Thursday, February 14, 2019

ဗိုလ်ရွှေမန်းရဲ့ပါတီ ထွက်လာပါပြီ။

,
သူ့လူတန်းစားသန္ဓေနဲ့သူ့သမိုင်းကြောင်းကြောင့် ဗိုလ်ရွှေမန်းပါတီဘယ်ဇာတ်မျိုးကမယ်ဆိုတာကို နိုင်ငံရေးပရိသတ် က သိပ်မျှော်လင့်ချက်မထားကြပါဘူး။ ဒါပေမဲ့ဘယ်လိုသီချင်းမျိုးဟစ်၊ ဘယ်လိုခြေထိုးမျိုးပစ်မလဲဆိုတာကိုတော့ စိတ်ဝင် စားကြပါတယ်။

ဒီတော့သူတို့ပါတီရဲ့ ပထမဆုံးထုတ်ပြန်ချက်လို့ဆိုရမယ့် "ပြည်သူများထံသို့တင်ပြချက်" ဆိုတာကိုဖတ်လိုက်ပါတယ်။ လက်တဝါးသာသာတင်ပြချက်မှာ တင်ပြထားတာတွေဟာ သိပ်ယေဘုယျကျတဲ့တင်ပြချင်တွေဖြစ်နေတာတွေ့ရပါတယ်။ ငါးချက်တည်းပါ။

"နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားကို မှန်မှန်ကန်ကန်ထိထိရောက်ရောက် ပြည်သူများနှင့်အတူ နိုးကြားတက်ကြွ စွာပါဝင်ဆောင်ရွက်သွားမည်"၊
 "စနစ်တကျ၊ အစီအစဉ်ရှိရှိအကောင်အထည်ဖော်ဆောင်ရွက်ရေး"စတဲ့ ဒီနေ့ဗမာပြည်နိုင် ငံရေးလောကမှာ ဖန်တရာတေနေတဲ့၊ အနှစ်သာရမရှိတဲ့ စကားလုံးတွေနဲ့ မသေမချာ၊ မရေမရာဖော်ပြထားတာကိုသတိ ထားမိပါတယ်။ မတော်တဆမဟုတ်ပါဘူး။

ဒီတင်ပြချက်မျိုး၊ ပြောဆိုနည်းမျိုးတွေကို ဒီချုပ်၊ ကြံ့ဖွတ်ကအစပါတီတိုင်းလိုလိုကပြောတာပဲလို့လည်း အောက် မေ့စရာဖြစ်နေပါတယ်။

တဆက်တည်းမှာ ဒါနဲ့များဘာလို့ပါတီတခုထပ်ထောင်နေရတာလဲလို့လည်းတွေးမိစေပါတယ်။ကြံ့ဖွံ့၊ တစညတို့လို ရှိနေတဲ့ပါတီတွေကို မဆန့်ကျင်ဘူးဆိုတဲ့အဓိပ္ပာယ်များလားလို့လည်းစဉ်းစားစရာပါ။

အောက်ဆုံးအပိုဒ်ရောက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကိုတွေ့လို့ ဘာများပြောလေမလဲလို့ အာရုံစိုက်ဖတ်လိုက် မိပါတယ်၊ "နိုင်ငံတော်နှင့်ဆီလျော်လိုက်ဖက်သောဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာရေး" တဲ့။ ဖျက်-ပြင်-ထိန်းသိမ်း စတာတွေ တလုံးမှမပါ၊ အောချစရာပါ။

ဒီနေ့နိုင်ငံတကာမှာ ကြက်ဥအရောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်လို့၊ တည့်တည့်ပြောရင် ပွင့်လင်းမြင်သာမှုမရှိဘူးလို့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ဗမာပြည်နိုင်ငံရေးလောကမှာ လာပြန်ပြီကော ဘာ လိုလိုတဖွဲ့လို့သာ ပြောရတော့မှာပါ။

ဘယ်လိုပဲဖြစ်ပစေ စစ်အာဏာရှင်ဆန့်ကျင်ရေးစကား တလုံးမှမပါတဲ့ တင်ပြချက်ကိုထုတ်ပြန်တဲ့ ဒီပါတီကို ပြည်သူ တွေကတော့ "ဗိုလ်ရွှေမန်းပါတီ" လို့ပဲ ရည်ညွှန်းခေါ်ဝေါ်သုံးနှုန်းကြမှာပါ။

https://m.facebook.com/story.php?story_fbid=2133054886789499&id=1143751615719836

0 ယောက်မှတ်ချက်ပြုခဲ့သည် to “ဗိုလ်ရွှေမန်းရဲ့ပါတီ ထွက်လာပါပြီ။”

Post a Comment

Related Posts Plugin for WordPress, Blogger...