Tuesday, January 30, 2018

လူသတ်မုဒိန်းနှင့် သက်ငယ်မုဒိန်း သေဒဏ်ပေးမည့်ဥပဒေ ပြဋ္ဌာန်းပေးရန် လက်မှတ်ကောက်ခံခြင်း ပြုလုပ်

,
လူသတ်မုဒိန်းမှုနှင့် သက်ငယ်မုဒိန်းမှုတို့ကို သေဒဏ်ပေးမည့်ဥပဒေ ပြဋ္ဌာန်းပေးရန်အတွက် လက်မှတ်ကောက်ခံခြင်းကို ဇန်န၀ါရီလ (၂၉) ရက် မွန်းလွဲပိုင်းက ကျွန်းတောလမ်းရှိ Junction Square ရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်မှတ်ကောက်ခံခြင်းကို 4 Women's Voice အဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး လက်မှတ်ကောက်ခံခြင်းကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နေရာအနှံ့ ကောက်ခံသွားမှာဖြစ်ကာ ဥပဒေတစ်ရပ်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သွားမည်ကြောင်း သိရသည်။

လက်ရှိပြုလုပ်လျက်ရှိသည့် မုဒိမ်းမှု သေဒဏ်ပေးရေးအတွက်  လက်မှတ်များကို သုံးသိန်းကျော်အထိ ရည်မှန်းထားပြီး ရန်ကုန်မြို့တွင်လည်း မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းများနဲ့ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

■ ဓါတ်ပုံ-ပြည့်ဖြိုးအောင်

Eleven Media Group

https://m.facebook.com/story.php?story_fbid=531751600535237&id=100011012041748

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ လူသတ်မုဒိန်းနှင့် သက်ငယ်မုဒိန်း သေဒဏ်ပေးမည့်ဥပဒေ ပြဋ္ဌာန်းပေးရန် လက်မှတ်ကောက်ခံခြင်း ပြုလုပ်”

Post a Comment

Related Posts Plugin for WordPress, Blogger...