စွဲခံရတယ်၊စီးပွားရေးအပိတ်ခံရတယ်..
(....တစ်ယောက်ရဲ့)အပြောအဆို ခံယူချက်ပယောဂကြောင့် ရဲဘော်စစ်သည်တွေအပါအဝင်သန်းငါးဆယ်လုံး
ဘယ်အချိန်ထိမွဲတာရှည်ကြရဦးမလဲမသိ..

Su30ခြောက်စီးဝယ်နိုင်လို့လက်သီးလက်မောင်းတန်းနေပေမယ့် ဘေးပတ်ဝန်းကျင်က ဘင်္ဂလားဒေ့ရှ်လာအိုနဲ့ထိုင်းတို့ဟာ
ကိုယ်တွေထက်နှစ်ဆဝယ်နိုင်တဲ့တိုင်းပြည်တွေဆိုတာ ခါးသီးတဲ့အမှန်တရားပါပဲ..

ဗုဒ္ဓတရားတော်မှာကုသိုလ်အကုသိုလ်ကံရဲ့ အကျိုးဆက်ဟာကိုယ်လုပ်လို့ပဲဆိုပေမဲ့ ကိုယ်မလုပ်ရပဲရနေတဲ့အကျိုးဆက်တွေအတွက်
ဘုရားတောင်လက်မှိုင်ချရမယ့်တိုင်းပြည်ပါပဲမောင်ရေ..

N Kham Aung

https://m.facebook.com/story.php?story_fbid=387853378326836&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဘယ်သူ့လက်ချက်လဲ-Because of someone”

Post a Comment

Related Posts Plugin for WordPress, Blogger...