Monday, March 12, 2018

နိုင်ငံခြားရေးဝဘ်ဆိုက်ကအမှားတွေကြည့်ကြပါဦး(ဒေါက်တာရန်မျိုးသိမ်း)

,
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တရားဝင်ဝဘ်ဆိုက်က http://www.mofa.gov.mm/ ဖြစ်ပါတယ်။ မြန်မာ
နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့နိုင်ငံတကာဆက်ဆံရေးကို အဓိကမောင်းနှင်
ဖော်ဆောင်နေတဲ့ဝန်ကြီးဌာနလည်းဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအလွန် ပြည်သူလူထုအများ
စုရဲ့သောင်ပြိုကမ်းပြိုထောက်ခံမှုနှင့်ဖွဲ့စည်းခဲ့တဲ့ အစိုးရသစ်လက်ထက်
မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားတဲ့ ၀န်ကြီးဌာနဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်နောက်ပိုင်းကစလို့ လူကြီးသားသမီးတွေ၊ တူတွေ၊ တူမတွေ၊
ဆွေမျိုးသားချင်းတွေ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးတွေ တစ်စထက်
တစ်စနေရာယူလာကာ၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ အုံနဲ့ကျင်းနဲ့ကို
မြင့်တက်လာတယ်လို့ သတင်းကြီးခဲ့တဲ့ ၀န်ကြီးဌာနတစ်ခုလည်းဖြစ်ပါ
တယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအလွန် အစိုးရသစ်လက်ထက်
နိုင်ငံခြားရေးဝန်ကြီးဌာနကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၀န်ကြီး
အဖြစ် တာဝန်ယူမယ်ဆိုခဲ့တုန်းက ပတ်သက်ရာပတ်သက်ကြောင်း
မဟုတ်တဲ့ သံတမန်ကြီးတွေ၊ သံတမန်လတ်တွေ၊ သံတမန်ငယ်တွေနဲ့
အရပ်သားစစ်စစ်အရာရှိတွေ၊ ၀န်ထမ်းတွေဟာ အတော့်ကို ရင်ခုန်စိတ်
လှုပ်ရှားခဲ့ကြရပါတယ်။ ဌာနတွင်းအပြောင်းအလဲတွေကအစ လူမှန်နေ
ရာမှန်ဆိုတဲ့အိပ်မက်တွေနဲ့အတူ ၁၉၆၂ ခုနှစ်နောက်ပိုင်း နိုင်ငံခြားရေး
ဝန်ကြီးဌာနရဲ့အခင်းအကျင်းသစ်ကို မြင်ရတွေ့ရတော့မယ်၊ ကိုယ်တိုင်
ပါဝင်ဖြတ်သန်းရတော့မယ်လို့ စိတ်အားထက်သန်ခဲ့သူတွေထဲ ကျော
ထောက်နောက်ခံမဲ့တဲ့ အရပ်သားစစ်စစ်တွေက ထိပ်ဆုံးကဖြစ်ခဲ့ပါတယ်။

သူတို့ရဲ့စိတ်ကူးအိပ်မက်၊ မျှော်လင့်ချက်တွေဟာ လအနည်းငယ်အကြာ
မှာ တစ်စထက်တစ်စ ပွန်းပဲ့လာနေပါတယ်။ ဌာနတွင်း သိသာမြင်သာ
တဲ့အပြောင်းအလဲတွေနဲ့ ဝေးသထက်ဝေးလာကာ ဒုံရင်းပဲဖြစ်လာနေ
တာကို မျက်ဝါးထင်ထင်မြင်လာကြရပါတယ်။ အစိုးရသစ်လက်ထက်
နိုင်ငံတကာဆက်ဆံရေးဟာလည်း စိတ်လှုပ်ရှားစရာတွေနည်းပါးကာ
အရင်အတိုင်းပဲ ဖြစ်နေခဲ့တာကို တွေ့နေရပါတယ်။ အစိုးရသစ်အနေနဲ့
နိုင်ငံတကာသံခင်းတမန်ခင်းမှာ အကျပ်အတည်းအတော်မြင့်မြင့်မားမား
ရင်ဆိုင်နေရချိန်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သံအမတ်ကြီးတွေ၊ သံရုံး
တွေဟာ နိုင်ငံတကာဆက်ဆံရေးကစားကွက်သစ်တွေကို ဖော်ဆောင်
တဲ့နေရာမှာ အတော့်ကို အားနည်းနေတာ၊ အတော့်ကိုသက်လုံနည်းနေ
တာ၊ အတော့်ကို ဟန်ချက်ပျက်နေတာတွေ တွေ့နေရတယ်လို့ လေ့လာ
သူတွေက သုံးသပ်ကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့သံခင်းတ
မန်ခင်းကို ဗျူဟာမြောက်ဖြန့်ကျက်ဖော်ဆောင်တဲ့နေရာမှာ သတင်း
နည်းပညာ၊ အချက်အလက်နည်းပညာတွေနဲ့ဆက်စပ်တဲ့ ၀ဘ်ဆိုက်
တို့၊ ဖေ့စ်ဘွတ်ခ်တို့၊ တွစ်တာတို့ကို ထိထိရောက်ရောက်သုံးနိုင်တဲ့
အပိုင်းမှာလည်း အတော့်ကို အားနည်းနေတယ်လို့ ဝေဖန်ထောက်ပြ
ကြပါတယ်။ နိုင်ငံတကာသံခင်းတမန်ခင်းမှာ ၀ဘ်ဆိုက်တွေ၊ ဖေ့စ်
ဘွတ်တွေ၊ တွစ်တာတွေကနေ ၀ါဒဖြန့်ချိရေး၊ သတင်းထုတ်ပြန်ရေး၊
သတင်းအချက်အလက်ရယူရေးတွေကို အစိုးရတိုင်း၊ အဖွဲ့အစည်း
တိုင်းဟာ အင်နဲ့အားနဲ့ ဖော်ဆောင်နေကြတာ အတော့်ကိုကြာပြီဖြစ်
ပါတယ်။

ကြုံကြိုက်တဲ့အခါ မြန်မာနိုင်ငံက အစိုးရတွေ၊ လွှတ်တော်တွေ၊
ဝန်ကြီးဌာနတွေရဲ့ ၀ဘ်ဆိုက်တွေ၊ ဖေ့စ်ဘွတ်ခ်တွေ၊ တွစ်တာတွေ
ကို အခါအားလျော်စွာ ၀င်ကြည့်မယ်ဆိုရင် အချိန်နဲ့တစ်ပြေးညီဖြစ်
တဲ့နေရာမှာ အတော့်ကို အားနည်းနေတာကို သတိပြုမိပါတယ်။
အဲဒါထက် ပိုဆိုးတာကတော့ အချက်အလက်တွေလွဲမှားဖော်ပြတာ
ပဲဖြစ်ပါတယ်။ အချက်အလက်တွေ၊ သတင်းတွေ၊ အထောက်အထား
တွေဆိုတာ (၂၁)ရာစု သံခင်းတမန်ခင်းမှာ ဗျူဟာမြောက်အရေးပါတဲ့
လက်နက်ကြီးတွေပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရင်ဆိုင်ကြုံတွေ့နေ
ရတဲ့ သံခင်းတမန်ခင်းအကျပ်အတည်းတွေကို သက်သာရာရအောင်
ကုစားတဲ့နေရာမှာ ဆိုလူကောတက် လို့ခေါ်တဲ့ အသက်ကယ်ဆေး
လဲဖြစ်ပါတယ်။ အဲဒီလို အသက်ကယ်ဆေးကလွဲမယ်ဆိုရင်၊ ဆေးမှာ
ပါတဲ့ဓာတုဖွဲ့စည်းမှုတွေကလွဲမယ်ဆိုရင် အဲဒီလူနာကို အသက်ကယ်
ဖို့ဆိုတာထက် ရောဂါကို ပိုဆိုးသွားဖို့အထိ ဖြစ်သွားနိုင်တယ်ဆိုတာ
သတိကြီးကြီးထား ဆင်ခြင်နိုင်ဖို့ ကောင်းမယ်ထင်ပါတယ်။

နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်တဲ့နေရာ၊ နိုင်ငံတကာဆက်ဆံရေး
အခင်းအကျင်းကို ပုံဖော်မောင်းနှင်တဲ့နေရာမှာ အဓိက၀န်ကြီးဌာန
ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဝဘ်ဆိုက်မှာ အင်္ဂလိပ်ဘာသာနဲ့
ဖော်ပြထားတဲ့ သံအမတ်ကြီးတွေ စာရင်းမှာကို ဖရိုဖရဲတွေ၊ အလွဲအ
မှားတွေတွေ့နေရတာကတော့ အတော့်ကို စိတ်မသက်သာစရာဖြစ်
ပါတယ်။ အဲဒီဝဘ်ဆိုက်အပေါ် နိုင်ငံတကာရဲ့ယုံကြည်မှုရနိုင်ပါ့မလား၊
အဲဒီလိုမရရင် ဆုံးရှုံးမှာက နိုင်ငံတကာအသိုင်းအ၀ိုင်းမဟုတ်ပါဘူး။
ကျနော်တို့ပဲဖြစ်ပါတယ်။ နောက် အဲဒီဝဘ်ဆိုက်အတွက် ဘတ်ဂျက်
ဘယ်လောက်သုံးထားသလဲ။ ဘယ်ကုမ္ပဏီတွေနဲ့ ဘယ်လိုစာချုပ်တွေ
ကို ဘယ်လိုသဘောတူညီချက်တွေနဲ့ ချုပ်ဆိုဆောင်ရွက်နေသလဲ စတဲ့
မေးခွန်းတွေကို မေးမြန်းစုံစမ်းဖို့လိုမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်တွေဟာ အစိုးရကို စောင့်
ကြည့်ထိန်းကျောင်းရမှာဖြစ်တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့
ပတ်သက်တဲ့မေးခွန်းတွေ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်တဲ့
မေးခွန်းတွေ၊ အဆိုတွေကို ပုံဖော်မေးမြန်းနိုင်ဖို့လိုမယ်လို့ထင်မိပါ
တယ်။ အထူးသဖြင့် လွှတ်တော်တွေက နိုင်ငံတကာဆက်ဆံရေး
ကော်မတီတွေမှာ အဓိက တာဝန်ရှိမှာဖြစ်ပါတယ်။

အခုတွေ့မိသလောက်တော့ နိုင်ငံခြားရေးဝန်ကြီးဌာန တရားဝင်
ဝဘ်ဆိုက်ရဲ့ နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေက သံအမတ်ကြီး
တွေစာရင်းကို ဖော်ပြတဲ့နေရာမှာ အလွဲအမှားတွေကို ပြောပြချင်
တာပါ။ တောင်အာရှနဲ့အနောက်အာရှဒေသက မြန်မာသံအမတ်
ကြီးတွေစာရင်းမှာ အတော်များများ လွဲမှားနေတာတွေကို သတိပြု
မိပါတယ်။ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအဖြစ် ဦးလွင်ဦး ကိုခန့်အပ်
တာဝန်ပေးပြီးပေမယ့်၊ ၀ဘ်ဆိုက်မှာတော့ အခုထက်ထိ ကွက်လပ်
ဖြစ်နေတာကိုတွေ့ရပါတယ်။ ဦးမောင်ဝေဟာလဲ အခုထက်ထိ
ဝဘ်ဆိုက်ထဲမှာ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
အဖြစ်ရှိနေဆဲဖြစ်ပါတယ်။ သံအမတ်ကြီးဦးမိုးကျော်အောင် ကို
အမည်စာရင်းမသွင်းရသေးပါ။ ယာဉ်မတော်တဆမှုနှင့်ကွယ်လွန်
ခဲ့တဲ့ ကောင်စစ်ဝန်ချုပ် ဦးပြည်စိုးဟာလည်း နိုင်ငံခြားရေးဝန်ကြီး
ဌာန၊ တရားဝင်ဝဘ်ဆိုက်ရဲ့စာရင်းထဲမှာ ကောင်စစ်ဝန်ချုပ်အဖြစ်
ရှိနေဆဲဖြစ်တာကို တွေ့ရပါတယ်။ နီပေါလ်နိုင်ငံ နဲ့ သီရိလင်္ကာ
နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတွေဖြစ်တဲ့ ဦးထွန်းနေလင်း နဲ့
ဦးဟန်သူတို့ဟာလဲ တရားဝင်ဝဘ်ဆိုက်ရဲ့စာရင်းထဲမှာ ဘရာဇီး
လ်နိုင်ငံ နဲ့ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတွေအဖြစ်
ပဲ ပါဝင်နေတာတွေ့ရပါတယ်။ တကယ်တော့ ဘရာဇီးလ်မှာ
ဦးမျိုးတင့် နဲ့ ပြင်သစ်မှာ ဦးကျော်ဇေယျ တို့ဟာ သံအမတ်ကြီး
တွေအဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ တရုတ်ပြည်သူ့
သမ္မတနိုင်ငံ၊ ဟောင်ကောင်ဆိုင်ရာကောင်စစ်ဝန်ချုပ် ဦးဝဏ္ဏဟန်
ဟာ နိုင်ငံရေးရာဝန်ကြီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တာဝန်
ကိုပါ ပူးတွဲတာဝန်ထမ်းဆောင်နေသလို သဘောသက်ရောက်နေ
တာတွေ့ရပါတယ်။

အဲဒီလို ပြည်သူလူထုအများစုက သောင်ပြိုကမ်းပြိုထောက်ခံလို့
နှစ်ပေါင်း ၅၀ ကျော်ကာလမှာ ပထမဆုံးဖွဲ့တဲ့အရပ်သားအစိုးရ
လက်ထက် အဲဒီလို အလွဲလွဲအချော်ချော်တွေဖြစ်နေတာ အတော့်
ကို စိုးရိမ်စရာလို့မြင်မိပါတယ်။  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်ထောင်စုဝန်ကြီးအဖြစ်
တာဝန်ယူထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ဝဘ်
ဆိုက်မှာ အလွဲအမှားတွေဖြစ်နေတာဟာ အတော့်ကိုရှက်စရာ၊
သိက္ခာကျစရာလို့မြင်မိပါတယ်။ အဲဒီလို အလွဲအချော်တွေကို
နိုင်ငံခြားရေးဝန်ကြီးဌာနသာမက၊ အခြားဝန်ကြီးဌာနတွေမှာပါ
စောင့်ကြည့်၊ တည့်မတ်ပေးဖို့ လွှတ်တော်တွေ၊ လွှတ်တော်ကိုယ်
စားလှယ်တွေမှာလဲ တာဝန်မြင့်မြင့်မားမားရှိနေပါတယ်။ အဲဒီ
လို အချက်အလက်အလွဲအမှားတွေဟာ ကောက်ချက်အလွဲအ
မှားတွေကို ဖြစ်စေနိုင်ပါတယ်။ ကောက်ချက်အလွဲအမှားတွေဟာ
ဆုံးဖြတ်ချက်အလွဲအမှားလုပ်ဖို့ကို တိုက်တွန်းမှာဖြစ်ပါတယ်။

အဲဒါကြောင့် အစိုးရ၊ လွှတ်တော်တွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန
က ၀န်ကြီးကအစ တာဝန်ရှိသူအဆင့်ဆင့်အနေနဲ့ အမှားတွေ၊
အလွဲတွေကို အမှန်ကုစားကာ အထူးကြပ်မတ်ကုသခန်းထဲ
ရောက်နေတဲ့လူနာနဲ့တူတဲ့ မြန်မာနိုင်ငံအရေးကို စိုးရိမ်ရေမှတ်
အောက်ရောက်အောင် စွမ်းဆောင်နိုင်ကြပါစေလို့ ဆုတောင်း
လိုက်ရပါတယ်။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

https://m.facebook.com/story.php?story_fbid=2007369582852323&id=100007379025151

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ နိုင်ငံခြားရေးဝဘ်ဆိုက်ကအမှားတွေကြည့်ကြပါဦး(ဒေါက်တာရန်မျိုးသိမ်း)”

Post a Comment

Related Posts Plugin for WordPress, Blogger...