Thursday, February 1, 2018

ရခိုင် ဂူတာပြင်ကျေးရွာမှာ နောက်ထပ် ရုပ်အလောင်း အများအပြား တွေ့ရှိ

,
ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဂူတာပြင် ရွာနားမှာ ရိုဟင်ဂျာလေးရာ လောက်ရဲ့ ရုပ်အလောင်း တွေ မြှုပ် နှံ ထားတာ ကို အေပီ သတင်းဌာန က တွေ့ရှိ ခဲ့ပြီး ဒီအမှု ကို စုံစမ်း စစ်ဆေး ဖို့ ကုလသမဂ္ဂ တာဝန် ရှိသူ က တောင်း ဆို လိုက်ပါ တယ်။

ဂူတာပြင် ရွာ မှာ ရာနဲ့ ချီတဲ့ ရုပ်အလောင်း တွေကို မြှုပ် နှံ ထားတာ ဖြစ်ပြီး တချို့ အလောင်းတွေဟာ အက်စစ် နဲ့ လောင်း ပြီး ဖျောက်ဖျက်ဖို့ စီစဉ် ခဲ့တာ ကြောင့် ရုပ်ပျက် ဆင်း ပျက် ဖြစ်နေကြတယ်လို့ အေပီသတင်းမှာ ဖော်ပြ ပါတယ်။

ဒီ လို အလောင်း တွေ အများ အပြား တွေ့ ရှိရတဲ့ ကိစ္စ ဟာ လူမျိုးတုန်း သတ်ဖြတ်မှု ရဲ့ ဝိသေသ လက္ခဏာ တစ်ခု ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စ ရန်ဟီးလီ က ပြောဆို လိုက်ပါတယ်။

ဒီကိစ္စ နဲ့ ပတ်သက်လို့ အစိုးရ ဘက်ကရော၊ တပ်မတော် ဘက် က ပါ ဒီလို ရုပ် အလောင်း အများအပြား မြှုပ်နှံ ထားတာ ကို တစ်ခါမှ သတင်း ထုတ်ပြန် ခဲ့ခြင်းတော့ မရှိသေးပါဘူး။

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ တုန်း က ရခိုင် ပြည်နယ်၊ ဂူတာပြင် ကျေးရွာမှာ စစ်တပ် က လုံခြုံရေး ရှင်းလင်းမှု တွေ လုပ်ခဲ့စဉ် တုန်း က လူ လေးရာ နီးပါး သေဆုံး ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကို ထွက်ပြေး လွတ်မြောက် သွားတဲ့ ရိုဟင်ဂျာ တွေက ပြောဆို နေပါတယ်။

 BBC Burmese
http://www.bbc.com/burmese/burma-42903904?ocid=socialflow_facebook

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ရခိုင် ဂူတာပြင်ကျေးရွာမှာ နောက်ထပ် ရုပ်အလောင်း အများအပြား တွေ့ရှိ”

Post a Comment

Related Posts Plugin for WordPress, Blogger...