Sunday, February 4, 2018

မြန်မာ့တပ်မတော် ဆင်ဖြူရှင်လို့ခေါ်တဲ့ စစ်ရေးလေ့ကျင့်

,
တပ်မတော်က ဆင်ဖြူရှင်လို့ခေါ်တဲ့ စစ်ရေးလေ့ကျင့်တာ ဒေါ်လာ ဆယ်ဂဏန်း၊ မြန်မာငွေ သန်း ထောင်ချီ
အသာလေး ကုန်ကျတယ်လို့ သိရတယ်

ဆင်ဖြူရှင် လေ့ကျင့်ရေးတိုက်ပွဲဝင် ပုံစံကတော့ ထိုင်းမှာ အမေရိကန်နဲ့ ထိုင်း၊ တပ်တွေ နှစ်စဉ်လေ့ကျင့်နေကျ
Cobra(မြွေဟောက် စစ်ဆင်ရေး) ကို ပုံတူကူးထားသလို
မဆိုးဘူးပဲ ပြောရမယ်။ မြန်မာစစ်တပ်ကိုလည်း
လေ့လာသူအဖြစ်နဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ
လက်ထက်မှာ စတငဖိတ်ကြားခံရတယ်

ဆိုးတာကတော့ ထိုင်းမှာလုပ်တဲ့ Cobra  စစ်ဆင်ရေးမှာ
အမေရိကန်က ထိုင်းစစ်တပ်ကို လက်တွဲခေါ်တဲ့အနေနဲ့
Cobra စစ်ဆင်ရေးအတွက် လက်နက်နဲ့ နည်းပညာထောက်ပံ ပေးတယ်။ မြန်မာပြည်က ဆင်ဖြူရှင်ကျတော့ ကိုယ့်အိပ်ထဲကကိုယ်ထုတ်ပြီး ကုန်ကျခံရတယ်။

ထိုင်းလို ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ စစ်မက်မရှိတဲ့ နိုင်ငံအနေနဲ့ နှစ်စဉ်သူ့စစ်တပ် စစ်ရည်ဝနေဖို့
ဒေါ်လာ ဆယ်ဂဏန်းဖြုန်းတာ ဘာမှမထိခိုက်ပေမယ့်
ကိုယ့်နိုင်ငံလို ပြည်တွင်းစစ်အလီလီ ၊
တိုင်းပြည်က ပြာပုံထဲက ကုန်းရုန်းထဖို့ အားယူနေရတဲ့
နိုင်ငံအနေနဲ့တော့ ဒီလို လေ့ကျင့်ရင်း
လေထဲပျောက်သွားရတဲ့ ငွေတွေ သမျောဖို့ကောင်းပါတယ်

ထိုင်းလို တိုက်စရာ သူပုန်မရှိတဲ့ စစ်တပ်အတွက်
စစ်ရည်ဝအောင် ခုလို လေ့ကျင့်ရေးတွေ လုပ်နေတာကို နားလည်ပေမယ့် မြန်မာနိုင်ငံလို လက်နက်ကိုင် ရောင်စုံ
ရှိပြီး ၁၂ လရာသီ သေနတ်သံမဆဲတဲ့ တိုင်းပြည်မှာ
သန်း ၃ ၊ ၄ ထောင်သုံးပြီး တကူးတက စစ်ရေး
လေ့ကျင့်ပွဲတွေ လုပ်နေတာတော့ အားမပေးဘူးဗျာ

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း နေ့တိုင်းနီးပါး ဒီလောက်ဆော်နေတာ လေယာဉ်တောင်ပါတယ် ကမ္ဘာက
သိနေတာပဲ။ တိုက်ပွဲဖြစ်လို့လည်း ကုန်ရသေး
လေ့ကျင့်ရေးစစ်ဆင်ရေးအတွအတွက်လည်း
ထပ်ကုန်ရသေး။ ကိုယ့်အိပ်ထဲက မထုတ်ရတိုင်း
ယောက္ခမဆီက အမွေရထားသလိုတော့ မလုပ်ကြပါနဲ့ဗျာ
ပြည်သူတွေ မိအေး အခါခါနာနေရတာ
တစ်ချက်လောက်တော့ သနားကြပါဗျာ ...

ZN.H

https://m.facebook.com/story.php?story_fbid=388216141623893&id=100013065300199

0 ယောက်မှတ်ချက်ပြုခဲ့သည် to “မြန်မာ့တပ်မတော် ဆင်ဖြူရှင်လို့ခေါ်တဲ့ စစ်ရေးလေ့ကျင့်”

Post a Comment

Related Posts Plugin for WordPress, Blogger...