Sunday, March 11, 2018

မြန်မာခေါင်းဆောင်များ ကမ္ဘာ့ရာဇဝတ်တရားရုံးကို ရောက်နိုင်သလား

,
၁၉၄၈ ခုနှစ် ကုလသမ္မဂ အထွေထွေညီလာခံမှာကျင်းပခဲ့တုန်းက လူမျိုးတုံးသုပ်သင်မှုတားဆီးရေးနှင့်ပြစ်ဒဏ်ချမှတ်နိုင်ရေး
အစည်းအဝေး Prevention and Punishment of the Crime of Genocide (CPPCG) ကိုကျင်းပခဲ့ပါတယ် . . . .

၁၉၄၈ ခုနှစ် ဒီဇင်ဘာလမှာတော့ ကုလသမ္မဂအထွေထွေညီလာခံက ဆုံးဖြတ်ချက် (Resolution 260)နဲ့
အတည်ပြု ခဲ့ပြီး စါချုပ်ချုပ်ဆိုခဲ့ကြတဲ့အတွက် ၁၉၅၁ ခုနှစ် ဇန်နဝါရီလ(၁၂)ရက်နေ့ကစတင်ကျင့်သုံးခဲ့ပါတယ်

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိဆိုရင် အဲဒီစာချုပ်ကို အဖွဲ့ဝင်နိုင်ငံပေါင်း(၁၄၉)နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထား
ခဲ့ကြပြီးဖြစ်ပါတယ် . . .

မြန်မာနိုင်ငံကတော့ အဲဒီဆုံးဖြတ်ချက်အမှတ်-၂၆၀ (Resolution 260)ကို နောက်တစ်နှစ်အကြာ
၁၉၄၉ ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့မှာ သဘောတူခဲ့ပြီး ၁၉၅၆ ခုနှစ် မတ်လ(၁၄)ရက်နေ့မှာ စာချုပ်ကို
သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ် . . .

အဲဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ စစ်ပွဲကာလအတွင်းဖြစ်စေသာမန်အချိန်မှာဖြစ်စေ လူမျိုးတုံးသုပ်သင်မှုမြောက်တဲ့
ပြစ်မှုကို ကျူးလွန်ခဲ့တာရှိခဲ့ကြောင်း သက်သေထင်ရှားရင် အစိုးရမှာတာဝန်ရှိနေပြီဖြစ်ပါတယ် . . .

အငြိမ်းစားဗိုလ်မှူးးကြီး R HARIHARAN ရေးသားသော Will Aung San Suu Kyi face genocide charges
over Rohingya crises ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။

အငြိမ်းစားဗိုလ်မှူးးကြီး R HARIHARAN သည် တောင်အာရှဒေသဆိုင်ရာ စစ်ထောက်လှမ်းရေးကျွမ်းကျင်သူဖြစ်ပြီး
အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပုန်ကန်ထကြွမှုနှိမ်နင်းရေး အထူးကျွမ်းကျင်သူတစ်ဦးဖြစ်ပါသည်။


https://www.dailyo.in/politics/rohingya-muslims-genocide-myanmar-un-human-rights-chief-bangladesh-suu-kyi/story/1/21328.html

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာခေါင်းဆောင်များ ကမ္ဘာ့ရာဇဝတ်တရားရုံးကို ရောက်နိုင်သလား”

Post a Comment

Related Posts Plugin for WordPress, Blogger...